နန်းချယ်ရီ အထည်ဆိုင်

နန်းချယ်ရီ အထည်ဆိုင် 🏡 မြို့မဘုန်းကြီးကျောင်းမျက်နှာချင်းဆိုင်၊

အောင်သပြေလမ်း၊ ကလောမြို့ 🏫

☎️- 09784506338, 09675679923

🌸🌸အတွင်းဂွင်းနွေးလေးနဲ့ ခုလိုအေးတဲ့အချိန်မှာ ပေါ့ပေါ့ပါးပါးနဲ့ ဝတ်ရတာ သက်တောင့်သက်သာဖြစ်စေမယ့် ဟူဒီဇစ်ဆွဲလေးတွေကို ချစ်က...
20/01/2026

🌸🌸
အတွင်းဂွင်းနွေးလေးနဲ့ ခုလိုအေးတဲ့အချိန်မှာ ပေါ့ပေါ့ပါးပါးနဲ့ ဝတ်ရတာ သက်တောင့်သက်သာဖြစ်စေမယ့် ဟူဒီဇစ်ဆွဲလေးတွေကို ချစ်ကာကာတို့အမေးများတာကြောင့် ထပ်မံရောက်ရှိထားပါတယ်ခင်ဗျာ့ 🥰

ချစ်ကာကာတို့အ‌နေနဲ့ ဆိုင်ကိုလာခဲ့ပါ မေးမြန်းပါ အဆင်ပြေမှကြိုက်မှ ဝယ်ယူပါခင်ဗျာ့ ချယ်ရီပန်းပင်လေးတွေနဲ့ဓါတ်ပုံရိုက်ချင်ပါတယ်ဆိုရင်လည်း မင်မင်ကရိုက်ပေးပါ့မယ်ခင်ဗျာ့ 🥰🥰

#မြို့မဘုန်းကြီးကျောင်းရှေ့
#ကလောမြို့
#နန်းချယ်ရီအထည်ဆိုင်

☎️09784506338/ 09675679923

မိတ်ဆွေတို့ ဈေးရောင်းတဲ့အခါ "အစ်မရေ... ဒီပစ္စည်းလေးက ကောင်းပါတယ်၊ ခိုင်ပါတယ်၊ ဈေးတန်ပါတယ်" ဆိုပြီး အာပေါက်အောင် အော်ရောင...
18/01/2026

မိတ်ဆွေတို့ ဈေးရောင်းတဲ့အခါ "အစ်မရေ... ဒီပစ္စည်းလေးက ကောင်းပါတယ်၊ ခိုင်ပါတယ်၊ ဈေးတန်ပါတယ်" ဆိုပြီး အာပေါက်အောင် အော်ရောင်းနေတုန်းလား?

အဲဒါ "ဈေးသည်" (Seller) အဆင့်ပဲ ရှိသေးတယ်။ မိတ်ဆွေ "သူဌေး" ဖြစ်ချင်ရင်... ပစ္စည်းကို မရောင်းနဲ့။ "ခံစားချက်" ကို ရောင်း။

လူဆိုတာ တော်တော်ဆန်းတဲ့ သတ္တဝါတွေပါ။ သူတို့ လိုအပ်တာ (Need) ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား အတွက်ဆိုရင် ၁၀၀ တန်၊ ၂၀၀ တန်ကအစ ဈေးဆစ်ပြီး ချွေတာတတ်ကြပေမဲ့... သူတို့ လိုချင်တာ (Want) အတွက်ဆိုရင်တော့ အိမ်ပါပေါင်ပြီး ဝယ်ရဲကြတယ်။

ဒါကြောင့် သူဌေးဖြစ်ချင်ရင် လူတွေရဲ့ "နှလုံးသားထဲက အားနည်းချက်"တွေကို နားလည်ထားရမယ်။

ဒီ (၅) ချက်ကို သုံးပြီး ကိုယ့်လုပ်ငန်းကို ဘယ်လို ပြောင်းလဲမလဲ ကြည့်ရအောင်။

၁။ အမျိုးသမီးတွေကို "ယုံကြည်မှု" ရောင်းပါ

မိန်းကလေးတွေဆီက ပိုက်ဆံလိုချင်ရင် "မင်း လှတယ်" လို့ မပြောနဲ့။ "ဒါလေးသုံးလိုက်ရင် မင်းထက်လှတဲ့သူ ရှိတော့မှာ မဟုတ်ဘူး" လို့ ပြောရောင်း။ သူတို့က နှုတ်ခမ်းနီကို ဝယ်တာ မဟုတ်ဘူး။ နှုတ်ခမ်းနီ ဆိုးလိုက်ရင် ရလာမယ့် "ငါ လှနေတယ်ဆိုတဲ့ ယုံကြည်မှု" ကို ဝယ်တာ။ အလှကုန်၊ အဝတ်အထည် ရောင်းတဲ့သူတွေ ဘာလို့ ချမ်းသာလဲ သိပြီလား။ သူတို့က "မှန်" ကို ရောင်းတာ မဟုတ်ဘူး၊ "နတ်သမီးပုံပြင်" (Cinderella Moment) ကို ရောင်းတာမို့လို့ပါ။

၂။ အမျိုးသားတွေကို "ဂုဏ်သိက္ခာ" ရောင်းပါ

ယောကျာ်းတွေဆီက ပိုက်ဆံလိုချင်ရင် သူတို့ရဲ့ "အီးဂေါ" (Ego) ကို မြှောက်ပေးရတယ်။ "အစ်ကို့လို လူကြီးလူကောင်းနဲ့က ဒီကားမျိုးမှ တန်တာ၊ ဒီနာရီမျိုးမှ လိုက်ဖက်တာ" ဆိုတဲ့ စကားတစ်ခွန်းက ပစ္စည်းအရည်အသွေးထက် ပိုထိရောက်တယ်။ သူတို့က ပစ္စည်းကို လိုချင်တာထက်၊ "ငါကွ" ဆိုပြီး ပြနိုင်မယ့် "Status" (လူမှုအဆင့်အတန်း) ကို ဝယ်ချင်တာပါ။ အဲဒီမာနကို ဖြည့်ဆည်းပေးလိုက်ရင် မင်းသူဌေးပဲ။

၃။ သက်ကြီးရွယ်အိုတွေကို "အချိန်" ရောင်းပါ

အသက်ကြီးလာရင် လူတိုင်း သေမှာ ကြောက်ကြတယ်။ ပိုက်ဆံရှိပြီး ဘာလုပ်ရမှန်း မသိဖြစ်နေကြတယ်။ သူတို့ကို "အသက်ရှည်ဆေး" (Health Care, Supplements, Insurance) ရောင်း။ "ဘဘ... ဒါလေး သောက်ထားရင် ဘဘ မြေးရတဲ့အထိ ကျန်းကျန်းမာမာ နေရမှာ" လို့ ပြောလိုက်ရင်၊ သူတို့ရဲ့ ပင်စင်လစာတွေ အကုန်ထုတ်ပေးလိမ့်မယ်။ မင်းက သူတို့ရဲ့ "အသက်ရှင်ချင်စိတ်" (Love for Life) ကို ဖြည့်ဆည်းပေးလိုက်တာကိုး။

၄။ လူငယ်တွေကို "မျှော်လင့်ချက်" ရောင်းပါ

လူငယ်တွေက လက်ရှိဘဝကို မကျေနပ်ဘူး။ ကြီးပွားချင်ကြတယ်။ အောင်မြင်ချင်ကြတယ်။ သူတို့ကို "အောင်မြင်မှု အိပ်မက်" ရောင်း။ "ဒီပညာရပ်ကို တတ်ရင် မင်းဘဝ ပြောင်းလဲသွားမယ်၊ ဒီလမ်းကြောင်းက မင်းအတွက် အခွင့်အရေးပဲ" ဆိုတဲ့ လမ်းပြမှုမျိုး ပေး။ မင်းက သူတို့ကို "မျှော်လင့်ချက်" (Hope) ပေးနိုင်သရွေ့၊ သူတို့က မင်းကို "ဆရာ" တင်ပြီး တန်ဖိုးပေးလိမ့်မယ်။

၅။ မိဘတွေကို "လုံခြုံမှု" ရောင်းပါ

မိဘတိုင်းက ကိုယ့်ကလေး သူများထက် နိမ့်ကျကျန်ရစ်ခဲ့မှာ အကြောက်ဆုံးပဲ။ "ခင်ဗျားကလေး ဒီအရွယ်မှာ ဒါမတတ်ရင် ခေတ်နောက်ကျ ကျန်ခဲ့တော့မှာနော်" ဆိုတာ ခြိမ်းခြောက်တာ မဟုတ်ဘူး၊ "သတိပေးတာ" ဖြစ်ရမယ်။ ပညာရေးဝန်ဆောင်မှု၊ ကျောင်း၊ အာမခံ ရောင်းတဲ့သူတွေက ဒီနည်းကို သုံးတာ။ မိဘမေတ္တာရဲ့ "ပူပန်မှု" (Worry) ကို "စိတ်အေးချမ်းမှု" (Peace of Mind) နဲ့ လဲလှယ်ပေးလိုက်တာပဲ။

လူငယ်တွေကို ပေးချင်တဲ့ "လက်တွေ့နည်းလမ်း"

မင်း စီးပွားရေးတစ်ခု စလုပ်တော့မယ်ဆိုရင်... "ငါ ဘာပစ္စည်း ရောင်းမလဲ" လို့ မစဉ်းစားနဲ့။ "ငါ ဘယ်သူ့ရဲ့ ဘယ်လို စိတ်ခံစားချက်ကို ဖြေရှင်းပေးမလဲ" လို့ စဉ်းစား။

✅ မိန်းမတွေအတွက် -> လှပမှု (Beauty/Confidence)

✅ ယောက်ျားတွေအတွက် -> ဂုဏ်သိက္ခာ (Status/Ego)

✅ လူအိုတွေအတွက် -> ကျန်းမာခြင်း (Longevity)

✅ လူငယ်တွေအတွက် -> အိပ်မက် (Ambition)

✅ မိဘတွေအတွက် -> လုံခြုံမှု (Security)

ပိုက်ဆံဆိုတာ ယုတ္တိရှိလို့ ပေးတာ မဟုတ်ဘူး။ "စိတ်လှုပ်ရှားသွားလို့" ပေးလိုက်တာ။ လူတွေရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်ရင်... သူတို့ရဲ့ ပိုက်ဆံအိတ်က အလိုလို ပွင့်လာလိမ့်မယ်။

ဒါ "စီးပွားရေး သစ္စာတရား" ပဲ သူငယ်ချင်း။

(ဒီစာကို ဖတ်ပြီး အတွေးတစ်ခုခု ရသွားရင် သူငယ်ချင်းတွေပါ ဖတ်ရအောင် Share ပေးလိုက်ပါဦးနော်)

စနိုးဝမ်းဆက် over size ‌လာလာမေးကြသောချစ်ကာကာများအတွက်  ကျွန်တော်တို့ "နန်းချယ်ရီ" အထည်ဆိုင်မှာ ပစ္စည်းလေးထပ်ရောက်ထားတယ်န...
18/01/2026

စနိုးဝမ်းဆက် over size ‌လာလာမေးကြသောချစ်ကာကာများအတွက် ကျွန်တော်တို့ "နန်းချယ်ရီ" အထည်ဆိုင်မှာ ပစ္စည်းလေးထပ်ရောက်ထားတယ်နော်
ပစ္စည်းအရေအတွက်နည်းတာကြောင့် မြန်မြန်လာမှတော်ခါကျမယ်‌ခင်ဗျာ့
အရောင်လိုင်းအနေနဲ့ ချစ်ကာကာတို့အကြိုက်ပယ်ရောင်မရှိလောက်အောင်ကို လှသောလေးတွေပါခင်ဗျာ့ 🤗

ချယ်ရီပန်းပွင့်လေးတွေနဲ့ ဓါတ်ပုံရိုက်ရင်း ကျွန်တော်တို့ "နန်းချယ်ရီ" အထည်ဆိုင်လေးကို ဝင်ရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ့ 🥰

#မြို့မဘုန်းကြီးကျောင်းရှေ့
#ကလောမြို့
☎️ 09784506338/ 09675679923

16/01/2026

#ကလောမြို့
May Oo Park ပန်းပွဲတော်ပိတ်ပွဲ
#15.1.2026

အသဲသုံးလုံးအုန်းခွံရောင် လူံးစွပ်အသားကောင်း Ws. ..4000Rt. ..5000
04/12/2021

အသဲသုံးလုံးအုန်းခွံရောင် လူံးစွပ်အသားကောင်း
Ws. ..4000
Rt. ..5000

GOTIC လူံးစွပ်အသားကောင်း Ws. ..20000.5ထည်တစီးအရောင်မရွေးရအရောင်ပြောင်းလဲရှိ
04/12/2021

GOTIC လူံးစွပ်အသားကောင်း
Ws. ..20000.5ထည်တစီး
အရောင်မရွေးရအရောင်ပြောင်းလဲရှိ

LV လူံးစွပ်အသားကောင်း Ws. ..4000Rt. ..5000
04/12/2021

LV လူံးစွပ်အသားကောင်း
Ws. ..4000
Rt. ..5000

Just do it လူံးစွပ်အသားကောင်း Ws. ..4000Rt. ..5000
04/12/2021

Just do it လူံးစွပ်အသားကောင်း
Ws. ..4000
Rt. ..5000

NY လူံးစွပ်အသားကောင်း Ws. ..4200Rt. ..5500
04/12/2021

NY လူံးစွပ်အသားကောင်း
Ws. ..4200
Rt. ..5500

POOH လူံးစွပ်အသားကောင်း Ws. ..4000Rt. ..5000
04/12/2021

POOH လူံးစွပ်အသားကောင်း
Ws. ..4000
Rt. ..5000

Merry christmasWs. ...15000.5ထည်တစီး
04/12/2021

Merry christmas
Ws. ...15000.5ထည်တစီး

ခဲဇစ်ဆွဲဇစ်အကောင်းကြိုးအကောင်းSizeပြန့်.အပြင်ပုံအတိုင်းWs. ..4000.5ထည်တစီးRt. .5000
04/12/2021

ခဲဇစ်ဆွဲ
ဇစ်အကောင်း
ကြိုးအကောင်း
Sizeပြန့်.အပြင်ပုံအတိုင်း
Ws. ..4000.5ထည်တစီး
Rt. .5000

Address

Kalaw

Website

Alerts

Be the first to know and let us send you an email when နန်းချယ်ရီ အထည်ဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share