Mogul Garment Factory

Mogul Garment Factory Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mogul Garment Factory, Sewing & Alterations, 26 Street , Bet 56x57, Mandalay.

မန္တလေးမြို့တွင် ဖွင့်လှစ်ထားသော Mogul. Garment Factory တွင်တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါရာထူးအား အမြန်ခေါ်ယူလျက်ရှိပါသ...
19/03/2025

မန္တလေးမြို့တွင် ဖွင့်လှစ်ထားသော Mogul. Garment Factory တွင်တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါရာထူးအား အမြန်ခေါ်ယူလျက်ရှိပါသည်။
Senior Accountant

လုပ်ဆောင်ရမည့်တာဝန်များ

- နေ့စဉ်အသုံးစားရိတ်များ၊ ဝင်ငွေများ၊ ပြေစာများအား မှန်ကန်မှုရှိအောင် ဆောင်ရွက်ရမည်။
- လစဉ် ဘဏ်နှင့် အခြားငွေကြေးရှင်းတမ်းများ မှန်ကန်မှုရှိအောင်စစ်ဆေးဆောင်ရွက်ရမည်။
- ကုန်ပစ္စည်းအဝင်၊ အထွက်များ၊ လက်ကျန်များနှင့် အရောင်းစာရင်းများအား နေ့စဉ်၊ အပတ်စဉ်၊ လစဉ် စစ်ဆေးရမည်။
- ဌာနများမှ ရောက်ရှိလာသည့် အသုံးစာရင်းများအားမှန်ကန်မှုရှိအောင် စစ်ဆေးပြီး လစဉ် အရှုံး၊ အမြတ် စာရင်းများ အချိန်မှီတင်ပြရမည်။
- Daily Expenses, Daily income, Daily cash flow, Receivable, Payable, Cost of Sales and final report, Bank reconciliation များအား မှန်ကန်မှုရှိအောင် အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးရမည်။

လိုအပ်သောအရည်အချင်းများ

- ဘွဲ့ရရှိပြီးသူဖြစ်ရမည်။ (မည်သည့်ဘွဲ့မဆိုလျှောက်ထားနိုင်သည်)
- LCCI Level (II) or (III) ရရှိပြီးသူဖြစ်ရမည်။
- Finance ပိုင်းဆိုင်ရာလုပ်ငန်း နယ်ပယ်တွင် အနည်းဆုံး လုပ်သက်(၂) နှစ်နှင့်အထက် ရှိသူဖြစ်ရမည်။
- Computer (Microsoft advance excel) ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
- ငွေကြေးနှင့် ငွေစာရင်းများကို ကောင်းမွန်စွာ ထိန်းသိမ်းပြီး၊ စာရင်းပြုစုနိုင်ရမည်။
- Profit & Lost နှင့် Balance Sheet ထုတ်ပေးနိုင်ရမည်။
- အသက် (၂၅ နှစ်မှ ၃၅ နှစ်) အတွင်း လျှောက်ထားနိုင်သည်။
လျှောက်ထားလိုသူများအနေဖြင့်-

- ပတ်စ်ပို့ ဓာတ်ပုံ (၂) ပုံ

- မှတ်ပုံတင်မိတ္တူ (၁) ခု

- အိမ်ထောင်စုဇယားမိတ္တူ (၁) ခု

- အခြားပညာရေးအထောက်အထားတို့နှင့်အတူ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ ၂၆ လမ်း၊ ၅၆ လမ်းနှင့် ၅၇လမ်းကြား Mogul. Garment Factory ရုံးတွင် လာရောက်လျှောက်ထားနိုင်ပါသည်။

- လျှောက်လွှာများအား ( ၂၀.၃.၂၀၂၅ ) မှ ( ၂၆.၃.၂၀၂၅ ) အထိ ရုံးချိန် (မနက် ၉:၀၀ နာရီမှ ညနေ ၃:၀၀နာရီအထိ ) လာရောက်လျှောက်ထားနိုင်ပါသည်။

- ဆက်သွယ်ရန် ဖုန်းနံပါတ် ၀၉ - ၇၅၈၀၄၄၄၄၉၊ Viber ၀၉ - ၇၅၈၀၄၄၄၄၉ သို့ဆက်သွယ်မေးမြန်းနိုင် ပါသည်။

တန်ဆောင်မုန်းလပြည့်နေ့လေးမှာ (၇) ရက်သားသမီး မိတ်ဆွေတွေအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို...
15/11/2024

တန်ဆောင်မုန်းလပြည့်နေ့လေးမှာ (၇) ရက်သားသမီး မိတ်ဆွေတွေအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့
ကျွန်တော်တို့ Mogul မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

“Mogul” Garment Factor
QUALITY FIRST, ALWAYS.

Mogul Garment Factory မှ အရေးကြီးထုတ်ပြန်ချက် လက်ရှိ Mogul Garment Factory ရဲ့ ဝန်ဆောင်မှုတွေကို ပိုမိုတိုးတက်ကောင်းမွန်...
15/11/2024

Mogul Garment Factory မှ အရေးကြီးထုတ်ပြန်ချက်

လက်ရှိ Mogul Garment Factory ရဲ့ ဝန်ဆောင်မှုတွေကို ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ အစဉ်တစိုက် ကြိုးပမ်းလျက်ရှိတဲ့တိုင်အောင် အကြောင်းအမျိုးမျိုးကြောင့် Online ပေါ်မှ လာရောက်မေးမြန်းတဲ့ Business Owners များအပေါ် Reply ကြန့်ကြာနေမှုများနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ Mogul ကနေ အနူးအညွန့်တောင်းပန်အပ်ပါတယ်။

ကျွန်တော်တို့ Mogul ကနေ အတူလက်တွဲနေတဲ့ Business Owners တွေအားလုံးအတွက် အခုထက်ပိုအဆင့်မြင့်တဲ့ Production အပြင် အဖက်ဖက်က ဝန်ဆောင်မှုတွေကို အကောင်းဆုံးပံ့ပိုးပေးဖို့ အစဉ်တစိုက်ကြိုးပမ်းနေပြီဖြစ်လို့ ယုံကြည်စွာနဲ့ လက်တွဲပေးမှုအပေါ် ကျေးဇူးအထူးတင်ရှိကြောင်း Mogul Team ကနေ အသိပေးအပ်ပါတယ်ခင်ဗျာ။

“Mogul” Garment Factory
QUALITY FIRST, ALWAYS.

26th Street, Between 56 x 57, Mandalay, Myanmar.
09 670 000 649

ကိုယ့်စိတ်ကူးထဲကပုံစံထက်ကို ကျော်လွန်ပြီး ပြီးပြည့်စုံတဲ့ဒီဇိုင်းနဲ့ Fashion Brand တစ်ခု ထုတ်ပြီး စီးပွားရေးလုပ်ငန်းတစ်ခ...
12/11/2024

ကိုယ့်စိတ်ကူးထဲကပုံစံထက်ကို ကျော်လွန်ပြီး ပြီးပြည့်စုံတဲ့ဒီဇိုင်းနဲ့ Fashion Brand တစ်ခု ထုတ်ပြီး စီးပွားရေးလုပ်ငန်းတစ်ခု စတင်လုပ်ကိုင်လိုတဲ့ Business Owner တွေအတွက် ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ Mogul Garment Factory ကနေ စိတ်ကူးမှ လက်တွေ့ဖြစ်လာစေဖို့ အကောင်းဆုံး Quality ၊ အဆင့်မြင့် Fabric ၊ သေသပ်တိကျတဲ့ Cutting ၊ ဆန်းသစ်တဲ့ Printing နည်းပညာနဲ့ ဖန်တီးထုတ်လုပ်ပေးနိုင်ပါတယ်ခင်ဗျာ။

International Brand တွေမှာမှ တွေ့နိုင်တဲ့ 1:1 Premium-High Quality Fabric တွေကို ကိုယ့်ရဲ့ Fashion Brand လိုအပ်ချက်ပေါ်မူတည်ပြီး ရွေးချယ်နိုင်သလို ကိုယ့်ရဲ့ Brand Identity ကို အပြည့်အဝပုံဖော်ပေးနိုင်တယ်။

Business တွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး Hoodie, Sweatshirt, T-Shirt, Jersey, Uniform အစရှိတဲ့ အဝတ်အထည်တွေကို လိုချင်တဲ့ Design အနေအထားအတိုင်း Customized အထည်တွေ ချုပ်လုပ်ပေးနိုင်တယ်။

Clothing တစ်ထည်ချင်းစီ ချုပ်ရိုးချုပ်သားတိကျပြီး စနစ်တကျချုပ်ပေးထားလို့ အပြင်ပိုင်း ကြည့်ကောင်းရုံတင်မဟုတ်ဘဲ ဝတ်လိုက်ရင်လည်း လုံးဝသက်တောင့်သက်သာဖြစ်စေမှာပါ။

Basic လိုအပ်ချက်တွေအပြင် Fashion Brand ကို ပိုပြီး Premium ဆန်သွားအောင် အဆင့်မြင့် Silk Screen Printing, Puff Printing, 3D Printing တွေနဲ့ အနုစိတ်တဲ့ Design တွေ လုပ်ပေးသွားမှာမို့ Quality အတွက် လုံးဝစိတ်ချနိုင်ပါတယ်။

Fashion Clothing အတွက် အစမှအဆုံးထိ လိုလေသေးမရှိအောင် ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုတွေကို ရယူရင်း Budget နည်းနည်းနဲ့ ကိုယ့်ရဲ့ Fashion Brand ကို စျေးကွက်ထဲ အရှိန်အဟုန်နဲ့ ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကျွန်တော်တို့ Mogul Garment Factory နဲ့ ယုံကြည်စွာနဲ့ လက်တွဲလုပ်ကိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

“Mogul” Garment Factory
QUALITY FIRST, ALWAYS.

📍 26th Street, Between 56 x 57, Mandalay, Myanmar.
📲 09 670 000 649

မန္တလေးမြို့တွင် ဖွင့်လှစ်ထားသော Mogul. Garment Factory တွင်တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါရာထူးများ အမြန်ခေါ်ယူလျက်ရှိပါ...
09/11/2024

မန္တလေးမြို့တွင် ဖွင့်လှစ်ထားသော Mogul. Garment Factory တွင်တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါရာထူးများ အမြန်ခေါ်ယူလျက်ရှိပါသည်။

(၁) Online Customer Service - 2 post

(၂) Senior Accountant - 1 post

(၃) Production Operator (Order) - 2 post

(၄) Security (Day & Night) - 1 post

(၅) Cleaner - 1 post

ခံစားခွင့်များ

- လစာ + ရက်မှန်ကြေး + ရက်မပျက်စုကြေး + ဆိုင်ကယ်ဆီဖိုး + အစိုးရရုံးပိတ်ရက်ကြေး + ပိတ်ရက်ကြေး + အချိန်ပိုကြေး + Success Bonus

- မွေးနေ့လတွင် မွေးနေ့ပွဲ ခံစားခွင့်

- သာရေး၊ နာရေး ခံစားခွင့်

- နှစ်စဉ် ခွင့်မပျက် ခံစားခွင့်

- သတ်မှတ်လစာဖြင့်ခွင့်များ ခံစားခွင့်

- နှစ်စဉ် Bonus ခံစားခွင့်

- လစာတိုး ခံစားခွင့်

- ရာထူးတိုး ခံစားခွင့်

လျှောက်ထားလိုသူများအနေဖြင့်-

- ပတ်စ်ပို့ ဓာတ်ပုံ (၂) ပုံ

- မှတ်ပုံတင်မိတ္တူ (၁) ခု

- အိမ်ထောင်စုဇယားမိတ္တူ (၁) ခု

- အခြားပညာရေးအထောက်အထားတို့နှင့်အတူ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ ၂၆ လမ်း၊ ၅၆ လမ်းနှင့် ၅၇လမ်းကြား Mogul. Garment Factory ရုံးတွင် လာရောက်လျှောက်ထားနိုင်ပါသည်။

- လျှောက်လွှာများအား ( ၁၀.၁၁.၂၀၂၄ ) မှ ( ၂၅.၁၁.၂၀၂၄ ) အထိ ရုံးချိန် (မနက် ၉:၀၀ နာရီမှ ညနေ ၃:၀၀နာရီအထိ ) လာရောက်လျှောက်ထားနိုင်ပါသည်။

- ဆက်သွယ်ရန် ဖုန်းနံပါတ် ၀၉ - ၇၅၈၀၄၄၄၄၉၊ Viber ၀၉ - ၇၅၈၀၄၄၄၄၉ သို့ဆက်သွယ်မေးမြန်းနိုင် ပါသည်။

မှတ်ချက်။ ။ အထက်ပါလိုအပ်ချက်များ မပြည့်စုံသောလျှောက်ထားသူများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။

အင်တာဗျူးဖြေရန် သင့်တော်သူများကိုသာ (အလုပ်လျှောက်လွှာတင်ပြီး တစ်ပတ်အတွင်း) ပြန်လည်ဆက်သွယ်ပါမည်။

ကိုယ်ပိုင် Business တစ်ခုစတင်တော့မယ်ဆိုရင် အရေးအကြီးဆုံးက ပထမဆုံးခြေလှမ်းပါပဲ။ အထူးသဖြင့် Fashion Brand တစ်ခုကို စျေးကွက...
30/10/2024

ကိုယ်ပိုင် Business တစ်ခုစတင်တော့မယ်ဆိုရင် အရေးအကြီးဆုံးက ပထမဆုံးခြေလှမ်းပါပဲ။ အထူးသဖြင့် Fashion Brand တစ်ခုကို စျေးကွက်ထဲအောင်မြင်အောင် ထိုးဖောက်မယ်ဆိုရင် ပထမဆုံးခြေလှမ်းအနေနဲ့ ကိုယ့် Brand ကို ဝယ်သူတွေအားလုံး သိသွားစေလောက်မယ့် Quality က လုံးဝအမိုက်စားဖြစ်နေဖို့ အရေးကြီးသလို၊ Business Owner တွေအတွက် တတ်နိုင်တဲ့ Budget ထဲက ဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။

Choose Mogul for One-Stop Garment Production Service!

Mogul Garment Factory ဆိုတာ Fashion ပိုင်းကို လုံးဝ Passionate ဖြစ်တဲ့ လူငယ်တွေချည်း စုစည်းထားတဲ့အပြင် နိုင်ငံတကာအဆင့်မီ Premium Fabric တွေကိုမှ ချုပ်ရိုးချုပ်သားသေသပ်ပြီး လက်ရာကောင်းတယ်။ T-shirt, Jersey, Sweatshirt, Hoodie, Uniform စတဲ့ Clothing အစုံအလင်ကိုမှ လိုချင်တဲ့ Customized Design အတိုင်း နောက်ဆုံးပေါ်နည်းပညာများနဲ့ Printing Machine တွေကို အသုံးပြုပြီး Professional Designers တွေကိုယ်တိုင် ထုတ်လုပ်ပေးနိုင်ပါတယ်။

Budget နည်းနည်းနဲ့ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ချင်တဲ့ Local Business Owners, Entrepreneurs တွေ၊ အချိန်တိုအတွင်း အထည်ရေများများ လက္ကားရောင်းချနေတဲ့ Wholesaler, Clothing Business တွေအားလုံးအတွက် ပေးတဲ့စျေးထက် အများကြီးပိုကောင်းပြီး အပြည့်အဝ စိတ်တိုင်းကျကျေနပ်မယ့် Premium Quality ကို ကျွန်တော်တို့ Mogul Team ကနေ ပေးစွမ်းနိုင်တာကြောင့် ယုံကြည်စိတ်ချပြီး လက်တွဲနိုင်ပါတယ်ခင်ဗျာ။

“Mogul” Garment Factory
QUALITY FIRST, ALWAYS.

26th Street, Between 56 x 57, Mandalay, Myanmar.
09 670 000 649

“Fashion Secrets – Stickers Providing an Edgy Style in Fashion” Fashion နဲ့ ပတ်သက်လာရင် ခေတ်ကာလ ပြောင်းလဲလာတာနဲ့အမျှ ကို...
26/10/2024

“Fashion Secrets – Stickers Providing an Edgy Style in Fashion”

Fashion နဲ့ ပတ်သက်လာရင် ခေတ်ကာလ ပြောင်းလဲလာတာနဲ့အမျှ ကိုယ့်ရဲ့ Fashion Brand တွေကို Unique, Edgy ဖြစ်ဖြစ်နဲ့ အဆင့်မြှင့်တင်ဖို့ အခုနောက်ပိုင်းမှာ Sticker တွေကို ပိုအသုံးများလာကြပါတယ်။ Streetwear တွေကစလို့ High-end Clothing တွေမှာပါ Fashion Clothing တွေကို Brand Story တစ်ခုအနေနဲ့ ပြောင်းလဲဖန်တီးလာနိုင်ဖို့ ကိုယ်ပိုင် Brand Identity ကို ထင်ဟပ်စေမယ့် Sticker တွေကို စိတ်ကြိုက် Customize လုပ်လာကြတာဟာ ဆန်းတော့မဆန်းပါဘူး။ လက်ရှိနိုင်ငံတကာမှာ -

အဝတ်အစားမှာ စွဲကျန်ရစ်စေသလို ဘယ်လောက်လျှော်လျှော် ဆေးသားမပြယ်တဲ့ Heat-Transfer Sticker
3D ရုပ်ကြွ ဒီဇိုင်းဆန်းနဲ့ ဝယ်သူတွေရဲ့စိတ်အာရုံကို အပြည့်အဝဖမ်းစားနိုင်မယ့် 3D Embellished Sticker
Logo, Artwork, Text တွေမှာ အသုံးပြုတတ်တဲ့ ဗီနိုင်းသားနဲ့ Customize လုပ်ရလွယ်ကူတဲ့ Vinyl Sticker
အားကစားဝတ်အထည်တွေမှာ အသုံးများသလို အမှောင်ထဲမှာ အလွယ်တကူမြင်နိုင်တဲ့ Reflective Sticker

ကိုယ့်ရဲ့ Fashion Brand နဲ့ သွားချင်တဲ့ Concept တွေပေါ်မူတည်ပြီး ဒီလို Sticker တွေထဲကမှ စိတ်ကြိုက်ရွေးချယ်လို့ ပိုပြီး Luxury ဆန်တဲ့ အဆင့်မြင့် Clothing Pieces တွေကို ဖန်တီးလာကြတာဟာ ကိုယ့်ရဲ့ Branding ကို စျေးကွက်ထဲ အရှိန်အဟုန်နဲ့ ထိုးဖောက်နိုင်ဖို့ခရီးလမ်းမှာ ပြိုင်ဘက်လုပ်ငန်းတွေထက် ခြေတစ်လှမ်းသာနေစေမှာပါ။

ကိုယ်ပိုင် Fashion Brand တစ်ခုအတွက် Sticker, Printing, Fabric, Quality ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုတွေအားလုံးကို တစ်နေရာတည်းမှာ အစုံအလင်ရယူဖို့ Mogul Garment Factory နဲ့ လက်တွဲပြီး မိတ်ဆွေတို့ရဲ့ Business ကို အကောင်းဆုံးခြေလှမ်းနဲ့ စတင်နိုင်ပါပြီခင်ဗျာ။

“Mogul” Garment Factory
QUALITY FIRST, ALWAYS.

26th Street, Between 56 x 57, Mandalay, Myanmar.
09 670 000 649

Fashion Brand တစ်ခုကို စျေးကွက်ထဲ ထိုးဖောက်တော့မယ်ဆိုရင် ကိုယ်လိုချင်တဲ့ Style, Design, Cutting အလိုက် အဝတ်အစားအစုံအလင်က...
25/10/2024

Fashion Brand တစ်ခုကို စျေးကွက်ထဲ ထိုးဖောက်တော့မယ်ဆိုရင် ကိုယ်လိုချင်တဲ့ Style, Design, Cutting အလိုက် အဝတ်အစားအစုံအလင်ကို ရွေးချယ်ထုတ်လုပ်ချင်တဲ့ မိတ်ဆွေတို့ရဲ့ Business Goal တွေ အထမြောက်ဖို့ ကျွန်တော်တို့ Mogul Garment Factory ကနေ ကူညီပေးဖို့ အသင့်ပါပဲ။

“Choose Your Brand, Style & Concept with Mogul”

မိတ်ဆွေတို့ရဲ့ Business လိုအပ်ချက်အလိုက် T-Shirt, Jersey, Hoodie, Sweatshirts တွေ၊ ကုမ္ပဏီတွေနဲ့ လုပ်ငန်းသုံး Uniform တွေအပြင် Luxury Brand တစ်ခုဖန်တီးတဲ့အခါ မရှိမဖြစ်အရေးကြီးတဲ့ Logos, Packaging တွေပါမကျန် ထုတ်လုပ်ပေးနိုင်တယ်။

လိုချင်တဲ့ အဝတ်အထည်၊ ကိုယ်သွားချင်တဲ့ Brand Identity နဲ့ Concept တွေ၊ စိတ်ကြိုက် Customized လုပ်ထားတဲ့ Design, Cutting, Pattern တွေကို 100% စိတ်တိုင်းကျကျေနပ်မယ့် Quality မျိုး ပံ့ပိုးပေးနိုင်ပါတယ်။

Mogul Professional တွေကိုယ်တိုင် တိကျသေသပ်တဲ့ Cutting, ရွေးစရာအစုံအလင်နဲ့ Premium Fabric Selection, နောက်ဆုံးပေါ် Printing နည်းပညာတွေသုံးပြီး Garment Production အတွက် တာဝန်ယူပေးသွားမှာမို့ Quality အတွက် စိတ်ချယုံကြည်နိုင်ပါတယ်။

တစ်နေရာတည်း အပြီးအစီးဝန်ဆောင်မှုတွေနဲ့အတူ Luxury ဆန်တဲ့ Fashion Brand တစ်ခုကို ဖန်တီးဖို့ ကျွန်တော်တို့ Mogul Garment Factory နဲ့အတူ လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။

“Mogul” Garment Factor
QUALITY FIRST, ALWAYS.

26th Street, Between 56 x 57, Mandalay, Myanmar.
09 670 000 649

“Choose Mogul, Choose Quality” Fashion နဲ့ ပတ်သက်လာရင် Quality က အသက်ပါပဲ။ အသက်ဝင်တဲ့ Clothing Quality တွေ ဖန်တီးဖို့ ကျ...
23/10/2024

“Choose Mogul, Choose Quality”

Fashion နဲ့ ပတ်သက်လာရင် Quality က အသက်ပါပဲ။ အသက်ဝင်တဲ့ Clothing Quality တွေ ဖန်တီးဖို့ ကျွန်တော်တို့ Mogul Team ကနေ သေသပ်တဲ့ ချုပ်ရိုးချုပ်သား, Premium ဆန်တဲ့ Fabric, နောက်ဆုံးပေါ် Printing Technology တွေနဲ့ Garment Production ဝန်ဆောင်မှုတွေ ပေးနေပါပြီခင်ဗျာ။

ဘယ်မှမှ မရနိုင်တဲ့ Mogul Professional Team ရဲ့ အကောင်းဆုံး Quality နဲ့ One-stop Service ကို ရယူရင်း Premium Fashion Brand တစ်ခု ဖန်တီးဖို့ ဒီနေ့ပဲစတင်လိုက်ပါ။

“Mogul” Garment Factor
QUALITY FIRST, ALWAYS.

26th Street, Between 56 x 57, Mandalay, Myanmar.
09 670 000 649

Mogul Garment Factory မှာ မိတ်ဆွေတို့အတွက် လိုအပ်တဲ့ ထုတ်ကုန် Clothing တွေကို အဆင့်အတန်းမီ Quality နဲ့ လိုချင်တဲ့ Custom...
19/10/2024

Mogul Garment Factory မှာ မိတ်ဆွေတို့အတွက် လိုအပ်တဲ့ ထုတ်ကုန် Clothing တွေကို အဆင့်အတန်းမီ Quality နဲ့ လိုချင်တဲ့ Customized Design, Color, Pattern တွေအတိုင်း ထပ်တူကျတဲ့ပုံစံမျိုး ရနိုင်အောင် Silk Screen Printing နဲ့အတူ တခြားသော Printing Technology တွေနဲ့ နောက်ဆုံးပေါ်စက်ကြီးများကို အသုံးပြုပြီး ထုတ်လုပ်ပေးနေပါတယ်ခင်ဗျာ။

Why Mogul Silk Screen Printing?

Mogul မှာ အသုံးပြုနေတဲ့ Silk Screen Printing ဆိုတာ ကြည်လင်တဲ့ Mesh Screen ပေါ်ကနေတစ်ဆင့် Fabric အသားပေါ်ကို ဆေးမှင်တိုက်ရိုက်သုတ်လိမ်းပေးတဲ့ Technology ဖြစ်ပြီး မတူညီတဲ့အရောင်အလိုက် Screen တွေကို ပြောင်းလဲပြီး ဆေးသုတ်ပေးတာဖြစ်လို့ Clothing ပေါ်မှာ အရောင်အစုံအလင်ကိုမှ အရောင်စိုပြီး Vibrant ဖြစ်နေလို့ ကြည့်လိုက်တာနဲ့ ကိုယ့်ရဲ့ Clothing Brand က Next Level ဖြစ်နေစေမှာပါ။ Mogul ရဲ့ Silk Screen Printing Service ရဲ့ အားသာချက်တွေဆိုရင်

Quality Control & Precise Details

အတွေ့အကြုံရှိပြီးသား Professional Mogul Designers တွေကိုယ်တိုင် Printing စက်ကြီးတွေကို အသုံးပြုပြီး ထုတ်လုပ်ပေးသွားမှာဖြစ်လို့ Clothing တစ်ထည်ချင်းစီတိုင်းအတွက် Quality ရော၊ Detail အပိုင်းမှာပါ စိတ်ပူစရာလုံးဝမလိုဘဲ လိုချင်တဲ့ပုံစံအတိုင်း တိတိကျကျ ထွက်လာစေဖို့ အာမခံပါတယ်ခင်ဗျာ။

Customizability & Versatility

T-shirts, Hoodies, Sweatshirts တွေ၊ ကုမ္ပဏီလုပ်ငန်းတွေအတွက် Uniform, Logos, Packaging တွေအားလုံးအတွက် ကိုယ့်စိတ်ကြိုက် အရောင်၊ ဒီဇိုင်း၊ Pattern တွေကို Customize လုပ်နိုင်သလို၊ Brand လိုအပ်ချက်အလိုက် Premium High Quality အထိ ရွေးချယ်စရာ Fabric အစုံထားပေးထားပါတယ်။

Premium Ending Results

Silk Screen Printing နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Clothing တွေဟာ ခဏခဏလျှော်ရင်တောင် ဆေးသားပြန့်သွားတာ၊ အရောင်မှိန်တာ၊ ဆေးသားကွာကျတာမျိုး လုံးဝမဖြစ်စေလို့ နောက်ဆုံးထွက်လာတဲ့ Product က မိတ်ဆွေတို့ရဲ့ Branding ကို လုံးဝအမိုက်စားဖြစ်နေစေတဲ့အထိ Premium, High-end ဖြစ်နေမှာပါ။

မိတ်ဆွေတို့ရဲ့ Fashion Brand တွေကို အကောင်းဆုံးခြေလှမ်းများနဲ့ စတင်ပြီး စျေးကွက်ထဲ အချိန်မီထိုးဖောက်နိုင်ဖို့ ကျွန်တော်တို့ Mogul Garment Factory နဲ့ လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။

“Mogul” Garment Factor
QUALITY FIRST, ALWAYS.

26th Street, Between 56 x 57, Mandalay, Myanmar.
09 670 000 649

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့သီတင်းကျွတ်အခါသမယမှာ (၇) ရက် သားသမီးအပေါင်း ကျန်းမာပျော်ရွှင် ဘေးဘယာကင်းလို့ လိုအင်ဆ...
17/10/2024

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့

သီတင်းကျွတ်အခါသမယမှာ (၇) ရက် သားသမီးအပေါင်း ကျန်းမာပျော်ရွှင် ဘေးဘယာကင်းလို့ လိုအင်ဆန္ဒတွေအားလုံး ပြည့်ဝကြပါစေလို့ ကျွန်တော်တို့ Mogul မိသားစုကနေ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။

“Mogul” Garment Factory
QUALITY FIRST, ALWAYS.

#အဘိဓမ္မာနေ့

“Fashion Secrets” How to Take Care of Your Fabrics?မြန်မာနိုင်ငံမှာ အသုံးအများဆုံး Fabric တွေကို သက်တမ်းခံအောင်၊ အရောင်မ...
14/10/2024

“Fashion Secrets”

How to Take Care of Your Fabrics?

မြန်မာနိုင်ငံမှာ အသုံးအများဆုံး Fabric တွေကို သက်တမ်းခံအောင်၊ အရောင်မပြန့်အောင်၊ Clothing ရဲ့ ဒီဇိုင်းကွာလတီကျသွားတာမျိုး မဖြစ်အောင် ဘယ်လိုဂရုစိုက်ပေးလို့ရမလဲဆိုတဲ့ Tips တွေကို Fabric အလိုက် Mogul ကနေ မျှဝေပေးသွားပါမယ်ခင်ဗျာ။

Cotton
လေဝင်လေထွက်ကောင်းပြီး အသားအေးတဲ့ Cotton ဆိုတာ မြန်မာနိုင်ငံလို ပူပြင်းခြောက်သွေ့တဲ့ နိုင်ငံတွေမှာ ရွေးချယ်မှုအများဆုံး Fabric ပါပဲ။ လျှော်ဖွပ်မယ်ဆိုရင် စက်လျှော်၊ လက်လျှော်နှစ်မျိုးလုံး အဆင်ပြေပေမဲ့ အဝတ်အစားကြေမွတာတွေ မဖြစ်ချင်ရင်တော့ ရေအေးနဲ့ လျှော်ပေးသင့်ပြီး လေသလပ်ခံ၊ စက်နဲ့အခြောက်ခံလို့ အဆင်ပြေပါတယ်။ မီးပူတိုက်တဲ့အခါမှာ Medium Heat လောက်နဲ့ပဲ အတွင်းအပြင်နှစ်ဖက်လုံး တိုက်ပေးရင်တော့ Fabric Quality မကျသွားဘဲ ပြန့်ပြူးပြီး သပ်ရပ်နေစေမှာပါ။

Denim
Jeans အသားလို ခပ်မိုက်မိုက် Denim Fabric တွေက ဖက်ရှင်အရလည်း တော်တော်လေး ရုပ်ထွက်ကောင်းတဲ့အတွက် Outdoor ထွက်တဲ့အခါ အလန်းစားဖြစ်နေချင်တဲ့လူငယ်တွေ Denim ကို ရွေးချယ်လေ့ရှိပါတယ်ခင်ဗျာ။ Denim အသားက ခဏခဏလျှော်ဖွပ်လိုက်ရင် ဆေးသားပျယ်တာ၊ Fabric ပျော့သွားပြီး Quality ကျသွားနိုင်လို့ အတွင်းအပြင်လှန်ပြီး လျှော်ပေးဖို့တော့ လိုပါမယ်။ ရေအေးနဲ့ လျှော်ပြီး Dryer မသုံးဘဲ လေသလပ်ခံပြီးတော့ အခြောက်ခံပေးသင့်သလို၊ Clothing Damage မဖြစ်အောင်လို့ အစွန်းချွတ်ဆေး သုံးတာမျိုးလည်း ရှောင်သင့်ပါတယ်။

Silk
အသားအိပြီး နူးညံ့တဲ့ Silk ပိုးသားတွေက Damage ဖြစ်ဖို့ အရမ်းလွယ်ကူတဲ့အတွက် အဝတ်လျှော်စက်နဲ့ မလျှော်သင့်သလို၊ လက်နဲ့ပဲလျှော်မယ်ဆိုရင်လည်း Mild Detergent မျိုးနဲ့ ဖြည်းဖြည်းချင်း ပွတ်တိုက်လျှော်ပေးသင့်ပါတယ်။ Silk က အပူလုံးဝမခံနိုင်တာကြောင့် တိုက်ရိုက်နေရောင်နဲ့ထိပြီးတော့ဖြစ်စေ၊ Dryer နဲ့ဖြစ်စေ အခြောက်ခံတာမျိုး လုံးဝမလုပ်သင့်ပါဘူးခင်ဗျာ။ မီးပူတိုက်မယ်ဆိုရင်တော့ Low Heat လောက်နဲ့ပဲ ကြားမှာ အဝတ်ပါးတစ်ထည်ခံပြီးမှ မီးပူတိုက်ပေးသင့်ပါတယ်။

Linen
သဘာဝ Fabric ဖြစ်တဲ့ Linen သားက ရေနဲ့ထိတဲ့ အကြိမ်ရေများလာတာနဲ့အမျှ ပျော့သွားတတ်တာကြောင့် Dry Cleaning လုပ်ဖို့နဲ့ မဖြစ်မနေ ရေနဲ့လျှော်ဖွပ်ရမယ်ဆိုရင် ဆေးသားမပြယ် Fabric Structure မပျော့သွားအောင်လို့ ရေနွေးနဲ့ပဲ လျှော်ဖို့ အကြံပေးချင်ပါတယ်ခင်ဗျာ။ လေသလပ်ခံပြီး ခြောက်အောင်ထားသင့်သလို Low Heat နဲ့ပဲ Dryer သုံးပြီး အခြောက်ခံမယ်ဆိုလည်း အဆင်ပြေပါတယ်ခင်ဗျာ။ မီးပူတိုက်တဲ့အခါ အဝတ်အရမ်းမခြောက်သေးဘူးဆိုရင်တော့ အတွင်းဘက်ကိုလှန်ပြီး မီးပူတိုက်ပေးသင့်ပါတယ်။

နေရာတိုင်း အချိန်တိုင်းမှာ ကိုယ်ဝတ်လိုက်တဲ့အဝတ်အစားကြောင့် Fashion အမြဲလန်းနေပြီး သက်တောင့်သက်သာဖြစ်စေဖို့ အခုပြောပြသွားတဲ့အချက်တွေအတိုင်း Fabric Quality ကို ထိန်းသင့်ပါတယ်ခင်ဗျာ။

“Mogul” Garment Factory
QUALITY FIRST, ALWAYS.

📍 26th Street, Between 56 x 57, Mandalay, Myanmar.
📲 09 670 000 649

Address

26 Street , Bet 56x57
Mandalay
05022

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959670000649

Website

Alerts

Be the first to know and let us send you an email when Mogul Garment Factory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mogul Garment Factory:

Share