Shwe Bander

Shwe Bander Comet & Princess

14/12/2023

နည်းလမ်းဆိုတာ စိတ်ဆန္ဒကလာတယ်၊

ပြင်းထန်တဲ့ စိတ်ဆန္ဒရှိရင်...

နည်းလမ်းဆိုတာ သူ့အလိုလိုပေါ်လာလိမ့်မယ်၊

ဆန္ဒမရှိတဲ့သူဆီမှာတော့...

ဆင်ခြေတွေပဲတွေ့ရလိမ့်မယ်...။

ဥာဏ်လင်းအောင်-unlock your futures





11/08/2023

လောကမှာ အတောက်ပဆုံးဆိုတဲ့

ကြယ်တွေတောင်တနေ့ကြွေရတယ်

မချစ်ဘူးလို့ တင်းထားတဲ့ကျမရဲ့

မာန်တွေလည်း မောင်နဲ့ကျမှ•••••••••••••

ဆန်းကြယ်စွာပဲ လောကကြီးရဲ့

ဖြစ်တတ်တဲ့သဘော ထင်ပါရဲ့•••••••••••••

17/07/2023

idol အကြည့်တွေ ကအချစ်တွေပိုနေလို့😍😍ကြေွ

အလုပ်အကိုင်မလုပ်ဘဲ feel ေနပါပြီ😁

Batik {ပါတိတ် }ချူပ်ပုံdesign လှလှလေးတွေ မြင်ဖူးထားတော့ ချူပ်တ့ဲ အခါစဥ်းစားရမခက်တော့ဘူးပေါ့သဲတို့ရယ်😍😍Photo crd #
30/06/2023

Batik {ပါတိတ် }ချူပ်ပုံ

design လှလှလေးတွေ မြင်ဖူးထားတော့

ချူပ်တ့ဲ အခါ

စဥ်းစားရမခက်တော့ဘူးပေါ့သဲတို့ရယ်😍😍

Photo crd #

16/06/2023

အဝတ်အစားပေါ် မူတည်ပြီး
Bra ရွေးချယ်နည်း

1. T Shirt bra
ဗြောင်တီရှပ်တွေ ဝတ်တဲ့အခါ အင်္ကျီပေါ်မှာ ဇာလိုင်းတွေ ပေါ်မနေဖို့ တီရှပ်ဘရာကို ရွေးချယ်သင့်ပါတယ်။ ခန္ဓာကိုယ်နဲ့ကွက်တိ fit ဖြစ်တဲ့အင်္ကျီတွေ ဝတ်တဲ့အခါမှာလည်း တီရှပ်ဘရာက အဆင်ပြေပါတယ်။

2. ကြိုးမပါတဲ့ bra
ကြိုးမပါတဲ့ဘရာတွေက ဝတ်ရတာ သက်တောင့်သက်သာ ရှိပါတယ်။ ခန္ဓာကိုယ်မှာလည်း မြဲနေတဲ့အတွက် ပြုတ်ကျသွားမှာကိုလည်း စိတ်ပူစရာ မလိုပါဘူး။ ပုခုံးလျှောအင်္ကျီတွေ၊ ပုခုံးမှာ အပေါက်ပါတဲ့ အင်္ကျီတွေ ဝတ်တဲ့အခါ ကြိုးမပါတဲ့ဘရာကို ရွေးချယ်သင့်ပါတယ်။

3.Convertible bra
သူ့မှာတော့ ကြိုးတွေအများကြီးပါပြီး ကြိုးတွေနဲ့ဝတ်လို့ရသလို ကြိုးတွေကို အကုန်ချွတ်ပြီးတော့လည်း ဝတ်လို့ရပါတယ်။ ပုခုံးတစ်ဖက်ပဲပါတဲ့ အင်္ကျီတွေအတွက် ဝတ်ဖို့ သင့်တော်ပါတယ်။

4.U-plunge bra
လည်ပင်းဟိုက်တဲ့အင်္ကျီတွေ ဝတ်တော့မယ် ဆိုရင်တော့ U-plunge bra က အဆင်ပြေဆုံးပါပဲ။ ပုံမှန် bra တွေက တစ်ဖြောင့်တန်းတည်း ဖြစ်ပေမယ့် U-plunge bra ကတော့ လည်ဟိုက်အင်္ကျီတွေဝတ်ရင် အဆင်ပြေဖို့ U ပုံစံဝိုက်ဝိုက်လေး ဖြစ်နေတာပါ။

5.Sticky bra
Sticky bra တွေကို များသောအားဖြင့် ဆီလီကွန်နဲ့ ပြုလုပ်ကြပြီး ဖော့နဲ့ချုပ်ထားတဲ့ sticky bra တွေလည်း ရှိပါတယ်။ ကြိုးတွေမပါတာကြောင့် ပုခုံးလျှောတဲ့အင်္ကျီတွေ၊ နောက်ကျောမပါတဲ့အင်္ကျီတွေ ဝတ်တဲ့အခါ ရွေးချယ်နိုင်ပါတယ်။

6.Balcony bra
Balcony bra ကို balconette လို့လည်း သိကြပါတယ်။ ဒီဘရာကတော့ ရင်သားတစ်ဝက်လောက်ကိုပဲ ဖုံးအုပ်ပေးနိုင်တာပါ။ လည်ပင်းအလှကို ပေါ်လွင်စေတဲ့ အင်္ကျီတွေနဲ့ဆိုရင် လိုက်ဖက်ပါတယ်။

7.ဇာ bra
ဖော့တွေမပါဘဲ ဇာသက်သက်နဲ့ ချုပ်ထားတာကြောင့် အရမ်းကို မိန်းမဆန်စေတဲ့bra ပါပဲ။ ထွင်းဖောက်မြင်ရတဲ့အင်္ကျီတွေ၊ ပါးလှပ်လှပ် အင်္ကျီတွေနဲ့ တွဲဝတ်ရင် မေ့မထားသင့်တဲ့ bra ပါ။

8.Racerback bra
နောက်ကျောမှာ ဝိုက်ဝိုက်လေး ဖြစ်နေတာကြောင့် ကျောဘက်မှာ ဝိုက်ထားတဲ့ ဝတ်စုံတွေအတွက် သင့်တော်ပါတယ်။ အားကစားလုပ်တဲ့ အချိန်မှာ ဝတ်လို့လည်းရပါတယ်။

9.Demi bra
Demi bra က ရင်သားအောက်ပိုင်းကိုပဲ ဖုံးအုပ်ပေးနိုင်တာကြောင့် အပေါ်ပိုင်းက လွတ်နေပါတယ်။ သူ့ရဲ့ cup ကလည်း သေးပါတယ်။ အင်္ကျီအပါးတွေ၊ လည်ဟိုက်တဲ့အင်္ကျီတွေ ဝတ်တဲ့အခါ ရွေးသင့်တဲ့ bra ပါပဲ။

10. Full cup bra
Full cup bra က ရင်သားကို အပြည့်အဝ ဖုံးအုပ်ပေးနိုင်ပါတယ်။ ရင်သားကြီးတဲ့ အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်။ လည်ပိတ်အင်္ကျီတွေနဲ့ တွဲဖက်ပြီး ဝတ်လို့ရပါတယ်။

11. Push -up bra
Push-up bra က ရင်သားကို ပင့်တင်ပေးတာကြောင့် ပိုကြီးသယောင် ဖြစ်စေပါတယ်။ Low-cut top တွေနဲ့ ဝတ်ရင် အဆင်ပြေဆုံးပါ။

12.Smoothing bra
Smoothing bra ဆိုတဲ့အတိုင်း ခပ်ကျပ်ကျပ် ဝတ်စုံတွေဝတ်ရင် ဝတ်ထားမှန်း မသိရလောက်အောင် အဆင်ပြေစေတဲ့ bra ပါပဲ။


စက်ချူပ်တယ်ဆိုတာလက်န့ဲ လုပ်ရတာထက် စိတ်န့ဲ လုပ်ဆောင်ရတ့ဲ အပိုင်းက ပိုများပါတယ်အထူးသဖြင့် စိတ်ရှည်ပါ ကိုယ်လုပ်ချင်တ့ဲ desi...
12/05/2023

စက်ချူပ်တယ်ဆိုတာ
လက်န့ဲ လုပ်ရတာထက် စိတ်န့ဲ လုပ်ဆောင်ရတ့ဲ အပိုင်းက ပိုများပါတယ်
အထူးသဖြင့် စိတ်ရှည်ပါ
ကိုယ်လုပ်ချင်တ့ဲ design တွေအားလုံးကို
ဝတ်စုံတစ်ခုထဲမှာ လှပြီးရောဆိုပြီး ထည့်လို့မရဘူး
ဒီအဆင်က ဒီလို design လေးန့ဲမှ ပိုလိုက်ဖက်တယ် အဲလိုလေးအမြင်ရှိရမယ်
အဲဒီအပြင် ကိုယ်လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် အဲဝတ်စုံကို စိတ်ကူးထဲကအတိုင်းပေါ်အောင်လုပ်တာ အကောင်းဆုံးပါ
စက်နင်းတတ်တာဟာ စက်ချူပ်တတ်တာမဟုတ်သေးဘူးနော်
များများသိ​အောင်ပိုလေ့လာပါ ပိုကြိုးစားပါကိုယ်သိတတ်ထားန့ဲ အရာ​တွေကိုလက်တွေ့အသုံးချပါ
လက်တွေ့ အသုံးချခြင်းဟာ ကိုယ့်ရဲ့ အရည်ချင်းကို ပြသခြင်း သာဖြစ်ပါတယ်

Address

Myin Ka Par
Bagan

Website

Alerts

Be the first to know and let us send you an email when Shwe Bander posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share