Comico Vintage & Thrift shop

Comico Vintage & Thrift shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Comico Vintage & Thrift shop, Apparel & Clothing, Tarchileik Road, Kengtung.

ကံကောင်းခြင်းများစွာနဲ့ ပြည့်စုံကြပါစေ
01/12/2021

ကံကောင်းခြင်းများစွာနဲ့ ပြည့်စုံကြပါစေ

Authentic Hendrix ©2013Price- 10,000Condition-9/10
24/11/2021

Authentic Hendrix ©2013

Price- 10,000
Condition-9/10

ဦးထုပ်လေး🧢တွေ အကြိုက်တွေ့ရင် ဆက်သွယ်အား‌ ‌‌ေပးနိုင်ပါတယ်။cómico  Vintage & Thrift ShopCb or Call-09-454918789/09-4580303...
31/10/2021

ဦးထုပ်လေး🧢တွေ အကြိုက်တွေ့ရင်
ဆက်သွယ်အား‌ ‌‌ေပးနိုင်ပါတယ်။
cómico Vintage & Thrift Shop
Cb or Call-09-454918789/09-458030379

👌🏻
27/10/2021

👌🏻

ဆရာဖေမြင့်ရဲ့ ...ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ထဲမှာလူတစ်ယောက်အနေ နဲ့ ချမ်းသာချင်ရင် ပထမဆုံး လိုက်နာ ကျင့်သုံးရ...
20/10/2021

ဆရာဖေမြင့်ရဲ့ ...

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ထဲမှာ
လူတစ်ယောက်အနေ နဲ့ ချမ်းသာချင်ရင် ပထမဆုံး လိုက်နာ ကျင့်သုံးရမဲ့ တစ်ချက်ရှိပါတယ်...

အဲ့တာဘာလဲဆိုတော့ ...

" ငါရတဲ့ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းသည် ငါ့အတွက်ကိုယ်ပိုင် ဥစ္စာဖြစ်စေရမည်တဲ့ "

- ကျွန်တော်တို့ဝင်ငွေက ကျွန်တော်တို့ကိုယ်ပိုင်ဟုတ်ပါရဲ့လား? ...

စာထဲမှာညွှန်းဆိုထားတာကတော့ ... မင်းအဝတ်ထည်တွေရဖို့ အပ်ချူပ်သမားကို ပိုက်ဆံမပေးရဘူးလား , ဖိနပ်စီးဖို့ ဖိနပ်ချူပ်သမားကို ငွေမပေးရဘူးလား , အဲ့လိုပဲ အစားသောက်တွေအတွက်ကော ဘေဘီလုံမြို့မှာ မင်းပိုက်ဆံကို မသုံးရဘူးလား , ပြီးခဲ့တဲ့လက ရတဲ့မင်းရဲ့ဝင်ငွေ ဘယ်နှစ်ပြားကျန်သလဲ , ပြီးခဲ့တဲ့ တစ်နှစ်လုံးက ရတဲ့ငွေကော ဘယ်မလဲ မရှိဘူးမို့လား , တကယ်တော့ မင်းကိုယ်မင်းကလွဲပြီးလူတစ်ကာကို ပိုက်ဆံတွေပေးနေခဲ့တာပါတဲ့ ...

အဲ့လိုမဟုတ်ပဲ မင်းရလာတဲ့ ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို စုဆောင်းခဲ့မယ်ဆိုရင် ဆယ်နှစ်အတွင်းမှာ မင်းဟာ ဘယ်လောက်ချမ်းသာနေမလဲ ..??

" အဓိက ဒီစာပိုဒ်လေးရဲ့ ဆိုလိုရင်းဖြစ်တဲ့ ငါရတဲ့ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းဟာ ငါ့အတွက်ကိုယ်ပိုင် ဥစ္စာဖြစ်ရမည် " ဆိုတာ ကိုယ်ဝင်ငွေတွေကို ဝင်သလောက်သုံးမပြစ်ပဲ ဆယ်ပုံတစ်ပုံလောက်ကို စုဆောင်းထားဖို့ပဲဖြစ်ပါတယ် ...

အဲ့လို စုဆောင်းထားတဲ့ တစ်ဆင့်မှာပဲ မပြီးပဲ
"ကိုယ်စုထားတဲ့ ငွေတိုင်းဟာ ကိုယ့်အတွက် အလုပ်လုပ်ပေးနိုင်မဲ့ ကျေးကျွန်တွေဖြစ်ရမယ် "

တစ်နည်းအားဖြင့်စုဆောင်းရုံနဲ့မပြီးဘူး ပြန်လည်ရင်းနှီးပြီးခိုင်းစေရမယ် ... အဲ့ကျေးကျွန်ငွေသားတွေကနေ တစ်ဆင့် နောက်ထပ် အစွယ်ဖွားသားသမီးတွေ မွေးနိုင်အောင် လုပ်ဆောင်ရမယ်တဲ့ ...

မင်းဟာချမ်းသာချင်တဲ့လူဆိုရင် မင်းစုဆောင်းသမျှကို တိုးပွားအောင်လုပ်ရပါမယ်တဲ့ ...

ဒါကြောင့် ချမ်းသာချင်တဲ့လူတစ်ယောက်အနေ နဲ့ ပထမဆုံး လိုက်နာကျင့်သုံးရမဲ့ အချက်ဟာ ကိုယ်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို ကိုယ့်အတွက်ပြန်လည်စုဆောင်းဖို့ပဲ ဖြစ်ပါတယ် ...


#ဆရာကြီးဖေမြင့်ရဲ့စာအုပ်ထဲမှကိုးကား၍

19/10/2021
Vintage Never Die
12/10/2021

Vintage Never Die

https://m.facebook.com/102919087904664/photos/a.103825904480649/113167760213130/?type=3&d=m
02/10/2021

https://m.facebook.com/102919087904664/photos/a.103825904480649/113167760213130/?type=3&d=m

(၁)စိတ်ကူးသည် အရာအားလုံး၏အစ ဖြစ်သည်

မင်းကြီးပွားချမ်းသာချင်ရင် ချမ်းသားဖို့ပဲ တွေးတောစိတ်ကူးနေပါ။အဲ့ဒီစိတ်ကူးတွေကို ပိုပီပြင်လာအောင် အကောင်အထည်ဖော်ပါ။ပြင်းပြတဲ့စိတ်ဆန္ဒတော့ရှိပါစေ။သင်စိတ်ကူးထားတဲ့အရာတွေကို သတ္တိရှိရှိဖြင့် ရဲရဲဝံ့ဝံ့လုပ်လိုက်စမ်းပါ။ စိတ်ကူးကောင်းတစ်ခုက သင့်ကို ချမ်းသာစေပါတယ်။စိတ်ကူးကောင်း(၁၀)ခုက ပို၍မြန်မြန် ချမ်းသာစေပါတယ်။

⛔ ဘေထုပ် နဲ့ Vintage ကွဲပြားပါစေ ⛔Admin အခုတင်ထားတဲ့ ခေါင်းစဉ်ကတော့သိပြီးသားလူတွေ အတွက်က ဘာမှမဟုတ်ပေမယ့် မသိသေးတဲ့သူတွေ ...
30/09/2021

⛔ ဘေထုပ် နဲ့ Vintage ကွဲပြားပါစေ ⛔

Admin အခုတင်ထားတဲ့ ခေါင်းစဉ်ကတော့
သိပြီးသားလူတွေ အတွက်က ဘာမှမဟုတ်ပေမယ့် မသိသေးတဲ့
သူတွေ အတွက်တော့ ထူးဆန်းနေလိမ့်မယ် ။ ဘာလို့ဆို ဒီနိုင်ငံမှာက
Vintage ဆိုတဲ့ အထည်တော်တော်များများကလည်း ဘေထုပ်
ထည်းကဘဲ ရတာကိုး ။ ဟုတ်ပါတယ်
အဲ့ဒါကလည်း မှန်သင့်သလောက်တော့ မှန်ပါတယ် ။ Vintage တွေ
ခေတ်စားနေတဲ့ နိုင်ငံတွေမှာတော့ Vintage Tee,
Vintage Cap, Vintage အသုံးဆောင်တွေရဖို့ကို ဈေးကြီးပေးဝယ်ကြရပါတယ် ။
တစ်ကယ်တန်ဖိုးထားတဲ့ သူတွေအတွက်တော့ Vintage Tee
တစ်ထည်ဟာ ရွှေထက် တန်ဖိုး ရှိပါတယ် ။ ဒါကြောင့် သူများနိုင်ငံ
တွေမှာ Vintage ကို ဈေးကြီးပေးဝယ်ကြသလို တန်ဖိုးထားကြပါတယ် ။

⛔ ဘေထုပ်ဆိုတာ

Bale ဆိုတာကတော့ English အခေါ်ဝေါ်ဖြစ်ပြီး
အထုပ်လိုက် ထုပ်ထားတာဖြစ်လို့ မြန်မာပြည်ရောက်တော့
ဘေထုပ်ဖြစ်သွားတာပါ ။ ဘေထုပ်ဆိုတာ အလွယ်ပြောရရင်
အထုပ်ထည်းက ထွက်တာမှန်သမျှကို ဘေထုပ်လို့ခေါ်နိုင်ပါတယ် ။
ဘေထုပ်ထည်းမှာတော့ အတုတွေ အစစ်တွေ အသစ်တွေ အဟောင်းတွေ အကုန်ရနိုင်ပါတယ် ။ ဒါကြောင့် ဘေထည်းကပါတဲ့
အထည်တိုင်း Authentic ဖြစ်မနေပါဘူး ။ Legit Check
ဖို့တော့ လိုပါလိမ့်မယ် ။ ဒါမှမဟုတ် စိတ်ချရတဲ့ Page တွေမှာ
ဝယ်ယူဖို့ အကြံပြုပါရစေ ။

⛔ Vintage Clothing

Vintage Clothing ဆိုတာကတော့ အထုပ်ထည်းကထွက်သမျှ
Vintage Clothing ဖြစ်မနေပါဘူး ။ Vintage Tee
တစ်ထည်မှာ ရှိသင့်တဲ့ Treadmark တွေ Copyright ခုနှစ်
ဘာညာ နဲ့ Vintage Tee တစ်ထည်လို့ ခေါ်ရလောက်တဲ့
Print တွေ Tag တွေ ရှိနေဖို့တော့ လိုအပ်ပါလိမ့်မယ် ။ Vintage
Tee တစ်ထည်ဟာ အနည်းဆုံး နှစ် ၂၀ လောက်တော့ ရှိသင့်ပါတယ်။
အလွယ်နည်းနဲ့ ပြောရရင် Uniqlo တစ်ထည်မှာ ဟိုးအရင်က ခုနှစ်တွေ ထည့်ထားတာဟာ Vintage မဟုတ်ပါဘူး ။
( Reproduction) လို့ အလွယ်ခေါ်ပါတယ် ။
အခု နောက်ပိုင်း အသစ် လိုက်ထုတ်ထားတာတွေလည်း ရှိပါတယ် ။
အပြဲအထာတွေ အဟောင်းအထာတွေ အဲ့တာတွေကလည်း
Vintage မဟုတ်ပါဘူး ။ (Vintage Style) လို့တော့ခေါ်နိုင်ပါတယ် ။

⛔ ဘေထုပ်နှိုက်ခြင်း အနုပညာ

ဘေထုပ်နှိုက်တာကလည်း ထင်သလောက် မလွယ်ကူပါဘူး ။
သူတို့ရဲ့ အချိန်တွေ ငွေတွေ ပညာတွေ ရင်းပြီးမှရတာပါ ။
Round Two Founder Sean Wotherspoon
ဆိုရင် မသိတဲ့သူ မရှိသလောက်ပါဘဲ ။
သူဆိုရင်လည်း သူ့ရဲ့ပညာနဲ့ သူရှာဖွေထားတဲ့ အထည်တွေကို
Round Two မှာ ပြန်တင်တယ် ။ သူ ဒီအထည်တွေကို
ဘယ်လောက်နဲ့ ရခဲ့လည်း ဘယ်သူမှ စိတ်မဝင်စားကြဘူး ။
သူတို့ စိတ်ဝင်စားကြတာက ဒါကိုဘယ်အချိန်တင်မလည်း ။
ဘာတွေပါမလည်း ။ ဘယ်တော့သွားဝယ်ကြမလည်း ။
အဲ့ဒါတွေဘဲ သူတို့ စိတ်ဝင်စားကြတာပါ ။

ဆိုတော့...ပြောချင်တာက ဈေးကြီးတိုင်းလည်း မကောင်းသလို
ဈေးနည်းတိုင်းလည်း မကောင်းတာမဟုတ်ပါဘူး ။
အဓိက ကတော့ ကိုယ်ကြိုက်နေဖို့ပါဘဲ ။
(ကိုယ်အရမ်းကြိုက်နေတဲ့ အရာက လုံးဝ မိုက်နေရင်တော့ Perfect
ပေါ့ဗျာ)

⛔ For ဂျင်း Sellers

စောစောက Admin ပြောခဲ့သလိုဘဲ စိတ်ချရတဲ့ Page တွေ
တစ်ကယ်နားလည်တဲ့ သူတွေထည်းက ဝယ်ယူပါ ။ ဘာလို့ဆို
Vintage Clothing အမည်ခံပြီး Sellers တွေ ကိုယ်တိုင်ကိုက
Google မှာ ရိုက်ရှာလို့ ပေါ်လာရင် အစစ်ထင်နေတဲ့ သူတွေ
အရမ်းများလာလို့ပါ ။ တစ်ချို့ကလည်း သိသိကြီးနဲ့ ဂျင်း ကြတယ်
(စီးပွားရေးအတွက်ဆို Thailand ကို USA ဖြစ်အောင် ပြောဖို့က
သူတို့အတွက် အရမ်းလွယ်ကူလွန်းပါတယ်) Vintage Culture
ကို ခေတ်မစားခင်ထည်းက မပျက်စီးစေချင်ရုံ စေတနာနဲ့ ပြောခြင်းပါ ။
ဒါမျိုးတွေက 2020 မှာ ထည်းက ရှိကို မရှိသင့်တော့ပါဘူး ။
(အနာထိလို့ စပ်တယ်ဆိုလည်း စပ်ကြပါ 😜😜😜)

ပြီးတော့ နိဂုံးမချုပ်ခင် Admin အကြံပြုချင်တာကတော့
Collector လုပ်ဖို့ဘဲဖြစ်ဖြစ် တစ်ထည်, နှစ်ထည် ဝယ်ဖို့ဘဲဖြစ်ဖြစ်
ကောင်းတာကိုဘဲဝယ်ပါ
မကောင်းတာ နှစ်ထည်နဲ့
ကောင်းတာ တစ်ထည်က ဈေးတူနေမယ်ဆိုရင် လုံးဝ မတွေဝေပါနဲ့
အဖြေကအရှင်းကြီးပါ လူတိုင်းကောင်းတာ ကြိုက်ကြတာဘဲလေ ။
ပိုက်ဆံ အကုန်ကျခံပြီး ဝယ်တာခြင်းအတူတူတော့ ကောင်းတာဘဲ
ဝယ်ဖို့ အကြံပြုပါရစေ ။

⛔2021 က စပြီး Vintage Culture ကို Bangkok ကို
မမှီရင်တောင်မှ အခုကစပြီး မှီအောင် ကြိုးစားစေချင်ပါတယ် ။
အတု အယောင်တွေကို ဖယ်ရှားပြီး အစစ် အမှန်တွေနဲ့
Vintage Culture ကြီး တိုးတက်လာအောင်
အားလုံး ဝိုင်းဝန်းကူညီ ပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ် ။

⛔ Vintage Tag လေးတွေ သိသလောက် ရှာလို့ရသလောက်လေး တင်ပေးထားပါတယ် ။
(Sharing လုပ်ပေးခြင်းသာ ဖြစ်ပါတယ်)

Crd # # #

Address

Tarchileik Road
Kengtung

Telephone

+959454918789

Website

Alerts

Be the first to know and let us send you an email when Comico Vintage & Thrift shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share