20/06/2026
First copy မိမှာစိုးလို့ Official Store / Official Website မှာ ပစ္စည်းပြတ်နေရင်တောင် Third-party seller တွေဆီက ဘယ်တော့မှ မဝယ်ပေးဘူးရယ်
ထိုင်းနဲ့ စင်ကာပူနိုင်ငံတွေကနေ နာမည်ကျော် Brand တွေကို ဝယ်ယူပေးဖို့ အော်ဒါကောက်ကာ ပြည်တွင်းက ဝယ်သူတွေဆီကို First Copy တွေ ပို့နေတဲ့ Online Shopping တွေ ပြည်တွင်းမှာ အကြီးအကျယ် ခေတ်စားလာနေပါတယ်။
ဒီလို မရိုးမသား လိ.မ်.လ.ည်ရောင်းချမှုဟာ ဖိနပ်၊ လက်ကိုင်အိတ်နဲ့ အဝတ်အထည်တွေမှာ အဖြစ်အများဆုံးဖြစ်လာနေတာပါ။ " 6.6, 7.7, 8.8 အစရှိတဲ့ အထူးပရိုမိုးရှင်းမို့ စျေးလျှော့ပေးတာ" ဆိုတဲ့ စကားလုံးတွေနဲ့ စျေးနှုန်းအဆမတန် လျှော့ချပြီး အော်ဒါကောက်လေ့ရှိတာပါ။
တကယ်တမ်းမှာလည်း ဆိုင်ကြီးတွေဟာ 6.6, 7.7, 8.8 အစရှိတဲ့ ရက်တွေမှာ အထူးပရိုမိုးရှင်း ပေးလေ့ရှိတာကြောင့် စျေးချိုတာမှ ကြိုက်တတ်တဲ့ ပြည်တွင်းက ဝယ်ယူသူအချို့က ပရိုမိုးရှင်းဆိုတဲ့ မက်လုံးအောက်မှာ အော်ဒါတင် ဝယ်ယူနေကြတာပါ။
ရောင်းချသူတွေဟာ ဝယ်သူတွေ ယုံကြည်စိတ်ချရအောင် ထိုင်း ဒါမှမဟုတ် စင်ကာပူက Official Store တွေထဲမှာ တန်းစီနေတဲ့ပုံ၊ ပစ္စည်းရွေးနေတဲ့ပုံတွေကို ဗီဒီယို ဒါမှမဟုတ် ဓာတ်ပုံရိုက်ပြတတ်ကြပါတယ်။
ဒါပေမဲ့ တကယ်တမ်း ပြည်တွင်းကို ပစ္စည်း ပို့လိုက်တဲ့အခါမှာတော့ တရုတ်နဲ့ ဟောင်ကောင်ဘက်ကနေ စျေးပေါပေါနဲ့ မှာယူထားတဲ့ ခွဲခြားရခက်တဲ့ First Copy တွေကို ပြောင်းလဲပေးပို့ပြီး အမြတ်ကြီးစား လိ.မ်.လ.ည်ကြပါတယ်။
အထူးသဖြင့် လတ်တလော လူကြိုက်များနေတဲ့ ထိုင်းနိုင်ငံထုတ် အဝတ်အထည်နဲ့ အိတ်တွေ အပြင် စင်ကာပူက Charles & Keith အိတ်နဲ့ ဖိနပ်တွေ၊ နာမည်ကြီး Nike၊ Adidas၊ New Balance၊ Crocs ဖိနပ်တွေမှာ အခုလို လိ.မ်.လ.ည်မှုတွေ အဖြစ်အများဆုံး ဖြစ်နေပါတယ်။
ဒီလိုကိစ္စတွေ အဖြစ်များလာတဲ့နောက် ယုံကြည်စိတ်ချရတဲ့ အဝယ်တော် ဒါမှမဟုတ် OS တွေမှာပဲ ဝယ်ယူကြဖို့၊ ဖြစ်နိုင်ရင် official ဆိုင်တွေကပဲ ဝယ်ယူကြဖို့၊ ပစ္စည်းရောက်လာရင်လည်း တရားဝင် QR Code တွေ၊ အာမခံကတ်တွေကို အသေအချာ ပြန်လည်စစ်ဆေးကြဖို့ သတိပေး နှိုးဆော်ထားကြပါတယ်။