23/06/2026
မင်္ဂလာပါဗျ 🥰
ပိုးမလို့ ပြောင်ပြောင်ကြီးမဝတ်ချင်ဘူးလို့ဆိုတဲ့ အမျိုးသားတို့အတွက် ကျွန်တော်တို့ မင်္ဂလာအဆင့်မြင့်ပုဆိုးရဲ့ သီရိမင်္ဂလာပုဆိုးရှိပါတယ်။ ပိုးနဲ့ချည်ရောနှောထားတဲ့ သီရိမင်္ဂလာပိုးချည်ပုဆိုးက ပြောင်ပြောင်ကြီး ဖြစ်မနေပဲ ဝတ်လိုက်တာနဲ့ အဆင့်အတန်းတစ်ခုကို ထင်ဟတ်စေမှာဖြစ်ပါတယ်။ ပိုးချည်ပုဆိုးဖြစ်လို့ ရေလျော်လို့ရ မီးပူတိုက်လို့လည်းရပါသေးတယ်။ ဒါ့ကြောင့် ပွဲလည်တင့်တယ် အဆင့်မြင့်မြင့်ဝတ်ချင်တဲ့ အမျိုးသားတို့အတွက် သီရိမင်္ဂလာပိုးချည်ပုဆိုးကို ရွေးချယ်ဝတ်ဆင်ဖို့ အကြံပေးချင်ပါတယ်ဗျ 🥰🥰
ဒီအရောင် ၅ရောင်က လက်ရှိရနေသေးတဲ့အရောင်တွေပါ။ အမှတ် ၃၅၊ မအူပင်လမ်း၊ စမ်းချောင်းမြို့နယ်က Salay Grade ဆိုင်မှာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ 🥰🥰
တန်ဖိုး - တစ်သိန်းခွဲကျပ်
#မင်္ဂလာအဆင့်မြင့်ပုဆိုး
#ပိုးချည်ပုဆိုး