20/04/2026
#မူရင်းရေးသူအားလေးစားစွာဖြင့်
စပန့်ချုပ်ရင် ချုပ်ခ စပန့်နဲ့သင့်တင့်တဲ့စျေးပါ။
ပါတိတ်ချုပ်ရင် ပါတိတ်စျေးပါ။
သိန်းကျော်တန်ပါတိတ်ချုပ်ရင် သောင်းကျော်တန်စျေးနဲ့ချုပ်ခလိုချင်လို့မရတော့ပါဘူး။
တာဝန်ယူရမှုပိုကြီးတဲ့အတွက်ပါ။
စျေးသင့်တင့်တဲ့ ချိတ်ချုပ်ရင် ချိတ်စျေးပါ။
စျေးသင့်တင့်ပေမယ့် ပွဲတက်ထည် လက်ဝင်ရင်လက်ကြာရင် ပက်တန်မှာ အချိန်ပေးရရင်
ပွဲတက်စျေးပါ စျေးပိုပါတယ်။
ချိတ်စျေးကဘယ်လောက်မှမပေးရဘူးဆိုတာနဲ့ မသက်ဆိုင်ပါဘူး။
သိန်းချီတန်ပွဲတက်တွေချုပ်ရင် ပိတ်စရဲ့တန်းဖိုးနဲ့ညီမျှတဲ့တာဝန်ယူမှုတာဝန်ခံမှုရှိရတဲ့အတွက် တစျေးပါ။
ပညာကြေးပိုယူပါတယ်။
ဇာ၂ထပ်ချုပ်ရင် ချုပ်ခနှစ်ဆယူပါတယ်။
အရင်ကလိုအားနာပြီးလျော့ယူတာတွေ မလုပ်နိုင်တော့လို့ပါ။
ဘာပိတ်စပဲချုပ်ချုပ် နှစ်ထပ်ချုပ်ရင် ချုပ်ခနှစ်ဆအတိအကျယူပါတယ်။
Hand made ပါရင် ထည့်သုံးထားရင် ထည့်သုံးချင်ရင် သီးသန့်ထပ်ပေးရပါတယ်။
handmade ကိုစျေးဆစ်လို့မရပါဘူး။
လက်မှုပညာရပ်မှာလည်းတန်ဖိုးရှိပါတယ်။
ကြိုးလေးတပင်ဖြစ်လို့လွယ်သလား။
ချည်လေးတပင်ထိုးဖို့ လွယ်သလား။
စီးကွင့်လေးတခက်ဖြစ်ဖို့လွယ်သလား။
ပိတ်စ ချုပ်ပုံ ပွဲအပေါ်မူတည်ပြီးသုံးသင့်ရင်ထည့်သုံးပါတယ်။
အရမ်းတတ်တဲ့customer မျိုးဆိုလည်း အထည်ထွက်မလှဖြစ်တတ်ပါတယ်။
ကော်ပိတ်ဝယ် ကော်ပိတ်ကပ် ပိတ်စ ဇာ
ဝယ်ထည့်ထားရတာတွေက
ပြန်ပေးရမယ့် အရာတွေပါ။
ဒါတွေပါပေါင်းပြီးဒီလောက်တောင်ကျသွားသလား လုပ်လို့မရပါဘူး။
ဒေါင်းချည်သုံးပါတယ်။ကင်းချည်အရောင်တူသုံးပါတယ်။TW ဇစ်သုံးပါတယ်။အုံခွက်ထည့်ရင်ယိုးဒယားအုံခွက်ပဲသုံးပါတယ်။မမြင်ရတဲ့နေရာမို့ဆိုပီးစျေးပေါတာမသုံးပါဘူး။နှိပ်စေ့အကောင်းဆုံးစားမှသုံးပါတယ်။
ပေါပေါပဲပဲတစ်ခုမှမသုံးပါဘူး။
စျေးထဲချဥ်ပေါင်ကန်စွန်းတောင်စျေးဆစ်မရတဲ့ခေတ် အစစအရာရာစျေးနှုန်းမိုးထိုးနေတဲ့ခေတ်မှာ
မလျော့ဘူးလား လျော့အုံးလေ
ဒါကဒီလောက်တောင်ယူတာလား ဆိုတာတွေက ပြန်မပြောချင်တဲ့စကားလုံးတွေမို့လို့ပါ။
မနှစ်ကဒီလောက်ပဲယူတာလေဆိုတော့
မနှစ်က က နဲ့ ဒီနှစ်ကုန်စျေးနှုန်း မတူနေပါဘူး။
ဒီနေ့နဲ့မနက်ဖြန်တောင် အတိအကျတွက်ထားလို့မရတဲ့စျေးနှုန်းတွေပါ။
ကိုယ့်အလုပ်ကျမှ စျေးတက်နေသလိုနဲ့။
ကိုယ်နိုင်တဲ့စျေး ပညာရဲ့တန်ဖိုးကိုယူပါတယ်။
ပညာရပ်တစ်ခုကစျေးပေါမနေတော့ ပေါပေါမရနိုင်ပါဘူး။
လျော့ယူသင့်တဲ့သူ ကိုယ်တိုင်လျော့ပေးပါတယ်။
စျေးဆစ်စရာ လျော့တောင်းနေစရာတောင်မလိုပါဘူး။
အားအားနေလာပီးကပ်စေးကုပ်နေတဲ့သူမျိုးမပါ။
ဟိုမှာဒီလောက် ဒီမှာဒီလောက်တွေလည်းစိတ်မဝင်စားပါဘူး။
ကိုယ့်အလုပ်ကိုယ့်ပညာကိုယ့်ကြေးနဲ့ကိုယ်ပါပဲ။
#မမမြ