19/07/2026
ကျွန်မက မည်သို့သောဆက်ဆံရေးမဆို ကိုယ့်ကိုအလေးမ ထားရင် အဲ့နေရာက လှည့်ထွက်လာပြီး မည်သူ့ကိုမှ မ နှောက်ယှက်ခြင်းဖြင့် ကိုယ့်ဘဝကို ရှေ့ဆက်တတ်တဲ့မိန်းမပါ။
သူတို့ကို ဖျက်စီးကာမှ ကိုယ်တိုင်ပျက်စီးသွားမှာကို ကြောက်တတ်တဲ့မိန်းမ တစ်ယောက်ပါ ချစ်သူရည်းစားဟောင်းဆက်ဆံရေးမှာလည်း ကိုယ်နဲ့မ ပက်သက်တော့သည့်တိုင် သူတွဲသွားတဲ့ တဖက် မိန်းကလေး စိတ်အနှောက်ယှက်မဖြစ်အောင် မည်သို့သော Post/Status ကိုမှ မတင်တတ်တဲ့ မိန်းမ တစ်ယောက်ပါ။
တဖက်မိန်းကလေး ကောင်း"ဆိုး" ကျွန်မနဲ့လက်တွဲဖြုတ် ပြီးရွေးသွားသည့် အလျှောက် ကျွန်မ အဲ့မိန်းကလေးကို Social ပေါ်မှာ စိတ်အနှောက်ဖြစ်အောင်မလုပ်ဖူးသလို လုပ်မယ့်မိန်းမ တစ်ယောက်လည်း မဟုတ်ပါဘူး။
ကျွန်မရဲ့ချစ်ခြင်းမေတ္တာက ရိုးရှင်းပါတယ် အရာရာတိုင်း ကို မနှောက်ယှက်ခြင်း / အလိမ်ညာစကားတွေမသုံးခြင်းဖြ င့်
တဖက်လူနဲ့ ကျွန်မရဲ့ သိက္ခာကို ကာကွယ်ပါတယ်
ယွန်းဝတီလွင်မိုးပြောသလိုပဲ “မြွေတကောင်ကိုက်သွားတာ ကို မြွေနောက်လိုက်ပြီး ဘာလို့ကိုက်သွားလဲ မမေးတော့ပါ ဘူး။ အဲ့အဆိပ်ကို ထုတ်ပစ်လိုက်တာဟာ ကိုယ့်ဘဝ ရှေ့ဆက်ဖို့အတွက်အကောင်းဆုံး လုပ်ဆောင်ချက်ပါပဲ”
ဒါကြောင့် ကျွန်မဟာ တဖက်လူနဲ့တဖက်မိန်းကလေးကို မ နှောက်ယှက်ခြင်းဖြင့် ကူညီပါတယ် မေတ္တာဆိုတာ အဆိပ်ပင်မှန်းသိတာတောင် ရေလောင်းနေ တာမျိုးပါ။ ဆွဲနှုတ်ဖို့ဆန္ဒမရှိသလို ဒီအပင်ရိုင်းလေး တဖက်လူဆီပါသွားလဲ လေဒဏ်မိုးဒဏ်ကြားမှာ မင်း ရှင်သန်နိုင်ပါစေ ဆိုတဲ့ စိတ် အပြည့်အဝရှိတဲ့ မိန်းမတစ်ဦး ပါ