23/01/2025
နွေဦးရေ...
အအေးဓာတ်လေးစလျော့လာတော့
နွေဦးကိုရောက်တော့မယ်ဆိုတာ
သတိရလာတယ်
လွမ်းစရာနွေဦးရယ်..
လွမ်းတယ်ဆိုတာ...
ဒီလွမ်းတယ်ဆိုတဲ့အလွမ်းမျိုးက
တစ်စုံတစ်ယောက်ကိုမဟုတ်ဘူး
တစ်စုံတစ်ရာကိုမဟုတ်ဘူး
အကြောင်းတရားတွေကို
ဟုတ်မနေခဲ့ဘူး..
ဒီအလွမ်းက
အရမ်းနူးညံ့သိမ်မွေ့တဲ့
ရာသီအချိန်အခါအလွမ်း..
မနက်ပိုင်းတွေမှာမြူခိုးလေးတွေနဲ့
ဆောင်းရဲ့အေးစွတ်မှု့တွေကနေ
ေခြာက်သွေ့ဖို့အားယူနေတဲ့နွေဦးလေး
ကလေးဘဝကိုလွမ်းရရင်
ကချင်ပြည်ရဲ့ပန်းနှမ်းခင်းဝါဝါတွေရယ်
နန်းမြစ်ချောင်းရဲ့
ရေကကြည်ကြည်နဲ့သဲဖြူဖြူတွေ
နန်းမြစ်ချောင်းကိုသွားတဲ့လမ်းမှာ
ဖြတ်သွားတဲ့လမ်းကကြံခင်းကြီးရယ်
ပန်းနှမ်းခင်းကမွေးထားတဲ့ပျားတွေရယ် ကြံတွေကိုချိုးသွားရင်း
နန်းမြစ်ချောင်းမှာ
ရေချိုးပီးထိုင်စားကြတာတွေ..
ဆည်မြောင်းကန်ဘောင်ပေါ်က
ဇီးပင်အောက်မှာ ဇီးသီးကောက်ပီ
စားငြုတ်မှုန့်နဲ့တို့စားခဲ့ကကြတာတွေ..
ပျော်စရာနွေဦးရေ..
အပျိုဖော်ဝင်စနွေဦးရဲ့လွမ်းချင်းက
တမျိုးလေး...
စာမေးပွဲဖြေရင်း..
အထက ကျောင်းကြီးရဲ့အပေါ်ထပ်ကမြင်နေရတဲ့မြင်ကွင်းလေး
မြို့နယ်ဘောလုံးကွင်းကြီးရယ်
မြက်ခင်းစိမ်းကွင်းပြင်ကြီးရယ်
ကျောင်းအဝင်အပင်တန်းလေးရယ်
နွေရာသီကျောင်းပိတ်ရက်အကြောင်း
ဖြေနေရတဲ့မြန်မာစာနေ့ရဲ့
စာစီစာကုံးရယ်
ကျောင်းပိတ်ရင်ဖတ်မဲ့
ရုပ်ြပစာအုပ်တွေအကြောင်း..
သွားလည်မဲ့သူငယ်ချင်းအိမ်တွေအကြောင်း...
နွေဦးဟာ...
ပျော်စရာ ရင်ခုန်စရာ..
သူငယ်ချင်းတွေနဲ့
ကျောင်းပိတ်ခွဲရတော့မှာမို့နွေဦးဟာလွမ်းမောစရာ...
နွေဦးလို့တွေးလိုက်ရင်..
ဒီအလွမ်း
ဒီခံစားချက်
ဒီရသတွေဟာ..
ကိုယ့်ရင်ထဲအလိုလို
ထင်ကျန်မှတ်မိနေဆဲ
အယောက်စီတိုင်းမှာလည်း
နွေဦးရဲ့ငယ်ဘဝရသတွေဟာ..
လွမ်းစရာအတိနဲ့နေမှာပါ..
လှသော ချစ်ရသော နွေဦးရေ...