31/08/2021
"ရည်ရွယ်ချက်မရှိသူ (သို့) မျိုးစုံကျွမ်းကျင်သူများအကြောင်း "
Multipotentialite သို့ Multi-passionate များ
"မင်းရဲ့ ဘ၀ရည်မှန်းချက်ကဘာလဲ" "မင်းရဲ့ passion ကဘာလဲ" "မင်းရဲ့ အိမ်မက်ကဘာလဲ" "မင်းဘယ်အရာ ဘယ်နယ်ပယ်မှာ စိတ်၀င်စားတာလဲ" စတဲ့ ဒီလိုမေးခွန်းတွေ တော်တော်များများ အမေးခံရဖူးမှာပါ။
အနည်းဆုံးတော့ မိုတီဗေးရှင်း စပိကာတွေရဲ့အပြောတွေမှာ ကြားဖူးကြမှာပါ။ ဒီလိုတွေ အမေးခံရတိုင်း ဘာဖြေရမှန်းမသိလို့ ကိုယ့်ကိုယ်ရှက်မိသလိုလို၊ စိတ်တွေဖိစီးလို့ လမ်းတွေပဲ ပျောက်သလိုလို ခုပဲ ကိုယ့်ရည်မှန်းချက်ကို ထရှာရမလိုလို၊ ကိုယ့် passion ကိုရှာမတွေ့လို့ ဒီပရက်ရှင်တွေ ၀င်ရမလိုလိုနဲ့ အဲ့လို feeling တွေတော်တော်များများခံစားဖူးကြမှာပါ။
ကိုယ့်ရဲ့ ဘ၀ရည်မှန်းချက်တွေ passion တွေ ဘာမှန်းမသိတာကိုလည်း သူများတွေသိသွားရင် "ဘယ်လိုဝေဖန်ကြမလဲ"ကိုယ့်ကိုယ်ကို မလုံမလဲစိတ်တွေ၀င်ပြီး လူကြားကောင်းအောင်ပဲ ထင်ရာမြင်ရာကောက်ဖြေလိုက်ကြတဲ့သူတွေလည်း ရှိမှာပါ။ အဲ့လိုတွေခံစားနေရရင် သေချာပါတယ်။ ဒီလိုခံစားနေရတာ သင်တစ်ယောက်တည်းမဟုတ်ပါ။
သူများကို လမ်းညွှန်ချက်တွေပေးပြီး ကိုယ်တိုင်လမ်းပျောက်နေတဲ့ မိုတီဆရာကြီးတွေ အများကြီးရှိသလို ကိုယ့်ဘ၀ကိုယ်တောင် ဘာဖြစ်ချင်မှန်းမသိ၊ ကိုယ့် passion ဘာမှန်းမသိပဲ Life coach လုပ်နေသူတွေအများကြီးရှိပါတယ်။
ဒါတောင်မလုံလောက်သေးရင် သင်တန်းကျောင်းကြီးဖွင့် ESL teacher လုပ်နေတဲ့ ကျွန်မတောင် ဘ၀မှာ ဘာဖြစ်ချင်မှန်းမသိသလို ကိုယ့် passion တောင် ဘာလဲမသိခဲ့ပါ။ စိတ်အားတက်သွားပြီမဟုတ်လား။ ဒါဆို ဒီစာကို အစကနေ အဆုံးထိဆက်ဖတ်ကြည့်ပါ။
"Me with Multi-passionate"
ကျောင်းသားတွေကို အင်္ဂလိပ်ဘာသာစကား သင်ခန်းစာထဲက ဘဝရည် မှန်းချက်ခေါင်းစဉ် သင်တိုင်း "What do you want to be? What's your passion?" လို့ပြန်အမေးခံရတိုင်း
Bussiness
Education
IT
Mental health
Neuro biology
Coaching
Travelling
Vlogger
Minimalism
Buddhism
Mystery
Philosophy
Scientist
Writer( author)
စတာတွေကို တစ်ခုမဟုတ်တစ်ခု အဖြေပေးလေ့ရှိပါတယ်။ တစ်ခါမေးရင် အဖြေတစ်ခုပါ။ သုံးခါမေးရင် အဖြေ ၃ ခုထွက်ပါတယ်။ ဘယ်တော့မှ တစ်ခုတည်းကိုပဲ လေးလေးနက်နက် "ငါဒါဖြစ်ချင်လှပါချည်ရဲ့၊ ငါ့ရည်ရွယ်ချက်က ဒါဟဲ့" ဆိုပြီး မရှိပါဘူး။ မေးတဲ့သူကို အလေးအနက်မထားပဲ ရမ်းသမ်းလျှောက်ဖြေနေတာလားဆိုတော့လည်း မဟုတ်ပါဘူး။
တကယ် အဲ့နယ်ပယ်အစုံကို စိတ်၀င်စားလို့ နယ်ပယ်စုံလုပ်ချင်လို့ တကယ်အလေးအနက် အမှန်အတိုင်းဖြေနေတာပါ။ နောက်ထပ်လည်းကျွန်မစိတ်၀င်စားတဲ့ အရာတွေရှိကောင်း ရှိလာနိုင်ပါတယ်။
ဒါပေမယ့် "what’s your passion? What are you passionate about? " လို့ အမေးခံရတိုင်းတော်တော်ပြဿနာတက်ပါတယ်။ အဲ့မေးခွန်းတွေ အမေးခံရပြီဆို ၂ ပတ် ၃ ပတ်လောက် ဒီပရက်ရှင်၀င်ပါတယ်။ လမ်းတွေလည်း တော်တော်ပျောက်ပါတယ်။
Life coach တွေ Motivational speaker တွေရဲ့coaching တွေ speech တွေနားထောင်တိုင်း မိုတီသင်တန်းတွေ တက်မိတိုင်း coaching speech တွေကြားမိတိုင်း ကျွန်မ အခြေနေတွေ ပိုပိုဆိုးလာပါတယ်။ ကိုယ့်ကိုယ်ကို အပြစ်တစ်ခုလုပ်ထားသလို ခံစားရပါတယ်။ ကိုယ့်ကိုယ်ကို ashamed ဖြစ်လာပြီး self confidence
တွေလည်း ပျောက်လာပါတယ်။ နောက်ဆုံး ဒီပရက်ရှင်တွေရပြီ ကိုယ့်ကိုယ်ကိုပျောက်ဆုံးသလို ခံစားလာရပါတယ်။
Life coach တွေ Motivational speaker တွေတော်တော်များများက focus တစ်ခုခု မဟုတ်ရင် ကိုယ့်ရဲ့ niches ကိုဘောင်ကျဉ်းအောင်ပဲ လုပ်ခိုင်းတာများတော့ ကိုယ့်လို နယ်ပယ်မျိုးစုံ အကြောင်းအရာမျိုးစုံ စိတ်အားထက်သန်သူအတွက်တော့ လုံး၀အဆင်မပြေတဲ့အပြင် ဒီပရက်ရှင်ပါရစေပါတယ်။
ငါများ တစ်ခုခုမှားနေလားဆိုပြီး ကိုယ့်ကိုယ်ကိုသံသယတွေဝင်၊ သံသယဝင်တိုင်းလည်း အကြိမ်ကြိမ် brainstorm လုပ်ပြီး ကိုယ့်ကိုယ်ကို အမြဲပြန်ပြန်ရှာဖွေကြည့်မိပါတယ်။ အဖြေတော့ မထွက်ပါဘူး။
တစ်နေ့ ထမင်းစားနားချိန် နားထောင်နေကျ podcast ထဲကတစ်ခုဖြစ်တဲ့ Being Boss with Emily Thompsom လွှင့်တဲ့ "Being a multi-passionate Creative Entrepreneur with D'ana Joi Spencer and Dana Kaye " ကိုနားထောင်မိမှ Multi-passionate ဆိုတဲ့ စကားလုံးကြီးကို သွားသတိထားမိသွားတယ်။ ဟုတ်ပ ဘာလို့ အဲ့စကားလုံးကို မတွေးမိပါလိမ့်။ Multi-passionate တဲ့။ မျိုးစုံ စိတ်ပါဝင်စားသူ စိတ်အားထက်သန်သူ လို့အဓိပ္ပာယ်ရပါတယ်။
အဲ့စကားလုံးသုံးပြီး ပြန်မွှေနှောက်ကြည့်တော့မှ တဖြည်းဖြည်းနဲ့ အကြောင်းအရာတွေကို ပိုဆက်စပ်မိလာတယ်။ နောက်ဆုံး Puttylike web ကစာကြီးဖတ်မိပြီးမှ multipotentialite ဆိုတဲ့စကားလုံးသိလာတယ်။ multi potentialite နဲ့ပတ်သက်တဲ့ resources တွေလည်း များများစားစား ရှိတာလည်း မတွေ့ရပါ။ ရှိသမျှ resources တွေကနေ တစ်ဆင့် စာအုပ်တွေ လေ့လာဖတ်မှတ် personality test တွေပြန်ဖြေ multipotentialite သို့ polymath အကြောင်းတွေ ပြန်လှန်လှော ဖတ်မိတော့မှ "ငါ့ passion ကဘာလဲ" "ငါ့ goal&purpose ကဘာလဲ" ဆိုတဲ့အဖြေတွေ့ပါတော့တယ်။ ကိုယ့်ကိုယ်ကိုလည်း ပြန်လည် ရှာဖွေတွေ့ရှိလာပါတော့တယ်။
ကျွန်မတို့လို type တွေ ရှာနေတဲ့ အဖြေတွေကို life coach တို့ motivational speaker တို့ လိုတွေမှာ မရနိုင်ပါ။
ကံကောင်းထောက်မလို့ multipotentialite အကြောင်းလေ့လာဆည်းပူးထားတဲ့ coach မျိုးနဲ့တွေ့ရင်တော့ တော်တော်လေး ဘ၀တစ်ဆင့်တစ်ချိုးပြောင်းသွားနိုင်ပါတယ်။
အများအားဖြင့် COACH တွေရဲ့ လက်သုံးစကားက
"narrow down your niches", "Find your niche" , "Grab one", "Pick one and go for it" ,"combine it,find the way to narrow it".
ကိုယ့်ရဲ့ passion ကိုရှာ။ ကိုယ့်ရဲ့ calling နောက်ကိုလိုက်။ ကိုယ်ဘာစိတ်ဝင်စားလဲ။ ဘယ်အရာမှာ စိတ်အားထက်သန်လဲ။ တစ်ခုပဲ ရွေးပြီး သေတဲ့အထိ အဲ့နောက်ကိုလိုက်စတဲ့ အသုံးတွေသာ လက်ကိုင်သုံးလေ့ရှိပါတယ်။
အချို့သူတွေအတွက်တော့ ဘောင်ကျဉ်းအောင်လုပ်ခိုင်းတာတွေ တစ်ခုကိုပဲစွဲမြဲအောင် ဆုပ်ကိုင်ခိုင်းတာတွေ ရည်မှန်းချက်တစ်ခုပဲ ထားခိုင်းတာတွေ၊ နယ်ပယ်တစ်ခုထဲမှာပဲ နှစ်မြုပ်ခိုင်းတာတွေ၊ အထူးသဖြင့် specialist ဖြစ်အောင် ဘောင်သွင်းခိုင်းတာတွေက လုံး၀ကို အဆီအငေါ်မတည့်ပဲ အနာနဲ့ဆေး တလွဲဖြစ်စေသလို ကိုယ့်ကိုယ်ကို ညှင်းပန်းနှိပ်စက်စေရာကျပါတယ်။
အဲ့လို coach အလုပ်ခံရလို့ ကျွန်မကိုယ်တိုင်လည်း ဟိုမရောက် ဒီမရောက်နဲ့ ကိုယ့်ရဲ့ အရှိတရား ဖြစ်တည်မှုတွေ ပျောက်ဆုံးပြီး လမ်းပျောက်ရုံသာမက ကိုယ်တိုင်ပါပျောက်ဆုံးသလိုဖြစ်သွားခဲ့ဖူးပါတယ်။
ဒီ့အပြင်မှာ ကိုယ့်လို လူမျိုးတွေ ကိုယ့်လို ခံစားနေရတဲ့သူတွေလည်း မလွဲဧကန်ရှိနေတာကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုပြန်လည်ရှာဖွေတွေ့ရှိပြီး ကိုယ့်ဖြစ်တည်မှုကို လက်ခံနိုင်အောင် ဒီလူ့ဘောင်မှာ multipotentialite တွေအများကြီးရှိကြောင်း၊ ဒီလူ့အဖွဲ့အစည်းမှာ သင်တစ်ယောက်တည်းမဟုတ်ဘူး" ဆိုတဲ့အကြောင်းတွေ သိအောင် ဒီစာကို ရေးသားပေးလိုက်ပါတယ်။
Multipotentialite (စွမ်းရည်မျိုးစုံရှိသူ) သို့ ရည်မှန်းချက်မရှိ
သူများအကြောင်း - အပိုင်း(၁)
--------------------------------------------------------------
အကြောင်းအရာအမျိုးမျိုးမှာ စိတ်၀င်စားသူ၊ အလုပ်တစ်ခုပြီးတစ်ခုပြောင်းလုပ်တတ်သူ၊ အလုပ် ၃၊၄ ခုကို တစ်ပြိုင်တည်းလုပ်တတ်သူ၊ နယ်ပယ် တစ်ခုထက်ပိုပြီးစိတ်၀င်စား လေ့လာဆည်းပူးတတ်သူတွေ ကို Multipotentialite(မာထီပိုထန်ရှယ်လိုက်) လို့ခေါ်ပါတယ်။
Multipotentialite နဲ့ အသုံးအနှုန်းတူ အဓိပ္ပာယ်ဆင်တဲ့ စကားလုံးတွေလည်းရှိပါသေးတယ်။ ကိုယ့်အမျိုးအစားနဲ့ ကိုက်ညီတဲ့ စကားလုံးကို ယူပြီး နာမည်တပ်သုံးလို့ရပါတယ်။
Multi-passionate - အကြောင်းရာစုံ စိတ်ဝင်စားသူ
Polymatch - ဗဟုသုတနှံ့စပ်သူ
Renaissance person - အကြောင်းရာစုံသိရှိစိတ်၀င်စားသူ
Jack of all trades - အလုပ်အမျိုးမျိုးလုပ်ကိုင်နိုင်သူ၊စွယ်စုံရသူ
Scanner - ယျေဘုယျနှံ့စပ်သူ( dictionary မှာရှာမ
တွေ့လို့ အနီးစပ်ဆုံး ထွင်ထားတာပါ)
Generalist- အထွေထွေ ကျွမ်းကျင်သူ
ဒီမှာတော့ Multipotentialite အနေနဲ့ပဲ အသုံးပြုရေးသား သွားပါမယ်။
---------------------------------------------------
Subscribe my channel
https://youtube.com/channel/UCCq5WNCIK0k2SRJo7E0yppQ
အမျိုးအစား အသေးစိပ်ရှင်းပြချက် video vlog - https://fb.watch/8QsWGCffMF/
အပိုင်း ၂ ဒီလင့်မှာ ဆက်ဖတ်ရန်.....
https://www.facebook.com/108431654838533/posts/131920479156317/?sfnsn=mo
အပိုင်း ၃ ဒီလင့်မှာ ဆက်ဖတ်ရန်.....
https://www.facebook.com/108431654838533/posts/132322029116162/
အပိုင်း ၄(ပထမပိုင်း)ဒီလင့်မှာဖတ်ရန်
https://www.facebook.com/108431654838533/posts/132978905717141/?d=n
အပိုင်း-၄ ဒုတိယပိုင်း ဒီလင့်မှာ ဆက်ဖတ်ရန် ......
https://www.facebook.com/108431654838533/posts/134643515550680/?d=n
multipot တွေရွေးချယ်လို့ရတဲ့အလုပ်ပုံစံ အသေးစိပ်ရှင့်ပြချက်ပါတဲ့ video file
https://fb.watch/8N-08MCHgk/
Multipot,scanner,generalist,polymatch အကုန် ဒီအမျိုးအစားထဲဝင်သူတွေအတွက် group ဖွဲ့ထားပေးပါတယ်။ type တူအချင်းချင်း story တွေရှယ်ပြီးအချင်းချင်း အားပေးထောက်မ ကူညီနိုင်အောင် အပြန်အလှန် Guide ပေးလမ်းညွှန်မှုရယူနိုင်စေဖို့ ရည်ရွယ်ပါတယ်။ ဒီ type ထဲ အကျုံးဝင်သူမှန်သမျှ အကုန် joinလို့ရပါတယ်။ Lvx 💛
https://www.facebook.com/groups/517124192662623/
Maw(Me as a multi-passionate)