WIN Education Hub

WIN Education Hub EDUCATE. INNOVATE. WIN.

“ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို ဖျက်ဆီးနိုင်တဲ့ စကား (၅) ခွန်း”တချို့စကားတွေက ၅ စက္ကန့်ပဲ ကြာပါတယ်။ဒါပေမယ့်…ကလေးတစ်ယောက်ရဲ့ စ...
11/07/2026

“ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို ဖျက်ဆီးနိုင်တဲ့ စကား (၅) ခွန်း”

တချို့စကားတွေက ၅ စက္ကန့်ပဲ ကြာပါတယ်။

ဒါပေမယ့်…

ကလေးတစ်ယောက်ရဲ့ စိတ်ထဲမှာ နှစ်ပေါင်းများစွာ ကျန်နေတတ်ပါတယ်။

❌ “မင်း ဘာမှ မတတ်ဘူး “

❌ “သူများက ပိုတော်တယ် “

❌ “မင်း ဘာမှ ဖြစ်လာမှာမဟုတ်ဘူး “

❌ “ဘာလို့ အမြဲအမှားလုပ်နေတာလဲ “

❌ “တိတ်တိတ်နေ! အသုံးကိုမကျဘူး “

ဒီစကားတွေက…

ကလေးကို ပိုတော်လာအောင် မလုပ်ပေးပါဘူး

သူတို့ ရဲ့ ယုံကြည်မှုကို တဖြည်းဖြည်း လျော့ကျစေပါတယ်

❤️ အဲဒီအစား…

✨ “ထပ်ကြိုးစားကြည့်ရအောင်”

✨ “မင်း တိုးတက်လာတယ် “

✨ “ဒီတစ်ခါ မရသေးရင် နောက်တစ်ခါ ရနိုင်တယ် “

✨ “မေမေ ယုံတယ်… မင်းလုပ်နိုင်တယ် “

ဒိီစကားလေးတွေ က သူတို့ရဲ့ ယုံကြည်မှု ကို ပိုမိုတိုးတက်လာစေပါတယ် 😍

💭 မှတ်ထားပါ…

ကလေးတွေက ကိုယ်ပြောတဲ့ စကားတိုင်းကို မှတ်မိချင်မှ မှတ်မိမယ်…

ဒါပေမယ့် ကိုယ်ပြောတဲ့ စကားကြောင့် သူတို့ ဘယ်လိုခံစားခဲ့ရလဲဆိုတာကိုတော့ အချိန်အကြာကြီး မှတ်မိနေတတ်ပါတယ် ✅

“ကလေးရဲ့ English က ဘာကြောင့် မတိုးတက်တာလဲ?”မိဘတော်တော်များများက❌ “English စာကျက်တာ နည်းလို့”လို့ ထင်ကြပါတယ်။ဒါပေမယ့် အမှ...
10/07/2026

“ကလေးရဲ့ English က ဘာကြောင့် မတိုးတက်တာလဲ?”

မိဘတော်တော်များများက

❌ “English စာကျက်တာ နည်းလို့”

လို့ ထင်ကြပါတယ်။

ဒါပေမယ့် အမှန်တကယ်တော့…

English မတိုးတက်ရတဲ့ အကြောင်းရင်းတွေက

✅ အခြေခံ (Foundation) မခိုင်တာ

✅ မှန်ကန်တဲ့ သင်ကြားနည်း မရတာ

✅ နေ့စဉ် အသုံးမချတာ

✅ ယုံကြည်မှုမရှိတာ

တို့ကြောင့် ဖြစ်ပါတယ်။

WIN Private School မှာတော့…

📖 Foundation ကို အဆင့်လိုက် သင်ကြားပေးပါတယ်။

🗣️ Speaking Skills ကို လက်တွေ့လေ့ကျင့်ပေးပါတယ်။

👩‍🏫 ကျောင်းသားတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်အလိုက် လမ်းညွှန်ပေးပါတယ်။

ကလေးရဲ့ English Foundation ကို စနစ်တကျ တည်ဆောက်ချင်တယ်ဆိုရင် WIN Private School မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📍 WIN Private School

📞 09-408641199 / 09-752442390

05/05/2026

မိမိတို့သားငယ်သမီးငယ်လေးများကိုထူးခြားကောင်းမွန်တဲ့ပတ်ဝန်းကျင်မှာပညာသင်ယူနိုင်ရန်အတွက် ယခုပဲ Win Private School မှာကျောင်းလာအပ်လိုက်တော့နော်

WIN Private Pre & Middle School
ဆက်သွယ်မေးမြန်းလိုပါက
Phone - 09 752 442 390, 09 408 641 199 သို့ ဆက်သွယ်နိုင်ပါတယ်။
Address - အမှတ်(32/33)၊ မဲထီးလမ်း၊ မြင်သာရပ်ကွက်၊ မကွေးမြို့။


Pre IGCSE & IGCSE O Level စတင် လက်ခံနေပါပြီ🌟
11/03/2026

Pre IGCSE & IGCSE O Level စတင် လက်ခံနေပါပြီ🌟

🎓 သင့်ကလေးကို နိုင်ငံတကာစံနှုန်းမီ ထူးချွန်သူတစ်ယောက် ဖြစ်စေချင်ပါသလား?

2026-2027 ပညာသင်နှစ် အတွက် လက်ခံ နေပါပြီ

Win Private Pre & Middle School တွင် အခြေခံပညာအတန်းများ ကို Pre KG မှ Grade 9 အထိ သင်ကြားပေးသည့် အပြင် နိုင်ငံတကာတက္ကသိုလ်ဝင်ခွင့်အတွက် အရေးပါသော Pre-IGCSE & IGCSE O Level အတန်းများကို ပါမောက္ခ ဆရာ ဆရာမကြီး များ Master ဘွဲ့ရ ဆရာဆရာမ ကြီး များ ကိုယ်တိုင် အထူးအလေးပေး သင်ကြားပေးနေပါတယ် 🌟

"Building bright futures by nurturing every child's uniqueness from the very first step." ဟူသော ဆောင်ပုဒ်နှင့်အညီ ကလေးတစ်ဦးချင်းစီ၏ ထူးခြားသော အရည်အချင်းများကို ဖော်ထုတ်ပေးသွားမည်ဖြစ်ပါသည်။

ဆက်သွယ်မေးမြန်းလိုပါက

Phone - 09 752 442 390, 09 408 641 199 သို့ ဆက်သွယ်နိုင်ပါတယ်။
Address - အမှတ်(32/33)၊ မဲထီးလမ်း၊ မြင်သာရပ်ကွက်၊ မကွေးမြို့။

💡 ယခုပင် Enroll ပြုလုပ်ပြီး အခမဲ့ ပညာရေးဆွေးနွေးမှု (Free Counseling) ရယူလိုက်ပါ!

Elevate Your Teaching Career: 2-in-1 Professional Teacher Training Programs 🎓✨WIN Education Hub မှ ဖွင့်လှစ်သော ဆရာအတတ်သ...
07/03/2026

Elevate Your Teaching Career: 2-in-1 Professional Teacher Training Programs 🎓✨

WIN Education Hub မှ ဖွင့်လှစ်သော ဆရာအတတ်သင် အထူးတန်းများ

ကျွမ်းကျင်ဆရာ/မတစ်ယောက်အဖြစ် မိမိ၏ သင်ကြားရေးစွမ်းရည်ကို နိုင်ငံတကာစံနှုန်းမီ မြှင့်တင်နိုင်မည့် အခွင့်အရေးကောင်း လာပါပြီ။ မိမိနှင့် ကိုက်ညီမည့် သင်တန်းကို ရွေးချယ်တက်ရောက်နိုင်ပါတယ်ရှင် 🌸

Course 1: Teacher Training Intensive Course

စနစ်သစ်ပညာရေးနှင့် ကလေးဗဟိုပြုသင်ကြားရေးကို ပိုင်နိုင်လိုသူများအတွက်

🌟 ဘယ်သူတွေ တက်ရောက်သင့်လဲ?

• ဆရာဗဟိုပြုမှ ကလေးဗဟိုပြု (CCA) သို့ ပြောင်းလဲသင်ကြားလိုသူများ။

• International Curriculum နှင့် အစိုးရသင်ရိုးများကို ခေတ်မီနည်းစနစ်ဖြင့် တွဲဖက်သင်ကြားလိုသူများ။

• Effective Lesson Plan နှင့် ဆွဲဆောင်မှုရှိသော Activities များ ဖန်တီးလိုသူများ။

📚 သင်ကြားမည့် Course Outlines:

1. Need Assessment and Introduction to teaching and Learning
2. Teacher presence
3. Grouping Learners and student interaction patterns
4. Eliciting techniques
5. Classroom Language
6. Learner characteristics
7. Cognitive theory and Bloom’s Taxonomy
8. Planning effective lesson
9. Teaching Methods
10. Developing adaptive teaching aids to support learners
11. Assessment types and activities
12. Using appropriate activities in lessons

🏆 Teaching Practice နှင့် Assessment ပြီးစီးသူများအား UK Charity (Mobile Education Partnerships) မှ Certificate ပေးအပ်ပါမည်။

——————————————————————-

Course 2: Cambridge TKT Preparation Course (Modules 1, 2 & 3)

TKT course မှာ ဘာတွေပါသလဲ။

🌸 Module 1 မှာတော့ အပိုင်းသုံးပိုင်းခွဲပြီးလေ့လာမယ်။
Language and background to Language learning and teaching ကတော့ ခေါင်းစဉ်ကြီးဖြစ်ပါတယ်။
Part 1- Describe language and language skills
Part 2- Background to language learning
Part 3- Background to language teaching

🌸 Module 2 မှာတော့ အပိုင်းနှစ်ခုပါရှိပါတယ်။
Lesson planning and use of resources for language teaching
Part 1- Planning and preparation a lesson or sequence of lessons
Part 2- Selection and use of resources

🌸 Module 3 မှာလည်း အပိုင်း ၂ခုခွဲထားပါတယ်။
Managing the teaching and learning process
Part 1- Teachers’ and learners ‘ language in the classroom
Part 2- Classroom management စတဲ့ ခေါင်းစဉ်တွေကိုလေ့လာရမှာပဲ ဖြစ်ပါတယ်။

✅ ဘယ်သူတွေ တက်ရောက်သင့်ပါသလဲ
Skillful English Language Teacher တယောက် အဖြစ် မိမိအရည်အသွေးကို မြှင့်တင်လိုသူများ
နိုင်ငံတကာ အသိအမှတ်ပြု English ဘာသာပြ ဆရာဖြစ်လက်မှတ် ရယူလိုသူများ တက်ရောက်သင့်ပါတယ်။

✅ ဘာတွေလိုအပ်ပါသလဲ ?
တက်ရောက်မည့်သူများအနေဖြင့် English Level B1 ရှိထားဖို့ လိုအပ်ပါတယ်။ သင်တန်းတက်ရောက်မည့်သူများအားLevel Test ပြုလုပ်ပေးပါမည်။

✅ ဘယ်လိုသင်မှာလဲ?
ဝါရင့် trainer မှ လူတွေ့သင်ကြားပေးမည့်အတန်းဖြစ်ပါသည်။


✅ အသုံးပြုမည့် Teaching Method
CCA approach သုံးပြီး active and positive learningenvironment မှာ ထိထိရောက်ရောက်လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါတယ်။

💡 သင်တန်းနှစ်ခုလုံး၏ ထူးခြားချက်များ

• ဝါရင့် Trainer ကိုယ်တိုင် လူတွေ့သင်ကြားပေးမည့် (Face-to-Face) အတန်းများ ဖြစ်ပါသည်။

• CCA Approach ကို အသုံးပြုပြီး Active & Positive Learning Environment တွင် ထိရောက်စွာ လေ့ကျင့်ပေးမည်။

• မြန်မာ/အင်္ဂလိပ် ၂ ဘာသာဖြင့် ရှင်းလင်းပေးမည်ဖြစ်၍ Language Barrier အတွက် စိတ်ပူရန်မလိုပါ။

📅 Class Starts: 23 March 2026

📍 Location: WIN Private School (မြင်သာရပ်ကွက်၊ မဲထီးလမ်း)

⚠️ Limited Seats Available!

မိမိတို့၏ အရည်အသွေးကို အကောင်းဆုံး မြှင့်တင်နိုင်ဖို့ အမြန်ဆုံး ဆက်သွယ်စာရင်းပေးသွင်းလိုက်ပါနော်။

📞 Enquiry: 09408641199,09790790791

အလယ်တန်းပညာရေးမှသည် နိုင်ငံတကာအသိအမှတ်ပြု GED & IGCSE အောင်မြင်မှုအထိ... သင့်ကလေး၏ အနာဂတ်အတွက် စိတ်ချရဆုံးသော တစ်မှတ်တို...
07/02/2026

အလယ်တန်းပညာရေးမှသည် နိုင်ငံတကာအသိအမှတ်ပြု GED & IGCSE အောင်မြင်မှုအထိ... သင့်ကလေး၏ အနာဂတ်အတွက် စိတ်ချရဆုံးသော တစ်မှတ်တိုင် 🌍🎓

မိဘတိုင်းရဲ့ အိမ်မက်ကတော့ မိမိတို့ရဲ့ သားသမီးတွေကို အရည်အသွေးမြင့်မားတဲ့ ပညာရေးနဲ့အတူ တောက်ပတဲ့ အနာဂတ်လမ်းကြောင်းပေါ် တင်ပေးချင်ကြတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အလယ်တန်း (Middle School) အဆင့်ရောက်လာတဲ့အခါမှာတော့ မိဘတော်တော်များများ စိုးရိမ်လာကြတာက -

❓ "Grade 9 ပြီးရင် ဘာဆက်လုပ်ရမလဲ?"
❓ "နိုင်ငံတကာသင်ရိုးတွေကို ကူးပြောင်းတဲ့အခါ ကလေးက လိုက်နိုင်ပါ့မလား?"
❓ "IGCSE/GED တက်ဖို့အတွက် အခြေခံတွေ ခိုင်မာရဲ့လား?" ဆိုတဲ့ မေးခွန်းတွေပါပဲ...

မကွေးမြို့ရဲ့ ပညာရေးကဏ္ဍမှာ ဆန်းသစ်တဲ့ ခြေလှမ်းတွေနဲ့ လျှောက်လှမ်းနေတဲ့ WIN Private Pre and Middle School က ဒီစိုးရိမ်မှုအားလုံးကို အကောင်းဆုံး ဖြေရှင်းပေးလိုက်ပါပြီ...

✨ ဘာကြောင့် WIN Private School ကို ရွေးချယ်သင့်တာလဲ?

၁။ Dual Curriculum Strategy (သင်ရိုးနှစ်ခု၏ အားသာချက်)

ကျွန်မတို့ကျောင်းမှာ အစိုးရသင်ရိုးညွှန်းတမ်း (Government Syllabus) ကို အခြေခံပိုင်နိုင်စေရုံသာမက Cambridge English, Maths နှင့် Science ဘာသာရပ်များကိုပါ စနစ်တကျ တွဲဖက်သင်ကြားပေးပါတယ်။ ဒါဟာ ကျောင်းသားတစ်ဦးအတွက် ဒေသတွင်းပညာရေးမှာ ထူးချွန်စေရုံတင်မကဘဲ ကမ္ဘာ့အဆင့်မီ ပညာရပ်တွေကိုပါ တပြိုင်တည်း ရရှိစေတာဖြစ်ပါတယ်...

၂။ The Seamless Bridge to GED & IGCSE (အနှောင့်အယှက်မရှိ ကူးပြောင်းနိုင်မှု)

အလယ်တန်းအဆင့် (Grade 6 to 9) မှာ Cambridge နည်းစနစ်တွေနဲ့ ရင်းနှီးကျွမ်းဝင်ထားတဲ့အတွက်ကြောင့် ကျောင်းသားတွေဟာ နိုင်ငံတကာအဆင့်မြင့်ပညာရေးလမ်းကြောင်းကို ကူးပြောင်းတဲ့အခါ "ဘာသာစကားအခက်အခဲ" နဲ့ "သင်ကြားမှုပုံစံသစ်" ကြောင့် စိတ်ဖိစီးမှု ဖြစ်စရာမလိုတော့ပါဘူး။

၃။ [Special Update] Grade 9 ပြီးနောက် စိတ်ချရသော အနာဂတ် 🚀

ဒါကတော့ မိဘတွေအတွက် အထူးသတင်းကောင်းပါပဲ။ WIN မှာ Grade 9 အထိ တက်ရောက်ပြီးသွားတဲ့ ကျောင်းသားတွေအနေနဲ့ အပြင်မှာ တခြားကျောင်းတွေ ထပ်ရှာနေစရာမလိုတော့ပါဘူး။ ကျွန်မတို့ကျောင်းမှာတင် GED နှင့် IGCSE အတန်းများကို ဆက်လက်တက်ရောက်နိုင်ဖို့ စီစဉ်ထားပြီးဖြစ်လို့ Pre-KG ကနေ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရရှိတဲ့အထိ တစ်နေရာတည်းမှာတင် (One-Stop Education Hub) အဖြစ် စိတ်ချလက်ချ အပ်နှံနိုင်မှာ ဖြစ်ပါတယ်။

☀️ အခုလာမယ့် နွေရာသီမှာ ဘာတွေ ထူးခြားမလဲ?

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသားသစ်များကို စတင်လက်ခံနေပြီဖြစ်သလို၊ နွေရာသီမှာလည်း အလယ်တန်းကျောင်းသားများအတွက် အထူးရည်ရွယ်ထားတဲ့ "Academic Bridge Program" ကို ဖွင့်လှစ်ပေးထားပါတယ်။ ဒီသင်တန်းဟာ ကလေးတွေရဲ့ Cambridge ဘာသာရပ်ဆိုင်ရာ အခြေခံတွေကို အားဖြည့်ပေးမှာဖြစ်လို့ ကျောင်းဖွင့်ချိန်မှာ သူများထက် တစ်လှမ်းသာနေစေမှာ သေချာပါတယ်။

"သားသမီးတို့ရဲ့ ပညာရေးအတွက် တံတားတစ်စင်း ခင်းပေးဖို့ဆိုရင် ခိုင်မာတဲ့ အခြေခံရှိတဲ့ ကျောင်းကို ရွေးချယ်ဖို့ လိုအပ်ပါတယ်"

သင့်ကလေးကို နိုင်ငံတကာအဆင့်မီ ပညာရေးလမ်းကြောင်းပေါ်မှာ ယုံကြည်မှုရှိရှိ လျှောက်လှမ်းစေချင်တယ်ဆိုရင်တော့ WIN Private Pre and Middle School ကို အခုပဲ လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

📍 ကျောင်းလိပ်စာ: မဲထီးလမ်း၊ မြင်သာရပ်။

📞 09752442390,09408641199

Address

Maehti Street
Magway

Telephone

+9595342390

Website

Alerts

Be the first to know and let us send you an email when WIN Education Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share