01/01/2025
နှစ်သစ် ဆုတောင်းလွှာ
~~~~~~~~~~~~~~~~
🙏သူတပါးကို ဒုက္ခပေးလိုတဲ့စိတ် ကိုယ့်မှာမဖြစ်ပါစေနှင့်။
🙏ကိုယ့်ကို ဒုက္ခပေးမယ့်သူနှင့် ဘဝမှာ မည်သည့်အခါမှ
မဆုံပါရစေနှင့်။
🙏သူလည်းဝမ်းသာ ကိုယ်လည်းရွှင်ပြုံး နှစ်ဦးလုံး ငြိမ်းချမ်းကြပါစေ။
🙏သူလည်းပြုံး ကိုယ်လည်းပြုံး နှစ်ဦးလုံး ပြုံးနိုင်ကြပါစေ။
🙏သူကိုမချစ်သော်မှ မုန်းသူမဖြစ်ပါရစေနှင့်။
🙏သူကိုမုန်းသော်မှ ရန်သူတော့မဖြစ်ပါရစေနှင့်။
🙏သူရဲ့ရန်သူဖြစ်သော်မှ သူ့ကို ဒုက္ခပေးသူ မဖြစ်ပါရစေ
နှင့်။
🙏တစ်ဦးအပေါ်တစ်ဦး မေတ္တာထားနိုင်ကြပါစေ။
#နှစ်သစ်ဆုတောင်းလွှာ
#ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ