31/03/2026
အခုတလော ကျောက်ပန်းတောင်းမြို့က အထည်ဆိုင်လေးတစ်ဆိုင်က ကျွန်မတို့အသစ်ဖွင့်တာလားဆိုပြီး ခနခန မေးလာတာလေးကြုံနေရတယ်ရှင်၊ အစကထားလိုက်ပါဆိုပြီး စိတ်မဝင်စားလို့ မကြည့်မိပေမဲ့ အသိမိတ်ဆွေ သူငယ်ချင်းတွေကအစ ကိုယ့်ဆိုင်လား ခနခနမေးလာတဲ့အတွက် အခုကြည့်လိုက်တော့မှ တစ်ပုံစံထဲ နာမည်သုံးလုံးကို ရှေ့နောက်လှည့်ပြီး တူနေတဲ့အပြင် စာလုံးမှာသုံးထားတဲ့ အနီရောင် နောက်ခံ အဝါရောင် shape ထိတူနေတာအပြင် အောက်က အပြာနဲ့ထပ်ရေးတာအပြင် ထပ်တူနေပါသေးတယ်ရှင်၊ ကျွန်မတို့ ထက်နန်းစံသည် ကျွန်မတို့ဦးလေး ပန်းချီဆရာကိုယ်တိုင်က Color creation နဲ့ သေချာဆွဲပေးထားတဲ့ Design ဖြစ်တဲ့အတွက် logo တင်မကပဲ ကာလာအသုံးပြုပုံမှစလို့ သူများနဲ့ မတူ ကွဲပြားပါတယ်။
ထက်နန်းစံ ပိုးထည်တိုက်သည် 2017 မတ်လ ကျွန်မမွေးနေ့မှာ မေမေနဲ့ပါပါကြီးက ပိုးထည်တိုက်နဲ့ပန်းထိုးစက်အတွက် သိန်း ၁၅၀၀ အရင်းထုတ်ပေးကာ ဖွင့်ပေးထားသော ဆိုင်ဖြစ်ပြီး အခုဆို ၁၀ နှစ်ရှိခဲ့ပါပြီ စဖွင့်ချိန်မှာ တစ်မြို့လုံးရဲ့ တစ်ဦးထဲသော ပိုးထည်တိုက်ဖြစ်ခဲ့ပါတယ်ရှင်၊ Social Media ဘာမှမသုံးပဲ လူသတင်းလူချင်းဆောင်ပြီး ကျောက်ပန်းတောင်းသာမကပဲ ပုဂံ၊ ပုပ္ပါး၊ ရေနံချောင်း၊ ချောက် နတ်မောက်၊ မိတ္ထီလာအစရှိတဲ့ အနီးအနားမြို့တွေထိ ကျော်ကြားခဲ့ပါတယ်ရှင်၊ ဒီကြားထဲနှစ်တွေမှာ ဆိုင်လာကြည့်ပြီး ဆိုင်ဖွင့်ကြသူတွေ ပိုးထည်၊ သတို့သမီးကောင်တာ၊ ချိတ်ကောင်တာ တစ်ပုံစံထဲ လိုက်လုပ်ကြသူတွေ များစွာရှိပါတယ်၊ ကျွန်မတို့အနေနဲ့ တစ်ခုမှ ပွဲရှာတာ ပြဿနာရှာတာမျိုး မလုပ်ခဲ့ပါဘူးရှင်။
အခု Ready To Wear ဆိုင်လေးကတော့ ကိုယ့်အနားက မိတ်ဆွေ၊ သူငယ်ချင်း၊ အမျိုးတွေကအစ ဆိုင်ခွဲဖွင့်ထားတာလား? ထက်နန်းစံရဲ့ ဆိုင်ခွဲလား? ဆိုပြီး ခနခနလာမေးတဲ့ထိ ဖြစ်လာကြပါတယ်ရှင်၊ မြန်မာချုပ်ထည် industry တူနေတဲ့အပြင် နာမည်ရှေ့နောက်ပဲ ပြောင်းထားပြီး အရောင်ကအစ တူနေတဲ့အတွက် ဒီလိုခနခန ကိုယ့်ဆိုင်လား မေးခံရတဲ့အပေါ်မှာ ကျွန်မတို့အနေနဲ့ အဆင်မပြေဖြစ်ရပါတယ်ရှင်။
စစချင်း အရောင်း post တွေမှာ ထိုဆိုင်ရှင်ကိုယ်တိုင်က နာမည်မှားကာ ကျွန်မတို့ ထက်နန်းစံနာမည်ကို ခနခန ယူသုံးမိတဲ့အပြင် tiktok မှာလဲ အစပိုင်း video အမြောက်အများမှာ ထက်နန်းစံဟူသော hashtag ကို သုံးထားတာကို ကျွန်မတို့ တွေ့ရှိရပါတယ်ရှင်။ ဆိုင်ရှင်ကိုယ်တိုင်က ရှေ့နောက်မှားပြောမိတဲ့အထိ နာမည်ဆင်တူနေတာဖြစ်တဲ့အတွက် customer အမြင်ဆို ပိုမှားနိုင်တယ်ဆိုတာ အစထဲက နားလည်သင့်ပါတယ်ရှင်။ ကျွန်မတို့ဆိုင်သည် ရောင်းအားငွေကြေးထက် Brand Image ကို အဓိက ထားပါတယ်ရှင်။
ထို့အပြင် ထက်နန်းစံသည် ပိုးထည်တိုက် ဆိုင်အမည်နာမသီးသန့်တွင်သာအသုံးပြုတာမဟုတ်ပဲ ကုန်ပစ္စည်းအမှတ်တံဆိပ်သည်လဲ ကျွန်မ ဆုလဲ့နဒီ နာမည်ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနတွင် လျှောက်ထားချက်အားလက်ခံပြီးသည့် အမှတ်တံဆိပ်၏ မူပိုင်ရှင်ဖြစ်ပါတယ်ရှင်။
ကျွန်မ၏ Dimple Glory Co.,ltd သည် ထက်နန်းစံအမှတ်တံဆိပ်ဖြင့် လူကြီး/ လူငယ်/ ကလေး/ အမျိုးသား/အမျိုးသမီး အဝတ်အထည်အမျိုးမျိုးအား ကိုယ်ပိုင်ထုတ်လုပ်ရောင်းချသည့်အပြင် ကျွန်မ၏ပန်းထိုးအထည်လုပ်ငန်းနှင့် မြန်မာဝတ်စုံအထည်ထုတ်လုပ်ရေးလုပ်ငန်းတွင်လဲ လုပ်ငန်းသုံးအမှတ်တံဆိပ်အနေနဲ့ အသုံးပြုလျှက်ရှိပါတယ်ရှင်။
ယခုအချိန်တွင် customer များကြားတွင် ထင်ယောင်ထင်မှားဖြစ်မှု၊ ဆိုင်လွဲမှားမှုသည် ပိုမိုဆိုးလာတာကြောင့် social media တွင် တစ်ဖက်ဆိုင်သည်လဲ ကျွန်မတို့နဲ့မတူကြောင်း တစ်ဖက်ဆိုင်၏ tiktok မှာ ထက်နန်းစံနာမည်အား ခနခန ထည့်ပြောခြင်းမှာလဲ ကျွန်မတို့ကို အဆင်မပြေဖြစ်စေပါတယ်ရှင်။
ကျွန်မတို့ ထက်နန်းစံသည် ရန်ကုန်ကနေ မြန်မာနိုင်ငံတဝှန်းထုတ်လုပ်ရောင်းချနေတဲ့ ၁၀ နှစ်သက်တမ်းရှိအမှတ်တံဆိပ်ဖြစ်ပါတယ်။ တစ်ဖက်ဆိုင်၏ သက်တမ်းမှာ ၂ လသာရှိသေးပြီး ရန်ကုန်က လက္ကားပေးနေတဲ့ချုပ်ထည်၏ဆိုင်ခွဲတစ်ခုအနေနှင့် ရောင်းချနေတာဖြစ်သည့်အတွက် ကျွန်မတို့နှင့်ဆင်တူရိုးမားဖြစ်နေတဲ့ ဒီနာမည်နဲ့ မဟုတ်လဲ အခြားဘယ်နာမည်နဲ့ပဲရောင်းရောင်း ထိခိုက်နစ်နာစရာ မရှိလောက်ဘူးလို့ ကျွန်မအနေနဲ့ သုံးသပ်မိပါတယ်ရှင်။
သို့ဖြစ်ပါ၍ ထက်နန်းစံ၏အမည်အမှတ်တံဆိပ်အား မည်သည့်ပုံစံနှင့်မဆို မှီငြမ်းတုပသုံးစွဲခြင်း၊ အမည်စာသားပုံစံတူပြုလုပ်ခြင်း၊ နာမည်တူ လုပ်ငန်းတူ လုပ်ကိုင်ခြင်း၊ ဆင်တူရိုးမှားနာမည်တူ လုပ်ငန်းတူ လုပ်ကိုင်ခြင်း၊ Social Media Platforms များတွင် ကူးယူတုပသုံးစွဲခြင်း၊ တနည်းနည်းအားဖြင့် ထင်ယောင်ထင်မှားဖြစ်စေ ဆင်တူယိုးမှားဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးပြုခြင်းမျိုး မပြုလုပ်မဆောင်ရွက်ကြရန် သတိပေးတာဖြစ်ပါသည်။ မှီငြမ်းတုပသုံးစွဲခဲ့မည်ဆိုပါက တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း အများသိစေရန် အသိပေးကြေညာအပ်ပါသည်။