𝐋𝐢𝐠𝐡𝐭 𝐚𝐧𝐝 𝐃𝐚𝐫𝐤 𝐎𝐧𝐥𝐢𝐧𝐞 𝐒𝐡𝐨𝐩

  • Home
  • Myanmar
  • Hmawbi
  • 𝐋𝐢𝐠𝐡𝐭 𝐚𝐧𝐝 𝐃𝐚𝐫𝐤 𝐎𝐧𝐥𝐢𝐧𝐞 𝐒𝐡𝐨𝐩

𝐋𝐢𝐠𝐡𝐭 𝐚𝐧𝐝 𝐃𝐚𝐫𝐤 𝐎𝐧𝐥𝐢𝐧𝐞 𝐒𝐡𝐨𝐩 I want to be the best customer's trusted customer

You can order from us and see the difference
11/12/2021

You can order from us and see the difference

ကျွန်တော် ရဲ့ page စဖွင့်တဲ့ အနေနဲ့ စာအုပ် pdf လေးကို ရှာ ဖွေစု‌ေဆာင်းထားတာ လေးကို မျှ ဝေ ပေးလိုက်ပါတယ်စိတ်ခွန်အားဖြည့်ဖ...
11/12/2021

ကျွန်တော် ရဲ့ page စဖွင့်တဲ့ အနေနဲ့ စာအုပ် pdf လေးကို ရှာ ဖွေစု‌ေဆာင်းထားတာ လေးကို မျှ ဝေ ပေးလိုက်ပါတယ်
စိတ်ခွန်အားဖြည့်ဖို့ စာအုပ်ကောင်း (၈) အုပ်

ခန္ဓာကိုယ်ကို ကြံ့ခိုင်ဖို့ gym ကစားကြသလို ၊ စိတ်ဓာတ် ကြံ့ခိုင်ဖို့ အတွက် လည်း gym ကစားဖို့ လိုအပ်ပါတယ်။ စိတ်ဓာတ်ခွန်အားအတွက် အကောင်းဆုံးသော gym ကတော့ စာဖတ်ခြင်းပါပဲ။

ဒါကြောင့်...
သင်စိတ်ခွန်အားဖြည့်ဖို့ စာအုပ်ကောင်း (၈) အုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

Link ကို နှိပ်၍ ဖတ်ရှုပါ...

(၁) လူလေးသို့ပေးစာများ - မြသန်းတင့် (ဘာသာပြန်)
https://www.facebook.com/111451547370965/posts/218977846618334/

(၂) လေလွင့်သူ - မြသန်းတင့် (ဘာသာပြန်)
https://www.facebook.com/111451547370965/posts/119518383230948/

(၃) သူစိတ်ဓာတ်ကျတိုင်း ဖတ်ဖို့ - မိုးရှင်း (I.M.T)
https://www.facebook.com/111451547370965/posts/216082816907837/

(၄) ကိုယ်တိုင်သိရှိသွားမှု - ဇဏ်ခီ
https://www.facebook.com/111451547370965/posts/210728327443286/

(၅) ဂရုမစိုက်ခြင်းအနုပညာ - ချမ်းမြေ့ဝင်း (ဘာသာပြန်)
https://www.facebook.com/111451547370965/posts/129165638932889/

(၆) သားသို့ - လင်္ကာရည်ကျော်
https://www.facebook.com/111451547370965/posts/120146613168125/

(၇) ပေါ်လီယာနာ - ထင်လင်း
https://www.facebook.com/111451547370965/posts/166815241834595/

(၈) ဓားတောင်ကိုကျော်၍ မီးပင်လယ်ဖြတ်မည် - မြသန်းတင့်
https://www.facebook.com/111451547370965/posts/150944450088341/

စာဖတ်သူတို့ အတွက် လက်ဆောင်

စာဖတ်သူတိုင်းမှာ ရှိသင့်တဲ့ application (၅) ခု
https://www.facebook.com/111451547370965/posts/208114294371356/

ထိထိရောက်ရောက်စာဖတ်ဖို့ နည်းလမ်း (၄) ခု
https://www.facebook.com/111451547370965/posts/212523093930476/

PDF file များ download ဆွဲနည်း
https://www.facebook.com/phonepyaesoneoo/videos/646507869568591/

#စာအုပ်

#စိတ်ခွန်အားဖြည့်

📝 လူလေးသို့ပေးစာများ🗞
🖋 မြသန်းတင့်

ကျွန်တော်တို့ လူငယ်တွေက ကိုယ့်ကို ဆရာလာလုပ်ရင် မကြိုက်တတ်ကြဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်ချင်တဲ့ အရာတွေကို အကောင်းဆုံးဖြစ်အောင် ထိန်းကျောင်း အကြံပေး တတ်တဲ့ ပုဂ္ဂိုလ်တွေ အပေါ် မှာတော့ လေးစား ချစ်ခင် တတ်ကြပါတယ်။ ဒါဟာ... ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေကို နားလည်ပေးလို့ပါပဲ။

သား တစ်ယောက်ရဲ့ ခံစားချက်ကိုရော အဖေ တစ်ယောက် က ဘယ်လောက်အထိ နားလည်နိုင်စွမ်းရှိမယ် ထင်ပါသလဲ...?

စာဖတ်သူတို့ ကျွန်တော်တို့ မျှော်လင့်မိတာထက်ပိုတဲ့ နားလည်မှုတွေ ပေးနိုင်တဲ့ ဖခင်တစ်ယောက် ရှိခဲ့ဖူးပါတယ်။ သူကတော့ LORD CHESTERFIELD (လော့ဒ်ချက်စတာဖီးလ်ဒ်) ပါတဲ့။ ဗြိတိသျှ နိုင်ငံရေး လောက မှာ နှစ်ပေါင်း (၃၀) လောက် ကျင်လည်ခဲ့တဲ့ ဝါရင့် နိုင်ငံရေးသမားကြီး တစ်ယောက် ဖြစ်ပါတယ်။

CHESTERFIELD ဟာ သူ့သားဖြစ်သူ PHILIP STANHOPE (ဖီးလစ်ပ်စတန်းဟုပ်) ကို ပညာပြည့်ဝ ၊ နှလုံးလှ သူ လူကောင်းလူတော် တစ်ယောက်ဖြစ်လာဖို့ ရည်ရွယ်ချက်နဲ့ 'ပေးစာ' တွေကို ရေးသား ပေးပို့ ခဲ့ပါတယ်။

အဲ့ဒီ 'ပေးစာ' တွေကို ပုံနှိပ်ထုတ်ဝေဖို့ မရည်ရွယ်ခဲ့ပေမယ့် CHESTERFIELD ဆုံးပါးပြီး တစ်နှစ်အကြာ (၁၇၇၄) ခုနှစ်မှာတော့ စာအုပ်အဖြစ်ထွက်ရှိလာပါတယ်။

စာအုပ်နာမည်က "Letters to His Son and Others" တဲ့။ သူ့သား အတွက်ရည်ရွယ်ခဲ့ပေမယ့် ဝါရင့် နိုင်ငံရေးသမား ၊ စာပေသမား တစ်ယောက်ရဲ့ လမ်းညွှန်မှု တွေက အခြားသူတွေ အတွက်ပါ အသုံးဝင်နေလို့ပဲ ဖြစ်ပါတယ်။

စာပေအသိ ၊ ဘဝအတွေ့အကြုံပါ ပြည့်စုံတဲ့ အဖေ တစ်ယောက်က သူ့သားကို လူတစ်လုံး သူတစ်လုံး ဖြစ်လာစေဖို့ ရေးသား ပေးပို့ ခဲ့တဲ့...
စားသောက် နေထိုင်ရေး ၊ ပြောဆို ပေါင်းသင်းဆက်ဆံရေး ၊ ပညာရေး ၊ စိတ်ထားတတ်ဖို့ နဲ့ အပန်းဖြေမှု တွေ အပေါ် အကြံပေးမှုတွေ ဖြစ်တာမို့ နိုင်ငံအသီးသီးက ဘာသာပြန်ဆို ခဲ့ကြပြီး ကမ္ဘာနဲ့ အဝှမ်း အောင်မြင်ကျော်ကြားခဲ့တဲ့ စာအုပ် တစ်အုပ် ဖြစ်လာခဲ့ပါတယ်...။

ဒီစာအုပ်ကလေးကို "ဆရာကြီး မြသန်းတင့်" က "လူလေးသို့ ပေးစာများ" ဆိုပြီး မြန်မာဘာသာ ပြန်ဆို ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်...
ပေးစာပေါင်း (၅၅) ပုဒ် ပါဝင်တဲ့ ဒီစာအုပ်ကလေးက လောကမှာ ရှင်သန်နေထိုင်ဖို့ သိသင့် ၊ တတ်သင့်တာတွေကို
ဆရာလုပ်နေတာမဟုတ်ပဲ...အကြံပေးထားတဲ့ စာအုပ် ဖြစ်တာမို့ လူငယ်တွေ သဘောခွေ့မယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

ဒါ့အပြင် တစ်နေ့ကို ပေးစာ တစ်စောင်စီ ဖတ်ကြည့်မယ်ဆိုရင် အကောင်းဆုံးပါလို့ လည်း recommend ပေးလိုက်ချင်ပါတယ်။


ိုကာကွယ်ပါ
#အိမ်မှာနေပါ
#စာဖတ်ပါ
#လူလေးသို့ပေးစာများ

(စာအုပ် pdf link ကို comment တွင် ရယူဖတ်ရှုနိုင်ပါပြီ)

Address

Pagoda Road
Hmawbi

Telephone

+959758070727

Website

Alerts

Be the first to know and let us send you an email when 𝐋𝐢𝐠𝐡𝐭 𝐚𝐧𝐝 𝐃𝐚𝐫𝐤 𝐎𝐧𝐥𝐢𝐧𝐞 𝐒𝐡𝐨𝐩 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐋𝐢𝐠𝐡𝐭 𝐚𝐧𝐝 𝐃𝐚𝐫𝐤 𝐎𝐧𝐥𝐢𝐧𝐞 𝐒𝐡𝐨𝐩:

Shortcuts

Share