GiGi'VintageVillage&타타

GiGi'VintageVillage&타타 Clothing & Fancy dress

အခွင့်အရေး 🍀
08/06/2023

အခွင့်အရေး 🍀

နောက်ဆုံးတော့ ကိုယ်လုပ်ချင်တဲ့ဆန္ဒကို အစပျိုးနိုင်ခဲ့ပြီ ချစ်ရတဲ့ မိတ်ဆွေတို့ရေ ….။ “ရန်ကုန်သူမီရှဲပညာသင်ဆု” ပါတဲ့။ ပိုက်ဆံအများကြီးပိုလျှံနေလို့ လုပ်တာမဟုတ်ပဲ ကိုယ်တိုင်ကျောင်းတက်နေရင်း ရတဲ့နေရာက ရသလို လက်လီစိပ်ပိုက်ဆံရသလောက်ရှာရင်း မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့စိတ်နဲ့ တက်နိုင်သလောက် စလုပ်ဖြစ်သွားတာပါ။ ပညာတတ်ဖို့ အရေးအကြီးဆုံးလို့ ခံယူထားတဲ့ ရန်ကုန်သူမီရှဲအတွက် ပညာအမွေပဲမျှဝေပေးချင်တာပါ။ အခုလို မီရှဲဖြစ်ချင်တဲ့ဆန္ဒကို ပါဝင်ကူညီပေးတဲ့ The SPACE Language Academy ကိုလည်း ကျေးဇူးတင်ရမယ်။ နောက်ဆို ဘက်ချလာဘွဲ့ရတဲ့အထိ၊ မာစတာဘွဲ့ရတဲ့အထိ၊ မဟုတ်လည်း သက်မွေးဝမ်းကြောင်းအတွက်လိုအပ်တဲ့ပညာသင်တန်းကျောင်းတွေ ထားပေးဦးမယ်။ အခုတော့ အနီးအနားမှာ အင်္ဂလိပ်ဘာသာစကား သင်ချင်ပေမဲ့ အခက်အခဲရှိနေတဲ့ လူငယ်တွေကို ဒီသတင်းစကား ဝေမျှပေးပါဦးရှင် …..။

ရန်ကုန်သူမီရှဲ ပညာသင်ဆု

ပညာသင်ဆုအကြောင်း
ရန်ကုန်သူမီရှဲနဲ့ The SPACE Language Academy ပူးပေါင်းပြီး အင်္ဂလိပ်ဘာသာစကားကို သင်ယူလိုသော်လည်း အကြောင်းကြောင်းကြောင့် ဆက်လက်သင်ယူရန် အခက်အခဲဖြစ်နေသူ လေးယောက်အားရွေးချယ်၍ ပညာသင်ဆု ပေးအပ်သွားပါမည်။ ရွေးချယ်ခံရသူသည် The SPACE Language Academy ၏ Intermediate, upper-intermediate, advanced, IELTS preparation သင်တန်းများကို တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါသည်။ သင်တန်းကာလ ၁၅ လ တက်ရောက်ရမှာ ဖြစ်ပါသည်။

ပညာသင်ဆုလျှောက်ထားရန် လိုအပ်ချက်
(က) အသက် ၁၄ မှ ၂၂ အထိ
(ခ) ပညာအရည်အချင်းအနိမ့်ဆုံး ရှစ်တန်း
(ဂ) အင်္ဂလိပ်စာ အရည်အချင်း Intermediate and Above (Placement test ဖြေဆိုရမည်)
(ဃ) ပြည်ပတွင် နေထိုင်သူမဖြစ်ရ။ မြန်မာနိုင်ငံအတွင်းနေထိုင်သူဖြစ်ရမည်။
(င) သင်တန်းကျောင်းရှိရာသို့ လူကိုယ်တိုင် တက်ရောက်နိုင်ရမည်။
(စ) စိတ်အားထက်သန်စွာဖြင့် အဆုံးတိုင်တက်ရောက်နိုင်ရမည်။

Benefits
(က) သင်တန်းကြေး၊ စာရွက်စာတမ်းကြေး အလုံးစုံ (for 3 class + IELTS preparation)
(ခ) ခရီးစရိတ်နှင့် အင်တာနက်ဖိုး လစဉ်ထောက်ပံ့ငွေ
(ဂ) The SPACE Language Academy ၏ Online Speaking Class အခမဲ့တက်ရောက်ခွင့်
(ဃ) IELTS စာမေးပွဲကြေး မိမိဘာသာအရင်သွင်းရမည်ဖြစ်ပြီး band 7 နှင့်အထက် ရပါက စာမေးပွဲကြေးကို The SPACE Language Academy မှ Exam Fees Refund Scholarship ကို ရာခိုင်နှုန်းအလိုက် လျှောက်ထားနိုင်ပါသည်။
(င) IELTS Band 8.5 ရရှိပါက The SPACE Language Academy မှ Exam Fees Refund Scholarship ကို အပြည့်အဝရရှိမှာ ဖြစ်ပါသည်။
(စ) Advanced Level ပြီးဆုံးပါက The SPACE Language Academy ရဲ့ Diamond member card ကို ရရှိမှာဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကို တစ်သက်တာ အချိန်မရွေး ပြန်လည် သင်ယူခွင့်ရရှိမှာပါ။

ပညာသင်ဆုလုပ်ငန်းစဉ်
- ပညာသင်ဆု စတင်ကြေငြာသည့်အချိန်မှ စတင်၍ ဖောင်ပိတ်ရက် ၂၈ရက် ဇွန်လ ၂၀၂၃ ည ၁၂နာရီ (ရန်ကုန်အချိန်) အထိ လျှောက်ထားနိုင်သည်။
- ပညာသင်ဆုလျှောက်ထားရန် သတ်မှတ်ထားသော လိုအပ်ချက်နှင့် ကိုက်ညီသူများ placement test အတွက် အွန်လိုင်းစာရင်းသွင်း ဖြေဆိုရမည်။ Placement Test ကို ဒီလင့်ခ်တွင် ဖြေဆိုပါ။ ဖြေဆိုရန်လင့်ခ် >>> bit.ly/2vsXJHw
- လျှောက်ထားသူသည် ဖောင်ပိတ်ရက်မတိုင်ခင် The SPACE Language Academy တွင် Placement Test ဖြေဆိုပြီး ဖြစ်ရမည်။
- Application eligible ဖြစ်သူများကို ၃၀ ဇွန်လ ၂၀၂၃ ကြော်ငြာမည်။
- ၉ရက် ဇူလိုင် မှ ၁၂ရက် ဇူလိုင် အတွင်း အင်တာဗျူးအချိန်နှင့်ရက်သတ်မှတ်ပေးပြီး လူတွေ့မေးမြန်းသွားမည်
- ၁၅ရက် ဇူလိုင် တွင် ပညာသင်ဆု ရရှိသူများကို ကြေငြာခြင်း
- သင်တန်းစတင်ရက် ဩဂုတ်လ ဒုတိယပတ်။

Rules and Regulations
(၁) ပညာသင်ဆုကို ဆုံးခန်းတိုင်တက်ရောက်နိုင်ရမည်။
(၂) ရန်ကုန်မဟုတ်သော မြို့တွင်နေထိုင်သူကို ပိုမိုဦးစားပေးမည်။
(၃) သင်တန်းကျောင်း ရွေးချယ်ခွင့်မရှိပါ။
(၄) သင်တန်းကြေးကို ငွေသားအနေဖြင့်ထုတ်ယူခွင့်မရှိပါ။
(၅) The SPACE Language Academy သင်တန်းကျောင်းတည်ရှိရာ ရန်ကုန်၊ မန္တလေး၊ ပြည်မြို့သို့ လူကိုယ်တိုင်တက်ရောက်နိုင်ရမည်။
(၆) Online Speaking Class မှအပ ကျန်အတန်းအားလုံးကို ကျောင်းတွင် လာရောက်တက်ရောက်နိုင်သူဖြစ်ရပါမည်။
(၇) လစဉ် ရီပို့များကို စဉ်ဆက်မပြတ်စောင့်ကြည့်နေပါမည်။
(၈) ဖောက်ဖျက်ခဲ့ပါက ပညာသင်ဆုတန်ဖိုး၏ သုံးဆ (သင်တန်းကြေး လေးဆယ့်ငါးသိန်းကျပ်တိတိ နှင့် လစဉ်ထောက်ပံ့ကြေးငွေ လေးဆယ့်ငါးသိန်း) ပြန်လည်ပေးလျော်ရမည်။
(၉) ကိုယ်ရေးအချက်အလက်များ လိမ်ညာသည်ကို သိရှိပါက ပညာသင်ဆုပေးခြင်းကို ရပ်စဲမည့်အပြင် ပညာသင်ဆုတန်ဖိုး၏ သုံးဆ ပြန်လည်ပေးလျော်ရမည်။
(၁၀) IELTS ဖြေဆိုပြီးပါက ဆက်လက်လျှောက်ထားလိုသော ပညာသင်ဆုအတွက် ဆွေးနွေးတိုင်ပင်ပေးခြင်း၊ mentor များနှင့်ချိတ်ဆက်ခြင်း၊ ကျောင်းတက်ရန် လိုအပ်သော skill များအတွက် ပံ့ပိုးပေးခြင်း ဆက်လက်ကူညီသွားမည်။
(၁၁) ရုပ်ပုံ၊ ဗီဒီယိုများကို လူမှု့ကွန်ယက်တွင် အသုံးပြုခွင့်ရှိ မရှိ ကြိုတင်အကြောင်းကြားပေးရန် လိုအပ်ပါသည်။
(၁၂) ပညာသင်ဆုရရှိသူ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမရှိသော်လည်း ကိုယ်ကျင့်တရားပျက်ပြားခြင်း၊ လူမျိုးရေး၊ ဘာသာရေး၊ ကျား/မ/လိင်စိတ်တိမ်းညွန့်မှု့အပေါ် ခွဲခြားဆက်ဆံခြင်း၊ တစ်ဖက်သားကို နှုတ်ဖြင့်သော်လည်းကောင်း၊ ကိုယ်အမှုအရာဖြင့်သော်လည်းကောင်း၊ အင်တာနက်/လူမှု့ကွန်ယက်မှတစ်ဆင့်သော်လည်းကောင်း ရှုံ့ချစွတ်စွဲအနိုင်ကျင့်ညှင်းပန်းခြင်းများ ရှိသည်ကို သိရှိရသော် ပညာသင်ဆုရပ်တန့်ခွင့် ရှိ၊ မရှိကို ရန်ကုန်သူမီရှဲနှင့် The SPACE Language Academy မှဆုံးဖြတ်မည်ဖြစ်ပါသည်။

ရန်ကုန်သူမီရှဲပညာသင်ဆု နဲ့ ပတ်သက်လို့ အငြင်းပွားမှု တစ်စုံတစ်ရာ ရှိခဲ့ပါက ရန်ကုန်သူမီရှဲဲဲ နှင့် The SPACE Language Academy ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။ ရန်ကုန်သူမီရှဲရဲ့ ပညာသင်ဆုအစီအစဉ်မှာ စိတ်အားထက်သန်စွာနဲ့ ပါဝင်ပံ့ပိုးပေးတဲ့ The SPACE Language Academy ကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင်။

ပညာသင်ဆု လျှောက်ထားရန် လင့်ခ် >>>>> https://bit.ly/MICHELLSPACE

တစ်စုံတစ်ရာသိရှိလိုပါက [email protected] ကို email ပို့ ဆက်သွယ်နိုင်ပါသည်။








#ပညာသင်ဆု
#အင်္ဂလိပ်စာ #အင်္ဂလိပ်ဘာသာစကား

 #🛎🛎Hello ... I am back 🥰 🥰  ONE PAIR ♡ 1500kys ​ပေါ့​ပေါ့ပါးပါး Fashion ကျကြမယ်​လေ 🤗ဘာယူယူ ၁၅၀၀ ကျပ်ပါရှင့် 🤑ကြိုက်ရာ​တ...
06/11/2021

#🛎🛎Hello ... I am back 🥰 🥰
ONE PAIR ♡ 1500kys
​ပေါ့​ပေါ့ပါးပါး Fashion ကျကြမယ်​လေ 🤗
ဘာယူယူ ၁၅၀၀ ကျပ်ပါရှင့် 🤑
ကြိုက်ရာ​တွေ့ HELLO လိုက်​နော် ကာကာလေးတွေရေ ☎️☎️☎️​😘

  ချစ်တို့ရေ 🍁🍁🍁New page လေးကို like & Share လုပ်ပြီး SS ကို messenger မှာ ပြရုံနဲ့ အင်္ကျီတထည်ဝယ်ယူတိုင်း ၁၀၀၀ စီလျော့ပ...
29/09/2021

ချစ်တို့ရေ 🍁🍁🍁New page လေးကို like & Share လုပ်ပြီး SS ကို messenger မှာ ပြရုံနဲ့ အင်္ကျီတထည်ဝယ်ယူတိုင်း ၁၀၀၀ စီလျော့ပေးပါ့မယ်ရှင်🥰🥰🥰 ခုချိန် ဒီဒေါ်လာ 💵ဈေးနဲ့ Boost လုပ်ရင်ကုန်မဲ့တူတူ ကိုယ့်ကာကာလေးတွေတွက်ပဲ အကျိုးရှိရှိအသုံးချလိုက်ပါ့မယ်ရှင် 🤗 လိုချင်တာရှိ Hello ☎️ လိုက်ပါရှင့် 😘🧡🧡🧡
https://www.facebook.com/106656351735906/posts/120056353729239/?d=n

29/08/2021

Unlucky day 😭😭😭

29/08/2021

🙏🏻🙏🏻🙏🏻ချစ်လေးတို့ရေ ဒီနေ့ ပထမဆုံးစစမ်းပြီးရောင်းခါမှပဲ အကောင့်က နဂိုက restrict ထိထားတာကို မသိပဲ ပေ့ ထဲထည့်လိုက်တော့ခုပေ့ပါ restrict ထပ်ထိထားလို့ page messenger မှာ လုံးဝမတွေ့ရဖူးဖြစ်နေလို့ ပါ ..တနေကုန်ကြည့်နေတာ messenger မှာ ဘယ်သူမှမပြောပါဖူးပေါ့ ..သူငယ်ချင်းပို့ခိုင်းကြည့်မှ သူ့စာလဲမရောက်ပါဖူးရှင် ...အကယ်၍ CB မှာ order များတင်ခဲ့ရင်လုံးဝမမြင်ရလို့ စာမပြန်တာမဟုတ်ရပါဖူးနော် 😞😞😞...ဘာ Boost မှလဲလုပ်မရနဲ့ ခု Page ကိုပြန်ရအောင်ကြိုးစားကြည့်နေပါတယ်နော် 😭😭... အဆင်မပြေတာရှိသွားခဲ့ရင်တောင်းပန်ပါတယ်ရှင် 😫😫... ဖြစ်လိုက်ရင်အဆန်းပဲ ကျမ မဗဒါပါရှန် 😁😁😁 ပြန်လာခဲ့ပါ့မယ်နော် နောက်ဆုံးမရခဲ့ရင်တော့ page zero ဘဝကပြန်စရမှာပေါ့လေ 😔😔😔 အချိန်ပေးပြီးဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်ရှင် 🙏🏻🙏🏻❣️❣️❣️

Send a message to learn more

📣🔔 ပုံလေးတွေရိုက်တာအလင်းနဲနဲများသွားလို့အပြင်မှာပိုလှပိုသန့်တာအာမခံပါတယ်လို့ 😬😬စစချင်းဆိုတော့လိုအပ်တာရှိရင်နားလည်ပေးကြပါ...
28/08/2021

📣🔔 ပုံလေးတွေရိုက်တာအလင်းနဲနဲများသွားလို့အပြင်မှာပိုလှပိုသန့်တာအာမခံပါတယ်လို့ 😬😬စစချင်းဆိုတော့လိုအပ်တာရှိရင်နားလည်ပေးကြပါရှင် 🤗🤗😘

🍀 👋 Hello မင်္ဂလာပါ🙏🏻🙏🏻.... ♥️GiGi'Vintage VillagePage♥️ လေးမှကြိုဆိုလိုက်ပါတယ်ရှင်🥰.....................................🤗

📌ဒီကာလကြီး မင်မင်ရဲ့အရောင်းပို့စ်လေးကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ရင် တောင်းပါတယ်ရှင်😔😔နားလည်ပေးပါလို့ ကြိုတင် မေတ္တာရပ်ခံပါရစေ 🙏🏻🙏🏻🙏🏻
💯 Grade A+ / BRANDED QUALITY ကောင်း 👗👗ကိုရီးယား/ ဂျပန် 👘 Second-hand အထည် သန့်သန့်လေးတွေ ရောင်းချပေးချင်ပါတယ်ရှင် 🤗🤗🤗
🌸အစက ကိုယ်ဝတ်ဖို့စမ်းဝယ်ရင်း အရမ်းအဆင်ပြေလို့ ယူရောင်းဖို့ထိ စဥ်းစားဖြစ်သွားတာပါ 😁😁😁
🌸တချို့အထည်ဆို တံဆပ်ပါ အသစ်ထည်လေးတွေလည်းပါပါမယ်ရှင် 😍😍
🦋🦋 Qualityကောင်းတာလေးဆိုတော့ ချစ် Customer တွေကိုလည်း ဈေးနှုန်းသက်သာတဲ့ Dress လှလှလေးတွေဝတ်စေချင်လို့ပါရှင် 😊😊😊 ..
🌸 ဒီကာလ အလုပ်လဲနားထားတော့ အိမ်မှာနေရင်း စိတ်လဲငြိမ်အောင် အလုပ်တခုလုပ်ရင်း တဖက်ကလည်း ပြန်လှူချင်လို့ပါရှင် ❣️❣️❣️..
🌸 အင်္ကျီတထည်ဖိုးမှ မုန့်စားသလောက်ပဲရှိပါတယ်နော် 🤭🤭
💞💞တထည်ချင်းစီကို Essense ဆပ်ပြာရည်နဲ့စိမ်🧴🧴သေချာပိုးသတ်လျှော်ဖွတ် 🧼🧼မီးပူတိုက်ပါကင်ထုပ်ထားပါတယ်ရှင် 😊😊😊.....
🏠 🌸🌼💕အိမ်ရောက်ရင် အမွှေးနံ့သင်းသင်းလေးနဲ့ တခါတည်းတန်းဝတ်ရုံ ဆိုတော့ အလုပ်ထပ်မရှုပ်တော့ဖူးပေါ့နော် 😉😉😉
မင်မင်ရဲ့စေတနာမေတ္တာတွေပါ🥰🥰( ခုအိမ်မှာအားနေတာလဲ ပါပါတယ်ရှင် 😁😁) အိမ်ရောက်ရင်ကြိုက်ကြမယ်လို့မျှော်လင့်ပါတယ် ..😬😬
🎀🎀 အဓိကက ကျောင်းပိတ်လို့ အိမ်မှာနားနေရတဲ့ ကျောင်းသူလေးတွေ ✨✨....
⏳⏳Budget ချိန်နေရတဲ့ စစ်လေးတွေတွက် ရည်ရွယ်ပြီး ရောင်းချင် တာလဲ ပါပါတယ်ရှင်❣️
💸💸အပြင်ငွေဈေးတက်နေချိန် အထည်ဈေးနှုန်းကိုအသက်သာဆုံးရောင်းပေးထားပါတယ်နော် 😉
📌 Error အကုန်စစ်ပြီးမှရောင်းတာမို့လို့ ယုံယုံကြည်ကြည်နဲ့အားပေးဝယ်ယူနိုင်ပါတယ်ရှင်🤗
📌Error ပါခဲ့ရင်လည်း error ဈေးလေးနဲ့ရောင်းပေးပါ့မယ်ရှင် 👗
💞ပထမဆုံးတင်ရောင်းတဲ့ ပို့စ်လေးမို့လို့ ၁ သောင်းကျော် အားပေးတဲ့သူတိုင်းကို Jayjun Mask ၁ခု လက်ဆောင် ထည့်ပေးလိုက်ပါ့မယ်ရှင် 😍😍
📞📞မှာယူပြီး ၂/ ၃ ရက်အတွင်း Delivery ပို့ပေးပါ့မယ်နော် 🚚🚚🚚
🏠အိမ်အရောက်ငွေချေ💰💰 (သို့) KBZ ,CB ,AYA ,Kpay 🏧 မှ လွှဲချင်လဲရပါတယ်ရှင့်( % ပေါင်းဖို့မလိုပါဖူးနော် )
❣️❣️ပထမဆုံး စရောင်းတဲ့ page အသစ်လေးမို့ လိုအပ်ချက်များရှိခဲ့ရင် နားလည်ပေးကြပါရှင် 🙏🏻🙏🏻 အတွေ့အကြုံဆိုတာအလုပ်ကပဲ သင်ယူသွားရတာမို့ အကောင်းဆုံးဖြစ်နိုင်အောင်ကြိုးစားပါ့မယ်ရှင့်🥰🥰 ...အားပေးကြပါဦးနော် 🤗🤗... လိုချင်တာရှိအားမနာပဲ CB မှာလာမေးလို့ရပါတယ်ရှင် ...📌စိတ်ကြိုက်အထည်လေးတွေ မှာယူပြီးရင်တော့ ဝယ်ပြီးပစ္စည်းပြန်မလဲပေးတော့ဖူးနော်ချစ်လေးတို့ရေ ❣️❣️❣️
➡️➡️ဒါကြောင့် တခါတည်း ကြိုက်မှ ဝယ်ယူအားပေးပေးပါနော် 🤗တထည်မှအမြတ်နည်းနည်းပဲရတာမို့ နားလည်ပေးပါရှင်🥰🥰🥰
🔜🔜🔜 ကဲ ဒါဆို Order တင်ဖို့ coming cb ပါနော် သဲလေးတို့ရေ 😘😘😘 Shopping with me now 🛍️🛍️🛍️💃💃💃

28/08/2021

Address

Yay Kyaw Road
Hmawbi
111157

Telephone

+959774201359

Website

Alerts

Be the first to know and let us send you an email when GiGi'VintageVillage&타타 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GiGi'VintageVillage&타타:

Shortcuts

Share