90's Love Fashion House

90's Love Fashion House ယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါသည်

တစ်ခါတရံမှာ ဘယ်လိုမှမဖြစ်နိုင်တော့တဲ့အရာတွေကို ထပ်ခါထပ်ခါမျှော်လင့်နေမိတတ်ကြတယ်။သူပြန်ကောင်းလာလိမ့်မယ်။ သူပြောင်းလဲသွားပ...
26/10/2025

တစ်ခါတရံမှာ ဘယ်လိုမှမဖြစ်နိုင်တော့တဲ့အရာတွေကို ထပ်ခါထပ်ခါမျှော်လင့်နေမိတတ်ကြတယ်။သူပြန်ကောင်းလာလိမ့်မယ်။ သူပြောင်းလဲသွားပါလိမ့်မယ်။ သူပြင်ဆင်နိုင်ပါလိမ့်မယ် စတဲ့မျှော်လင့်ခြင်းတွေက မျှော်လင့်နေတဲ့သူကိုပဲ စိတ်ဒဏ်ရာ..အခါခါရစေတယ်။ ကိုယ့်ရဲ့မျှော်လင့်ချက်တွေ အကြိမ်ကြိမ်ချိုးဖျက်ခံရတယ်။
အမှန်တကယ် စိတ်ကုစားသက်သာမှုကို ရရှိချင်တယ်ဆိုရင် ကိုယ့်ကို ချိုးဖျက်ခဲ့တဲ့နေရာကို ပြန်မသွားပါနဲ့။ကိုယ့်စိတ်ကို အနာတရဖြစ်စေခဲ့တဲ့လူနဲ့ ပြန်မချစ်ပါနဲ့။ကိုယ့်ရဲ့စိတ်ကို ပြိုလဲစေခဲ့တဲ့အတွေ့အကြုံတွေကို ပြန်လှန်ကြည့်မနေပါနဲ့။

ဒီအကြောင်းအရာလေးကိုဒီအပတ်ရဲ့ Weekend Talk မှာ #ဘယ်တော့မှနောက်လှည့်မကြည့်နဲ့ ဆိုတဲ့ခေါင်းစဉ်နဲ့ Free Sharing လုပ်ပေးထားပါတယ်။

Admin & Support Group





သင့်ရဲ့စဉ်းစားမှုပုံစံဟာ Negative thinkingလား။Positive thinking လား။ အောက်ပါဖော်ပြချက်များနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပါ။၁။...
26/10/2025

သင့်ရဲ့စဉ်းစားမှုပုံစံဟာ Negative thinkingလား။
Positive thinking လား။ အောက်ပါဖော်ပြချက်များ
နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပါ။

၁။ ဒါလိုဟာမျိုးကို တစ်ခါမှ အရင်ကမလုပ်ဖူး မကြုံဖူး
ဘူး။ (Negative thinking)
1- ဒါဟာ အတွေ့အကြုံအသစ်တစ်ခု သင်ယူဖို့ ငါအတွက်
အခွင့်အလမ်းတစ်ခုပဲ။ (Positive thinking)

၂။ ဒါကိစ္စကြီးလုပ်ရတာ တအားစိတ်ရှုပ်စရာကောင်း
တယ်။ (Negative thinking)
2- ဒီကိစ္စကို ကွဲပြားတဲ့ရှုထောင့်ကနေ ငါကိုင်တွယ်ကြည့်
မယ်။ (Positive thinking)

၃။ ဒီကိစ္စကြီးလုပ်ကြည့်ဖို့ ငါမှာ ဘာအရင်းအမြစ်မှမရှိ ဘူး။ (Negative thinking)
3-ဒီကိစ္စအတွက် လိုအပ်တာက တီထွင်လုပ်ကိုင်လိုတဲ့
စိတ်ပဲ။ (Positive thinking)

၄။ ဒီကိစ္စကြီးလုပ်ရမှာ ငါတအားပျင်းတာပဲ။ (Negative
Thinking)
4- ဒီကိစ္စလုပ်ဖို့ ငါ့အစီအစဉ်ထဲမှာတော့ မပါဘူး။ ဒါပေမဲ့
တချို့ဦးစားပေးလုပ်ရမယ့် အရာတွေကို ငါပြန် စစ်
ဆေးကြည့်ဦးမယ်။ (Positive thinking)

၅။ လုပ်လို့အလုပ်ဖြစ်နိုင်မှာမဟုတ်ပါဘူး။(Negative
thinking)
5- အလုပ်ဖြစ်မဖြစ် နည်းလမ်းရှာကြည့်ပါဦးမယ်။

၆။ လုံးဝကြီးပြောင်းလဲဖို့ခက်တယ်။(Negative thinking)
6- ပြောင်းလဲဖို့ စွန့်စားလုပ်ဆောင်ကြည့်ရအောင်။
(Positive thinking)

၇။ ဘယ်သူကမှ ငါ့ကိုဆက်သွယ်ဖို့ ဒုက္ခခံမှာမဟုတ်ဘူး။
(Negative thinking)
7- ငါ့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေဖွင့်နိုင်ရင်
ငါကိုဆက်သွယ်လာမယ့်သူငါတွေ့မှာပဲ။(Positive
Thinking)

၈။ ဒီကိစ္စငါ့အတွက် ဘာမှပိုကောင်းလာမှာ မဟုတ်ဘူး။
(Negative thinking)
8- နောက်ထပ် တစ်နည်းနည်းနဲ့ကောင်းအောင် ငါ စမ်း
ကြည့်မယ်။ (Positive thinking)

မိသားစုအခက်အခဲကို သားသမီးကိုပေးသိပါ------------------------------------------မိဘတိုင်းက သားသမီးတွေကို ချစ်ကြတဲ့အတွက် သား...
26/10/2025

မိသားစုအခက်အခဲကို သားသမီးကိုပေးသိပါ
------------------------------------------

မိဘတိုင်းက သားသမီးတွေကို ချစ်ကြတဲ့အတွက် သားသမီးတွေ ပညာရေးကိုပဲ အာရုံစိုက်ရ‌‌အောင် မိသားစုအရေးကို ပေးမသိတာများပါတယ်။ သားသမီးထဲမှာတောင် အကြီးတွေကို ထိုက်သင့်သလောက်ပေးသိပေမယ့် အငယ်တွေကို လုံးဝမပေးသိသလောက်ပါပဲ။

ဒါဟာ မှားယွင်းတဲ့ အယူအဆနဲ့ ပဲ့ထိန်းမှုတခုပဲဖြစ်ပါတယ်။

လူဆိုတာရယ်ဖြစ်လာကတည်းကိုက ပုစ္ဆာတရပ်ပါ။ အသက်၁၀၀မနေရ အမှု၁၀၀ ပွေရဆိုသလို ပြဿနာပေါင်းများစွာကိုကြုံတွေ့လိုက် ဖြေရှင်းလိုက်နဲ့ လုပ်ပြီး ကုန်ဆုံးနေရတာကိုက ဘဝပါ။ ဒီလို လူ့လောကရဲ့ ပြဿနာပေါင်းများစွာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို သားသမီးကို လက်တွေ့မသင်ပြသ၍ အောင်မြင်ရေးလမ်းကြောင်းပေါ် တွန်းတင်ပေးနိုင်မှာမဟုတ်ပါဘူး။

ထမင်းဘယ်ကရ ဆန်အိုးထဲကရ ဆိုတာတင်မဟုတ်ပဲ ဆန်ကို ဘယ်လိုရှာသလဲ၊ အိမ်မှာ အိမ်ထောင်ဦးစီးဘယ်သူလဲ၊ ဝင်ငွေထွက်ငွေ အခြေအနေဘယ်လိုရှိသလဲ၊ မိသားစုအတွင်းက အခက်အခဲတွေ ဘာရှိသလဲ၊ မိသားစုဝင်အားလုံး ဝိုင်းဝန်းပြီး ဘယ်လိုဖြေရှင်းရမလဲ ဒါတွေဟာ အိမ်တွင်းအစည်းအဝေးအဖြစ် အားလုံးတိုင်ပင်သင့်တဲ့အရာတွေပါ။

ငွေရေးကြေးရေးပြဿနာမရှိရင်တောင်မှ အိမ်မှာ ထမင်းဟင်း အိမ်မှုကိစ္စကို လုပ်မယ့်သူမရှိတဲ့အခါမျိုးမှာ ဘယ်လိုဖြေရှင်းမလဲ၊ မောင်နှမတွေ ဘယ်လိုတာဝန်ခွဲမလဲ စတာတွေက အစ အကြုံးဝင်ပါတယ်။

ဂျပန်မှာ ကျနော်အရမ်းသဘောကျတဲ့ စာအုပ်တအုပ်ရှိတယ်။ ကလေး အသက် ၁၁ နှစ်ကစလို့ မိဘနဲ့သားသမီး အတူတူလေ့လာသင့်တဲ့ ငွေရေးကြေးရေး စာအုပ်ဆိုတာလေး။ ဒါဟာ ငွေကြေးရဲ့ အရေးပါပုံ၊ အိမ်တွင်းငွေကြေးစီးဆင်းမှုကို စီမံခန့်ခွဲနိုင်အောင် ငယ်စဥ်ကတည်းက အတူတူလေ့ကျင့်တဲ့ On Job Training ပါပဲ။ နိုင်ငံတနိုင်ငံရဲ့ အခွန်စနစ်တွေကအစ မိသားစုဝင်ငွေအပေါ် ဒီနိုင်ငံရေးက ဘယ်လိုသက်ရောက်မယ်အဆုံး ကလေးနားလည်လွယ်တဲ့ လမ်းကြောင်းကနေ သင်ပေး ပြောပြပေး ထိတွေ့ပေးတာမျိုးပါ။

ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ မိဘနှစ်ပါး မရှိတော့တဲ့အခါပဲဖြစ်ဖြစ်၊ မိဘသက်ရှိထင်ရှင်းရှိနေရင်တောင် သားသမီးတွေ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ပြဿနာများစွာကို ဖြေရှင်းသွားနိုင်တာမျိုးဖြစ်ဖို့ အရေးကြီးပါတယ်။

ဒါကြောင့် မိမိကလေးတွေကိုချစ်ရင် ငယ်စဥ်ကတည်းက မိသားစုအခက်အခဲကို သားသမီးကို သိသင့်သိထိုက်တဲ့ အဝန်းအဝိုင်းထဲကနေ ပြောသင့်ပြောထိုက်တဲ့ နည်းလမ်းတွေနဲ့ အသိပေးတတ်ပါစေ။



Learning Society
2025/6/22

ပေါင်းသင်းဆက်ဆံရေးမှာ အရေးကြီးတဲ့ အချက်တစ်ခုက Professional နှင့် Personal ခွဲခြားတတ်ဖို့ပဲ ။လူတစ်ယောက်ဟာ သူ့ရဲ့ personal...
26/10/2025

ပေါင်းသင်းဆက်ဆံရေးမှာ အရေးကြီးတဲ့ အချက်တစ်ခုက Professional နှင့် Personal ခွဲခြားတတ်ဖို့ပဲ ။

လူတစ်ယောက်ဟာ သူ့ရဲ့ personal relationship တွေမှာ ဘယ်လောက်ပဲ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်
နေပါစေ … သူတည်ဆောက်ထားတဲ့ သူ့ brand ရှိတဲ့ သူ့ရဲ့ နယ်ပယ် ၊ သူ့ professional life မှာတော့ သူဟာ တည်တည်တံ့တံ့ ရှိနေလိမ့်မယ် ။

ခင်မင်ရင်းနှီးတယ်ဆိုတာ မေတ္တာတရားပါ ။
မေတ္တာစိတ်ကြောင့် အတူဆုံကြချိန် ၊ private time တွေမှာ ဖက်လှဲတကင်းရှိမယ် ၊ အတူတူ ပေါကြ ရူးကြတဲ့အချိန်တွေ ရှိမယ် ။ ဒါတွေကို သူ့ရဲ့ professional life ထိ သယ်သွားပြီး သူ့ကိုအမြဲ အဲလိုပဲ ဖြစ်နေမယ်လို့ထင်ရင် ၊ အဲလို သွားဆက်ဆံရင် ပြဿနာဖြစ် ရတတ်တယ် ။ တစ်ဖက်က ထုတ်မပြောရင်တောင် ရင်ခံသွားတတ်တာတွေ ရှိပါတယ် ။

လူတိုင်းက ကိုယ်လိုမဟုတ်ဘူး ၊ အမြဲ လွတ်လပ်နေမှာ မဟုတ်ဘူး ၊ သူ့စိတ်ရှိတိုင်း အမြဲ နေခွင့်ရနေမှာမဟုတ်ပါဘူး ။ ဒါက ဟန်ဆောင်နေတာလည်း မဟုတ်ဘူး ။ ဘဝကို သူ့အကန့်သူ ခွဲရတာပဲဖြစ်တယ် ။ ကိုယ့်ဘက်က အခြေနေ နှင့် အချိန်ခါကိုကြည့်ပြီး အလိုက်သိပေးရပါတယ် ။ လူတွေက မတူတဲ့ ဘဝတွေကလာတာ ၊ မတူတဲ့ ရင်ဆိုင်ရမှုတွေရှိတယ် ဆိုတာကို အမြဲ သတိကပ်ပြီး အလိုက်သိစိတ်နဲ့ ပေါင်းသင်းကြရပါတယ် ။

ကျွန်တော်ဟာ ကျွန်တော်ချစ်တဲ့ခင်တဲ့သူတွေနဲ့ဆို ပေါ့ပေါ့ပါးပါးနေတတ်တဲ့သူ ဖြစ်တယ် ။ ရယ်မောတယ် ၊ ရူးမိုက်တယ် ၊ ပွင့်ပွင့်လင်းလင်းနေတယ် ။ ဘာကြောင့်ဆို ပျော်လို့ပါ ၊ အဲဒီလိုနေရတာ အရမ်းပျော်လို့ပါ ။ ဒါပေမဲ့ ကျွန်တော့်ကို လေးစားတဲ့သူတွေရှိတဲ့နေရာ ၊ ကျွန်တော့်ကို ထမင်းကျွေးထားတဲ့ အလုပ်တွေအပေါ်မှာဆို ဘယ်တောမှ ပေါ့ပျက်ပျက်မလုပ်သလို ၊ ခပ်ကြောင်ကြောင်လည်း မနေပါဘူး ။ လေးစားမှုနဲ့ တန်အောင် နေထိုင်ပြီး ၊ အလေးနက်ထားပြီး အလုပ်လုပ်ပါတယ် ။

ဒါကို ရောထွေးပြီးတော့ ကျွန်တော့်ရဲ့ Serious ထားတဲ့ ( တန်ဖိုးထားတဲ့ ) နယ်ပယ်ကို အထင်သေးသလိုမျိုး ၊ ကျွန်တော့်ရဲ့ personal face နဲ့ ရောထွေးပြီးသတ်မှတ်တာမျိုးဆို မေတ္တာတုံးလာသလို ၊ အဲလိုလူနဲ့ ပေါင်းသင်းရတာကလည်း တကယ် မပျော်တော့ပါဘူး ။

ကိုယ်တိုင်ကလည်း ခုလို ခံစားချက်ရှိတဲ့အတွက် အခြားသူတွေကိုလည်း အကန့်ခွဲပြီးဆက်ဆံပါတယ် ။ Private time မှာ ဘယ်လောက်ပဲ ဖက်လှဲတကင်း ရင်းနှီးပါစေ ၊ သူ့ရဲ့ Dark side တွေကို ဘယ်လောက်ကြီး သိပါစေ … သူ့ရဲ့ Professional Life ကိုတော့ တကယ်ကို အလေးနက်ထားပြီး ရိုရိုသေသေ ဆက်ဆံပါတယ် ။

လူတစ်ယောက် ကိုယ့်ကို personal life မှာ ဆက်ဆံတဲ့ ဖော်ရွေမှုဟာ ကိုယ့်အပေါ် ထားတဲ့ မေတ္တာဖြစ်တယ် ။ ဒါကို အလွဲသုံးစားလုပ်လို့မရသလို ၊ စည်းဘောင်တွေ ကျော်လို့လည်း မရပါဘူး ။

ဒါကြောင့် … ဘဝမှာ လူတစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံတဲ့အခါ အကန့်တွေခွဲထားတတ်ဖို့ လိုအပ်သလို ၊ ကိုယ့်ဘဝထဲမှာလည်း အဲလို သူ့အကန့်နဲ့သူ ခွဲခြားပြီး ဆက်ဆံတတ်သူတွေသာ ရှိနေဖို့လိုပါတယ် ။



#ပိုကောင်းတဲ့ဘက်ဆီချဉ်းကပ်ခြင်း စာအုပ်မှ 🤍🍀📚

23/07/2022
Body fit Dress 👗Desgin က အလန်းအသားရှယ်ကောင်းSize - free (Lb.150ထိရ)Price -7500Waiting time - 1 weekPreorder //full prepa...
12/06/2022

Body fit Dress 👗
Desgin က အလန်း
အသားရှယ်ကောင်း

Size - free (Lb.150ထိရ)

Price -7500

Waiting time - 1 week

Preorder //full prepaid

အပြင်ပုံပြထားပါတယ်

Floral Dress 💐💐ရေခဲသား မို့ဝတ်လို့အရမ်းအေးကောင်း3 colorsPrice - 12000Waiting time - 1 weekPreorder //full prepaid အပြင်ရ...
10/06/2022

Floral Dress 💐💐
ရေခဲသား မို့ဝတ်လို့အရမ်းအေးကောင်း

3 colors

Price - 12000

Waiting time - 1 week

Preorder //full prepaid

အပြင်ရောင်နဲ့အော်ဒါတင်ပေးပါ 🙆

Quality အမိုက်စား နှစ်လုံးတွဲအိတ် 2 colour 💗🖤Price - 10500Waiting time - 1 weekPreorder / /full prepaidမင်မင်တော့အရမ်းကြ...
09/06/2022

Quality အမိုက်စား နှစ်လုံးတွဲအိတ်

2 colour 💗🖤

Price - 10500

Waiting time - 1 week

Preorder / /full prepaid

မင်မင်တော့အရမ်းကြွေနေပါပြီ 💗

Coat & Pant Set အကွက်လေး ဝတ်လိုက်ရင် smart ကျနေမှာColor လေးတွေ ရှယ်fine 🔥Price - 12000Preorder | full prepaidWaiting tim...
08/06/2022

Coat & Pant Set အကွက်လေး
ဝတ်လိုက်ရင် smart ကျနေမှာ
Color လေးတွေ ရှယ်fine 🔥

Price - 12000

Preorder | full prepaid

Waiting time - 1 week

အပြင်ရောင်နဲ့ အော်ဒါတင်ပေးပါနော် 🙆

🔥🖤 sexyဆွဲသား ဂါဝန်လေး ပြန်ရောက်ပြီနော်ဝတ်တဲ့သူတိုင်းအရမ်းလှတာလေး1 colourPrice - 7500Waiting time - 1 week
07/06/2022

🔥🖤 sexyဆွဲသား ဂါဝန်လေး
ပြန်ရောက်ပြီနော်
ဝတ်တဲ့သူတိုင်းအရမ်းလှတာလေး

1 colour

Price - 7500

Waiting time - 1 week

Address

Loikaw

Telephone

+959950645887

Website

Alerts

Be the first to know and let us send you an email when 90's Love Fashion House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share