Perfect ကျန်းမာရေးနှင့်အထွေထွေဗဟုသုတ

Perfect ကျန်းမာရေးနှင့်အထွေထွေဗဟုသုတ Clothing, Kids accessories

12/04/2022

အိမ်တစ်လုံးရဲ့မြန်မာအခေါ်များ

အဆောက်အဦတစ်ခုရဲ့ အပေါ်ကနေစပြောရရင် လက်သမားအခေါ် `ခေါင်လျောက်´ဆိုတာဟာ ဒိုင်းများရဲ့အပေါ် ခေါင်အုပ်ရဲ့အောက်မှာ ရေပြင်ညီ ခေါင်တန်းနဲ့အပြိုင်ထည့်ထားတဲ့ ခေါင်တန်းကို ခေါ်တယ်။ အဲဒီခေါင်လျောက်ကို rafter plate လို့ခေါ်တယ်။ များသောအားဖြင့် ပျဉ်းကတိုး ၄"×၂" ၊ ၅"×၂" တို့ကိုသုံးလေ့ရှိတယ်။
မြန်မာအခေါ် ဒိုင်းကိုတော့ အင်္ဂလိပ်လို rafter လို့ခေါ်တာကိုတော့ သိကြပြီးဖြစ်ပါလိမ့်မယ်။ မြင့်မိုရ်ပိတ်ဆိုတာကတော့ အဆောက်အဦ ဘေး ၂ ဘက်ရဲ့နံရံအပေါ်ပိုင်း တြိဂံပုံ နံရံကို ခေါ်တယ်။ အင်္ဂလိပ်လို gable wall လို့ခေါ်တယ်။ ပျဉ်ထောင်အိမ်ဆိုရင် ပျဉ်နဲ့ကာပြီး တိုက်အိမ်ဆိုရင် အုတ်နဲ့ပိတ်တယ်။
မြန်မာအခေါ်`ထုပ်´ဆိုတာက ၂ ဘက်ချဒိုင်းများရဲ့ အောက်ဖက် အဖျား ၂ ဘက်ကို ရေပြင်ညီချုပ်ထားတဲ့တန်း ဖြစ်တယ်။ အင်္ဂလိပ်လို tie beam သို့မဟုတ် roof tie လို့ခေါ်တယ်။ များသောအားဖြင့် ပျဉ်းကတိုးသစ် ၄"×၂"၊ ၅"×၂" တို့ကိုသုံးလေ့ရှိတယ်။ အင်ဂျင်နီယာကျောင်းသားများ အများဆုံးမှားတတ်တယ်။
လျောက်ဆိုတာကတော့ ထုပ်နဲ့ ကန့်လန်ဖြတ်အနေအထားအတိုင်းရှိတဲ့သစ်သားကိုခေါ်တယ်။ လျောက်တန်းကို အများအားဖြင့် ထုပ်အပေါ်မှာ ထားလေ့ရှိတယ်။ ဒိုင်းများနားခိုနိုင်အောင် ထားတ ဲ့ရေပြင်ညီတန်းဖြစ်တယ်။ သူ့ကိုလည်း များသောအားဖြင့် ၅"×၂" နဲ့ ပြုလုပ်လေ့ရှိတယ်။ အင်္ဂလိပ်လိုတော့ wall plate လို့ခေါ်တယ်။ သူ့အောက်မှာ နံရံရှိလို့ဖြစ်တယ်။
ပျဉ်ထောင်အိမ်များမှာ သစ်သားကြမ်းခင်းခင်းဖို့ ဆင့်မတင်မီ အရင်ဆုံးတင်ရတဲ့ သစ်သားက ရက်မဖြစ်တယ်။ ကြမ်းခင်းကိုတောင့်စေဖို့ ရက်မကို ၅"×၂" နဲ့တင်လေ့ရှိတယ်။ အင်္ဂလိပ်လို ရက်မကို beam လို့ခေါ်တယ်။အိမ်တစ်အိမ်မှာ ကြမ်းခင်းတောင့်တင်းဖို့အတွက် ရက်မကို ၅ ပေထက်ပို မဝေးရဘူး။
ရက်မရဲ့အပေါ်မှာ ပျဉ်းကတိုး ၄"×၂"နဲ့ ဆင့်ကိုတင်လေ့ရှိတယ်။ ဆင့်ကို အင်္ဂလိပ်လို joist လို့ခေါ်တယ်။ ကြမ်းခင်းမညွှတ်ဖို့အတွက် ဆင့်များကိုလည်း ၁၀ လက်မခြားထားလေ့ရှိတယ်။
ကြမ်းခင်းဆင့်များကို ပိတ်တဲ့ ပျဉ်ပြားကို ခါးပန်းလို့ခေါ်တယ်။ ၁လက်မထုရှိတဲ့ ပျဉ်ပြားဗျက်ကတော့ အမျိုးမျိုးရှိတယ်။ ၆လက်မကနေ ၁၂ လက်မအထိ ရှိတတ်တယ်။ ဒါကို အင်္ဂလိပ်လို facia board လို့ခေါ်တယ်။ ပန်းဆွဲကိုလည်း facia, fascia နဲ့ eaves board လို့လည်းခေါ်တယ်။
ဒိုင်းများရဲ့အပေါ်မှာ မြားတန်းများတင်ရတယ်။ ဒိုင်းရဲ့အစိုင်းကြောင့် မြားတန်းလဲမကျအောင် ဖားများ(cleats)ခံပေးရပါသေးတယ်။ အဲဒီမြားကို purlin လို့ခေါ်တယ်။ ပျဉ်းကတိုး ၃"×၂"နဲ့ ၄"×၂" တို့ကို ၃ ပေခွဲထက်မဝေးအောင် တင်ပေးရတယ်။
တချို့ မြားတန်းပေါ်မှာ အုတ်ကြွတ်မိုးဖို့အတွက် ၂"×၁" သစ်သားနဲ့ အခြင်တန်းတင်ရတယ်။ အဲဒီအခြင်တန်းကို batten လို့ခေါ်တယ်။ batten အစိတ်အကြဲကို အုတ်ကြွတ်အမိုးပြားရဲ့ချိတ်အပေါ်မူတည်
ပြီးထည့်ရတယ်။
တချို့ ဒိုင်းများကို ထောက်ပေးတဲ့ တိုင်ကို မြာတိုင်လို့ခေါ်တယ်။ ဒါကိုအင်္ဂလိပ်လို king post လို့ခေါ်တယ်။အများအားဖြင့် ၄"×၄" တိုင်များနဲ့ပြုလုပ်လေ့ရှိတယ်။
အဆောက်အဦတစ်လုံးဆောက်လို့ နံရံများမတက်မီ အဖြူထည်ကို အင်္ဂလိပ်လို framework လို့ခေါ်တယ်။

Credit

Original uploader

13/03/2022
22/02/2022

လွန်ခဲ့သော ရာစုနှစ်ပေါင်း များစွာကတည်းက အစားအစာများကို တာရှည်ခံစေရန် နည်းလမ်းမျိုးစုံ အသုံးပြုခဲ့ကြသည်။ နေပူလှန်း၍ အခြောက်ခံခြင်း၊ ဆားဖြင့်နယ်ပြီးထားခြင်း နှင့် အချဉ်ဖောက်ထားခြင်းတို့မှာ ထင်ရှားသော လုပ်ဆောင်ချက်များ ဖြစ်ပါသည်။ ယင်းတို့အနက် အချဉ်ဖောက်ခြင်း (Fermentation) နည်းစဉ်သည် အကျိုးပြုအဏုဇီဝပိုးများ၏ လုပ်ဆောင်ချက်ကြောင့်ဟု ယခင်က မသိခဲ့ကြပါ။

အချဉ်ဖောက်ခြင်းနည်းစဉ်ဖြင့် နွားနို့ကို ဒိန်ခဲနှင့် ဒိန်ချဉ်အဖြစ် ပြုလုပ်ထားပါက ကြာရှည်ခံခြင်း၊ အသီးအရွက်များကို အချဉ်တည်ထားပါက တစ်နှစ်ပတ်လုံး စားသုံးနိုင်ခြင်းတို့အပြင် အရသာနှင့် အနံ့ပါ ပြောင်းလဲသွားသောကြောင့် ပို၍ဆွဲဆောင်မှုရှိကြောင်း တွေ့ရှိခဲ့ပါသည်။ ယင်းသို့ ပြောင်းလဲသွားခြင်းမှာ ပရိုဘိုင်အိုတစ် ဘက်တီးရီးယားများမှ ထုတ်လုပ်လိုက်သော လက်တစ်အက်ဆစ်ကြောင့်ဟု သိလာရ သောအခါ ယင်းဘက်တီးရီးယားများကို အစပိုင်းတွင် လက်တစ်အက်ဆစ် ဘက်တီးရီးယားဟုခေါ်ပြီး နောက်ပိုင်းတွင် တရားဝင် လက်တိုဘေ့စ်စီလပ် (Lactobacillus) ဟု မှည့်ခေါ်ခဲ့ပါသည်။

အချဉ်ဖောက်ထားသော အစားအစာများကို စားပါက အဓိကအနေနှင့် အောက်ပါ အကျိုးကျေးဇူး (၃) ခု ရနိုင်ပါသည်။

(၁) အဆိုပါ အစားအစာများထဲတွင် ပရိုဘိုင်အိုတစ် များစွာပါဝင်နေခြင်းသည် ခန္ဓာကိုယ်အတွင်းသို့ ရောဂါပိုးများ ဝင်ရောက်ဖျက်ဆီးခြင်းမှ ကာကွယ်ပေးမည့် စစ်သည်အင်အား သန်းနှင့်ချီသော စစ်တပ်ကြီးတစ်ခု ထည့်သွင်းပေးလိုက်သကဲ့သို့ ဖြစ်ပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်ခုခံအားစနစ် မြင့်တက်ကာ ရောဂါပိုးများကို တိုက်ခိုက်နိုင်စွမ်းလည်း မြင့်မားလာပါသည်။

(၂) ပရိုဘိုင်အိုတစ်များမှ စွန့်ထုတ်လိုက်သော အကျိုးပြု စွန့်ပစ်ပစ္စည်းများ (Metabiotics) သည် ထူးဆန်းအံ့သြဖွယ် ကောင်းလောက်အောင် ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်း ပြန်၍အကျိုးပြုနေခြင်း ဖြစ်ပါသည်။ ဥပမာ ဗီတာမင်ဘီ-၁၂ သည် အဆိုပါ ပရိုဘိုင်အိုတစ်၏ အကျိုးပြုစွန့်ပစ်ပစ္စည်း တစ်ခုဖြစ်ပြီး ကျွန်တော်တို့ ခန္ဓာကိုယ်တွင် သွေးနီဥများ၌ သွေးအားကောင်းစေရန်နှင့် အာရုံကြောများ သန်စွမ်းစေရန် အထူးလိုအပ်သည့် ဓာတ်တစ်မျိုးဖြစ်ပါသည်။

(၃) အချဉ်ဖောက်ထားသော အစားအစာများသည် ပရီဘိုင်အိုတစ်များ (Prebiotics) ဖြစ်ကြပါသည်။ ပရီဘိုင်အိုတစ် ဆိုသည်မှာ အကျိုးပြု အဏုဇီဝလေးများဖြစ်သည့် ပရိုဘိုင်အိုတစ်များအတွက် အစာရေစာ ဖြစ်ပါသည်။ ထိုသို့ အစာရေစာအဖြစ် ဝင်ရောက်လာသောကြောင့် အူအတွင်း ယခင်ရှိပြီးသား ပရိုဘိုင်အိုတစ်များအတွက် အစာအာဟာရ ဖြည့်တင်းပေးရာရောက်ပြီး ပိုမိုပွားများလာနိုင်ပါသည်။ ဥပမာ အချဉ်ဖောက်ထားသော ဟင်းသီးဟင်းရွက်များတွင် ပါဝင်သည့် အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်သည့် အာနိသင် (Antioxidant) များသည် ပရီဘိုင်အိုတစ်များ ဖြစ်ကြပါသည်။

အထူးသတိပြုရန်မှာ အချဉ်ဖောက်ထားသော အစားအစာများတွင် ပါဝင်သည့် ပရိုဘိုင်အိုတစ်များသည် သက်ရှိအဏုဇီဝများဖြစ်သဖြင့် အပူနှင့်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရပါမည်။ ယင်းတို့ကို ၄၀ ဒီဂရီစင်တီဂရိတ် (40°C) နှင့်အထက် အပူပေးမိပါက သေကျေပျက်စီးကာ အာနိသင်ပျက်ပြယ်နိုင်ပါသည်။ သို့ရာတွင် ယင်းပရိုဘိုင်အိုတစ်မှ ထုတ်ထားပြီးဖြစ်သည့် အကျိုးပြု စွန့်ပစ်ပစ္စည်းများမှာမူ ဆက်လက်ကျန်နေသဖြင့် အနည်းငယ် အကျိုးရှိပါသေးသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "ဘဝလက်တွဲဖော်အစစ် ပရိုဘိုင်အိုတစ်" စာအုပ်၊ အခန်း (၁၃) ပရိုဘိုင်အိုတစ်ပါဝင်သော အစားအစာများမှ ထုတ်နုတ်ဖော်ပြသည်။

👉https://t.me/drkhinmaunglwin
👉https://t.me/drkhinmaunglwingroup

14/02/2022

ငါးပိရည်နဲ့ တွဲဖက်စားဖို့ ချဥ်ဖတ်စုံကို အိမ်မှာ ကိုယ်တိုင် သန့်သန့်လေး ပြုလုပ်နည်း.. ငါးပိရည်ကြိုက်တဲ့သူတိ...

30/01/2022
18/01/2022
09/01/2022

Solar လျှပ်စစ်မီး တပ်ဆင် အသုံးပြုတော့မယ်ဆိုရင် ဂျင်းမမိစေဖို့ သိထားသင့်တဲ့ အရာများ.. Solar system တစ်ခုဟာ watt ချင်းတူရင် .....

08/01/2022

ဆန်ပိုးဆိုတာ မီးဖိုချောင်ထဲဝင်ရတဲ့ စာဖိုမှူးတွေ အိမ်ထောင်ရှင်မတွေအတွက် ရန်သူတွေထဲကတစ်ယောက်ပါ။ ဆန်ပိုးဟာ ...

Address

၁၉/က, စက်မှုဇုံ (၁)လမ်း, တောင်ဥက္ကလာပမြို့နယ်
ရန်ကုန်

Telephone

09799679727

Website

Alerts

Be the first to know and let us send you an email when Perfect ကျန်းမာရေးနှင့်အထွေထွေဗဟုသုတ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share