23/06/2026
တကူးတကလေး feedback လေးလာပြောပေးသွားလို့ ရင်ထဲကလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် မမရေ... 💋✨
ဝတ်လိုက်ရင် ပုံကျလှပစေမယ့် အသားကိုပဲ သေချာရွေးချယ်ထားတာမို့ "ဝတ်လို့ တအားပျော်တယ်၊ တန်လည်း တန်တယ်" ဆိုတဲ့ စကားလေးကြားရတာ တကယ်ပဲ အမောပြေရပါတယ် 🥰
ချုပ်ရိုးချုပ်သား သေသပ်မှု၊ သုံးပေးထားတဲ့ ကြယ်သီးနဲ့ ခါးပတ် ဒီဇိုင်းလေးတွေအထိ မမတို့က သတိထားမိပြီး သဘောကျပေးကြလို့ အလုပ်လုပ်ရတာ တကယ်ကို အားရှိရပါတယ်ရှင်။
လှပသပ်ရပ်ပြီး အမြဲတမ်း စတိုင်လ်ကျနေဖို့အတွက် အကောင်းဆုံးတွေပဲ ဆက်ပြီး ဖန်တီးပေးသွားပါဦးမယ်နော်