28/07/2023
Lashio မှာသူခိုးဂျပိုးတွေပေါ်လာတယ်နော် မနက် ၈နာရီ ၄၇ မိနစ် အိမ်နားမှာ အကိုတစ်ယောက်မြက်ပေါက်နေတာ သူ့အိတ်လေးကိုခါတိုင်းလိုပဲ မြက်ပေါက်တဲ့ဘေးနားလေးထားထားတာ ဆိုင်ကယ်နဲ့ ကလေးသုံးယောက် ကလေးတွေနော် ဆိုင်ကယ်နဲ့သုံးယောက်စီးပြီးယူပြေးသွားတယ် သူ့အိတ်ထဲ ၁သိန်းပါတယ်တဲ့ တချို့လူတွေအတွက်၁သိန်းဘာမှမဟုတ်ပေမယ့် သူ့ခမျာ ဘယ်လောက်တောင်စုထားရမလဲ ပင်ပင်ပန်းပန်းရှာထားရတာ ကလေးတွေကိုလဲအရမ်းမသနားကြနဲ့ လားရှိူးမှာအဲ့လိုစရိုက်မကောင်းတဲ့ကလေးတွေအများကြီးပဲ မိဘတွေကိုယ်တိုင်ကလှနည်းခိုးနည်းတွေသင်ပေးတာတွေလဲရှိတယ် အားလုံးပဲဂရုစိုက်ကြပါ