Review By Tayza

Review By Tayza Your Personal Honest Reviewer.

📌 Retinol သုံးလာတာ ၂ နှစ်ကျော်ပြီ။ Brand သာ ကွာသွားမယ်။ အသားရေနဲ့ retinol ထိတွေ့မှုဆိုတာ အမြဲရှိနေတယ်။ တစ်ပတ် အနည်းဆုံး ...
23/08/2026

📌 Retinol သုံးလာတာ ၂ နှစ်ကျော်ပြီ။ Brand သာ ကွာသွားမယ်။ အသားရေနဲ့ retinol ထိတွေ့မှုဆိုတာ အမြဲရှိနေတယ်။ တစ်ပတ် အနည်းဆုံး ၂ခါ လိမ်းတယ်။

➡️အရင်ကအသားရေကြမ်းတမ်း / ဝက်ခြံ အမာရွတ်နဲ့ မွဲခြောက်ခြောက် ရှိနေတဲ့ အနေထား, skincare လိမ်းလဲ ခဏပဲ လှတဲ့ အနေထားက က ခုဆိုရင်အသာလေးက ကြည်လင်ပြီး အိနေပြီ။

➡️ချွေးပေါက် Size ဆို စေ့နေအောင် မကျဉ်းပေမယ့် ကျယ်တဲ့သူတွေနဲ့ ယှဉ်ပြန်ရင်လည်း သိသိသာသာ ကျဉ်းတယ်။

➡️ ဝက်ခြံတွေပေါက်တောင် မာကျစ် /ညှစ်မရတဲ့ အနေထား မဟုတ်တော့ပဲ ခဏလေးနဲ့ ပျောက်လွယ်တဲ့ အဖုနီနီအိအိလေး။ အိပ်ရေးဝတာနဲ့ ချက်သွားတဲ့ အနေထား။

✅ ဒါကြောင့် Gold standard ingredient လို့ခေါ်တာ ။

Celimax Retinol နဲ့ ပတ်သတ်ရင် မင်တေဇ ခဏခဏ လိမ်းကြောင်း / Recommend ပေးကြောင်းတွေ့မှာပါ။
အဖက်ဖက်ကနေ မင်တေဇ သဘောကျလို့ review ကို ၂/ ၃ခါ မက ရေးတာပါ။

Booster / Serum / Dual Cream မှာ ဘာသုံးရမလဲ မသိရင် / ဝေခွဲမရရင်

▫️ ချွေးပေါက် size အရမ်း မကျယ်ဖူး / maintenance လုပ်ဖို့ပဲ , အသားရေလေးပါးပြီး အရေးကြောင်းနဲ့ smile line ရှိတယ်ဆို ✅ Retinal Shot Tightening Booster .
TT မှာလို Viral Commercial Videos တွေလို တစ်မျက်နှာလုံးအစက်တွေ အများကြီးချ လိမ်းရမှာ မဟုတ်ပဲ တစ်မျက်နှာလုံး ပဲစေ့ တစ်စေ့ / လက်ညှိုး ထိပ်တစ်ဝက်လောက်ဆို လုံလောက်ပါပြီ။ ပြီးရင် Moisturizer လိုက်ပေးပါ။

Detail Review >>> https://m.facebook.com/story.php?story_fbid=1209977027931863&id=100067587310514&mibextid=wwXIfr

▫️ချွေးပေါက် Size က လိမ္မော်ခွံလောက် အဓိကကျယ်ပြီး Dull Skin ဖြစ်နေရင် , တော်တော် လေး အရေးကြောင်းများတယ် ခံစားရရင် Retinol Shot Tightening Serum သုံးပါ။ ‼️ Beginner Friendly Option တော့ မဟုတ်ပါ။ စူးပါတယ်။ သူလည်း Moisturizer ပြန်လိုက်ပါ။

Detail Review >>> https://www.facebook.com/share/1PvWtGBgKK/?mibextid=wwXIfr

▫️တစ်မျက်နှာလုံးအသားရေလေးကို တင်းရင်းကြည်လင်ဖို့ / ရှိရင်းစွဲထက် ငယ်သလို ထင်ရအောင် / ချွေးပေါက် size တွေလဲ ပိုမကျယ်အောင် / အသားရောင်လဲ ကြည်လင်အောင် / retinoid Off day တွေမှာ သုံးတဲ့ skincare efficacy ကို ပို boost လုပ်ဖို့ဆို Dual cream ကို သုံးပါ။ ✅ Very Very Beginner friendly option ပါ။ Cleanser + Toner + Retinal Shot Tightening Dual Cream ဆို routine က လုံလောက်ပါပြီ။ ‼️ ဘူးကို ထောင်လျက် ထားပြီး အသုံးမပြုခင် ဗူးဖင်နဲ့ လက်နဲ့ ရိုက်ပေးပါ။

Detail Review >>> https://www.facebook.com/share/197RPFc4ta/?mibextid=wwXIfr

Market ထဲမှာ Retinol အမျိုးမျိုးရှိပါတယ်။ ကိုယ်
အဆင်ပြေတာ သုံးပါ။ စိတ်ရှည်ရှည်နဲ့ အချိန်ပေး သုံးပါ။ Brand ကောင်းဖို့ , Science ကောင်းဖို့ပဲ လိုတာပါ။

မင်တေဇ Choice ဆို Celimax ပါပဲ။
ကိုယ့် skin concern , personal preference အလိုက် option စုံလို့ပါ။

ဆိုတော့ Retinol နဲ့ ပတ်သတ်လို့ သိချင်တာရှိ Cmt မှာ စာချနိခဲ့နော်။ ကောင်းသောညပါဗျာ။

🫶🏻 ညာဘက်ထောင့်က Purito ကိုတော့ ဖြတ်လျှောက်အနေနဲ့ ထည့်ထားတာမဟုတ်ပါ။ မင်တေဇ ဒီနှစ်အတွက် နောက်ဆုံးရွေးထားတဲ့ Retinoid Review ပါ။ ဒီကောင်ပြီးရင်တော့ ဒီနှစ် Retinoid Review တွေ မရှိတော့ပါ။

21/08/2026

📌 Medicube နဲ့ ပတ်သတ်ပြီး သတင်းတွေ ကြားမှာပါ။

အဓိက ပြသာနာဖြစ်တာ Medicube products အားလုံးမဟုတ်ပဲ ပန်းရောင် PDRN capsule cream တစ်မျိုးတည်းပါ။ (တစ်မျိုး/တစ်ခုတည်းပါ )

➡️ Hong Kong Government Laboratory က ဈေးကွက်ထဲကဝယ်ယူထားတဲ့ cream sample တစ်ခုမှာ Cosmetics တွေထဲ အသုံးပြုခွင့်မရှိတဲ့ Sudan Red တွေ့ထားတော့ အသုံးပြုမှုရပ်ဖို့နဲ့ ဆိုင်တွေကိုလည်း ရောင်းတာ ရပ်ဖို့/ ဖယ်ဖို့ သတိပေးထားပါတယ်။

➡️ Singapore မှာလည်း စမ်းသပ်တဲ့အဖြေ တစ်ခု စောင့်နေစဉ် recall + sale suspension တွေ လုပ်ထားတယ်။

➡️Medicube ဘက်ကနေလည်း သူတို့ရဲ့ official products တွေကို third-party laboratories အမျိုးမျိုးမှာ စစ်ထားပြီး Sudan Red မတွေ့ဘူး လို့ ပြန်ပြီး ထုတ်ပြန်ထားတယ်။

‼️ ဆိုတော့ Government sample မှာ တွေ့တယ် , Brand စစ်တဲ့ samples မှာ မတွေ့ဘူးဆိုပြီး အဖြေနှစ်မျိုးကွဲနေတုန်းပါ။ Different batch လား , formula ကွာတာလား , counterfeit ( အစစ်နဲ့ တစ်ထပ်တည်းတူအောင် တုထားသော အတော်ကု ) လားဆိုတာလည်း အတည်မပြုနိုင်သေးဖူး။

ဆိုတော့ မင်တေဇသာ pink PDRN capsule cream သုံးနေတယ်ဆို ရပ်ထားမိမှာ ။
သံသယက စိတ်ကို ထိခိုက်စေပြီး ခေါင်းရှုပ်စေလို့ပါ။

Source >>> Hong Kong Customs, Singapore HSA & Medicube/APR Official Statement

19/08/2026

📌 အခု ဘာ Toner တွေ သုံးနေကြလဲ?

Toner တွေထဲက ကြိုက်တာရော , ကိုယ်နဲ့မကိုက်တာရော Skin type လေးနဲ့အတူ Review ကို Cmt မှာ sharing လုပ်ပေးပါဦး။

ကိုယ်တစ်ယောက်တည်းပဲ Review ရေးနေရတာ ပျင်းလာလို့ ဒီနေ့တော့ အားလုံးရဲ့ Review တွေ ပြန်ဖတ်ချင်လို့ပါ။ 😫

18/08/2026

📌 အသားဖြူဖို့ /အသားရေလှဖို့ Supplement သောက်ဖို့ပဲ အားခဲနေတာ။အခြေခံ အချက် ၃ချက်ကို ဂရုစိုက်ဖို့မေ့နေကျတယ်။

▫️ ရေလုံလောက်အောင်သောက်ခြင်း (Hydration )

ရေများများသောက်လေ အသားပိုဖြူလေပြောချင်တာ မဟုတ်ပါ။

ခန္ဓာကိုယ်မှာ ရေဓာတ်လျော့နေရင် skin က ခြောက်/တင်းသလိုဖြစ်ပြီး fine lines / အရေးအကြောင်းတွေ ပိုထင်းမြင်စေပါတယ်။ Overall look ကလည်း လန်းလန်းဆန်းဆန်းမရှိဘဲ မှိုင်းနေတတ်တယ်။

ကိုယ့်ခန္ဓာကိုယ်လိုအပ်သလောက် ရေလုံလောက်အောင်သောက်ထားတာက skin ကို ပုံမှန်အစိုဓာတ်နဲ့ ပြည့်ပြည့်လေးမြင်ရအောင် အထောက်အကူပေးပါတယ်။

▫️ အိပ်ရေးဝဝအိပ်ခြင်း (Sleep )

ညတိုင်းအိပ်ချိန်မမှန်တာ , အိပ်ချိန်နည်းတာတွေကြောင့် မနက်ခင်းမှာ မျက်နှာနွမ်းတာ၊ မျက်ကွင်းကျ ညိုတာနဲ့ skin tone မညီသလိုမြင်ရတာတွေ ဖြစ်နိုင်ပါတယ်။
မျက်နှာအန်းနေတာတွေ ရောပေါ့။

အိပ်ရေးဝဝအိပ်တာက skin barrier ကို Repair and Healing ပေးတယ်။ တစ်ညကို ၇–၉ နာရီလောက် ပုံမှန်အိပ်ပေးသင့်တယ်။

▫️ နေလောင်ကာကွယ်ခြင်း ( Protection )

အသားမမဲဖို့ , တင်းတိပ် , အမည်းစက်နဲ့ ဝက်ခြံအမာရွတ်တွေ ပိုမထင်းလာဖို့ ဒီအချက်က အဓိကအရေးကြီးဆုံးပဲ။

UV ထိတွေ့မှုများရင် melanin ထုတ်လုပ်မှုတိုးပြီး အသားညစ်လေ /မဲလေ / အမဲစက် ထင်းလေပါ။

ဆိုတော့ broad-spectrum SPF 30 နဲ့အထက် sunscreen ကို လုံလောက်တဲ့ပမာဏလိမ်းပြီး နေရောင်ထဲကြာကြာနေရင် ပြန်လိမ်းပေးပါ။ မလိမ်းနိုင်ရင် ထီး , ဦးထုပ်နဲ့ အရိပ်ရတဲ့နေရာကို ရွေးတာလည်း sun protection ထဲမှာ ပါပါတယ်။

‼️ Supplements တွေ မကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး။

✅ ရေ , အိပ်ရေးနဲ့ နေလောင်ကာကွယ်မှုက Foundation
✅ Skincare က ကိုယ့် concern ကို Target ထားပြီး ပြုပြင်/ထိန်းသိမ်းပေးတာ
✅ Supplement က အတွင်းပိုင်းကနေ ထပ်ပြီး Support ပေးတာပါ။

▫️သူ့နေရာနဲ့သူ အသုံးဝင်ပုံမတူကြပါဘူး။ ဘယ် supplement မှ sunscreen ကို အစားမထိုးနိုင်သလို , sunscreen တစ်ခုတည်းကလည်း အိပ်ရေးပျက်ထားတဲ့ မျက်နှာကို အပြည့်အဝပြန်မကယ်နိုင်ပါဘူး။

➡️ Supplement ကောင်းကောင်းသောက်နေတာကလည်း သူ့ formula , dose နဲ့ ကိုယ့်လိုအပ်ချက်ပေါ်မူတည်ပြီး အားဖြည့်ပေးနိုင်မယ့်နေရာ ရှိပါတယ်။

အသားဖြူသွားဖို့ထက် ကိုယ့်မူလ skin tone လေး မှိုင်းညစ် မနေဘဲ fresh look ကို ညီညာကြည်လင်နေဖို့ အခြေခံ ၃ ချက်ကို နေ့တိုင်းပုံမှန် အရင်ဆုံးလုပ်ပါ။

🫶🏻သိချင်တာရှိ Cmt မှာ စာချန်ခဲ့နော်။
ကောင်းသောညပါဗျာ။

📌 Retinol မသုံးတတ်တဲ့သူတွေတောင် သုံးတတ်သွားမယ်။ Very Very Beginner-Friendly Option ကိုမှRetinal Side + Relief Side ၂ မျိ...
16/08/2026

📌 Retinol မသုံးတတ်တဲ့သူတွေတောင် သုံးတတ်သွားမယ်။ Very Very Beginner-Friendly Option ကိုမှ
Retinal Side + Relief Side ၂ မျိုးတွဲထားတဲ့အတွက် တစ်မျိုးတည်းလိမ်းရုံနဲ့ရပြီ။

▫️ သူ့ကိုလိမ်းလို့ ပိုကောင်းအောင်ဆိုပြီး Sandwich Method လုပ်ရမလား , ဘာ serum နဲ့ထပ်တွဲရမလဲ , moisturizer ဘယ်လိုညှိရမလဲဆိုတာမျိုး အများကြီးစဉ်းစားစရာမလိုဘူး။

✅ မြင်ရတဲ့ ချွေးပေါက်တွေ တဖြည်းဖြည်းလျော့လာမယ်။
✅ အဖုသေးသေး , မညီညာတဲ့ texture တွေ ချောမွေ့လာမယ်။
✅ Skin tone ပိုကြည်ပြီး အသားညက်လာမယ်။
✅ Fine lines / အရေးကြောင်းတွေ ထင်းနေတာ ဆပြလျော့လာမယ်။
✅ Overall အသားရေက နုဖတ်ပြီး တင်းရင်းလာမယ်။

🥹 ပိုက်ဆံကုန်ဖို့သာ ပြင်ထား။
ပြင်ထားပြီးရင် ကုန်ရကျိုးနပ်ပြီသာ မှတ်လိုက်။ 😂

➡️ ဒီကောင်က Worldwide launch မလုပ်ခင်ကတည်းက Official Distributor ကြောင့် ကိုယ့်လက်ထဲ အစောဆုံးရောက်လာတဲ့ product တစ်ခု။

မြင်ရတဲ့ concept ကတော့ တော်တော်မိုက်တယ်။
Concept ကောင်းတာနဲ့ လက်တွေ့အသုံးတည့်မယ်ဆိုတာ သုံးကြည့်မှ သိမှာပဲ။ ရှေ့မှာလဲ Celimax Booster တွေပါ သုံးထားဖူးတော့ comparison လုပ်ဖို့လည်း အဆင်ပြေတာနဲ့ OK , pick up စလုပ်လိုက်တယ်။

➡️ ပထမဆုံး သိသိသာသာခံစားရတာက Routine Friendly ဖြစ်တာ။ ဘယ်နှခါသုံးရမလဲ , ဘာနဲ့တွဲရမလဲ , moisturizer အရင်လား နောက်လာ , ခြောက်ရင် ဘာလုပ်ရမလဲ ဆိုတဲ့ routine management တွေပဲ။
ဒီကောင်က Treatment + Moisturizer ဆိုတဲ့ concept ဖြစ်တော့ အဲ့ဒီအပိုင်းကို တော်တော်လွယ်သွားစေတယ်။

➡️ Star Ingredients တွေ ဖြစ်တဲ့

▫️Retinal 0.05 % နဲ့ collagen production အားကောင်းစေတာကနေ အသားရေကို improve စေ တယ်။
▫️Matrixyl® 3000 3% ( Peptide Conplex ) နဲ့ ချွေးပေါက်ကျယ်လွန်းတာက အစ အပေါ်ယံ အရေပြား တင်းရင်းတာကို support လုပ်တယ်။
▫️Panthenol 5% (Relief Side ) နဲ့ dryness, tightness ကို cancel ပေးပြီး hydration နဲ့ skin comfort ကို ပြန် balance ပေးထားတယ်။
▫️A-Shot™ 33,750 ( Delivery System ) နဲ့ ဖွဲ့စည်းထားတဲ့ ingredient combination ကို ပို စွမ်းစေတယ်။

ဆိုတော့ ဒီ cream ရဲ့ point က Retinoid ကို ရေရှည်
ဆက်သုံးနိုင်အောင် လွယ်အောင်လုပ်ပေးထားတာက အားသာချက်ပဲ။

➡️ အမြဲဆက်သုံးပေးရင် Skin turnover နဲ့ texture quality ကောင်းလာတဲ့အခါ pore edge တွေ ပိုချောလာ , မျက်နှာပြင်ပိုညီလာတာကနေ light reflection ကောင်းလာတော့ overall skin က ပိုကြည်ပြီး pore တွေလည်း မထင်းတော့တာဖူး။ အဲ့ဒီimprovement ကို ကိုယ်တိုင်မြင်သွားရင် Retinol /Retinal ဘာကြောင့် သုံးခိုင်းလဲ သိသွားမယ်။

‼️ Beginner-Friendly ဆိုပေမယ့်
စသုံးမယ့်သူဆို
တစ်ပတ် ၂ ညလောက်ကနေ စ >>>
skin ကောင်းကောင်းခံနိုင်ရင် တစ်ရက်ခြားတစ်ခါ ဆိုပြီး Frequency တိုးပါ။

Retinoid မှာလေ များများလိမ်း = အရမ်းကောင်း/မြန်မြန်ကောင်းမဟုတ်ပါ။ ကိုယ့်အသားခံနိုင်တဲ့ frequency နဲ့ ရေရှည်သုံးပေးတာက အကောင်းဆုံး result ရမှာပါ။

➡️ လိုရင်းက ဒီ Celiamx Retinal Shot Tightening Dual Cream မှာ Treatment + Comfort ( မစူး /မပြင်း but ထိရောက် ) ရှိတယ်။ Long term >>> Routine ထဲထည့်ရလွယ်အောင် Design + Formula Concept တွေ့ရတယ်။

‼️ ဗူးကို ထောင်ရက်သား ထားပါ။ မသုံးခင် ဖင်နဲ့ လက်နဲ့ စောင့်ပေးပါ။

ဆိုတော့ သိချငိတာရှိ Cmt မှာ စာချန်ခဲ့နော်။ ကောင်းသောညပါဗျာ။

Official Distributor >>>Celimax Myanmar မှာ ရသလို ဆိုင်/OS တွေမှာလဲ ရပါတယ်။

📌2024 ကတည်းက Salicylic acid ပါတဲ့ cleanser ဆို ဒီ2 မျိုး ပဲ ဆက်တိုက် ညွှန်ခဲ့တာပါ။အသုံးတည့်သလို အသုံးလည်းတော်တော် ခံတယ်။...
15/08/2026

📌2024 ကတည်းက Salicylic acid ပါတဲ့ cleanser ဆို ဒီ2 မျိုး ပဲ ဆက်တိုက် ညွှန်ခဲ့တာပါ။

အသုံးတည့်သလို အသုံးလည်းတော်တော် ခံတယ်။
200 ml ဆိုတော့ တစ်ခြား skincare တွေသာ ကုန်တာ , ဒီကောင်ကုန်ဖို့ဆိုတာ တော်တော် ကြာတယ်။

❤️ Acne Care Foaming Cleanser ရဲ့ Deep Cleansing နိုင်ချက်ကြီးကအပေါ်ယံအရေပြားမှာတင် ကပ်ညှိနေတဲ့ ဆားဝက်ခြံ ဆို သစ်ရင်းနဲ့ ပြုတ်ပါထွက်တယ်။ အဆီပြန်လို့ ညနေလောက်ဆို အရေပြားပေါ် တင်ကျန်နေတဲ့ sebaceous filaments ဖြူဖြူအစေ့လေးတွေပါ တစ်ခါသစ်တာနဲ့ ပြောင်တာ ။ ချွေးပေါက်ပတ်ဝန်းကျင် ကို ရှယ်ပလန်နဲ့ အညစ်အကြေး နဲ့ အဆီပို မှန်သမျှ ရှင်းပေးတာပါ။

အဆီပြန်ပြီး ချွေးပေါက် ခဏခဏ ပိတ်တတ်လို့ ဝက်ခြံ ထွက်တတ်သူတွေ , လက်ရှိ ဝက်ခြံထနေသူတွေ , ဆားဝက်ခြံသမားတွေ သုံးသင့်တဲ့ cleanser ပါ

💙 Nano Bubble cleanser ကတော့ နည်းနည်းလေး သုံးရုံနဲ့ အမြှုပ်နုနုသေးသေးလေးတွေ / အမြှုပ်
ထုထည်များများနဲ့ cleansing experience ကောင်းကောင်းရတယ်။ အရေပြားပေါ်က အညစ်ကြေး 99.89 % ကို ပြောင်စင်ပါတယ်လို့ claim test တွေ့ရတယ်။ skincare steps များသူတွေ သဘောကျပါမှာ။

အနီထက် စာရင် အပြာရောင်က နေ့ည သုံးဖို့ ပိုကောင်းတာ တွေ့ရတယ်။

‼️ 2ခုလုံးက Dry skin , အရေပြား ပါးသူတွေ , foaming experience ကောင်းကောင်း မကြိုကိသူတွေ ရှောင်ပါ။

✅ 2ခုလုံးက Double Cleansing လုပ်ရမှာပျင်းတဲ့သူတွေ , Sunscreen လောက်ထိပဲ လိမ်းတဲ့သူတွေ တွက် step တစ်မျိုးတည်းနဲ့ cleansing လုပ်ချင်သူတွေ အဆင်ပြေပါမယ်။

လိုရင်းက Salicylic acid ပါတဲ့ cleanser ကိုမှ acne treatment အတွက် ရယ် / daily maintenance ရယ် ဆိုပြီး foaming cleanser ကောင်းကောင်း ရှာနေရင် Dr Banggiwon Cleanser 2 မျိုးက အဆင်ပြေပါလိမ့်မယ်။

🛒 Official Distributor >>> Dr + Banggiwon Myanmar မှာ ဝယ်လို့ရသလို ဆိုင်/ OS တော်တော် များများမှာလည်း ရတယ်နော်။

🫶🏻 တစ်ခုခုသိချင်တာရှိရင် cmt မှာ စာချန်ခဲ့ပါ။ ကောင်းသောညပါဗျာ။

📌 ဝိုးဝါး ဝူးရှူးဝါး ဖြစ်သွားတဲ့ အတွဲလေး။ ဝက်ခြံ/ အဆီပြန် / အဆီဖုတွေ သက်သာပြီး barrier ကအစ ပြန်ကောင်းလာမယ်။ ဝက်ခြံအမာရွတ...
15/08/2026

📌 ဝိုးဝါး ဝူးရှူးဝါး ဖြစ်သွားတဲ့ အတွဲလေး။
ဝက်ခြံ/ အဆီပြန် / အဆီဖုတွေ သက်သာပြီး barrier ကအစ ပြန်ကောင်းလာမယ်။ ဝက်ခြံအမာရွတ်တွေက ပါးပြီး skin tone ပါ တက်လာမယ်။

တစ်ခုစီသုံးကြည့်တဲ့အနေထားရ

▫️Soone Nia Glow cleanser က deep cleansing အားကောင်းသလောက် သစ်ပြီး post cleaning tightness sign တွေ မရှိဖူး။ ပြောင်ရှင်းပေါ့သွားပြီး လိမ်းမယ့် skincare တွေ evenly spread အနေထား စိမ့်ဝင်ဖို့အသင့် feeling ရတယ်။ 🚫 Dry Skin တော့မရ။

▫️Yoon Mugwort Essence ကိုတော့ toner အနေနဲ့ လက်နဲ့ပုတ် သုံးပြီး မျက်နှာသစ်ရင်း ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ပေးတယ်။ ယားနေ/ယောင်နေ/ အသားပူတဲ့လက္ခဏာ ကို လျော့ချပေးတယ်။ သူမပါရင် routine က မပြည့်စုံသလို skin preparation step အနေနဲ့ ရှိပေးတယ်။ ရောင်ရမ်းနေတဲ့ ဝက်ခြံအဖုတွေဆို toner pad လို လုပ်ကပ်ထားရင် အဖုတွေချက်တာ / အရောင်ကျတာ တွေ့ရတယ်။ တော်တော် လည်း အသုံးခံတယ်။

▫️Purito Azelaic ကတော့ သုံးပြီး ဝက်ခြံခဏခဏ မထွက်လွယ်တော့ဖူး။ ရှိပြီးသား ဝက်ခြံတွေလဲ ဆိုးရွား မလာတော့ဖူး။ အဖုဖြစ်ပြီး ကျန်ခဲ့တဲ့ အမာရွတ် အရောင်ဆိုလဲ ထင်းမနေတော့ဖူး။ Skin Texture လဲ ချောမွတ်သွားတယ်။ Acne Routine တွေသုံးရင် အသားညစ်သွားတာလိုမျိုး မဖြစ်ဖူး။ 🚫 Tea Tree နဲ့ မတည့်ရင် ရှောင် ။ ‼️ Purito သုံးရင် စစချင်းယားတတ်။ ‼️ နေ့ထက် ညမှာအရင်သုံးပြီး အသားကျပြီဆိုမှ နေ့ဘက် သုံးပါ။

‼️ 345 ကတော့ ပြက်လို့ကိုမရဖူး။ ဘာမှ မသုံးပဲ toner နဲ့ သူနဲ့ ရှိရင်ကို ရပြီ။ လက်ဟောင်းကို ကြိုက်တောင် ကိုယ့်အတွက် mixed feeling ရှိပေမယ့် လက်သစ် reformulation ကိုတော့ acne safer moisturizer လို့ မြင်တယ်။ Azelaic acid သုံးပြီး အသားခြောက်မယ့်အနေထားကို cover ကောင်းကောင်းလုပ်ပေးတယ်။ လိမ်းရတဲ့ texture viscosity ကို ကြည့်ရင် အရင်ထက်စာရင် ပို premium ဆန်တဲ့ treatment cream လို့ ခံစားရတယ်။ skin type အလိုက် ပမာဏ ညှိလိမ်းဖို့လိုတယ်။ မနက်ဆို yoon mugwort essence + 345 cream + sunscreen ဆိုပြီး ကျစ်လစ်တဲ့ routine ဘက် သွားတယ်။ serum မသုံးပဲ ညဘက် toner + 345 လိမ်းပြီး စောစောအိပ်လိုက်ရင် နေ့ထက် ညမှာ changes မြင်ရတယ်။ ဘာမှ မဖြစ်တဲ့ အသားရေ ခြေနေမှာ သွားလိမ်းရင်တော့ အဖုတွေ ထွက်တတ်ပါတယ်။ (လူတိုင်းမဟုတ် )

▫️ဝက်ခြံဖြစ်နေရင် sunscreen မလိမ်းရဖူးဆိုတာ မရှိဖူး။ UV ထိတွေ့မှုကို ဝက်ခြံကို သက်ရောက်မှု variable ရှိပေမယ့် ဝက်ခြံ အမာရွတ် ပိုထင်းလွယ်တတ်တယ်။
Acne control product တွေမှာပါတဲ့ Salicylic/ Azelaic / Retinoid တို့ သုံးရင် Sunscreen သေချာပေါက် လိမ်းရတယ်။ ဘယ်လို sunscreen သုံရမလဲပဲ ရွေးရတယ်။ physical sunscreen တွေက သင့်တော်ပေမယ့် မျက်နှာပြာသွားတတ်တာ လက်တွေ့မှာ အဆင်မပြေဖူး။ Chemical Sunscreen တိုင်းကလဲ acne skin safe လို့ပြောဖို့ကျ တစ်ယောက်ချင်းစီရဲ့ preference, product ရဲ့ formulation ပေါ်မူတည်
တယ်။ မသုံးခင် လေ့လာသင့်တယ်။ Soone cica sunscreen ကတော့ UV rays အပြင် ဝက်ခြံဖြစ်တဲ့ခါ skin reactive ဖြစ်နေတာကို soothing , calming ပိုင်းအနေနဲ့ support ပေးတယ်။ ဒီ sunscreen က modern uv filters သုံးထားတော့ လူနည်းစု လိမ်းစမှာ မျက်လုံး/ အသား စပ်တတ်တယ်။ ဒါမတည့်တာ မဟုတ်ပါ။ chemical sunscreen တွေရဲ့သဘောသဘာဝဖြစ်သလို barrier အားနည်းနေတာနဲ့လဲ ဆိုင်ပါတယ်။

➡️ ဆိုတော့ ဝက်ခြံတစ်ဖု ၂ဖု ပေါက်လို့ ဒီ တစ် set လုံးပြောင်းစရာမလိုပါ။ ဆိုးဆိုးဝါးဝါး ဝက်ခြံ/ အဆီဖုတွေ ရှိနေမှ သုံးပါ။ ကိုယ် ဉာဏ်ရှိသလို ချိတ်ဆက်သုံးပါ။

📌 အရွယ်မတိုင်ခင် အိုသလို/ခြောက်သလို ခံစားနေရတဲ့ သူတွေ အတွက်ပါ။ ✅ Dry to normal skin တွေတွက် ကောင်းတယ်။ ▫️HH ရဲ့ red coll...
14/08/2026

📌 အရွယ်မတိုင်ခင် အိုသလို/ခြောက်သလို ခံစားနေရတဲ့ သူတွေ အတွက်ပါ။

✅ Dry to normal skin တွေတွက် ကောင်းတယ်။

▫️HH ရဲ့ red collagen series က အပြင်ပန်းဘူးပုံစံပဲ လှအောင် လုပ်ထားတာမဟုတ်ပဲ formula architecture ကအစ တော်တောလေး အားစိုက်ထားတာ တွေ့ရတယ်။

သဘောအကျဆုံးက serum နဲ့ moisturizer ပါပဲ။

▫️ မင်တေဇသာ dry skin ဆို serum မှာ HA Serum သီးသန့် သုံးမယ့်အစား hydrate + brightening အာနိသင်ကို ပေးတဲ့ ဒီ HH red collagen booster serum ကို သုံးမှာပါ။ မစေးကပ်ပဲ လိမ်းရင်းနဲ့ အသားအတွင်းထဲ အလွှာလိုက် စိမ့်ဝင်စေပြီး ရေဓာတ်ပြည့် ချက်ချင်းကြည်တက်သွားတာပဲ။ Hydrate Glow Finish ရတာ အသက်ပဲ။ Active ဖြစ်တဲ့ Niacinamide 5 % ပဲ ပါတော့ serum ပြင်းပြင်းကြီး သုံးနေသလို မခံစားရပဲ barrier friendly ဖြစ်စေတယ်။ Matrixyl type peptide နဲ့ ပါ paring လုပ်ထားတော့ ဒီကောင့်သာ ညတိုင်းသုံးပေးရင် သူပေးတဲ့ အာနိသင်က အသားရေတွန့်ခြောက်သာ လျော့ပြီး softness နဲ့ flawless texture ကို ရပါလိမ့်မယ်။

ဒီ serum ကို အဖက်ဖက်ကနေ ကြည့်ရင် value တစ်ခုရှိလို့ မင်တေဇ သတ်မှတ်တယ်။

Fragrance တော့ပါတယ်။ အရမ်းပြင်းတဲ့ဘက်မသွားပဲ premium anti aging product သုံးရသလို luxurious feeling ရအောင် ဖန်တီးထားတယ်ပဲ မြင်ပေးလိုက်
တယ်။

တစ်နေ့မှာ တစ်ကြိမ်လိမ်းရုံနဲ့ လုံလောက်ပြီမို့ ညပဲ သုံးပါ။

▫️Moisturizer ကတော့ treatment ဆန်ဆန် 30 g ပဲ ပါပေမယ့် Squalane ဦးဆောင်တဲ့ formula မို့ ပုံမှန်
ထက် လျှော့ ညှိမျှလိမ်းရုံနဲ့ လုံလောက်ပြီ။ ပူတင်း cream texture viscosity ရှိတဲ့အပြင် Olive oil , Jojoba oil , Shea Butter တိုလို supporting ingredients တွေနဲ့ moisturizing function ကို operating လုပ်ထားတော့ လိမ်းပြီးတာနဲ့ ခြောက်နေတဲ့အသားက စိုအိချောသွားတယ်။ သူ့ serum နဲ့သာ တွဲလို့ကတော့ စိုအိဖတ်သွားမယ်။ Nourishing cream concept ဘက်ကို သွားထားတယ်။

Dry to dehydrate skin , Normal တွေ သဘောကျမယ်။ Oily skin မှာဆို skincare preparation များရင် heavy ဖြစ်သလိုခံစားရပါမယ်။

▫️ Bella ရော် Hearty Heart ရော် product တစ်မျိုးချင်းစီရဲ့ လုပ်ဆောင်နိင်စွမ်းကို စံလို့ သတ်မှတ်ပြီး rating ပေးရင် eye cream တွက် wow wow wow ပဲ ။

Niacinamide + 0.1 encapsulated retinol ပါတော့
မျက်ကွင်းညိုတာ , မျက်ကွင်းအရေကြောင်းနဲ့ မျက်တွင်း ခြောက်သာတွေ သိသိာသာသာ သက်သာစေပြီး အရွယ်တစ်ခုကြောင့် collagen degradation ဖြစ်တာကို သိသိသာသာ ပြန်ပြည့်အောင် support လုပ်ပေးတယ်။

Under eye မှာ Retinol ပါတာ သုံးလို့ irritation မရှိအောင် blur ပေးမယ့် surface hydration system လဲ တွေ့ရတယ်။

▫️Sunscreen တွက်ကတော့ mixed feeling ပါ။ Personal အရ မကြိုက်ပေမယ့် Professional အရ recommend ပေးရရင် HH red collagen series aging ကို counter လုပ်ချင်ပြီး dry skin ကို ရည်ရွယ်တဲ့ သဘော ဆိုတော့ ဘာလိမ်းလိမ်း hydrate and moisturized ဖြစ်တာပေါ့နော်။ Sunscreen ဆို မင်တေဇတို့ 2 fingers method နဲ့ လိမ်းတော့ နည်းနည်း ထွေးခပ်ပါးပါးစီးတယ်။ နောက်တစ်ခု လိမ်းစမှာ ခပ်ပါးပါး အဖြူလွှာတင်တယ်။ စိတ်ဝင်စားစရာ ကောင်းတာက Dry skin မှာ လိမ်းရင် ခြောက်နေတဲ့အသားကို နေလောင်ကာတာအပြင် တစ်နေ့လုံး အစိုဓာတ် ထိန်းနိုင်အောင် hold ပေးထားတယ်။ လိမ်းပြီးအဖြူလွှာကျန်တာက တစ်အောင့်နေရင် အသားရောင်က ဝင်းအိသွားတာ ။ ဆိုတော့ အသားခြောက်တဲ့အပြင် မွဲနေတဲ့အရောင်ရှိသူတွက် ဒီ Sunscreen က game changer ပါပဲ။

UV filers ဖွဲ့စည်းပုံပိုင်း ကြည့်ရင် UVA + UVB broad-spectrum coverage ရနိုင်တဲ့ပုံစံ တွေ့ရပါတယ်။

➡️ ဆိုတော့ Hearty Heart ရဲ့ Red Collagen series က အသညးခြောက်သော Dry to normal သမားတွေ အကြိုက်ဖြစ်ပြီး Aging ကို ထိန်းချင်တဲ့သူတွေ ကြိုက်မယ်။

🚫 ဝက်ခြံဖြစ်လွယ်ရင် / Oily Skin ဆို Not Recommended ပါ။

တစ်မျိုးစီက 30000 အောက်(or) ပတ်ချာလည်ပါ။
ကိုယ်က ဒီ price range မှာ သုံးနေရင် ဒီကောင်က တော်တော် အဆင်ပြေတဲ့ထဲ ပါပါတယ်။ Serum ကတော့ မင်တေဇ choice ထဲမှာပါပါတယ်။

သိချင်တာရှိရင် Cmt မှာ စာချန်ခဲ့နော်။ ကောင်းသောညပါဗျာ။

13/08/2026

📌 အသားအရေပြဿနာကို ဖြေရှင်းဖို့ Skincare steps တွေ အများကြီး မလိုအပ်ပါ။ Product 3,4 မျိုးလောက်ကို ထိထိမိမိ ရွေးပြီး မှန်မှန်သုံးနိုင်ရင် လုံလောက်ပါပြီ။

Sunscreen ကိုတောင် “2 Fingers Method” နဲ့ လိမ်းပါလို့ အကြံပြုထားပေမယ့် လက်တွေ့မှာ လူအများစုက ကိုယ့်အသားအရေနဲ့ သက်တောင့်သက်သာရှိတဲ့ ပမာဏကိုပဲ ညှိပြီး လိမ်းဖြစ်ကြတာပါ။

ဒီလိုပဲ Skincare မှာလည်း များများလိမ်းတာထက် ကိုယ့်အသားအရေ ခံနိုင်ရည်နဲ့ ကိုက်ညီအောင် သုံးဖို့က ပိုအရေးကြီးပါတယ်။

လှချင်လို့၊ အမြန်ပျောက်ချင်လို့၊ အမြန်သက်သာချင်လို့ဆိုပြီး Steps တွေ တစ်ခုပြီးတစ်ခု ထပ်တိုးတာ , လိမ်းတဲ့ အချိန် ခဏလေးတောင် မခြားတာ , Active Ingredients တွေကို အနားမပေးဘဲ ဆက်တိုက်သုံးတာက skincare အကျိုးကို ပိုမြန်စေမှာ မဟုတ်ပါ။

တစ်ခါတလေ Active Ingredients တွေရဲ့ ဒဏ်ကို ပိုခံနေရတာမျိုး ဖြစ်သွားနိုင်ပါတယ်။ Dryness, irritation, redness, sensitivity တွေ ဖြစ်လာပြီး Skin Barrier အားနည်းသွားရင် မူလခြေနေထက် ဖြေရှင်းရခက်တဲ့ ပြဿနာထက် ပိုရှုပ်ထွေးသွားနိုင်ပါတယ်။

အသားအရေကောင်းဖို့ဆိုတာ Skincare တစ်ခုတည်းနဲ့ မကူ/မကယ်နိုင်ပါ။

အိပ်ရေးဝဝအိပ်တာ , စားသောက်မှုပုံစံ , ရေဓာတ်
လုံလောက်မှု , Supplement သောက်မှု , နေရောင်ထိတွေ့မှု , စိတ်ဖိစီးမှုနဲ့ နေ့စဉ် Lifestyle တွေကလည်း အသားအရေအခြေအနေကို သက်ရောက်စေပါတယ်။

ဒါကြောင့် Skincare Routine တစ်ခုက
Steps များဖို့ထက် လိုအပ်တာပဲ သုံးဖို့ ,
Active များဖို့ထက် ကိုယ်ခံနိုင်တာကို သုံးဖို့ ,
အမြန်ရလဒ်လိုချင်တာထက် အရေပြားကို အချိန်ပေးဖို့ , စိတ်ရှည်ဖို့ က ပိုအရေးကြီးပါတယ်။

Skincare မှာ ပိုသုံးနိုင်တာထက် လိုအပ်ထိမိတာကိုပဲ မှန်မှန်သုံးဖို့က ပိုအရေးကြီးပါတယ်။

12/08/2026

🤩 မင်တေဇ အတွက် skincare ညွှန်ရတာ အားအရဆုံးအပိုင်းက ဘာဖြစ်နေလို့ တစ် set လုံး ကောင်းကောင်း သုံးချင်တာ ဆို တာပဲ။

😇 လိုက်သုံးတဲ့ သူတွေလဲ တစ်ယောက်မကျန် အကုန် အသားရေ ကောင်းသွားတာပဲ။

🤩 ဆိုးဆိုးဝါးဝါး ဖြစ်တဲ့ အသားရေတွေဆို feedback တွေ ပြန်လာပြောရင် အားကိုရှိလို့။

Address

Jackson
Mandalay
39297

Telephone

959252662186

Website

Alerts

Be the first to know and let us send you an email when Review By Tayza posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share