𝙃𝘼𝙉𝘼

𝙃𝘼𝙉𝘼 Shopping & Retail

မိမိPreorderမှာထားသောအဝတ်များCargoမှပစ်စည်းထုတ်လို့ရချိန်:၃ပတ်ဆိုတာ တကယ်တော့ ၃နှစ်ပါ🤣
20/02/2022

မိမိPreorderမှာထားသောအဝတ်များ
Cargoမှပစ်စည်းထုတ်လို့ရချိန်:
၃ပတ်ဆိုတာ တကယ်တော့ ၃နှစ်ပါ🤣

လိုအပ်မယ်ထင်တာလေး
18/02/2022

လိုအပ်မယ်ထင်တာလေး

Simple Nails Art💗
17/02/2022

Simple Nails Art💗

ဒါမျိုးလေးတွေ ခနခနဖြစ်ဖူးကြတယ်ဟုတ်Adminကိုယ်တိုင်ရောပဲ☹ဒီမှာဆိုရင်တော့ Mini martတွေမှာ ဝယ်လို့ရတယ်နော်၂ညလောက် ကပ်တာနဲ့ ဘ...
06/12/2021

ဒါမျိုးလေးတွေ ခနခနဖြစ်ဖူးကြတယ်ဟုတ်
Adminကိုယ်တိုင်ရောပဲ☹
ဒီမှာဆိုရင်တော့ Mini martတွေမှာ ဝယ်လို့ရတယ်နော်
၂ညလောက် ကပ်တာနဲ့ ဘာမှကိုမရှိတော့တာ
လိုအပ်မယ်ထင်လို့ပါရှင့်✨🤎

ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာလေးနော်☹❤
24/11/2021

ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာလေးနော်☹❤

လိုအပ်မယ်ထင်ပါတယ်❤
22/08/2021

လိုအပ်မယ်ထင်ပါတယ်❤

ချစ်စရာလေးနော် အက်မင်ကောင်မလေးတွေအဲ့လိုလေးဆိုးကြည့်❤
01/08/2021

ချစ်စရာလေးနော် အက်မင်ကောင်မလေးတွေ
အဲ့လိုလေးဆိုးကြည့်❤

အခုထဲက လေ့ကျင့်နေပြီdeli freeလိုချင်တဲ့သူတွေအတွက် အထူးအစီအစဉ်အိမ်က တံမြက်စည်းကို နေ့တိုင်းတက်စီးကြည့်နေပါတယ် ☺ပျံလို့ရတဲ...
31/07/2021

အခုထဲက လေ့ကျင့်နေပြီ
deli freeလိုချင်တဲ့သူတွေအတွက် အထူးအစီအစဉ်

အိမ်က တံမြက်စည်းကို နေ့တိုင်း
တက်စီးကြည့်နေပါတယ် ☺

ပျံလို့ရတဲ့တစ်နေ့ မင်မင်တို့
Deli free နဲ့အကုန်လိုက်ပို့ပေးပါ့မယ်ရှင်😝

မိန်းကလေးဆန်တာ မကြိုက်တဲ့ အက်မင်ရဲ့ကောင်မလေးတွေအတွက် 🖤
28/07/2021

မိန်းကလေးဆန်တာ မကြိုက်တဲ့
အက်မင်ရဲ့ကောင်မလေးတွေအတွက် 🖤

မင်မင်လည်း ZARA ကအိတ်လေးတွေဆိုအရမ်းသဘောကျတာ စျေးလည်းသင့်Qualityလည်းကောင်း Brandလည်း ကိုင်ရတာ✨❤ပြီးတော့ သူ့မှာ One Day sa...
27/07/2021

မင်မင်လည်း ZARA ကအိတ်လေးတွေဆို
အရမ်းသဘောကျတာ စျေးလည်းသင့်
Qualityလည်းကောင်း Brandလည်း ကိုင်ရတာ✨❤
ပြီးတော့ သူ့မှာ One Day saleလည်း ရှိတာမို့
မင်မင် တင်ပေးလိုက်တယ်နော် Best sellersလေးတွေ

Price - 19000 (Original price 26000)
Waiting time - 1months
Preorder/ Prepaid

လေးစားစွာဖြင့် မူရင်းရေးသားသူအားCredit ပေးပါသည်။➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖အဝတ်အစားနဲ့လိုက်ဖက်မှုရှိအောင် ဘယ်လို Bra Type လေးတွေ...
27/07/2021

လေးစားစွာဖြင့် မူရင်းရေးသားသူအားCredit ပေးပါသည်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
အဝတ်အစားနဲ့လိုက်ဖက်မှုရှိအောင် ဘယ်လို Bra Type လေးတွေ ရွေးချယ်ကြမလဲ👙👗🤨🙄

Hello hello💞

Rachel ဒီတခေါက် မိန်းကလေးတွေအတွက်အရမ်းအသုံးဝင်မယ်လို့ထင်တဲ့ Topic လေးတခုကိုရေးပေးချင်ပါတယ်။ Rachel ပုံလေးတွေတင်တိုင်း လာလာမေးတတ်ကြလို့ပါ😁 အဲဒါကြောင့် ဒီအကြောင်းလေးကို ဒီမှာပဲဖြေပေးလိုက်မယ်နော်😉 အဲဒါက မိန်းကလေးတိုင်း သိချင်နေကြတဲ့ Bra အမျိုးအစားလေးတွေနဲ့ ဘယ်လိုအဝတ်အစားဆိုရင် ဘယ် Bra အမျိုးအစားကိုဝတ်ဆင်ရမလဲဆိုတာကို Rachel သိသလောက်လေး Sharing ပြန်လုပ်ပေးမယ်နော်။

မိန်းကလေးအများစုက အတွင်းခံ Bra တွေ Underwear တွေထက် အပြင်အဝတ်အစားတွေကို ဦးစားပေးဝယ်ကြတယ်။ Branded တွေရွေးဝယ်ကြတယ်။ ဒါပေမယ့် အတွင်းခံတွေဖြစ်တဲ့ Bra တို့ Underwear တို့ဆိုရင် တံဆိပ်တွေဘာတွေသိပ်မကြည့်ပဲ အဆင်ပြေသလိုဝတ်တတ်ကြတယ်။ တကယ်တော့ Rachel တို့အပြင်ပန်းအဝတ်အစားတွေထက် Bra, Underwear တို့က Rachel တို့ရဲ့ Body structure ကိုပိုပြီးပေါ်လွင်အောင် ပံ့ပိုးပေးနိုင်တာပါ။ အပြင်အဝတ်အစားကဘယ်လောက်ပဲ ကိုယ့် Body နဲ့ Fit ဖြစ်နေပါစေ အတွင်းခံအဝတ်အစားက ကိုယ့် Size အမှန်မဟုတ်တာတို့၊ ဝတ်တဲ့အကျီင်္နဲ့ မကိုက်ညီတဲ့ Bra မျိုးရွေးချယ်မိတဲ့အခါမှာ လူကိုပိုပြီးအမြင်ဆိုးသွားစေတာမျိုးဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ဒီတခေါက် Topic မှာတော့ Rachel တို့ဘယ်လိုအဝတ်အစားမျိုးဝတ်ရင် ဘယ်လို Bra အမျိုးအစားလေးတွေရွေးချယ်ဝတ်သင့်လဲဆိုတာမျိုးကို အားလုံးဗဟုသုတရအောင် ပြောပြပေးမယ်နော်။

🔸Push Up Bra

Push up ကတော့ ရင်သားသေးတဲ့မိန်းကလေးတွေအတွက် အရမ်းအဆင်ပြေတဲ့ Bra အမျိုးအစားပါ။ သူရဲ့ Bra ကြိုးကဖြုတ်လို့တပ်လို့တော့မရဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ရင်သားပုံစံလေးကို ပိုပုံကျစေပြီးတော့ Body Fit အကျီင်္လေးတွေဝတ်ရင်ပဲဖြစ်ဖြစ်၊ ကောက်ကြောင်းလေးတွေပိုပေါ်စေချင်ရင်တော့ ဒီလို Push Up လေးတွေနဲ့ဝတ်ကြည့်ပာ။ Rachel ကတော့ အကျီင်္ကိုယ်ကြပ်လေးတွေကို ရိုးရိုး Bra နဲ့ဝတ်တာထက်စာရင် ဒီလို Push Up လေးတွေနဲ့ဝတ်လိုက်ရင် ကိုယ့်ကိုယ်ကိုပိုပြီး Confidence ရှိသလိုခံစားရတယ်☺

🔸Strapless bra

နောက်တခုကတော့ Strapless ပါ။ ရင်ပြတ်အင်္ကျီတွေ၊ ကြိုးတချောင်းအကျင်္ီလေးတွေဝတ်တဲ့အခါ Bra ကြိုးမပေါ်ချင်တဲ့အခါမျိုးတွေမှာ Strapless ကတော့ မရှိမဖြစ်ပါ။ ဒါပေမယ့် Strapless တွေက ကြိုးမပါတဲ့အတွက် တော်တော်များများက ဝတ်တဲ့အခါ လျှောကျတာမျိုးတွေဖြစ်တတ်တယ်။ Rachel ကတော့ Strapless ဝတ်ရင် Silicon Line ပါတဲ့ဟာမျိုးကို ရွေးပြီးဝတ်ပါတယ်။ Silicon Line ကရင်ဘတ်ကို အထိန်းသဘောအနေနဲ့ဆိုတော့ လျှောကျတဲ့ပြသနာမျိုးတွေမဖြစ်တော့ဘူးပေါ့။ ဒီလို Silicon Line ပါတာမျိုးဆိုရင် Victoria's Secret မှာလည်းတွေ့ရတယ်။ Rachel အကြိုက်ဆုံး Strapless ကတော့ Lasenza တံဆိပ်ပါ။ တော်တော်များများ Strapless တွေက Push up နဲ့မလာဘူး။ အဲ့တော့ ရင်ဘတ်သေးတဲ့သူတွေအတွက် ဝတ်လိုက်ရင် ရင်ဘတ်ကသိပ်ပုံမကျပဲ ပြားပြားကြီးဖြစ်နေသလိုခံစားရတယ်။ Lasenza မှာကျတော့ Strapless ကိုမှ Push up တို့ Double Push Up တို့နဲ့လာတော့ ရင်ဘတ်သေးတဲ့သူတွေအတွက်အရမ်းအရမ်းကို အဆင်ပြေပါတယ်👍 အဲ့တာကြောင့် ကိုယ်ကရင်ဘတ်လည်းသေးတယ်၊ ပုံမှန် Strapless တွေဝတ်ရင်လည်း ပုံမကျဘူးဆိုရင်တော့ ခု Rachel ပြောပြပေးတဲ့ တံဆိပ်လေးကို Try ကြည့်ကြည့်နော်☺

🔸T-shirt Bra

T-shirt bra ကကျတော့ ရင်ဘတ် shape ကိုပိုပေါ်အောင်လုပ်ပေးထားတဲ့အတွက် ရင်ဘတ်ကို သူ့နေရာနဲ့သူ ပုံကျကျလေးဆိုတော့ T-shirt တွေနဲ့ဝတ်ရတာ အရမ်းအဆင်ပြေပါတယ်။ ရိုးရိုး Bra တွေနဲ့ဆိုရင် T-shirt ဝတ်တဲ့အခါ ရင်ဘတ်ကပုံမကျဖြစ်တတ်တယ်။ T-shirt bra ကကျတော့ သူ့ရဲ့ Bra Line ကို အဝိုင်းပုံစံလေးလုပ်ပေးထားတော့ ရင်ဘတ်က Bra ခွက်လေးနဲ့ကွက်တိဖြစ်နေစေတယ်။ ပြီးတော့ T-shirt Bra တွေက ပေါ့ပါးတယ်၊ Simple design တွေပဲထွက်တာများတယ်။ ဇာတွေ၊ အပွင့် Design တွေနဲ့မဟုတ်ပဲ ဗြောင်လေးတွေပဲထွက်တာများပါတယ်။

🔸Sport Bra

Sport Bra ကတော့ ရှင်းပါတယ်။ အားကစားလုပ်တဲ့အချိန်မျိုးတွေမှာဝတ်ရတဲ့ Bra type ပါ။ သူက တခြား Bra တွေထက် ရင်ဘတ်ကို Control ပိုလုပ်ပေးနိုင်တယ်။ အားကစားလုပ်တဲ့အခါမှာ တခြား Bra မျိုးတွေဝတ်ရင် ရင်သားတွဲကျတာမျိုးတွေ၊ ပုံစံပျက်သွားတာမျိုးတွေ ဖြစ်တတ်တဲ့အတွက် အားကစားလုပ်တဲ့မိန်းကလေးတိုင်းမှာ Sport Bra ကရှိကိုရှိသင့်တဲ့ Bra type တခုပါနော်။

🔸Plunge bra

Plunge ကတော့ လည်ပင်းအရမ်းဟိုက်တဲ့ အကျီင်္တွေ၊ V-neckline လိုမျိုး ရင်ဘတ်နှစ်ခုကြားထိကိုဟိုက်တဲ့ အကျီင်္မျိုးတွေဆိုရင် Plunge နဲ့မှအဆင်ပြေပာတယ်။ Strapless ကျတော့ အရမ်းဟိုက်တဲ့အကျီင်္မျိုးနဲ့ဆိုရင် ပေါ်နေတော့ အဆင်မပြေဘူး။ အဲဒါကြောင့် Plunge ကိုဝတ်ကြတယ်။ ဒါပေမယ့် Plunge က အရမ်းဟိုက်ပြီး ဝတ်လိုက်တဲ့အခါ ရင်ဘတ်နှစ်ခုကြား အရာပေါ်တော့ တချို့ မဝတ်ရဲတဲ့ မိန်းကလေးတွေဆိုရင်တော့ Bandeau လည်းဝတ်လို့ရပါတယ်။ Bandeau ကကျတော့ Bra ကိုမှ ရင်ခံလိုပုံစံမျိုးဆိုတော့ အရမ်းဟိုက်တဲ့ Plunge လိုမဝတ်ရဲတဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ Wacoal မှာဆိုရင် Rachel ပြောတဲ့ Bandeau လို Bra တွေဝယ်လို့ရပါတယ်။

🔸Stick on bra

Stick on bra ကတော့ Silicon bra အမျိုးအစားပာ။ Rachel တို့ အင်္ကျီကျောပြောင်တွေဝတ်ရင် ဒီလို Stick on bra တွေနဲ့ပဲဝတ်လို့ရပါတယ်။ သူကရှေ့ရင်ဘတ်ကိုပဲ Slicon အအုပ်လေးနဲ့ကပ်တဲ့ပုံစံမျိုးပါ။ ခုနောက်ပိုင်းဆိုရင် အင်္ကျီ Design မိုက်တာလေးတွေအများကြီးပေါ်လာတော့ ဒီလို Stick on bra လေးတွေကလည်း မိန်းကလေးတိုင်းမှာ ရှိထားသင့်တယ်နော်။ ဒါပေမယ့် သူက Party တွေသွားတာမျိုးတွေ၊ ကြော့ကြော့လေးနေရမယ့် ပွဲတွေအတွက်ပဲအဆင်ပြေစေမှာပါ။ Stick on bra တွေက ချွေးထွက်တဲ့အခါ ကွာတာမျိုးတွေ ဖြစ်တတ်တော့ Edm ပွဲတွေလိုမျိုး လူအရမ်းများပြီး အသားကုန်ကဲကြတဲ့နေရာမျိုးတွေဆိုရင်တော့ Rachel က ဒီလို Slicon ကပ်တာမျိုးတွေတော့ အားမပေးပါဘူး။

🔸Ni**le tape

Ni**le tape အမျိုးအစားကတော့ လုံးဝလုံးဝ ဟိုက်တဲ့အဝတ်အစားတွေမှာ သုံးရတဲ့ type ပါ။ ဘယ် Bra အမျိုးအစားမှလည်း ခံဝတ်လို့မရဘူး၊ Silicon ကပ်ရင်လည်း ကပ်ထားမှန်းသိသာနေတဲ့ ပါးပါးလွင့်လွင့် အဝတ်အစားမျိုးတွေဆိုရင်တော့ ဒီလို Ni**le tape လေးပဲသုံးကြပါတယ်။ သူက Tape လေးပဲဆိုတော့ ကိုယ့်ရဲ့ရင်သားကို ပိုကြီးအောင်လည်းလုပ်မပေးဘူး၊ control လည်းမလုပ်ပေးဘူး၊ ရင်သားအကုန်မပေါ်စေချင်လို့ ထိပ်လေးကိုပဲ cover လုပ်ထားတဲ့သဘောပါ။ အရင်ကတော့ နိုင်ငံခြားမှာပဲ ဒီလို Tape ကအသုံးများပေမယ့် အခု ဒီမှာလည်း Ni**le tape လေးတွေသုံးလာကြတာ တွေ့ရပါတယ်။

Tips: Rachel အဝတ်အများဆုံး၊ အကြိုက်ဆုံး brand ကတော့ Victoria's Secret ,Lasenzaနဲ့ wacoal ပါ။ စျေးကြီးတယ်ဆိုပေမယ့် Full price ပေးပြီးဝယ်ရတယ်မထင်ပါနဲ့။ ဘယ်တော့မှမဝယ်ရပါဘူး😁 သူတို့မှာ အမြဲ Sales တွေရှိပါတယ်။ Rachel ဆိုရင် Sales ရှိတဲ့အချိန်မှာပဲ အမြဲဝယ်ဖြစ်ပါတယ်။ ပုံမှန် Bra တွေဆိုရင် သုံးလေးခါလျှော်ပြီးရင် ပုံပျက်တာတို့ ရွဲသွားတာမျိုးတို့ဖြစ်တတ်တယ်။ ဒီလို Brand တွေက စျေးကြီးပေးဝယ်ရပေမယ့် Quality ကောင်းတော့ ဘယ်လောက်လျှော်လျှော် ရွဲသွားတာ၊ ပုံပျက်သွားတာတွေ မဖြစ်ပါဘူး။ အဲဒါကြောင့် ပေးရတဲ့စျေးနဲ့ ကိုယ်ရလာတဲ့ Quality ကတန်တယ်ပေါ့နော်👍 ဒါကတော့ Rachel ရဲ့ Personal Opinion ပါ☺ တကယ်လို့ ဝယ်ချင်တယ်ဆိုရင်တော့ သူတို့ရဲ့ Website ကိုအမြဲကြည့်ပြီး Sales ရှိတဲ့အချိန်ကို ဝယ်ဖြစ်အောင်ဝယ်ဖို့ Rachel recommend ပေးလိုက်ပါတယ်😍

ကဲ ဒီလောက်ဆိုရင်တော့ ကျေနပ်ကြမယ်ထင်တယ်နော်😍 အောက်မှာလည်း Rachel ပုံလေးတွေနဲ့တွဲတင်ပေးထားတာဆိုတော့ အားလုံးအတွက် ပိုပြီးအကျိုးရှိမယ်ထင်ပါတယ်😘 တကယ်လို့ သိချင်တာရှိရင်လည်း Rachel ကိုအချိန်မရွေးလာမေးလို့ရပါတယ်။ Rachel သိသလောက် အကုန်ပြန်ဖြေပေးမယ်နော်☺ ဒီ Post လေးကတော့ ဒီလောက်ပါပဲ။ နောက် Topic လေးတခုနဲ့ ပြန်လာခဲ့မယ်နော်💜

အားလုံးပဲ သာယာတဲ့နေ့ရက်လေးဖြစ်ပါစေ😍

With Love💞
Rachel

အမြဲတမ်း သုံးမယ့် Facebook Account ဆိုရင်✨Name - ကဗျာလိုလို စာလိုလို Name တွေ၊ပေါက်ကရ Name တွေ မဖွင့်ပါနဲ့၊မှတ်ပုံတင်ထဲက...
26/07/2021

အမြဲတမ်း သုံးမယ့် Facebook Account ဆိုရင်

✨Name -

ကဗျာလိုလို စာလိုလို Name တွေ၊
ပေါက်ကရ Name တွေ မဖွင့်ပါနဲ့၊

မှတ်ပုံတင်ထဲက နာမည်၊
ယာဉ်မောင်းလိုင်စင်ကတ်ထဲက နာမည်ပဲ အသုံးပြုပါ။

✨Phone or Email -

Phone နံပါတ်နဲ့ Facebook Account မဖွင့်ပါနဲ့၊

Sim Card ပျောက်တဲ့အခါမျိုး‌တွေ၊
ဖုံးပျောက်တဲ့အခါမျိုးတွေ၊

ID လော့ ကျတဲ့ အခါမျိုးတွေမှာ အခက်ကြုံရတတ်ပါတယ်၊

ဒါကြောင့် ဖုန်းနံပါတ်နဲ့ Facebook Account လုံးဝ မဖွင့်ပါနဲ့၊

Facebook Account ထဲ ဖုန်းနံပါတ် ထည့်ထားချင် ထည့်ထားပါ၊

ကိုယ်ပင်တိုင်သုံးတဲ့ ဖုန်းနံပါတ်ကိုလည်း
ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေ Facebook Account ဖွင့်တဲ့အခါမျိုး၊
Security Check Lock ဖြည်တဲ့နေရာမျိုးတွေမှာလည်း ပေးမသုံးပါနဲ့၊

✨Email

Facebook Account ဖွင့်ဖို့ အသုံးပြုလို့ အကောင်းဆုံးက gmail ပါ၊

Facebook Account ဖွင့်ဖို့ gmail account ကို အသုံးပြုတဲ့အခါမျိုးမှာ

Bank Account ထဲမှာ
Youtube Account ထဲမှာ တခြားအလုပ်အကိုင်တွေမှာ အသုံးပြုနေတဲ့ gmail account ကို မသုံးပါနဲ့၊

Facebook Account အတွက် သီးသန့် ဖွင့်ထားတဲ့ gmail ပဲ အသုံးပြုပါ။

✨Birthday -

မွေးနေ့ထည့်နဲ့အခါမှာလည်း
မှတ်ပုံတင်ကတ်၊ယာဉ်မောင်းလိုင်စင်ကတ်ထဲက မွေး‌နေ့ကိုပဲ ထည့်သွင်းအသုံးပြုပါ။

မွေးနေ့အမှန်ကို အသုံးမပြုရင် ID လော့ ကျတဲ့အခါ ပြန်ရနိုင်ခြေ နည်းပါးပါတယ်၊

✨Password -

Password ထားတဲ့အခါမှာလည်း အလွယ်တကူသိနိုင်တဲ့ Password မျိုးတွေ၊ခန့်မှန်းရလွယ်ကူတဲ့ Password မျိုးတွေ၊
မိမိ Facebook Account Name အတိုင်းထားတာမျိုး၊မိမိဖုန်းနံပါတ်ကို Password ထားတာမျိုး မလုပ်မိဖို့ အထူးအရေးကြီးပါတယ်။

အဲလိုတွေ ပြုလုပ်ပြီးလို့ Facebook Account တစ်ခု ရပြီဆိုရင်
မိမိရဲ့ Facebook Account လုံခြုံရေးအတွက်
Facebook Account ထဲက Email တွေ၊
Birthday တွေ စတဲ့ Information တွေကို Only Me လုပ်ထားဖို့ လိုအပ်ပါတယ်။

gmail & facebook account ကို 2-Step ခံပြီး အသုံးပြုတာမျိုး၊
ရင်းနှီးယုံကြည်ရသူတွေရဲ့ Account 5-ခုကို ထည့်သွင်းအသုံးပြုတဲ့ Tc ခံတာမျိုးတွေ လုပ်ထားသင့်ပါတယ်။

မိမိအကောင့်ကို ခိုးယူဖို့အတွက် မြူဆွယ်ဖြားယောင်းလာတဲ့ Like & Follower တွေ တိုးစေတယ်ဆိုတဲ့
Link တွေထဲ mail & password ထည့်ပြီး မဝင်မိအောင်လည်း သတိထားအသုံးပြုဖို့ လိုပါတယ်။

Facebook Account ကို စတင်အသုံးပြုနေပြီဆိုရင် မည်သူမဆို မိမိရဲ့ Facebook Account လုံခြုံရေးအတွက်
gmail account ဖွင့်တတ်အောင်
gmail password ပြောင်းတတ်အောင်
facebook account password ပြောင်းတတ်အောင် Device တွေကို ရှင်းထုတ်တတ်အောင် information တွေကို Only Me လုပ်တတ်အောင်လောက်တော့ လေ့လာတတ်မြောက်ထားသင့်ပါကြောင်း စေတနာကောင်းဖြင့် တိုက်တွန်းနှိုးဆော်အသိပေးအပ်ပါတယ်။
သိသလောက်လေး မျှဝေရေးသားထားခြင်းဖြစ်ပါတယ်။

လိုအပ်တာများကို ဆရာများက ဖြည့်စွက်အကြံပြုပေးကြပါ။

အခြားဆက်စပ် Post များ ဖတ်ရှုလေ့လာရန်
✨Facebook Account မှ ပိုစ့်တွေကို အမြန် ဖျက်ရန် ❎❎❎
https://m.facebook.com/story.php?story_fbid=1737041259790780&id=100004547686229

✨Facebook မှာ Friend မဟုတ်သေးတဲ့သူတွေ Wall ထဲ ဝင်ကြည့်ရင် ဘာမှမမြင်အောင်လုပ်ထားနည်း
https://m.facebook.com/story.php?story_fbid=1303413279820249&id=100004547686229

✨Facebook မှာ Comment ပိတ်နည်း
https://m.facebook.com/story.php?story_fbid=1480354015459507&id=100004547686229

လိုအပ်သောမိတ်ဆွေများအတွက်
Facebook ဆိုင်ရာ Link များ စုစည်းမှု
https://m.facebook.com/story.php?story_fbid=1193408070820771&id=100004547686229

Facebook ဆိုင်ရာ Link များ စုစည်းမှု
https://m.facebook.com/story.php?story_fbid=1712998875528352&id=100004547686229

✨Admin ခန့်တော့မယ်ဆိုရင်
https://m.facebook.com/story.php?story_fbid=623623401132577&id=100004547686229

✨လိုအပ်သူများအတွက်
မိမိ၏ Facebook Account လုံခြုံရေးအတွက်
ဖေ့ဘုတ်အကောင့်ထဲရှိ Mail ကို Only Me လုပ်နည်း
Info များကို Only Me လုပ်နည်း
Login Approvlas ခံနည်း
Trusted Contacts ထားနည်း စသည်
https://www.facebook.com/media/set/?set=a.620064744821776&type=3

✨Add friend , Follower , Comment , Like
ဖွင့်နည်း / ပိတ်နည်းပြုလုပ်ပုံအကြောင်း
https://m.facebook.com/story.php?story_fbid=525753414252910&id=100004547686229

✨မိမိ Messenger မှာ အာရုံနောက်နေတဲ့သူကို Unfriend မလုပ်၊ Block လည်း မလုပ်၊ Chat Head လည်း မတက်အောင် ပိတ်နည်း
💌💌💌💌💌
Messenger Block ထားသူအား
စာပြန်ပို့လို့ရအောင် Unblock ပြန်ဖြည်နည်း
https://m.facebook.com/story.php?story_fbid=1500318833463025&id=100004547686229

✨Facebook Account ဖျက်နည်း
https://m.facebook.com/story.php?story_fbid=1500467440114831&id=100004547686229

✨Facebook စတင်အသုံးပြုတဲ့နေ့ကိုကြည့်ရှုနည်း
https://m.facebook.com/story.php?story_fbid=1455437524617823&id=100004547686229

✨မိမိ Fb Account ကို တန်ဖိုးထားတယ်ဆိုရင်
ဒါလေးတွေတော့ လုပ်ထားဖို့လိုပါတယ်။
https://m.facebook.com/story.php?story_fbid=1416376508523925&id=100004547686229

✨Facebook Account ဖွင့်တော့မယ်ဆိုရင်
https://www.facebook.com/100004547686229/posts/602446206583630/

✨Facebook Password ပြောင်းနည်း
https://m.facebook.com/story.php?story_fbid=1633449733483267&id=100004547686229

✨mail ချိန်းနည်း (mail change)
https://www.facebook.com/100004547686229/posts/527545654073686/

✨Public or Only Me
https://m.facebook.com/story.php?story_fbid=1760118064149766&id=100004547686229

✨Facebook Lock ကျခြင်းနှင့် account block ခံရခြင်း အဓိက အကြောင်းအရင်းများ
https://m.facebook.com/photo.php?fbid=444773342350918&id=100004547686229&set=a.307212756106978

✨သင်တို့ရဲ့ Facebook ကို နေ့စဉ်ပုံမှန် သန့်ရှင်းရေး ပြုလုပ်သင့်တယ်
https://m.facebook.com/photo.php?fbid=511887445639507&id=100004547686229&set=a.307212756106978

✨Facebook မှာ Poke တယ် ဆိုတာ
https://m.facebook.com/photo.php?fbid=499547896873462&id=100004547686229&set=a.307212756106978

✨လိုအပ်သောမိတ်ဆွေများအတွက်
Gmil Apk ကနေ Gmail Account သစ် ဖွင့်နည်း
https://m.facebook.com/story.php?story_fbid=1706123042882602&id=100004547686229

✨Gmail Password ပြောင်းနည်း
https://m.facebook.com/story.php?story_fbid=1500751936753048&id=100004547686229

✨Login ၀င်ထားပြီး Password မေ့နေသော Gmail အား Password အသစ် ပြန်ယူနည်း
https://m.facebook.com/story.php?story_fbid=1500310846797157&id=100004547686229

✨Gmail Account ဖျက်နည်း
https://m.facebook.com/story.php?story_fbid=1500679580093617&id=100004547686229

✨Gmail အသုံးပြုနည်း
https://m.facebook.com/story.php?story_fbid=1500879170073658&id=100004547686229

✨မိမိအသုံးပြုနေတဲ့ Gmail ထဲမှာ Label လေးတွေ
ထည့်သွင်းအသုံးပြုခြင်း
https://m.facebook.com/story.php?story_fbid=525937734234478&id=100004547686229

✨လိုအပ်သူများအတွက်
ဖုန်းနံပါတ်ထည့်စရာမလိုတဲ့
mail.ee mail account ဖွင့်နည်း
https://m.facebook.com/story.php?story_fbid=1272755872885990&id=100004547686229

✨Page ဖွင့်ထားတဲ့ မိတ်ဆွေများအတွက်

မိမိ facebook fan page မှာ
အခြားသူ Post တင်မရအောင် နှင့်
Page ရဲ့ message box ကို ပိတ်ထားနည်း
https://m.facebook.com/story.php?story_fbid=526050194223232&id=100004547686229

✨Page General Setting
https://m.facebook.com/story.php?story_fbid=1520500674778174&id=100004547686229

✨အရေးကြီးတဲ့ Page Roles အကြောင်း
https://m.facebook.com/story.php?story_fbid=1520496204778621&id=100004547686229

✨* 𝐏𝐚𝐠𝐞 မှာတင်ခဲ့တဲ့ 𝐏𝐨𝐬𝐭 အားလုံးကို တစ်ပြိုင်နက်တည်း ဖျက်နည်း *
https://m.facebook.com/story.php?story_fbid=1520488818112693&id=100004547686229

✨Facebook မှာ Video တင်တဲ့အခါ ကိုယ်မြင်စေချင်တဲ့အပိုင်းကို ရှေ့ဆုံးမှာ မြင်နိင်အောင်ပြုလုပ်နည်း
https://m.facebook.com/story.php?story_fbid=1520486231446285&id=100004547686229

*✨ မိမိ Facebook Account မှာရှိတဲ့ Freind များ Followers များ Auto Like လုပ်ပြီးသော Page တစ်ခုဖွင့်နည်း *
https://m.facebook.com/story.php?story_fbid=1498850383609870&id=100004547686229

✨Click တစ်ချက်နှိပ်ရုံနဲ့ Page တစ်ခု ရအောင် ဖွင့်နည်း
https://m.facebook.com/story.php?story_fbid=1449660498528859&id=100004547686229

✨page ဆိုင်ရာ Video များ စုစည်းမှု
https://m.facebook.com/story.php?story_fbid=1442266855934890&id=100004547686229

✨Unpublish ဖြစ်နေတဲ့ Page ကို
Publish ဖြစ်အောင် ပြောင်းနည်း
https://m.facebook.com/story.php?story_fbid=847939008701014&id=100004547686229

✨Group ထောင်လိုသူများအတွက်
https://m.facebook.com/story.php?story_fbid=846232482205000&id=100004547686229

Address

Bago

Telephone

+959792621518

Website

Alerts

Be the first to know and let us send you an email when 𝙃𝘼𝙉𝘼 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category