Virgo Fashion

Virgo Fashion Woman Fashion

 #မနက်စောစောနိုးနိုးခြင်းရေသောက်တတ်တဲ့အကျင့်ဖြစ်အာင်လုပ်ထားကြပါနော် 🌹မနက်စောစောအိပ်ယာကနိုးတာနဲ့ ရေသောက်ခြင်း၏ အကျိုးကျေး...
07/10/2021

#မနက်စောစောနိုးနိုးခြင်းရေသောက်တတ်တဲ့အကျင့်ဖြစ်အာင်လုပ်ထားကြပါနော်

🌹မနက်စောစောအိပ်ယာကနိုးတာနဲ့ ရေသောက်ခြင်း၏ အကျိုးကျေးဇူးများ🌹

🌞 မနက်ခင်းနိုးထခြင်းမှာ ရေသောက်ရမယ်ဆိုတာ များသောအားဖြင့် သိကြမှာပါ။ ဒါပေမဲ့ သေချာမသိကြသေးတဲ့သူတွေ ရှိကြပါသေးတယ်

💦 ရေဆိုတာ ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွက် နေ့စဉ်နှင့်အမျှ အဓိကလိုအပ်နေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ရေအသက်တစ်မနက်ဟူ၍ ဆိုရိုးစကားပင် ရှိပါသည်။ ရေသောက်ခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးများ ရရှိနိုင်သည်ကို ကြည့်ကြပါစို့ •••••

1️⃣ အူလမ်းကြောင်းကိုသန့်ရှင်းစေပါသည်
မနက်နိုးထလာတာနဲ့ ရေသောက်ခြင်းကြောင့် အညစ်အကြေးများစွန့်ပစ်ဖို့ အားပေးပါတယ်။ ၀မ်းချုပ်တက်သူများ မနက်နိုးတာနဲ့ ရေများများ သောက်ဖို့ အကြံပေးချင်ပါတယ်။

2️⃣ ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်
အဆိပ်အတောက်များကို ဖယ်ရှားပေးတာကြောင့် အသားအရေများ စိုပြည်လာပြီး မျက်နှာလေးဟာ ရွှေလို ၀င်းလက်တောက်ပလာမှာဖြစ်ပါတယ်။
အရွယ်တင်ခြင်း ၊ အချိန်မတန်ခင် ပါးရေတွန့်ခြင်းတွေကလည်း ကာကွယ်ပေးပါသေးတယ်။

3️⃣ ခေါင်းကိုက်ခြင်းမှ ကာကွယ်ပေးတယ်
ခေါင်းကိုက်စေတဲ့ အဓိကအကြောင်းရင်းက ရေပုံမှန်မသောက်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး ပါးစပ်ကနေ အနံ့ဆိုးထွက်ခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။

4️⃣ ဗိုက်ဆာစေတယ်
မနက်စောစော ရေသောက်ခြင်းဟာ အညစ်အကြေးများကို စွန့်ထုတ်ပေးပြီး သင့်ကိုဗိုက်ဆာစေပါတယ်။

5️⃣ အင်အားတိုးစေတယ်။
ခန္ဓာကိုယ်ထဲမှ သွေးနီဥထုတ်လုပ်မှုကို ပိုမိုမြန်ဆန်စေလို့ အားအင်တွေလည်း တိုးပွားစေပါတယ်။

6️⃣ ဝိတ်ကျစေပါတယ်
ရေများများသောက်ခြင်းကြောင့် ခန္ဓာကိုယ်ထဲက ကယ်လိုရီလောင်ကျွမ်းမှုကို ပိုမိုမြန်ဆန်စေတဲ့အတွက် ဝိတ်ချရန် အကောင်းဆုံးနည်းလမ်းအဖြစ် အသုံးပြုလို့ရပါတယ်။

7️⃣ ဆံနွယ်လေးတွေ ကျန်းမာသန်စွမ်းစေပါတယ်
ရေများများသောက်ခြင်းကြောင့် ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေ ပိုင်ဆိုင်ရမှာပါ။ ရေသောက်နည်းမယ်ဆိုလျှင် ဆံပင်တွေကျွတ်တာ ၊ အားနည်းတာတွေ ၊ အရောင်မတောက်ဘဲ ခြောက်ကပ်ကပ် ဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။

8️⃣ ကျောက်ကပ် ကျောက်တည်ခြင်းမှ ကာကွယ်ပေးပါတယ်

9️⃣ ကိုယ်ခံအားကိုလည်း မြင့်တက်စေပါသေးတယ်

ဒါကြောင့်မနက်စောစောနိုးထတာနဲ့ ရေတစ်ခွက်သောက်ပေးခြင်းဖြင့် အထက်ပါ အကျိုးကျေးဇူးများကို ဒီနေ့ပဲ စတင်ခံစားလိုက်ကြရအောင်••••• ❤❤❤

ဒါဖတ်ပြီးမှ skin care ဝယ်ပါ---------------------------ဒေါက်တာအေးမင်းထူး(၁) TonerTonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျ...
07/10/2021

ဒါဖတ်ပြီးမှ skin care ဝယ်ပါ
---------------------------

ဒေါက်တာအေးမင်းထူး

(၁) Toner
Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။

(၂) Mist
Mist ဆိုတာ အရည်တမျိုးပဲ။ toner နဲ့နည်းနည်းဆင်တယ်။ ဒါပေမယ့် အာနိသင်မတူညီပါဘူး။ mist ထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။

(၃) Essence
essence က အားလုံးထဲမှာ ပြင်းအားအနည်းဆုံးပဲ။ ပုံမှန်အားဖြင့် ရေသာသာ အရည်ကြည်တမျိုးပဲ။ တချို့က treatment water လို့ခေါ်တယ်။ အရေပြားကို အဓိကပြုပြင်ပေးတယ်။ အမျိုးအစား သုံးမျိုးလာတယ်။
• whitening essence ဆိုတာ မျက်နှာ ဝင်းမွတ်တောက်ပတဲ့ နေရာမှာ သုံးတယ်။ Melvita Brightening essence ဆိုတဲ့ နာမည်နဲ့လာတယ်။
• pore control essence ကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်တယ်။ Loreal treatment essence ဆိုတာ အဆီထိနိးတဲ့နေရာမှာ ကောင်းတယ်။
• skin repairing essence က အရေပြားကို ပြုပြင်ပေးတာဖြစ်တယ်။Cremorlab Mineral Treatment essence နာမည်နဲ့လာတယ်။အားလုံးထဲမှာ နာမည်အကြီးဆုံးက အများသိတဲ့ SKII facial treatment essence ဖြစ်ပါတယ်။ ကျွန်တော်လည်း သုံးဖူးပါတယ်။ အခုလည်း သုံးတယ်။ အဆီဓာတ်အခြေခံတဲ့ Essence လိုမျိုးလည်း ရှိပါသေးတယ်။ အများစုက Mandelic acid ပါတယ်။

ကိူရီးယားမှာ Esteen Lauder advanced night repair serum ကို essenceခေါ်

(၄) Serum
Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် စျေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။ Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
• anti-aging serumဆိုတာ အရေပြားတွန့်သူ တွေမှာအဓိကသုံးတယ်။
• pore tightening serum ကတော့ ဝက်ခြံထွက်သူ၊ အဆီပြန်သူ၊ အဆီဂလင်းများသူတွေမှာ သုံးတယ်
• brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားဖြစိတယ်။
hyaluronic acid, ceramides(အစိုဓာတ်ထိန်းပေး)
water based - မော်လီကျူးသေး၊ moisturizer မလိမ်းမှီ
oil based - မော်လီကျူးကြီး၊ moisturizer လိမ်းပြီး

(၅) Ampoule
Ampoule က ဒီသုံးမျိုးထဲမှာ သူကအရည်အပျစ်ဆုံးနဲ့ ပါဝင်မှုအများဆုံးပဲ။ serum ထက် စျေးနည်းနည်းပိုကြီးတယ်။ ဗီတာမင်နဲ့ အပင်အင်ဇိုင်းတွေ ပါလေ့ရှိတယ်။ အသားအရောင်ကို ညီညာ ချောမွတ်စေပြီး အရေပြားထဲ ပိုမိုစိမ့်ဝင်နိုင်တယ်။ အချိန်တိုအတွင်း အာနိသင်အထိရောက်ဆုံးပဲ။ brightening ampoule က အရေပြားတောက်ပစေဖို့ သုံးတယ်။လိမ်းထားရင် အသားရောင် ကြည်လင်နေတယ်။ collagen ampoule (သို့) wrinkle reducer ampouleက အရေပြားတင်းရင်းစေဖို့ သုံးတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။
ပုံမှန်အားဖြင့် မိပ်ကပ်တွေ ကြာရှည်ခံအောင် hydrating (သို့) makeup ampoules တွေကို သုံးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ သုံးကြတယ်။ လေနဲ့ထိရင် ဓာတ်ပြုလွယ်လို့ vial လေလုံတဲ့ပုလင်းထဲ ထားရတယ်။

ပါဝင်တဲ့ပြင်းအား - ampoule > serum> essence .
အပျစ်၊အကျဲ - essence > ampoule > serum

အားလုံး တစ်နှစ်အတွင်း ကုန်အောင်သုံး(well concentrated and can oxidized)
�Acne-prone: Look for vitamin C (increases collagen production, enhances skin’s repair process, and reduces inflammation), retinol (also an antioxidant, reduces inflammation), zinc (soothes irritation, regulates oil production), and salicylic acid (unclogs pores).
Dry: Look for vitamin E (an antioxidant, protects cells from oxidative damage), niacinamide (improves skin elasticity, increases ceramide levels in skin), glycolic acid (gently exfoliates and lightens discoloration), and hyaluronic acid (retains moisture).
Feeling dull: Look for antioxidants like green tea extract, resveratrol, ferulic acid (these combat free radicals, increase effectiveness of sunscreen by day, and promote cellular repair and healing by night).

(၆) Booster
booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသေားရောင်ပိုလင်းလာတယ်။

(၇) Floral water
သိပ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ ပန်းကို ရေနဲ့ စိမ်ပြီး ပေါငိးစပ်ထားတဲ့ အရညိတမျိုးဖြစ်ပါတယ်။ ဒီအရည်ကို toner, mist (သို့) moisturiser အနေနဲ့လညိး သုံးလို့်ရတယ်။ အရေပြားကို အေးမြစိုစွတိစေတယိ။ ရေဓာတ်ကို နညိးနည်းထိန်းပေးတယ်။ ဒါပေမယ့် moisturiser စစ်စစ်လို အာနိသင်မကောင်းပါ။ ဆောင်းရာသီမျိုးမှာ သိပ်အသုံးမဝင်ပါ။ Melvita Extraordinary water ဆိုတာ Floral water ပန်းအရည်တမျိုးဖြစိပါတယ်။

(၈) Finisher
နောက်ဆုံးမှသုံးလို့ skin finisher လို့လည်း ခေါ်တယ်။ မျက်နှာအရေပြား တောက်ပနေအောင်ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်က အရောင်တင်တဲ့သဘောပါပဲ။ toner, serums/essence/ နဲ့ moisturisers အားလုံးသုံးပြီးနောက်မှ အပေါ်က ထပ်သုံးရတယ်။ အောက်မှာ ခံလိမ်းထားတဲ့ အရေပြားထိန်းပစ္စည်းတွေကို ကြာရှည်ခံအောင် ဖုံးပေးတဲ့သဘောပါပဲ။ အဲဒီရဲ့အပေါ်ကမှာ နေလောင်ကာလိမ်းဆေး၊ foundation၊ မိပ်ကပ်စတာတွေ ဆက်သုံးနိုင်တယ်။ ပုံမှန်အားဖြင့် နေ့ပိုင်းမှာသာ သုံးတယ်။ Sulwhasoo Luminate Essential Finisher ဆိုတဲ့နာမည်နဲ့လာတယ်။

(၉) Peeling Gel
အရေပြားအပေါ်ယံဆဲလ်ကို ခွာပေးတဲ့ ဂျယ်တမျိုးဖြစ်ပါတယ်။ scrubs လောက် မပြင်းဘူး၊ အပေါ်ယံ epothelium မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ပုံမှန်အားဖြင့် အာနိသင်ကောင်းအောင် ညဖက်မှာ သုံးပြီး sheet mask မသုံးခင်သုံးကြတယ်။ ကိုရီးယားမှာ UGB Peeling Gel အနေနဲ့ လာပါတယ်။

ထပ်ရောက်မယ်နော် စစ်တို့
02/03/2021

ထပ်ရောက်မယ်နော် စစ်တို့

BKK ဂါဝန်လေးတွေ အသစ်ထပ်ရောက်မယ်နော်
26/02/2021

BKK ဂါဝန်လေးတွေ အသစ်ထပ်ရောက်မယ်နော်

အရမ်းကိုတန်တဲ့ Bkk ဂါဝန်လေးတွေနော် ❣️ စစ်တို့ မှာရင်တော့ ၃ ပတ်စောင့်ပေးရပါမယ် ❤️စျေးနှုန်းက ၁၁၀၀၀ကျပ်နဲ့ယူပါ 💵
11/01/2021

အရမ်းကိုတန်တဲ့ Bkk ဂါဝန်လေးတွေနော် ❣️

စစ်တို့ မှာရင်တော့ ၃ ပတ်စောင့်ပေးရပါမယ် ❤️

စျေးနှုန်းက ၁၁၀၀၀ကျပ်နဲ့ယူပါ 💵

01/11/2020

🤔ချည်ထည်တွေ ဘာကြောင့်၀တ်သင့်သလဲဆိုတဲ့ အချက် (၆) ချက်

💁‍♀️သဘာ၀ကပေးတဲ့ လက်ဆောင်ဖြစ်ခြင်းဟာ
ချည်ထည်ကို ၀တ်ဆင်သင့်တဲ့ အကျိုးအကြောင်းတွေရဲ့ အခြေခံပဲ ဖြစ်ပါတယ်။

1- စိုထိုင်းမှုကို ထိန်းသိမ်းပေးနိုင်ခြင်း
-----------------------------
ချည်ထည်တွေဟာ စုပ်ယူမှုအားကောင်းတာကြောင့် စိုထိုင်းမှုကို ထိန်းချုပ်တဲ့ နေရာမှာ ကောင်းလှပါတယ်။ ချည်ထည်တွေဟာ ချွေးတွေကို သင့် ခန္ဓာကိုယ်ကနေ စုပ်ယူပေးပါတယ်။ အဲ့ဒါဟာ သင့်ရဲ့ ခန္ဓာကိုယ် နဲ့ အင်္ကျီ အကြားမှာ ဖြစ်ပေါ်တဲ့ စိုထိုင်းမှုကို ဖယ်ရှားပေးတာမို့ ချွေးအအေးပတ်တာမျိုးကို မဖြစ်စေပဲ သင့်ကို အမြဲခြောက်သွေ့နေစေပါတယ်။ ပညာရှင်တွေရဲ့ တွေ့ရှိချက်အရ ချည်ထည်တွေဟာ သူ့အလေးချိန်ရဲ့ ၅ ပုံ ၁ ပုံ အထိ စိုထိုင်းမှုကို စုပ်ယူနိုင်ပါတယ်။ အဲ့ဒီထက်ပိုရင်တော့ ချည်ထည်လေးပါ စိုထိုင်းသွားပါတယ်။


2- ရာသီတိုင်းနဲ့ ကိုက်ညီခြင်း
----------------------
ချည်ထည်တွေဟာ မတူညီတဲ့ အပူချိန်ရှိတဲ့ ရာသီဥတုအခြေအနေ (ဒါမှမဟုတ်) နွေမိုးဆောင်းရာသီတိုင်းမှာ ၀တ်ဆင်လို့ရပါတယ်။ နွေရာသီနဲ့ အသင့်တော်ဆုံး ဖြစ်ပေမယ့် အေးတဲ့အချိန်အခါတွေမှာလည်း လေအေးတွေ ခန္ဓာကိုယ်ကို မထိအောင် ကာပေးထားနိုင်ပါတယ်။ ဘာကြော့င်လဲဆိုရင် လေအေးတွေကို ချည်ထည်ရဲ့ ချည်မျှင်လေးတွေကြားမှာ ထွက်မရအောင် ပိတ်မိနေစေလို့ပါ။ ဒါ့အပြင် ချည်ထည်တွေဟာ သင့် ခန္ဓာကိုယ်ပေါ်ကို ကပ်မနေတတ်တာကြောင့် သင့် ခန္ဓာကိုယ်ကို အပြင်က ရာသီဥတုနဲ့ သီးခြားဖြစ်နေစေပါတယ်။


3- ဓါတ်မတည့်မဖြစ်ခြင်း
------------------
ချည်ထည်တွေဟာ ဓါတ်မတည့်ခြင်းကို မဖြစ်စေပါဘူး။ ဓါတ်မတည့်ခြင်းကို ဖြစ်စေတယ်ဆိုတာ အလွန်ပဲ ရှားပါတယ်။ အဲ့ဒါကြောင့် အရေပြားအထူးကု ဆရာ၀န်ကြီးများဟာ ဓါတ်မတည့်ဖြစ်လေ့ရှိတဲ့ အရေပြားပိုင်ရှင်တွေကို ချည်ထည်၀တ်ဆင်ဖို့ အကြံပြုလေ့ရှိပါတယ်။ ချည်ထည်တွေဟာ အရေပြားကို စပ်ဖျဉ်းဖျဉ်းမဖြစ်စေတာကြောင့် ဆေး ပစ္စည်းများမှာ အသုံးပြုကြပါတယ်။ ဥပမာ၊ ပတ်တီး။ ဒါ့အပြင် ကလေး အ၀တ်အထည် အသုံးအဆောင်များကိုလည်း ဝါချည်နဲ့ ပြုလုပ်ကြပါတယ်။ အကြောင်းကတော့ ဝါချည်မျှင်ဟာ ထိခိုက်လွယ်တဲ့ အသားအရေအတွက် အသင့်တော်ဆုံးမို့ပါ။


4- ကြာရှည်ခံခြင်း
-------------
ချည်ထည်တွေဟာ ကြာရှည်ခံတဲ့ အရာတွေထဲက တစ်ခုလို့ မှတ်ယူကြပါတယ်။ ချည်ထည်တွေက အကြိမ်များစွာ လျှော်ဖွတ်ရင်တောင် အလွယ်တကူမပြဲကြပါဘူး။ ဘယ်အရာတွေက ချည်ထည်ကို စံပြဖြစ်စေတာလည်းဆိုတော့ သူဟာ အနံ့ဆိုးတွေကို စုပ်ယူမထားတတ်တာကြောင့် အလျင်အမြန်လျှော်လို့ရစေပါတယ်။ ချည်မျှင်လေးတွေဟာ တစ်ခုနဲ့ တစ်ခု တော်တော်လေးပူးကပ်နေတတ်တာမို့ ဓါတုနဲ့လုပ်ထားတဲ့ ပိတ်စတွေထက်စာရင် မပြဲလွယ်ပါဘူး။ အဲ့ဒီလိုကြာရှည်ခံတာကြောင့် ချည်ထည်တွေ ၀တ်ခြင်းဟာ သင့်အတွက် မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှု့ တစ်ခုပဲ ဖြစ်ပါတယ်။

5- အဆိပ်အတောက်မဖြစ်ခြင်း
-----------------------
သဘာ၀ထွက်ကုန်ဖြစ်တာမို့ တခြား ဓါတုအ၀တ်အထည်တွေနဲ့ ယှဉ်ရင် လူကို အဆိပ်အတောက်ဖြစ်စေမှု့ အလွန်မှ နည်းပါးပါတယ်။ လူ့အရေပြားဟာ ဓါတုနဲ့ ပြုလုပ်ထားတဲ့ အ၀တ်အထည်တွေဆီက ဓါတုဓာတ်တော်တော်များများကို ဆုပ်ယူနိုင်ပါတယ်။ အဲ့ဓာတ်တွေဟာ အရေပြားတင်မကပဲ ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်စေနိုင်ပါတယ်။ အသုံးများတဲ့ ဓါတုပစ္စည်းတွေကတော့ ပိုလီအက်စတာ (polyester) မှာ terephthalic acid၊ အက်ခရီလစ် (acrylic) အထည်တွေမှာ ဆာလဖြူရစ် အက်စ်စစ် (sulfuric acid)၊ ရေယွန်ပိုးတု (rayon) တွေမှာ အမိုးနီးယားဓါတ်ငွေ့ (ammonia) နဲ့ နိုင်လွန်ချည်ထည် (nylon fabric) မှာတော့ ရေနံမှ ထုတ်ယူရရှိသော အရည်တမျိုး (petroleum) တို့ ပဲဖြစ်ပါတယ်။


6- သက်တောင့်သက်သာရှိခြင်း
------------------------
သက်တောင့်သက်သာရှိခြင်း ဆိုတာကတော့ ချည်ထည်တွေရဲ့ လက္ခဏာ တစ်ခုပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ် နဲ့ အရေပြားကြားမှာ ရာသီဥတုဒဏ်ခံနိုင်အောင် လုပ်ပေးတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ချည်ထည်တွေက သက်တောင့်သက်သာ ဖြစ်စေတာမို့ အတွင်းခံတွေ အောက်ခံအင်္ကျီတွေမှာ အသုံးပြုကြတာပဲ ဖြစ်ပါတယ်။

အဲ့ဒါကြောင် သင့့်အတွက် သက်တောင့်သက်သာရှိပြီး ကျန်းမာရေးအတွက်ကောင်းတဲ့ ချည်ထည်တွေရှိနေလျှက်နဲ့ ဘာလို့များ
သင့် ခန္ဓာကိုယ်ကို ဓါတုတွေကြောင့်
အန္တရာယ်ဖြစ်စေ တော့မှာလဲ။

Copy

စစ်တို့ရေ ♥️ချင်းမိုင်ဆင်လေးနဲ့ ready to wear အမြန်ဆုံးအရောက်လာမယ်နော် မကြာမှီ📣📣📣💯စိတ်ကြိုက်ချုပ်ဝတ်ချင်တဲ့ စစ်တို့အတွက်...
17/10/2020

စစ်တို့ရေ ♥️

ချင်းမိုင်ဆင်လေးနဲ့ ready to wear

အမြန်ဆုံးအရောက်လာမယ်နော်

မကြာမှီ📣📣📣

💯စိတ်ကြိုက်ချုပ်ဝတ်ချင်တဲ့ စစ်တို့အတွက်လဲတစ်စုံချင်ရောင်းပေးတယ်နော်

📌နှစ်ကိုက်ခွဲတစ်စုံ ၁၂၀၀၀ကျပ်

📌မန်းလေးအရောက်ပို့နော် အိမ်ရောက်ငွေချေ

📌နယ်များငွေကြိုလွှဲပြီး ၃ ရက်အတွင်းပို့ပေးပါတယ်နော်

09-444111299 viber or cb

ကဲ စစ်တို့ရေ 😍🌺 ပေါင် ၁၆၀ အထိ ဝတ်လို့ရတဲ့ အင်းချည်သား ဂါဝန်လေးတွေ ကုန်သွားပါပီနော် 🥰❤️ဒီတစ်ခါ ဆိုဒ် အစုံရမယ်နော် 😍အရောင်...
13/10/2020

ကဲ စစ်တို့ရေ 😍

🌺 ပေါင် ၁၆၀ အထိ ဝတ်လို့ရတဲ့ အင်းချည်သား ဂါဝန်လေးတွေ ကုန်သွားပါပီနော် 🥰

❤️ဒီတစ်ခါ ဆိုဒ် အစုံရမယ်နော် 😍အရောင်တွေလဲ ထပ်တိုးပေးထားတယ် 💃

👗လက်အစီးကြိုးချည်ဖြစ်လို့ အလျော့အတင်းရသလို 👌👌👌

ခါးသရေပင်နဲ့ ဆိုတော့ ဝ ဝ ပိန် ပိန် ကိုယ်မှာ ကပ်နေတာ က အသက်ပဲနော် 😘

🌸အိမ်မှာနေရင် လှနေဖို့ အတွက် အော်ဒါလေးတွေ အမြန်တင်လိုက်ကြစို့📞📞📞

🤩ဝယ်ယူအားပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်နော် 🙏🙏🙏

နောက်ခါးမျော့ free size ပါ ရှေ့မှာ ကြယ်သီးတပ် ဇစ်ပါပါတယ် ချည်သားစစ်စစ်ဖြစ်လို့ ဝတ်ရတာ သက်တောင့်သက်သာရှိပါတယ် ခါး ၂၆" to ...
10/10/2020

နောက်ခါးမျော့ free size ပါ

ရှေ့မှာ ကြယ်သီးတပ် ဇစ်ပါပါတယ်

ချည်သားစစ်စစ်ဖြစ်လို့ ဝတ်ရတာ သက်တောင့်သက်သာရှိပါတယ်

ခါး ၂၆" to ၃၃”

တင် ၃၆" to ၄၅”

#၁ထည်၁၁၀၀၀ပါ

အရောင် ၆ ရောင်လာပါတယ်
အနက် ပန်းရောင် အပြာနု အပြာရင့် နီညို အညို

ws ၆ ရောင်ယူပေးရပါမယ်

all instock မို့ ငွေလွှဲရောက်တာနဲ့ပို့ပေးပါတယ်ရှင်

( Cash on deli တော့ mdy only ပဲ ရပါမယ်ရှင်)

အရမ်းရောင်းကောင်းတဲ့ best saller

09-444111299

Address

19st X Myo Pat Street , Nanshae
Mandalay

Telephone

+959444111299

Website

Alerts

Be the first to know and let us send you an email when Virgo Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category