19/01/2023
ကိုယ့်လိပ်ပြာကိုယ်စောင့်ရှောက်ပါ
🔞 “လိပ်ပြာဖြတ်တယ်” တဲ့။ ဒီရက်ပိုင်းထဲမှာ ခေတ်စားလာတဲ့စကားတစ်ခု။
အမျိုးသမီးတချို့ သူတို့မိန်းမကိုယ်ရဲ့နှုတ်ခမ်းသားတွေ ကြီးနေတာကို ဖြတ်ကြတာတဲ့။ ဘာဆေးပညာမှ မသိတဲ့သူတွေဆီမှာ ဖြတ်နေကြတာ အန္တရာယ်များလိုက်တာ။ အဲဒီလူတွေဟာ သူတို့ငွေရဖို့အတွက် မိန်းကလေးတွေကို မတရားနည်းနဲ့ဆွယ်ပြီး ဒုက္ခပေးနေတာ။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် လှတယ်ထင်ဖို့၊ သဘောကျဖို့ အရေးကြီးတာ မှန်ပါတယ်။ ခေါင်းအစ ခြေအဆုံး လှချင်တာလည်း နားလည်တယ်။ ဒါပေမဲ့ တခြားလူမမြင်ရတဲ့ မိန်းမကိုယ်ကို ပြုပြင်ချင်တာကတော့ သူတို့နဲ့ပတ်သက်သူ၊ သက်ဆိုင်သူ မကြိုက်မှာစိုးလို့ပါပဲ။
မိန်းမကိုယ်နှုတ်ခမ်းသားကြီးတာဟာ Sexual Practice များလို့ဆိုတဲ့ အရပ်စကားကလည်း မမှန်ပါဘူးနော်။ အမျိုးသားတွေရဲ့ Size လိုပါပဲ။ Sexual Practice များတိုင်း ကြီးလာတာမျိုးမဟုတ်ဘူး။ ဆိုတော့ … အမျိုးသမီးများက ကိုယ့်ကိုယ်ကိုယ် အားနည်းချက်ရှိတယ်လို့ မထင်ပါနဲ့။ ယုံကြည်မှုရှိရှိနဲ့နေပါ။ အဲဒါကိုမှ Complain တက်တဲ့ Partner ဆိုရင် အဆက်ဖြတ်လိုက်ပါ။
မိန်းကလေးတိုင်း အပေါ်/အောက် ပန်းရောင်လေး ဖြစ်မနေပါဘူး။ အသားညိုရင် သူလည်းညိုမှာပါပဲ။ Video တွေထဲမှာပါတဲ့အရာတွေဟာ လက်တွေ့မကျပါဘူး။ ကိုယ့် Partner က ကိုယ့်ကို Video ထဲက မင်းသမီးတွေလို ဖြစ်စေချင်နေရင် သူလည်း Video ထဲက Six Packs နဲ့ဘဲတွေရဲ့ ပစ္စည်းပုံစံရှိမနေတာကို သတိပေးလိုက်ပါ။
📌 ကိုယ့်ကိုယ်ကိုယ် သဘောမကျလွန်းလို့ လိပ်ပြာဖြတ်ချင်တယ်ဆိုရင်ဖြင့် ရောဂါပိုးတွေဝင်ပြီး အင်မတန်ရုပ်ဆိုးတဲ့လိပ်ပြာဖြစ်မသွားစေဖို့ ကျွမ်းကျင်သူ လိုင်စင်ရ ဆရာဝန်များနဲ့သာ လိပ်ပြာဖြတ်ကြပါရှင်။
📌 ဒီအောက်ကပုံကတော့ အမျိုးသမီးများရဲ့ လိပ်ပြာပုံစံအမျိုးမျိုး ဖြစ်ပါတယ်။ လူမတူ လိပ်ပြာမတူပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ ကိုယ့်လိပ်ပြာကိုယ် စောင့်ရှောက်ပါ။