Kay Kay Baby Toy Online Shopping Mdy

Kay Kay Baby Toy Online Shopping Mdy Good quality fair priceyContact
09957333599
09676945618

မြေးလေးချစ်တဲ့ဘိုးဘိုးကြီးနဲ့အတူGood luck❤️
12/02/2026

မြေးလေးချစ်တဲ့ဘိုးဘိုးကြီးနဲ့အတူ
Good luck❤️

09/02/2026

“သမီး ရည်းစားထားမှာ မကြောက်ဘူး…
toxic relationship တွေထဲက
မရုန်းထွက်နိုင်မှာကိုပဲ ကြောက်တယ်”

သမီးက ၁၀ နှစ်…
မကြာခင် ဆယ်ကျော်သက်အပျိုအရွယ်လေးထဲ ဝင်လာတော့မယ်။

အဲ့ဒီအချိန်မှာ
သမီးကို ထိန်းချုပ်ဖို့ထက်
သိသင့်သိထိုက်တာတွေ သင်ပေးချင်တဲ့စိတ်ပဲ ပိုများလာတယ်။

သမီး… ရည်းစားထားမှာကို မကြောက်ပါဘူး
ယောက်ျားယူမှာကိုလည်း မကြောက်ဘူး
တစ်ခုပဲ ကြောက်တာ …..

Unhealthy relationship / Toxic relationship
တွေထဲ ဝင်သွားပြီး
ကိုယ့်ကိုယ်ကို နာကျင်နေရင်း
မရုန်းထွက်နိုင်မှာကိုပဲ ကြောက်တယ်။

ဒါကြောင့်
အခုကတည်းက သမီးကို သင်ပေးဖြစ်နေတာတွေက—



• Boundaries

“အရာရာတိုင်းမှာ
ကိုယ့်ရဲ့ boundaries တစ်ခု သတ်မှတ်ထားရမယ်”

ကိုယ်သတ်မှတ်ထားတဲ့ boundaries ကို
ကျော်လာရင်ဘယ်သူမဆို
‘NO’ လို့ ပြောနိုင်ရမယ်။

👉 Boundaries ဆိုတာ
လူတွေကို ဝေးအောင်လုပ်တာ မဟုတ်ဘဲ
ကိုယ့်ကို ကာကွယ်ပေးတာ ဆိုတာကို
သဘောပေါက်အောင် ပြောပြရမယ်။



• Self-value / Self-worth

ကိုယ့်ကိုယ်ကို တန်ဖိုးထားရမယ်
ကိုယ့်ကိုယ်ကို ချစ်ရမယ်။

“ကိုယ်က တစ်ယောက်တည်းနဲ့ တန်ဖိုးရှိပြီးသား”
“ကိုယ့်ကို မလေးစားတဲ့သူကို မလိုအပ်ဘူး”
“ကိုယ့်ကို ငိုအောင်လုပ်ရတဲ့သူကို ချစ်စရာမလိုဘူး”

ဒါကလဲအရေးကြီးဆုံးပါ ကိုယ့်ကိုကိုယ်တန်ဖိုးသိတဲ့ သူတယောက်ကဘယ်တော့မှ သူများကြောင့် မနစ်မွန်းဘူး



• Unhealthy / Toxic Relationship

“ချစ်တယ်ဆိုပြီး နာကျင်စေမယ်ဆိုရင်
အချစ်မဟုတ်ဘူး”

“ကိုယ့်ကို ကြောက်အောင်လုပ်ရင် အချစ်မဟုတ်ဘူး”
“ကိုယ့်ရဲ့ မိတ်ဆွေတွေနဲ့ ဝေးအောင်လုပ်ရင် အချစ်မဟုတ်ဘူး”
“အမြဲအပြစ်တင်ပြီး
ကိုယ့်ရဲ့ တန်ဖိုးကို လျှော့ချရင် အချစ်မဟုတ်ဘူး”



အရေးကြီးဆုံးက—
ချစ်တယ်ဆိုရင် နာကျင်ရတာကို သည်းခံရမယ်
ဆိုတဲ့ အယူအဆကို
သမီးရဲ့ စိတ်ထဲမှာ မရှိစေချင်ဘူး။

မိဘတွေအနေနဲ့
ကလေးရဲ့ ပတ်ဝန်းကျင်က လူတွေကို
အမြဲမရွေးပေးနိုင်ပေမယ့်
ဘယ်လိုလူကို မရွေးသင့်ဘူးဆိုတာတော့
သိအောင် သင်ပေးနိုင်ပါတယ်။

သမီးကို မိဘထိန်းချုပ်ထားတာ မဟုတ်ဘဲ
ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့ မိန်းကလေးပဲ
ဖြစ်လာစေချင်လို့ပါ 🩷

Little Leo world

Jan 9,2026

5pm

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

❗️❗️သဇင့်အရင်ပေ့ချ်လေးက hack ခံထားရတာမို့
တင်တာလေးနှစ်သက်သဘောကျတယ် ဆို မန့်က channel လေးတွေ ကို joinခဲ့ပေးနော် 😍😍။ ❗️❗️

တခြားသူတွေသိအောင် Share မယ် ဆိုလဲ မူရင်းပို့စ်လေးပဲ shareပေးနော်

ပြန်ကူးတင်ခြင်းခွင့်မပြုပါဘူးရှင့်

✅TikTok channel

https://www.tiktok.com/?_t=ZS-8xDYhq1uqi9&_r=1

✅YouTube channel

https://youtube.com/channel/UCChw0D0cn0qkTfOd9hbLgDA

✅Telegram

https://t.me/littleleoworld

✅ Facebook

https://www.facebook.com/profile.php?id=100094012569898&mibextid=LQQJ4d

02/02/2026
11/01/2026

ရာသီလာချိန်ခေါင်းလျှော်တဲ့မိန်းကလေးတိုင်းသိထားသင့်တဲ့အကြီးမားဆုံးအန္တရယ်😱😱

ရှေ့ဦးစွာ ဘုရားသခင်ကိုအထူးကျေးဇူးတင်တယ် ကျမကဘုရားပေးတဲ့အသက်ပဲ ရှိတော့တာပါဒါဪေမယ့်ကျမလို့ထပ်မဖစ်ရအောင် မိန်းကလေး တွေကို ပြန်လည်မျှဝေပေးချင်ပါတယ် ကျမစဖြင့်တဲ့နေ့ကသတိထားမိတာဆို လွန်ခဲ့တဲ့သုံးလလောက်ကစဖြင့်နေပြီး ဒါပေမဲ့ ကိုယ်ကလည်းပုံမှန်ရာသီလာကိုက်ခဲတာပဲထင်တာပါ။ ဒါပေမဲ့သူ့ရဲ့လက်ဏ္ခနာက ပြတယ် ဘယ်လိုပြတယ်ဆိုရင်ရာသီလာတာ အတုံးခဲသေးတွေကျလာတယ် အဲမှာကတည်းကသူငယ်ချင်းတွေကိုလိုက်မေး နင်တို့အဲလိုပဲ ကျလာတာလားလို့မေးတော့ သူတို့ကမိန်းကလေးတိုင်းအဲလိုပဲကျတာလေးတဲ့ နောက် တစ်လထက် တစ်လ အတုံးကကြီးလာတယ် ထပ်မေးတယ်အတုံးကအကြီးပဲကျလာတာ ပုံရိုက်ပြီးသူ့ကိုပြတော့ သူကဟဲ့နင့်အတုံးကအတော်ကြီးတာဟတဲ့ သူတောင်အဲလိုမဆင်းဘူး ကိုယ်ကလည်းရာသီလာပုံမှန်အခဲကျသလိုပဲထင်တော့ ကိုယ့်ကအလုပ်ကိုပုံမှန်ပဲလုပ်နေခဲ့တာပါ စလုံးမှာဆို ဆံပင်ကနှစ်ရက်တခါလျှော်တယ် ရာသီကလာရင်လေးရက်ကနေ ငါးရက်လာတယ် ကိုယ်ကနှစ်ရက်တစ်ခါဆံပင်မလျှော်ရရင်ယားလာလို့စလုံးရောက်တာကိုးနှစ်အတွင်း လုံချည်လာတိုင်း ဆံပင်လျှော်တာ အခုမိန်းကလေးတွေကိုပြောချင်တာက ရာသီလာတိုင်း ဆံပင်လျှော်တယ်ဘာမှမဖြစ်ဘူးမထင်ပါနဲ့ ဆင်းရမဲ့ ရာသီကအရည်ဆင်းရမှာကိုအတုံးများကြီးဆင်းရင်ဆင်ခြင်ကြပါကျမတုန်းက ရာသီလာရင် တစ်ရက်ကိုဂွမ်းလေးခု ငါးခုကုန်တဲ့ကျမက နောက်ပိုင်းဂွမ်းနှစ်ခုတောင်အရမ်းကြီးမစိုတော့ဘူး အတုံးဆင်းတာများတော့ရာသီအရည်ကမဆင်းတော့တစ်လနဲ့တစ်လက ရာသီအရည်ကနည်းလာတယ် ဒီဇင်ဘာ 28ရက်လောက်က အောင့်တာကျမအသက်ရှုလို့မရဘူးအဲမှာတော့လဏ္ခနာကြီးကြီးမားမားပြတယ်ဆီးခုံကနေ မမငါအောင့်တယ်မခံနိုင်ဘူးဘာဖြစ်တာလဲမသိဘူးဗိုက်အထိအလုံးကတက်လာတော့အသက်ရှူမရလမ်းလျှောက်မရဘူးအာ့နဲ့ကျမနဲ့တအိမ်ထဲနေတဲ့အမက ပြောအဲနင်ကရာသီလာတာမပီးသေးဘူး သခွားသီးစားတယ်သရက်သီးစားတာကိုမတည့်ဘူးတဲ့ ဒါပေမဲ့အောင့်တာက ပုံမှန်ထက်ကျော်လွန်နေပြီး အသက်တောင်ရှုမဝတော့ဘူးအသက်အောင့်ပြီးပြန်ရှုအရမ်းအောင့်လို့ကျမကပယ်နယ်ဒေါ သောက်တာမတိုးလို့ ဒီကိုဂျင်ထပ်သောက် အဲမှာလူကအလူးလဲခံစားဆီးခုံကအသေအောင့် ရှူးကလည်းဆယ်မိနှစ်တခါသွားချင်လဏ္ခနာ တွေကစပြလာတာ တစ်ရက်နဲ့တစ်ရက်ကမတူတော့ဘူးအာ့နဲ့မမရေငါမရတော့ဘူးဆေးခန်းပြေးမှရတော့မယ်လို့ အာ့နဲ့ဆေးခန်းသွားတော့ ဆရာဝန်က ဆီးပိုး ဝင်တာတဲ့ ဆီးပိုးသောက်ဆေးနဲ့အရည်ပေးလိုက်တယ် အဲမှာကတည်းက ဆေးနဲ့အနာက တခြားစီ ဖြစ် နေတယ် ဆေးကတပတ်စာ ပေးလိုက်တယ် မသက်သာရင်ပြန်လာတဲ့ အဲဆေးသောက်ပေမဲ့ဆီးကပိုကိုက်လာတယ် တကယ်ဆိုအလုံးကဖြစ်နေပြီဆီးလည်းခနခနသွားတယ်ဆီးခုံကိုစမ်းကြည့်တော့ဘယ်ဘက်ဆီးဖက်ကမာမာကြီးဖြစ်နေတာ ညာဖက်ကပုံမှန်ပဲအဲမှာကတည်းကစိတ်ထဲမှာအလုံးဖြစ်တာလားပေါ့တစ်ရက်ကိုဆီးဆယ်ခေါက်လောက်သွား ဆီးသွားတိုင်းအရမ်းအောင့်တယ် တစ်လပိုင်းကိုးရက်ကျတော့ မနက်နိုးထမင်း ဟင်းထချက် အဲဲဲမှာစတာပဲအလုံးကြီးဆောင့်အောင့်တက်တာ လူအသက်ပါမတတ်ပဲ အသက်ရှုမရတော့ ကိုယ့်နဲ့နေတဲ့အမကို မမနင့်ဆင်းလာတော့ ငါသေတော့မယ် ငါအသက်ရှုမရတော့ဘူးအောင့်တာ သူလည်းဆင်းလာတယ် လေဆေးသောက်တဲ့အဲဆေးသောက်ပြီးတော့ခြေလက်တွေပျော့ခွေပြီးလမ်းမလျှောက်နိုင်တော့ဘူး ဆေးခန်းသွားမှငါအဆင်ပြေမယ် ငါသေတော့မယ်အသက်ရှုလို့မရတော့ဘူးလို့သူကနင်လည်းအကျီလဲ ငါလည်းအကျီတက်လဲမယ်ပေါ့ ကိုယ်ကအသက်ရှုတာမရတချက်ရတချက်ပဲဘယ်လိုမှမထနိုင် မထိုင်နိုင်တော့ဘူးသူဆင်းလာတော့ အကျီမလဲဖူးလာတဲ့ငါမရတော့ဘူးဘယ်လိုမှလမ်းလျှောက်မရတော့ဘူး ခြေလက်ပျော့ခွေပြီးကိုက်တာအသေအကျီမလဲတော့ဘူးလို့ အာ့နဲ့သူကအိမ်ကအပျိုကြီးကိုတက်စီခေါ်ပေးသွဲစေး ဆေးခန်းသွားမလို့ပေါ့သူအောင့်တာမသက်သာဘူး အပျိုကြီးကသူအောင့်တာကြာနေပြီးခုထိမသက်သာဘူးလာပေါ့လူကသေတော့မယ်သူကမေးမြန်းတာမပြီးတော့ဘူးနောက်တော့ တက်စီရောက်လာတော့ လူကမရတော့ဘူးအောင့်တက်တော့ငိုတာတောင်အသံမထွက်တော့ဘူးညည်းသံပဲပါတော့တယ်ကားပေါ်ဘယ်လိုမှမတက်နိုင်ဘူး မမ ကို တကိုယ်လုံးခိုပြီးတက်ရ သူကပြောနင်အရမ်းလေးတာပဲဟငါမနိုင်ဘူး အားသုံးအုံးပေါ့အဲမှာကတည်းကလူကဖြူဖတ်ဖြူရော် ဖြစ်နေပြီး ဆေးခန်းရောက်တော့ သူတို့လက်မခံတော့ဘူး ဆရာမကဆေးရုံး တက်ရမယ်တဲ့ လူနာအသက်အန္တရာယ်နီး နေ ပြီးတဲ့ အရေးပေါ်ကားခေါ်မှရတော့မယ်တဲ့ မမကအပျို ကြီးကို ဖုန်းဆက်အရေးပေါ်ကားခေါ် ရမယ်ဆို အပျိုကြီးက တက်ဆီနဲ့ သွားလို့မရဘူးလာတဲ့ တက်စီနဲ့သွားတဲ့ ပိုက်ဆံပိုကုန်မှာဆိုးလို့ ဘွားတော်က နောက်ဆရာဝန်မက ပိုက်ဆံကုန်တာ အရေး ကြီးလာ လူနာအသက်အန္တာရယ် အရေး ကြီးလာ ပြောမှ အရေး ပေါ်ကား ခေါ် ရောက်လာတော့လူကအောင့်တာကြာတော့သတိကမရတချက်ရတချက်ပဲဆရာမဘာဆေးထိုးပေးလိုက်တယ်မသိဘူးထိုးပြီးအ ရေး ပေါ်ကား ရောက်လာ တော့ လူကခြေလက်တွေပျော့ခွေပြီး ဖြူဖတ်နေပြီး ဆေးရုံထဲဝင်တော့ဆရာမတွေက အခြေနေမကောင်းတော့ဘူးဆေးအရင်ထိုး ပေးတယ် နောက်လူကဖြူဖတ်နေလို့ဆေးသုံးပုလင်းသွင်းပေးတယ် ဆေးသွင်းတာပြီးရော လူကမတ်တပ်ထမရထိုင်မရအောင့်တာသက်သာလာတော့ ဆရာမက နင်ဆေးရုံပြောင်းရမယ်တဲ့ ဆေးရုံထပ်ပြောင်းတော့ ကားပေါ်မှာလူကနာနေပေမဲ့ဘုရားကိုတော့မမေ့ဘူး တောက်လျှောက်ဆုတောင်းသွား ဆေးရုံထပ်ရောက်တော့ ဆရာဝန်မက ဆီးခုံကိုစစ်တော့အလုံးတွေ့တယ်တဲ့ဓာတ်မှန်ရိုက်မှသိရမယ်တဲ့ဓာတ်မှန်ရိုက်တော့အဖြေကပေါ်လာရော ဆရာဝန်မကနင်ခွဲစိတ်ရမယ် တဲ့ခ နနေ လူကစွံအသွားတယ်သူများနိုင်ငံမှာ ခွဲစိတ်တာကမလွယ်ဘူးလေအကုန်အကျအရမ်းများတယ် အာ့နဲ့ဆရာမကိုမေးလိုက်တယ်ငါကဘာရောဂါလဲပေါ့ ဆရာမကရာသီသွေးက ကျတာမကုန်တော့ခဲသွားတာလကြာလာတော့အလုံးကြီးဖြစ်သွားတယ်တဲ့အဲအလုံးအက်ပြီးကွဲတော့နင်အရေးပေါ်ခွဲစိတ်ခန်းဝင်မှရမယ်တဲ့ ဆေးရုံးမတက်ခင်အလေးတွေတအားမတ်ရတာအလေးမတ်တော့အလုံးကအက်ပြီးသွေးတွေအထဲစီးဆင်းနေတယ်တဲ့အဲသွေးတွေကအလုံးသေးသေးလေးတွေထပ်ဖြစ်တာနည်းတာမဟုဘူးတဲ့နင်အခုမှမခွဲစိတ်ရင် အသက်အာမခံချက် မရှိတော့ဘူးတဲ့ အာ့နဲ့ အပျိုကြီးကိုဖုန်း ခေါ် သူကခွဲစိတ်ခ နင် ပေးရမယ်တဲ့ ဆရာမ မပေးဘူးတဲ့ အာ့နဲ့စိတ်ဓာတ်ကထပ်ကျ ဆရာဝန်မကအပျိုကြီးကိုထပ်ပြောလူနာကအသက်အန္တာရယ်အရမ်းနီးနေပြီး မခွဲစိတ်လို့မရဘူးပေါ့ ခွဲစိတ်မှရမယ်ပေါ့ အပျ်ုကြီးကသူဌေးမစီဖုန်းဆက်တော့သူဌေးမကခွဲစိတ်ပေးတဲ့ အပျိုကြီးကပိုက်ဆံကုန်မှာတအားကြောက်ဆရာမတွေလည်းသူ့ကိုဒေါသထွက် လူနာအခြေနေမကောင်းတော့ဘူးလ်ု့အတန်တန်ပြောနေတာတောင်း သူမခံရလို့ငါဟန်ဆောင်နေတယ်လို့ပဲသူထင်တယ် ဆရာဝန်မကဖုန်းချတော့ခွဲစိတ်ရမယ်စာရွက်စာတန်းကိုလက်မထိုးခိုင်း ထိုးပြီးခွဲစိတ်ခန်းထဲ ပထမကဆရာဝန်တွေက ညတစ်နာရီမှခွဲမယ်ပေါ့ ကျေးဇူးတော်ကြောင့်အဲရက်ကဘားမှမစားလာမိ ရေတခွက်နဲ့လေဆေးတလုံးပဲသောက်မိ ဆရာဝန်ကတစ်နာရီအထိစောင့်မရဘူးတဲ့ရှစ်နာရီခွဲစိတ်ရမယ်တဲ့အထဲခေါ်သွားတော့မေ့ဆေး ပေး ဘားမှမသိတော့ဘူး ခွဲစိတ်ပြီးတော့ဆရာဝန်ခေါ်နိုးတဲ့အချိန်ကညနှစ်နာရီလား မသိဘူးသတိကောင်းကောင်းမရတော့ သတိကရတချက် မရတချက်ပဲအပြင်ရောက်တော့အမနှစ်ယောက်ရောက်လာတာ သိပေမဲ့ဝေဝါးနေတုန်းပဲဆေးကြောင့်ကောင်းကောင်းသတိမရတော့သူတို့လည်းပြန်မနက်မှထပ်လာမနက်ရောက်မှသတိကကောင်းကောင်းပြန်ရ အာ့နဲ့ ဗိုက်ကြည့်လိုက်တော့ခွဲစိတ်တာသုံးခုဖြစ်နေတယ် ဆရာမကရှင်းပြတယ်သွေးလုံးတွေကများတော့နှစ်ခါခွဲထုတ်ရတာတဲ့နောက်တပေါက်က ကွဲနေတဲ့သွေးလုံးကိုသွေးပုပ်စုပ်ထုတ်ဖ်ို့နောက်အပေါက် တစ်ပေါက် ထပ်ဖောက်ရတာတဲ့ တကယ်တော့ကျမဖြစ်တဲ့အရာကကျမထင်တာအသေးအမွှားပဲထင်ပေမဲ့ ည12နာရီသာကျော်ရင်ကျမအသက် မရှိတော့ဘူးတဲ့ ကျေးဇူးတော်သက်သက်ကြောင့် ဘုရားပေးတဲ့အသက်ပဲရှိတော့တယ်။ ဒါကြောင့်ကျမလိုခေါင်းခနခနလျှော်တက်တဲ့မိန်းကလေးတိုင်းရာသီလာချိန်ခေါင်းမလျှော်ကြဖို့အထူးသတိပေးချင်ပါတယ်တယ်ဆိုပီးမျှဝေလာတာဘဲဖစ်ပါတယ်
ခုကြည့်နေတဲ့သူထဲမှာဒီလိုရာသီလာချိန်ခေါင်းလျှော်တဲ့သူရှိလားခုလိုကြုံဖူးတဲ့သူရောရှိလားရှိရင်ဗဟုသုတအနေနဲ့နောရ်လူတွေသတိထားနိုင်အောင်အတွေ့‌ကြုံလေးကိုမျှဝေပေးခဲ့ကြပါအုံးရှင်

09/01/2026
06/01/2026

တစ်ခါတလေ ဥပေက္ခာပြုခြင်းက စိတ်ချမ်းသာစေပါတယ်

04/01/2026
17/12/2025

- "အိမ်ထောင်ရေး အဆင်မပြေတဲ့ တစ်နေ့... သင့်လက်ထဲမှာ 'ထွက်ပေါက်ငွေ' (Exit Money) ရှိလား?" 🚪💰

မင်္ဂလာဆောင်တုန်းကတော့ "ထာဝရ" လို့ ကတိပေးခဲ့ကြတာပါပဲ။

ဒါပေမယ့် လောကကြီးမှာ ဘာမှမသေချာပါဘူး။

ဖောက်ပြန်တာတွေ၊ ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ၊ စိတ်ဆင်းရဲစရာတွေ ကြုံလာတဲ့အခါ...

အမျိုးသမီးတော်တော်များများက ဘာလို့ သည်းခံပြီး ဆက်ပေါင်းနေကြလဲ သိလား?

သူ့ကို အရမ်းချစ်လို့ မဟုတ်ပါဘူး။ "သွားစရာနေရာ၊ စားစရာပိုက်ဆံ မရှိလို့ပါ"

ဒါကြောင့် ခေတ်ပညာတတ် အမျိုးသမီးတိုင်းမှာ (ငါ ဂရုမစိုက်ဘူး၊ ထွက်သွားမယ်လို့ ပြောရဲတဲ့ငွေ) ရှိကို ရှိရပါမယ်။

၁။ ဘယ်သူမှ မသိတဲ့ လျှို့ဝှက်ငွေစာရင်း။

၂။ ရွှေ (သို့) အလွယ်တကူ ရောင်းလို့ရတဲ့ ပိုင်ဆိုင်မှု။

၃။ ကိုယ်ပိုင် ဝင်ငွေလမ်းကြောင်း။

ဒီငွေဟာ အိမ်ထောင်ရေးကို ဖျက်ဆီးဖို့ မဟုတ်ပါဘူး။
ကိုယ့်ကိုကိုယ် "လုံခြုံမှု" ပေးဖို့ပါ။

"ပိုက်ဆံရှိတဲ့ အမျိုးသမီးဟာ... မတရားမှုကို သည်းခံစရာ မလိုပါဘူး။ တံခါးဖွင့်ပြီး ထွက်သွားရုံပါပဲ။"

#ခေတ်ပျိုမေ #အမျိုးသမီးလုံခြုံမှု

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Kay Kay Baby Toy Online Shopping Mdy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share