02/11/2021
ဘေထုပ်ဝတ်တာ ရှက်စရာမဟုတ်ပါ
အခု မြန်မာနိုင်ငံမှာ ဘေထုပ် Fashion တွေ
ပြန်လည် ခေတ်စားလာတာကို
လူတိုင်း အသိပါနော်
အဓိက အကြောင်းအရင်းကတော့
လူငယ် တော်တော်များများဟာ
80s 90s British Outfit လေးတွေ
ဝတ်ရတာကို prefer ဖြစ်လာကြလို့ပါပဲ
ရှုပ်ယှက်ခတ်ပြီး ခေတ်ဆန်တာမျိုးတွေ
ဝတ်တာထပ် Vintage Style လေးတွေကို
တဖန်ပြန်လည်ဆန်းသစ်ပြီး ဝတ်တာက
လူတွေရဲ့ အမြင်အာရုံကို ပိုဖမ်းစားနိုင်မှာ
အသေအချာပါ
ဒီမှာ Admin က '' ဘေထုပ် '' ဆိုတာကို
သေချာလေး ရှင်းပြပေးပါမယ်
Bale (ဘေ) ဆိုတဲ့ ဝေါဟာရလေးက
english လိုဆို အစည်းလိုက် ၊ အစုလိုက် လို့
အဓိပ္ပာယ်ရပါတယ်
ဒါကို မြန်မာအခေါ်အဝေါ်အဖြစ်
Bale ထုပ် (ဘေထုပ်) ဆိုပြီး
အလွယ်ခေါ်ကြတာပါ
အဲ့ဒီအထုပ်တွေထဲမှာဆိုရင်
နိုင်ငံ အသီးသီး Branded အမျိုးမျိုးက
အဝတ်အစား စုံစုံလင်လင်ပါပါတယ်
Thrift တွေဆိုပေမယ့် Good Quality ထဲက
ဖြစ်ပြီး Made in (USA,Japan,Thailand,Korea)
တွေမို့လည်း လူငယ်တော်တော်များများဟာ
ဘေထုပ်ထဲကမှ Vintage ဆန်တာလေးတွေ
Retro Vibe လေးတွေနဲ့ Back to 80s 90s Fashion လေးတွေကို စျေးတန်တန် အထည်များများ
ဝတ်ရတာကြောင့် ပို အကြိုက်တွေ့လာရခြင်း
ဖြစ်ပါတယ် တခါတလေ ကံကောင်းရင်
Limited Edition တွေပါ ရနိုင်ပါတယ်နော်
အဲ့တော့ ပိုက်ဆံချွေတာချင်တဲ့ လူငယ်တွေ ၊
အဝတ်အစားအတွက်် ပိုက်ဆံသိပ်မသုံးချင်တဲ့ လူတွေအတွက် Outfit တစ်စုံကို စျေးကြီးပေးဝယ်မယ့်အစား ဘေထုပ်ထဲက မွှေနှောက်ရှာပြီး Vintage Branded တွေကို တစ်ထည်ပြီးတစ်ထည်
ဝတ်ဖို့ကိုသာ recommend ပေးပါတယ် 💕💕