13/08/2025
မင် 7လပိုင်း order လေးတွေနဲ့ပက်သက်ပြီးပြောချင်လို့ပါရှင်😓
29.7.25 မှာကုန်လမ်းကြောတွေပိတ်ချလိုက်လို့ ကားတွေပိတ်မိကုန်တယ်ပေါ့နော် အဲ့မှာ cargo က သယ်ထုတ်လို့ရမယ့်အထုတ်သေးတွေကိုတော့ သယ်လို့ရသလောက်သယ်ထုတ်ပေးေပမယ့် အစောရက်ထဲကပိတ်မိနေပြီး ပစ္စည်းတွေထုတ်သယ်လို့မရတဲ့ အထုတ်တွေကတော့ လမ်းတရားဝင်ပြန်ဖွင့်မှ ဝင်လာတော့မယ်ပြောပါတယ်ရှင့်🥹
ဒီနေ့ မင့်ဆီ အထုတ်သေး2ထုတ်ရောက်ပါတယ် အကုန်မရောက်ပါဘူး
ရောက်လာတဲ့အထုတ်2ထုတ်ကတော့ 15-16 ရက်နေ့ order လေးတွေပါ
9-10 ဝန်းကျင်က order လေးတွေကတော့ လမ်းပိတ်မိနေပြီး သယ်ထုတ်ပေးလို့မရတဲ့အတွက် လမ်းပြန်ဖွင့်မှဝင်လာပါမယ်တဲ့ရှင့်
အဲ့ရက်ကမှာထားတဲ့ ကာကာလေးတွေအနေနဲ့ အရမ်းကြာနေပြီဆိုတာသိပေမယ့် စောင့်လို့ရရင် စောင့်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့်😔
မစောင့်နိုင်တော့တဲ့ ကာကာလေးတွေအနေနဲ့လဲ cancel လုပ်ချင်ရင် မင့်ကို cb မှာလာပြောလို့ရပါတယ်ရှင့်
19-24 ရက်နေ့ order လေးတွေလဲ တရားဝင်လမ်းပြန်ဖွင့်မှသာ ဝင်လာနိုင်ချေများပါတယ်ရှင့် 🥹
လမ်းကြောင်းအခြေအနေကလဲ အထုတ်သေးတွေသယ်ဖို့တောင်ခက်ခဲနေတဲ့အချိန်မလို့ သည်းခံပြီးစောင့်ပေးကြတဲ့ ကာကာလေးတွေကိုကျေးဇူးတင်ပါတယ်ရှင့်❤️