ကိုရီးယားနိုင်ငံမှာ နေထိုင်ခြင်းနှင့် ကလေးမွေးဖွားခြင်း

  • Home
  • South Korea
  • Gwangju
  • ကိုရီးယားနိုင်ငံမှာ နေထိုင်ခြင်းနှင့် ကလေးမွေးဖွားခြင်း

ကိုရီးယားနိုင်ငံမှာ နေထိုင်ခြင်းနှင့် ကလေးမွေးဖွားခြင်း https://www.youtube.com/-f3m Cute pictures of Deawang & Jihey's experiences before & daily activities.❤️👦🏻👧🏻

13/11/2025

Playing Time🇰🇷မှာမွေးတဲ့ 🇲🇲မလေးပါရှင်

02/11/2025
09/10/2025

지혜 dance time -f3m

Jihye 15day my children 👧🏻❤️
06/10/2025

Jihye 15day my children 👧🏻❤️

Korean (ကိုရီးယား)မှာကလေးမွေးဖွားရင်ဆေးရုံမှာ 미역국 လို့ခေါ်တဲ့ ပင်လယ်ရေညှိဟင်ချိုကို မေမေလောင်းများကိုတိုက်ပါတယ်ရှင် အဲဟင...
26/09/2025

Korean (ကိုရီးယား)မှာကလေးမွေးဖွားရင်ဆေးရုံမှာ 미역국 လို့ခေါ်တဲ့ ပင်လယ်ရေညှိဟင်ချိုကို မေမေလောင်းများကိုတိုက်ပါတယ်ရှင် အဲဟင်ချိုက မွေးဖွားပြီးမေမေများအတွက် ကုန်ခမ်းသွားတဲ့အားအင်တွေကို ပြန်လည်ဖြည့်စီးပေးတဲ့ ဟင်းရည်လို့ခေါ်ပါတယ်ရှင် ဗီတာမင်တွေအများကြီးပါတယ်ဆိုပါတော့ ရိုးရိုးမွေးတဲ့မေမေတွေဆို ဆေးရုံမှာ ၃ညအိပ်၄ရက်လောက်နေရပါတယ် ခွဲမွေးတဲ့မေမေတွေဆို ၄ညအိပ်၅ရက်ဆေးရုံတက်ရပါတယ်ရှင် ဆေးရုံတက်စင်ကာလအတွင်း ပင်လယ်ရေညှိဟင်ချိုက မနက်/နေ့/ည လုံးပါပါတယ်ရှင် ကိုရီယားနိုင်ငံမှာ အဲဟင်ချိုကို မည့်သူမွေးနေ့မဆိုမွေးနေ့ရောက်တိုင် 미역국 ကို သောက်ရပ့တယ်ရှင် ဘာလို့လည်းဆိုတော့ မွေးပေးတဲ့မေအေက ကလေးမွေးဖွားပြီးရင် ပင်လယ်ဟင်ချို(미역국)ကို မကြိုက်လဲသောက်ရ ကြိုက်လဲသောက်ရတယ်ဆိုတာ မွေးဖွားပေးတဲ့မိခင်ကို သတိရစေဖို့သောက်ရပါတယ်

အပိုင်း-၆ ဒါလေးကတော့ ကိုရီးယားနိုင်ငံ ဆေးရုံကကျွေးတဲ့ မနက်စာ နေ့လယ်စာ နှင့် ညနေစာထမင်းပါ အရံဟင် ၃မျိုးနှင့် အသားဟင် ဟင်း...
21/09/2025

အပိုင်း-၆
ဒါလေးကတော့ ကိုရီးယားနိုင်ငံ ဆေးရုံကကျွေးတဲ့ မနက်စာ နေ့လယ်စာ နှင့် ညနေစာထမင်းပါ အရံဟင် ၃မျိုးနှင့် အသားဟင် ဟင်းချို လေးတွေနဲ့ ကျွေးပါတယ် အစားအသောက် အားလုံးကတော့ မြန်မာလူမျိုးတွေစားတဲ့ အရသာထက်ပေါ့ပါတယ်ရှင် ကိုရီးယားလူမျိုးတွေက သွေးတိုးနှင့် ဆီချို ဖြစ်မှာကိုအရမ်းကြောက်ကျပါတယ်ရှင် အချိုနှင့် အငံကို သူတို့လူမျိုးတွေက အရမ်းကြောက်ကြပါတယ်ရှင် ကျွန်မက ကိုယ်ဝန်ဆောင် မိခင်ဆိုတော့ ဆီချိုနှင့် သွေးတိုးဝင်မှာစိုးသည့်အတွက် ပိုပြီးဂရုစိုက်ပြီးကျွေးပါတယ်ရှင် ကျွန်မအတွက် ဆားမပါတဲ့ဟင်းတွေစားနေရသလိုပဲ စားလို့မကောင်းပါဘူး ကျန်းမာရေးအရကတော့ စားလို့ကောင်းတဲ့အရသာလေးပေါ့ရှင် “မြန်မာဆိုရင် ငံပိကိုမမေ့နဲ့”ဆိုတဲ့ ဆိုရိုးအတိုင်း ကျွန်မအတွက်ကတော့ ငံပိရှည်နှင့်တို့စရာ အစုံလေးပါရင်ပိုအရသာကောင်းမယ်ထင်ပါတယ် ဟီးဟီး ပေါ့နေတဲ့ ဟင်းအရသာလေးထဲကိုလဲ ဆားလေးထည့်စားလိုက်ရရင်တော့ ရှယ်ပေါ့ရှင် ပြည်ပရောက် ဗိုက်ကြီးနာကျတဲ့လူတစ်ယောက်အဖို့ တမ်းတမိတာလေးပေါ့ရှင် သူတို့ထမင်းနှင့်ဟင်းကို ကယ်လိုရီတွက်ပြီးကျွေးပါတယ်ရှင် ပေးထားတဲ့ထမင်းတွေဟင်းတွေ ကုန်အောင်စား မစားလည်း ထမင်းပုကန်တွေသိမ်းတဲ့အခါမှာလဲစစ်ဆေးပါတယ်ရှင် ထမင်းပေးရင်လဲ နာမည်မေးပါတယ် ပြီးတော့ဆေးရုံကပေးတဲ့ နံပတ်ကိုလည်း ကိုရီးယားလို ပြောရပါတယ်ရှင် (ကိုရီးယားအများစုက သူတို့ဘာသာစကားပဲပြောကြပါတယ်ရှင် Eလ်ုတတ်လည်းမပြောကြပါဘူးရှင်)ကျွန်မကတော့ အစားအသောက်နည်းတာတစ်ကြောင်း အန်မှာကြောက်တာလည်းပါတော့ လာပေးတဲ့အစားအသောက်တွေကို တစ်ဝက်လောက်ပဲစားနိုင်ပါတယ်ရှင် ကျွန်မ အစားအသောက်တွေ ကျန်တာများတဲ့အတွက် အစားအသောက်ကို စီမံခန့်ခွဲတဲ့အစားအသောက်ဆရာဝန်က ကိုယ်တိုင် ကျွန်မဆီလာတွေ့ပြီး မေးမြန်းခံရပါတယ်ရှင် ဘာလို့အစားအသောက်တွေမကုန်တာလဲ ဘာတွေလိုအပ်လဲပေါ့ ပြီးတော့ဘယ်လိုဟင်းတွေကိုပိုကြိုက်လဲ ဘယ်လိုအရသာကိုစားလည်းမေးပါတယ်ရှင် ကျွန်မကတော့ အငံလိုတယ် ပြီးတော့ ငါးဟင်းတွေက မကျက်ဘူးစိမ်းတယ် နံတယ်လို့ပြောပြီး ငါးဟင်းကို မပေးခိုင်းပါဘူးရှင် ကလေးအတွက် ငါးဟင်းကစားရမယ်ဆိုပြီးပြောပါတယ် မစားပဲနေလို့မရဘူး တစ်ပတ်ကို ၂ကြိမ်စားပါတဲ့ကျက်အောင်ချက်ပေးမယ်ပြောပါတယ်ရှင် အဲလိုနဲ့ ငံပိရည်နဲ့တို့စရာ ကလေးနဲ့ဝေးခဲ့ရပါတယ်ရှင် ………….တစ်နေ့နေ့ မကြိုက်လည်းစား ကြိုက်လဲစားရတာပေါ့ရှင် ဗိုက်ထဲက ကလေးလေးကို ကျန်းကျန်းမာမာရှိအောင်လို့ပါရှင် ………ဆက်ရန်ရှိသေးသည် 😞…..(THE END)………..မွေးဖွားခြင်း မျှော်…………

Address

Chowol-eup
Gwangju

Website

Alerts

Be the first to know and let us send you an email when ကိုရီးယားနိုင်ငံမှာ နေထိုင်ခြင်းနှင့် ကလေးမွေးဖွားခြင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share