18/08/2026
စက်က ရှေ့ကိုမသွားဘူးဆိုတဲ့အမတို့အတွက်နည်းလမ်းလေးရေးပေးအုံးမယ်ရှင့်🥰🥰🥰🥰🥰
ပိတ်စကို ရှေ့သွားအောင်လုပ်ပေးတာ ခွေးသွားစိပ်လေးပါ
1/စက်ချုပ်တာကြာလာရင် မှန်ပြင်နဲ့ခွေးသွားစိပ်ကြားချည်မျှင်ချည်စတွေညပ်နေနိုင်ပါတယ်
အဲ့တော့ မှန်ပြင်နက်ကိုဖြုတ်ပြီး ခွေးသွားစိပ်ကြားကိုသန့်ရှင်းရေးအရင်လုပ်ပေးပါ
2/ စက်ဆီလေးပါခွေးသွားစိပ်ကြားကိုထည့်လိုက်ပါ
3/ ခွေးသွားနိမ့်နေသေးရင်ပုံမှာပြထားတဲ့အတိုင်းခွေးသွားတန်းရဲ့ နက်ကိုအရင်ရှာပါ
4/နက်ကိုလျော့ ပြီး ခွေးသွားတန်းကို အပေါ်ဘက်လှည့်တင်လိုက်ပါ
5/ လျော့ထားတဲ့နက်ကိုအပိုင်ပြန်ကျပ်လိုက်ပါ
လွယ်လွယ်ကူကူနဲ့စက်ဆရာမလိုပဲ လုပ်လို့ရသွားပါလိမ့်မယ်
ဧကရီ အပ်ချုပ်စက် နှင့် စက်ချုပ်ပစ္စည်းအရောင်းဆိုင်
09458020217
မင့်ဆီမှာလဲအပ်ချုပ်စက်မျိုးစုံ ဝယ်ယူရရှိနိုင်ပါတယ်