C-M-A Fashion Online Shop

C-M-A Fashion Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from C-M-A Fashion Online Shop, Clothing (Brand), Lashio.

16/09/2022

ဒီလူ ၁၀ ယောက်ထဲ မပါစေနဲ့ ****************************

၁။ ကောင်းကွက်တွေရှိနေပါလျှက် နဲ့ ၊
မကောင်းကွက်ကိုမှရွေးပြီး ကြည့်တတ်သော လူ !!

၂။ သူတစ်ပါးရဲ့ ကောင်းဂုဏ်ဒြပ်တွေကို -
တစ်ခြားလူတစ်ယောက်ဆီမှာ -
ဖွင့်ပြောပြရမှာ ဝန်လေးတတ်သော လူ !!

၃။ ကိုယ်နဲ့မထိုက်လို့ မရတာသိလျှက်နဲ့ -
သူတစ်ပါးက ရသွားမှာကြောက်ပြီး ၊
မကောင်းကြံတတ်သော လူ !!

၄။ ကိုယ်မလုပ်နိုင်မှန်းသိလျှက်နဲ့ -
သူတစ်ပါးလုပ်နိူင်တာကို -
မနာလို ဝန်တိုတတ်သော လူ !!

၅။ တစ်ခြားလူဘက်မှာ အမှန်တရားရှိတာသိလျှက်နဲ့ -
ငွေကြေးရှိတဲ့သူဘက်က ရပ်တည်ပေးတတ်သော လူ !!

၆။ ငါသာ ဗိုက်ဝရင်ပြီးရော
သူတစ်ပါးငတ်ငတ်ဆိုတဲ့ စာနာစိတ်မရှိသော လူ !!

၇။ ပိုက်ဆံမျက်နှာတစ်ခုအတွက်နဲ့ -
အကုသိုလ္ကို ပြုလုပ်ရဲသော လူ !!

၈။ လူတစ်ယောက်ကို တွေ့တာနဲ့ -
အရင်ဦးစွာ အပြစ်ကိုလိုက်ရှာပြီး ၊
အားရပါးရပြောတတ်သော လူ !!

၉။ ငွေကြေးဥစ္စာရှိသူနဲ့ဆိုရင် တစ်မျိုး ၊
ငွေကြေးဥစ္စာမရှိသူနဲ့ကြတစ်မျိုး ဖြစ်တတ်သော လူ !!

၁၀။ ရိုးသားတဲ့သူတွေအပေါ်မှာ -
လိမ်လည်ကောက်ကျစ်ချင်တတ်ကြသော လူ !!

မေတ္တာဖြင့်

:✍

16/09/2022

မိဘကိုလုပ်ကျွေးတဲ့သူက ရှာဖွေရပိုလွယ်တယ်။

မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူက ပိုပြည့်စုံလာတယ်။

မိဘကိုပြန်ကြည့်တတ်တဲ့သူက ပိုအဆင်ပြေလာတယ်။

မိဘစကားနားထောင်တဲ့သူက ပိုစိတ်ချမ်းသာရတယ်။

ဒါကြောင့်ရှိနေတုန်းမှာ သိတတ်ပါ။ အသက်ကြီးမှ ပြန်ကြည့်မယ်လို့မတွေးပါနဲ့

ကိုယ်ပြန်ကြည့်နိုင်တဲ့အချိန်သူတို့ရှိချင်မှရှိတော့လိမ့်မယ်။

မချမ်းသာလို့ မပြည့်စုံသေးလို့ဆိုတဲ့ဆင်ခြေတွေအစားကိုယ်တတ်နိုင်သလောက်

အဖေအမေကြိုက်တတ်တဲ့ မုန့်ကလေးတထုတ် နွေးထည်လေးတထည်

ဖိနပ်လေးတရံနဲ့တင် သူ့တို့ကိုစိတ်ချမ်းသာစေတယ် ပြည့်စုံစေတယ်။

စကားတခွန်းရှိတယ်။ မိဘအတွက်ကုန်သွားတဲ့ငွေက အမြဲဆယ်ဆပြန်လာတယ်။

ကိုယ့်ဆီက နဲနဲရပီး များများပြန်ပေးချင်သူကမိဘတွေအပြင်မရှိပါဖူး။

လက်ရှိ အောင်မြင်နေတဲ့သူတွေကိုကြည့်ရင် မိဘကို သိတတ်သူတွေ။

ချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင် မိဘကိုဘယ်တုန်းကမှမငြိုငြင်တတ်သူတွေ။

မယုံမရှိနဲ့။ သူတို့ကြောင့် မိဘအဆင်ပြေတာမဟုတ်ပဲ

မိဘကြောင့် သူတို့အဆင်ပြေနေတာကို သူတို့ယုံကြည်တယ်။ ။

16/09/2022

#သွားကိုက်_သွားနာ ပျောက်ကင်းလိုလျှင်..... 🦷 🦷

သွားကိုက် သွားနာ သွားပိုးစားရေစီးကမ်းပြိုစသည့်
သွားဝေဒနာအမျိုးမျိုးကိုသက်သာပျောက်ကင်းစေရန်
ဖန်းခါးသီးအစို{သို့မဟုတ် }
ဖန်းခါးသီးအခြောက်{၃}လုံးခန့်ကို
ထုထောင်းပါ....။

လေးညှင်းပွင့်{၃}ပွင့်ခန့်ရော၍ထုထောင်းပါ။
ဆားအနည်းငယ်လဲထည့်ပေးပါ။
ဖန်းခါးသီး လေးညှင်းပွင့်
ထုထောင်းပြီးသားအဖတ်များကို
ဖန်ခွက်ကြီးတွင်ထည့်၍
ရေနွေးကျက်ကျက်ဆူလောင်းထည့်ပါ။

ဖန်းခါးသီး လေးညှင်းပွင့်ဆား ရောစပ်ထားသော
ရေနွေးဖြင့်ပလုတ်ကျင်းပေးပါ။

မကြာခဏပြုလုပ်ပေးခြင်းအားဖြင့်
သွားကိုက် သွားနာ ရေစီးကမ်းပြို
သွားပိုးစားခြင်းဝေဒနာများ သက်သာပျောက်ကင်းစေပါတယ်.. .....။

သွားပိုးပေါက်အတွင်းသို့
ဖန်းခါးသီး လေးညှင်းပွင့် ဆားရောစပ်ထားသော ပြုတ်ဖတ်ကလေးများကို{၃}မိနစ်ခန့်ထည့်ပေးပါ။
ကျောက်ချဉ်မှုန့်ထည့်ပေးထားပါက
သွားပိုးစား သွားကိုက် ဝေဒနာ ပျောက်ကင်းစေပါတယ်။

ဖန်းခါးသီး လေးညှင်းပွင့် ဆား ဆနွင်း ကျောက်ချဉ်မှုန့်ကလေးများလုပ်၍
ရေနွေကျက်ကျက်ဆူထည့် ခပ်နွေးနွေးလေး ငုံပေးပါက သွားနှင့်ပတ်သက်သော
ဝေဒနာ အမျိုးမျိုး သက်သာပျောက်ကင်း
ပါတယ်........။


16/09/2022

Address

Lashio

Telephone

+959257910004

Website

Alerts

Be the first to know and let us send you an email when C-M-A Fashion Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share