Happy Heart

Happy Heart Preloved bags / 💯 Authentic

🙏🙏🙏
07/11/2022

🙏🙏🙏

19/10/2021
05/06/2021

“Screen time”
တိုးတက်ခေတ်မီလာတဲ့ ဒီနေ့ခေတ်မှာ ဘေဘီလေးတွေဟာ smart phone/I pad/Tablets/Gaming
System စတာတွေနဲ့ ရင်းနှီးကျွမ်းဝင်လွယ်လာကြပါတယ်။ဘေဘီလေးတွေဆိုရင်လည်း တချို့မေမေတွေက
ထမင်းကျွေးတဲ့အခါ ငြိမ်အောင် ဖုန်းပြရင်း/တီဗွီပြရင်း
အစာကျွေးမိတတ်ကြပါတယ်။အဲလို screen time
စောစောပေးလိုက်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာက
ဘေဘီလေးတွေ တစ်နှစ်ကျော်အရွယ်ကစပြီး
screen time ကို တစ်ချိန်လုံးလိုချင်လာပြီး ဖုန်းမပေးရင်
တီဗွီမပြပေးရင် ဝုန်းဒိုင်းကျဲသောင်းကျန်းဂျီကျပူဆာ
လာပါတော့တယ်။အဲဒီအခါ ခဏတာ စိတ်ကျေနပ်အောင်
ဂျီမကျအောင် screen time ပြန်ပေးမိရင်းနဲ့ နှစ်ကြာလာ
တဲ့အခါ အဲ့ကလေးဟာ ဖုန်းစွဲနေတဲ့ gameစွဲလန်းတဲ့
ကလေးဖြစ်လာပါတော့တယ်။
The American Academy of Pediatrics (AAP)က
၁၈လအောက်ဘေဘီလေးတွေကို screen timeလုံးဝ
မပေးသင့်သေးပါဘူးလို့ အကြံပြုထားပါတယ်။ရုပ်မပါ
တဲ့ သီချင်းဖွင့်ပေးတာမျိုးပဲ ပြုလုပ်သင့်ပါတယ်။၁၈လ
အထက်ကလေးတစ်ယောက်ဟာ တစ်ရက်မှာ screen
time တစ်နာရီပဲ ပေးသင့်တယ်လို့လည်းAAPက အကြံပြု
ထားပါသေးတယ်။Screen time စွဲလန်းသွားတဲ့ ကလေး
တစ်ယောက်ဟာ
(၁)သူတို့ရဲ့ ဖုန်းသုံးချိန်/gameကစားချိန်ကို
မထိန်းချုပ်နိုင်ဘဲ ဖြစ်သွားတတ်ပါတယ်။
(၂)တစ်ချိန်လုံး gameအကြောင်းဘဲတွေးပြီး တခြား
အရာတွေအပေါ်စိတ်ဝင်စားမှုလျော့နည်းလာပါတယ်။
(၃)ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းလာပါတယ်။
(၄)မိဘစကားကို နားမထောင်တော့ဘဲ ရိုင်းစိုင်းလာပါတယ်။
(၅)စိတ်အလိုမကျတိုင်း အရွယ်နဲ့မလိုက်အောင်သောင်း
ကျန်းလာတတ်ပါတယ်။
ဒါကြောင့် ကျောင်းနေအရွယ် ခြောက်နှစ်အထက်
ကလေးတွေကို screen time ပေးတဲ့အခါ ပစ်မထားဘဲ
သူတို့ဘယ်အရာကို စိတ်ဝင်တစားကြည့်နေသလဲဆိုတာ
စောင့်ကြည့်သင့်ပါတယ်။ဖုန်းကြည့်တာ ဂိမ်းကစားတာ
သတ်မှတ်ချိန်ပြည့်သွားတဲ့အခါ အမိန့်ပေးရပ်ခိုင်းတာမျိုး
မလုပ်ဘဲ သူတို့နဲ့အတူတူလိုက်ကြည့်ရင်း ဂိမ်းကိုအဆုံး
သတ်တဲ့အထိ ပြီးအောင်စောင့်ဆိုင်းပြီးမှ ပိတ်ခိုင်းပါ။
အဲဒီအချိန်မှာ မိဘကဘေးကနေ သူတို့နဲ့အတူတူ သူတို့
ကစားတာကို စောင့်ကြည့်ပေးပါ။သူ့အလိုလို ရပ်သွား
ပါလိမ့်မယ်။
ငယ်ရွယ်တဲ့ တစ်နှစ်အောက်ဘေဘီလေးတွေကို
screen timeစောစောပေးလိုက်ရင်
(၁)စကားပြောအဆိုပိုင်းမှာပြဿနာဖြစ်လာနိုင်ပါတယ်။
သူတို့ကြည့်နေတဲ့ videoထဲက စကားပဲပြောပြီး မှန်ကန်
တဲ့စကားလုံးပြောဖို့ နောက်ကျတတ်ပါတယ်။
(၂)အိပ်စက်ချိန် ကမောက်ကမဖြစ်တတ်ပါတယ်။
(၃)အပြုအမူပိုင်းဆိုင်ရာ ပြဿနာဖြစ်လာတတ်ပါတယ်။
လိုချင်တာကို စကားလုံးနဲ့မပြောတတ်သေးပေမဲ့
ပူဆာတာမရရင် အော်ဟစ်ငိုယိုပြီး ဘေးနားကလူကို
ရိုက်ပုတ် သောင်းကျန်းတတ်ပါတယ်။
ဒါကြောင့် ကလေးတွေကို မအိပ်ခင် တစ်နာရီအလို
ကစ ဖုန်း/TV ကြည့်ခွင့်မပြုသင့်တော့ပါဘူး။ကျောင်း
နေအရွယ်ကလေးတွေအနေနဲ့ ဖုန်း/Tv ကြည့်တာဟာ
အိမ်အလုပ်ပြီးမှ ဒါမှမဟုတ် အိမ်စာပြီးမှ ကြည့်ရတဲ့
အရာဖြစ်တယ်ဆိုတာ သင်ပေးထားရပါမယ်။
ဘေဘီလေးတွေ Screen time မစွဲလန်းရလေအောင်
(၁)ဖုန်း/TVပြရင်း အစာလုံးဝမကျွေးပါနဲ့။
(၂)TVကိုဖွင့်ပေးပြီး တစ်ယောက်တည်းကြည့်ခိုင်းတာ
မေမေက အိမ်အလုပ်တွေလုပ်နေတာမျိုး မလုပ်ပါနဲ့။
ဘေဘီလေးနဲ့အတူတူ learning videoကြည့်ပြီး
အမူအရာနဲ့ အတူဆို/အတူက တာမျိုးလုပ်ပေးရင်
ကလေးက TVအပေါ်အာရုံနည်းသွားပြီး မေမေနဲ့အတူ
ဆို/က ရတာကို ပိုပျော်သွားပါလိမ့်မယ်။
(၃)No screen စီစဉ်ပေးပြီး မိသားစုလိုက် အိမ်အပြင်
လမ်းလျှောက်တာမျိုး ကိုယ်လက်လှုပ်ရှားမှုရှိအောင်
အချိန်ဖြုန်းပေးပါ။မိဘတွေအနေနဲ့ ကိုယ့်သားသမီး
screen timeမယူဖြစ်အောင် ဒါမှမဟုတ် နည်းနိုင်သမျှ
နည်းအောင် သူတို့နဲ့အတူတူ စကားစမြည်ပြောပေးတာ
activities လုပ်ပေးတာမျိုးလည်း မကြာခဏပြုလုပ်
ပေးသင့်ပါတယ်။
(https/www.kidshealth.org
https/www.medical.net)
ညနေမိုး(ကလေး)

https://www.facebook.com/groups/422719225565547/permalink/436248140879322/
Adminရဲ့ groupလေးထဲမှာ မေမေတွေအနေနဲ့ ဘေဘီ
လေးတွေကို screen time ဘယ်လို controlလုပ်ပေးဖြစ်
လဲဆိုတာ ဝေမျှပေးကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

 #ပတ်ဝန်းကျင်ဟာအရေးကြီးပါတယ်ရွှေဆိုင်နားနီးတဲ့ အပင်ကတော့ တန်ဖိုးထား ရွှေချခံရပြီး...ဓားဆိုင်နားနီးတဲ့ အပင်ကတော့ ဓားခုတ်စ...
14/12/2020

#ပတ်ဝန်းကျင်ဟာအရေးကြီးပါတယ်

ရွှေဆိုင်နားနီးတဲ့ အပင်ကတော့ တန်ဖိုးထား ရွှေချခံရပြီး...
ဓားဆိုင်နားနီးတဲ့ အပင်ကတော့ ဓားခုတ်စမ်း ခံရတယ်...

ဘဝ မှာ ကိုယ်နေတဲ့ ပတ်ဝန်းကျင် က ကိုယ့်ကို
အသုံးချခံရတာချင်းတူရင်တောင်
အရောင်ထွက်တာချင်း နစ်မွန်းတာချင်းတော့ကွာတယ်......

သစ်ပင်တွေက သူတို့ ဖြစ်တည်မှုအရ ရွေ့မရပေမယ့်
သင်က လူသားပါ..... အနစ်နာခံပြီး ဘဝ ပဲ့ပါသွားပေမယ့်
ကိုယ်တိုင်လည်းဘဝပျက် ၊ အရောင်မထွက်
ကျေးဇူးတရားပါ အစော်ကား ခံရတဲ့ ဖြစ်တည်မှု မျိုးကနေ
ရုန်းထွက် နိုင်အောင် ကြိုးစားလိုက်ပါ................

ကိုယ့်တန်ဖိုးကိုမသိတဲ့သူတွေကြားနစ်မွန်းနေမယ့်အစား
တန်ဖိုးထားပြီး ရွှေချထားမယ့် ပတ်ဝန်းကျင်တစ်ခုဆီ
ရောက်အောင်သွားလိုက်ပါ..........................

အနည်းဆုံးတော့ ကိုယ့်ဖြစ်တည်မှုကို
ကိုယ်တိုင် ကျေနပ်တဲ့သူဖြစ်ပြီး
ကိုယ့်ကိုအသုံးချစမ်းသပ်တဲ့ သူတွေရဲ့
ဓားချက်တွေ မခံရတော့ဘူးပေါ့.....

ရုန်းထွက်နိုင်အောင်ကြိုးစားပါ😘😘😘

Cretid to
#သကျနွယ်ရှင်
Photos

မင်္ဂလာရှိသော နံနက်ခင်းလေးပါ။🙏🙏🙏``ဘုရားရှိခိုး´´နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။{၃} ခေါက်``မေတ္တာ {၁၁}နည်း ပွားပုံ´...
04/12/2020

မင်္ဂလာရှိသော နံနက်ခင်းလေးပါ။
🙏🙏🙏
``ဘုရားရှိခိုး´´

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
{၃} ခေါက်

``မေတ္တာ {၁၁}နည်း ပွားပုံ´´

၁။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၂။ ကြောက်တတ်,မကြောက်တတ်၊ နှစ်ရပ်များစွာ၊
သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၃။ မြင်အပ်,မမြင်အပ်၊ နှစ်ရပ်များစွာ၊
သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၄။ ဝေးနေ,နီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၅။ ဘဝဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ၊ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၆။ ရှည်-တို-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၇။ ကြီး-ငယ်-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၈။ ဆူ-ကြုံ-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။

၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ၊ ဘယာဝေး၍ အေးပါစေ။

``အမျှဝေ´´

ယနေ့ယခု ပြုလုပ်အားထုတ်ရသော

ကောင်းမှုကုသိုလ်တို့၏ အဖို့ဘာဂကို

အလုံးစုံသော ဝေနေယျ သုခိတ ဒုက္ခိတ

သတ္တဝါအပေါင်းတို့အား အမျှကုသိုလ်ပေးဝေပါ၏၊

အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ

ချမ်းသာကြသည် ဖြစ်ကြပါစေကုန်လော့။

ကုသိုလ် အမျှ အမျှ အမျှယူတော်မူကြပါကုန်လော့။

သာဓု သာဓု သာဓု {၃}ခေါက်။

``ဆုတောင်း´´

ယနေ့ယခု ပြုလုပ်အားထုတ်ရသော

ကောင်းမှုကုသိုလ်ကံ စေတနာတို့ကြောင့်

မရှိဟူသောစကား မကြားရ၍

အလှူရေစက် လက်နှင့်မကွာ

ပေးကမ်း လှူဒါန်းနိုင်ပြီး

ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာအမှန် မြတ်နိဗ္ဗာန်၏

အထောက်ပံ့ကောင်း ဖြစ်ရပါလို၏ အရှင်မြတ်ဘုရား။

အရှင်ခေမာသီရိ {ဓမ္မမာမက} ရေးသား ပူဇော်ပါသည်။

" ပံ့သကူ " ပစ်ပါ🌕တန်ဆောင်မုန်း လပြည့်ည ၁၂ နာရီမှာ ပံ့သကူပစ်ပါ။ ( တခြားအချိန်လည်း ပစ်လို့ရပါတယ် )ကိုယ်ပြန်ရမယ့် စီးပွား လ...
29/11/2020

" ပံ့သကူ " ပစ်ပါ

🌕တန်ဆောင်မုန်း လပြည့်ည ၁၂ နာရီမှာ ပံ့သကူ
ပစ်ပါ။ ( တခြားအချိန်လည်း ပစ်လို့ရပါတယ် )

ကိုယ်ပြန်ရမယ့် စီးပွား လာဘ်လာဘ ကိုမမျှော်ကိုးပဲ
စိတ်စေတနာ သန့်ရှင်းစွာ ပံ့သကူပစ်ပါ။

အစစအရာရာ ကြပ်တည်းလာတဲ့ ခေတ်မှာ
ပံ့သကူပစ်ပါ ရတဲ့ သူ ပျော်ရွှင်ပါစေ။

ငွေပမာဏ နဲသည် ဖြစ်စေ ၊ များသည်ဖြစ်စေ
ပစ္စည်း နဲသည်ဖြစ်စေ၊ များသည်ဖြစ်စေ

ကိုယ် တတ်နိုင်သည့် ပမာဏလေးကို စေတနာ များစွာဖြင့် ပံ့သကူပစ်ပါ။

နောင်ဘဝရမည့်ကုသိုလ်၊ ယခုရမည့် ကုသိုလ် အသာထား ကြပ်တည်းနေကြတဲ့ အချိန်မှာ
ကိုယ့် ပံ့သကူလေးကြောင့် ရတဲ့သူပျော်သွားရင်

ကိုယ်ပီတိဖြစ်ရတာက အခုချက်ခြင်းရတဲ့
အကျိုးကျေးဇူးပါပဲ။

သူခိုးကြီးညမှာ စနောက်ပြီး ကျီးမနိုးပွဲလုပ်ကြသလို။

ပံ့သကူပစ်ပွဲ အစဉ်အလာလေးလဲ ဆက်ထိန်းသိမ်းကြပါစို့နော်။

ငွေ ၅၀၀ ဖြစ်စေ၊ ဆန်အိတ် သေးသေးလေးဖြစ်စေ
ဖန်ခွက်လေး တစ်ခုဖြစ်စေ ပံ့သကူပစ်ပါသည်လို့ စာလေးရေးပြီး ပံ့သကူပစ်ကြပါနော်။

ပံ့သကူရတဲ့ သူကလည်း မည်သူမည်ဝါပေးမှန်းမသိတော့ ဦးဘယ်သူက၊ ဒေါ်ဘယ်သူက ငါ့ကို ပေးကမ်းထားတာပဲဆိုတဲ့ အကြွေးလို ခံစားရမည့်အသိ
ကျေးဇူးကြွေး ဝန်ထုပ်ဝန်ပိုးလည်း မရှိတော့ဘူး။

သူလည်း လွတ်လပ်စွာ ပျော် ကိုယ်လည်း ပုဂ္ဂိုလ်စွဲမရှိ ဖြူစင်စွာလှူ ဘယ်လောက် ဖြူစင် အေးချမ်းလိုက်သလဲ။

ပံ့သကူပစ်တဲ့ အခါ
ဗုံးလား၊ မသမာတဲ့ ပစ္စည်းလား ဆိုပြီး
မြင်တဲ့သူ စိတ်မပူရအောင်

ကိုယ်လှူမယ့် ပစ္စည်းက
၁။ အိတ်နဲ့ ထည့်မှ ရမည်ဆိုလျှင် ကြွပ်ကြွပ်အိတ် အကြည်သုံးပေးပါ။

၂။ အိတ်မလိုရင် ဒီအတိုင်းလေး ပစ်ပါနော်

အထူးအရေးကြီးတာက
"ပံ့သကူပစ်ပါသည်" ဆိုတဲ့ စာလေး ကပ်ထားပေးနော်
ရတဲ့သူတွေ ဘေးကင်းပြီး သောက ကင်းစွာ
ရယူနိုင်ကြပါစေ။

🌕 တန်ဆောင်မုန်း လပြည့်ညမှာ
ပံ့သကူပစ်တဲ့ အစဉ်အလာလေး ပိုပြီးတွင်ကျယ်လာအောင် တစ်ဖက်တစ်လမ်းက ပါဝင်ကြမယ်နော်။

ရယူတဲ့ ပျော်ရွှင်မှုထက် ပေးကမ်းလို့ရတဲ့ ပျော်ရွှင်မှုက ပိုအေးချမ်းရတယ် မဟုတ်လား။

ကဲ 🗣️ကိုယ်ချစ်ခင်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို mention 💬💬 ခေါ် အသိပေးလိုက်ပါအုံးနော်

မူရင်းရေးသားသူအားလေးစားစွာ credit ပေးပါသည်



တန်ဆောင်မုန်း လပြည့်နေ့က
၁၃၈၂ခုနှစ်၊ (29.11.2020) တနင်္ဂနွေနေ့။

🤦‍♀️ အနီးနားမှာ ရှိပြီး သတိမထားမိတဲ့ အရာ🤷‍♀️အဲ့ဒါဘာလဲဆိုတော့ ပုံထဲမှာ မြင်နေရတဲ့ရေခဲပါပဲ💁ရေခဲ ဘယ်လောက်တောင် အသုံးဝင်လဲ ပ...
16/05/2020

🤦‍♀️ အနီးနားမှာ ရှိပြီး သတိမထားမိတဲ့ အရာ🤷‍♀️

အဲ့ဒါဘာလဲဆိုတော့ ပုံထဲမှာ မြင်နေရတဲ့ရေခဲပါပဲ💁

ရေခဲ ဘယ်လောက်တောင် အသုံးဝင်လဲ ပြောပြမယ်

✍ အဆီပြန်လွန်တဲ့ skin

✍ ချွေးပေါက်ကျ​ယ်တဲ့ skin

✍ smile line/ eye line ရှိနေတဲ့ skin

✍ အသက်အရွယ်ရလာလို့ အရေကြောင်းလေးတေဖစ်လာတဲ့ skin

✍ မျက်နှာ အသားလျော့တွဲတတ်တဲ့ skin

✍ အသားအရမ်းခြောက်လွန်းတဲ့ skin

အဲ့ထဲက သဲတို့ချစ်တို့က ဘယ်skin အမျိုးအစားထဲမှာ ပါနေလဲ🤔

အဲ့skinတေထဲက တစ်မျိုးမျ်ိုးထဲ ပါနေပြီလား😳

စိတ်မပူပါနဲ့ ရေခဲတုံး ရှိရင် အဲ ပြသနာတေအတွက် စိတ်ပူစရာမလိုဘူး😉

ကဲ ရေခဲတုံးကဘာလုပ်ပေးမာလဲ😏?

ဘာဖစ်မှာလဲ😏?

Ok အဲ့ skinပြသနာတေကို ငါ(ရေခဲတုံး)က တိုက်ဖျက်ပေးမှာကွ😎

😱😱😱Wow

ဟုတ်ပါတယ် သင့်ပြသနာတေကို ရေခဲတုံး ရှိရုံ သူတမျိုးထဲကပဲ ဖြေရှင်းပေးမှာပါ💁

ဘယ်လို လုပ်ရမလဲ ဘယ်လိုသုံးရမလဲ🙄

Ok ပြောပြမယ်😒

ရေခဲတုံး တစ်လက်မအရွယ်အစားအတုံး ၂တုံးပဲလိုပါတယ် အဲ့ထက်အရွယ်ကြီးရင် တစ်တုံး ရှိရုံနဲ့ရပါတယ်

🗣 အရင်ဆုံး ညအိပ်ခါနီး မျက်နှာ စင်ကြယ်အောင် ဆေးပါ

🗣 မျက်နှာသစ်ပြီး မျက်နှာ ရေသုတ်ပါ

🗣 တစ်လက်မခန့်ရှိတဲ့ ရေခဲတုံးဆိုရင် ၂ခဲဲ လ်ိုပါမယ် အတုံးကြီးရင်တစ်ခဲဆိုရပါတယ်

🗣 မျက်နှာ ခြောက်အောင်သုတ်ပြီးတာနဲ့ ရေခဲတုံးနဲ့ မျက်နှာပြင်အနှံ့ ပွတ်တိုက်ပေးပါ(ကျဥ်တော့ နဲနဲ စပွတ်ရင်ကျဥ်ပါလိမ့်မယ်)

🗣 အရေးအကြောင်းရှိသူတေ smile line/ eye lineရှိသူများက အဲ့နေရာတေကို အဓိကထားပွတ်တိုက်ပေးပါ (ဖြေဖြေးညင်ညင်သာသာပွတ်ပါ)

🗣 ရေခဲတုံး သေးရင်၂တုံး ကြီးရင် တစ်တုံးနဲ့ ပွတ်ရင်း သေးပြီး ပျောက်သွားသည်ထိ ပွတ်တိုက်ပါ

🗣 ရေခဲတုံးကုန်သွားသည်ထိပွတ်တိုင်ပြီးတာနဲ့ သဘက်အနုလေးနဲ့ ညင်သာစွာ သုတ်လိုက်ပါရှင်

ကဲ ဒီလိုနေ့စဥ်ညအိပ်ယာဝင်ခါနီးတိုင်းလုပ်ပေးမယ်ဆို ရင် ရှင်တို့ရဲ့ ပြသနာတေ ထွက်ပြေးသွားပါလိမ့်မယ်နော်😉

အမျိုးသမီးအတွက်ပဲ မဟုတ်ပါ အမျိုးသားတွေ အတွက်ရော အသုံးပြုနိုင်ပါတယ်

အားလုံးပဲ ဖတ်ပေးလို့ကျေးဇူးပါနော်

ထာဝရ သဘာဝနဲ့ လှတဲ့ အလှတရားကို ပိုင်ဆိုင်နိုင်ကြပါစေ🙏

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Happy Heart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share