24/01/2026
﷽
ဖိနပ် တစ်ရံ ဝယ်ယူတော့မယ်ဆိုရင် အဓိက စဉ်းစားပြီး ရွေးချယ်သင့်တဲ့ အချက်များ
ဖိနပ် ဆိုတာ အလှအပပဲ မဟုတ်ပါဘူးခင်ဗျာ။ ဖိနပ်ဆိုတာ နေ့စဉ် အသုံးများတဲ့ နေ့စဉ်သုံးပစ္စည်းဖြစ်တဲ့အတွက်
ကျန်းမာရေး (Health) + သက်သာမှု (Comfort) + အသုံးခံမှု (Usage) ကိုပါ စဉ်းစားရပါမယ်ခင်ဗျာ။
ဒါကြောင့် ဖိနပ် တစ်ရံ ဝယ်ယူတော့မယ်ဆိုရင် ဒီအချက်တွေကို မလွဲမသွေ စဉ်းစားပြီး ရွေးချယ် ဝယ်ယူ ကြည့်ပါခင်ဗျာ။
👇👇👇👇👇👇
1️⃣
ရည်ရွယ်ချက် (Aim)
ဖိနပ်တစ်ရံ ဝယ်ယူတော့မယ်ဆိုရင် အသုံးပြုမယ့် ရည်ရွယ်ချက်က ဘာပါလဲခင်ဗျာ။
နေ့စဉ်စီးဖို့ အတွက်လား
အလုပ်သွားဖို့ အတွက်လား
ပွဲတက်သွားဖို့ အတွက်လား
ခရီးသွားလာဖို့ အတွက်လား
လမ်းလျှောက်သွားဖို့ အတွက်လား
👉 ရည်ရွယ်ချက် မတူရင် ဖိနပ် အမျိုးအစားလဲ မတူသင့်ပါဘူးခင်ဗျာ။
2️⃣
ဖိနပ်အတိုင်း (Size)
Size ကို တိတိကျကျ ရွေးခြယ်ပါခင်ဗျာ။ Size မရှိတော့လို့ သိပ်မကွာပါဘူးဆိုပြီး အလွယ်တကူ မဝယ်ကြပါနဲ့ ခင်ဗျာ။ Size မတိကျရင် ကြာကြာ မစီးနိုင်ပါဘူးခင်ဗျ။
👉 ခြေထောက်အရွယ်အစားနဲ့ ကိုက်ညီဖို့က အရေးအကြီးဆုံးပါပဲဗျ။
3️⃣
သက်သာမှု (Comfort)
ဖိနပ်ရဲ့ အောက်ခံသား ကောင်း ၊ မကောင်းကို သေချာ စီးကြည့်ပြီး Customer နဲ့ Comfortable ဖြစ်မယ့် ဖိနပ်မျိုးကို သေချာ စီးကြည့်ပြီး ရေရှည်စီးနိုင်မယ့် ဖိနပ်မျိုးကို ရွေးချယ် ဝယ်ယူပါခင်ဗျ။
လမ်းလျှောက်တဲ့အခါမှာလဲ ရွေးချယ်ထားတဲ့ ဖိနပ်က သက်တောင့်သက်သာ ဖြစ်နေဖို့ကလဲ အရေးကြီးပါတယ်ခင်ဗျာ။
👉 ဖိနပ်လှပေမယ့် သက်တောင့်သက်သာမရှိရင် အကြာကြီး မဝတ်နိုင်ပါဘူးခင်ဗျာ။
4️⃣
ပစ္စည်းအရည်အသွေး (Quality)
Upper Material ကောင်းလား
Sole က ခိုင်မာလား
အလွယ်တကူ မပျက်စီးနိုင်ဘူးလား ဆိုတာတွေကို သေချာ စစ်ဆေးရပါ့မယ်ဗျ။
👉 အရည်အသွေးကောင်းရင် ကြာရှည်အသုံးခံပြီး တန်ဖိုးရှိပါတယ်ခင်ဗျာ။
5️⃣
ဒီဇိုင်း နှင့် အရောင် (Design & Color)
Customer Style နဲ့ ကိုက်လား
အဝတ်အစား နဲ့ လွယ်လွယ် တွဲဝတ်လို့ရနိုင်လား
👉 လှပမှု နှင့် လွယ်ကူမှုကို အတူတူ ယှဉ်ပြီး စဉ်းစားပါခင်ဗျ။
6️⃣
စျေးနှုန်း နှင့် တန်ဖိုး (Price & Value)
စျေးနှုန်းပဲ ကြည့်မယ်ဆိုတာမျိုး မဟုတ်ဘဲ Quality နဲ့ Price ကို နှိုင်းယှဉ် ကြည့်ပါခင်ဗျ။
👉 စျေးချိုတာထက် တန်ဖိုးရှိတာက ပိုအရေးကြီးပါတယ်ဗျ။
✅ နိဂုံးချုပ်အနေနဲ့ ဖိနပ်တစ်ရံက လှဖို့သာမက သက်တောင့်သက်သာဖြစ်ဖို့ ၊ အသုံးခံဖို့ နဲ့ ကျန်းမာရေး အတွက်ပါ အရေးကြီးပါတယ်ခင်ဗျာ။
ဖိနပ်ရွေးချယ်ရာမှာ ဒီအချက်လေးတွေကို သေချာ စဉ်းစားပြီး ဝယ်ယူမယ် ဆိုရင်
နောင်တမရှိဘဲ အကြာကြီး စိတ်ချမ်းသာစွာ စီးနိုင်ပါလိမ့်မယ် Customer များ ခင်ဗျာ.....🤍
“Elevate every step with Fifteen Letters Footwear.”
Letters Footwear