30/04/2026
🙏 ဖွား • ပွင့် • ဟော • စံ
ဗျာဒိတ်ခံ မှတ်ရန် ကဆုန်လပြည့်နေ့ 🙏
သာသနာတော်နှစ် (၂၅၇၀) ခုနှစ်
ကောဇာသက္ကရာဇ် (၁၃၈၈) ခုနှစ်
(၃၀.၄.၂၀၂၆) ကြာသပတေးနေ့သည်
ဗုဒ္ဓဘာသာဝင်များအတွက် အထူးသန့်ရှင်းသော
ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်ပါသည် 🙏
ဤမင်္ဂလာနေ့တွင်
ဘုရားရှင်၏ အရေးပါသော ဖြစ်ရပ်ကြီးများကို
အမှတ်တရ သတိရအောက်မေ့ကြပါစို့—
🌼 (၁) ဗျာဒိတ်ခံယူသည့်နေ့
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအစ ကဆုန်လပြည့်နေ့
🌼 (၂) ဘုရားမွေးဖွားသည့်နေ့
မဟာသက္ကရာဇ် (၆၈) ခု၊ ကဆုန်လပြည့်
(သောကြာနေ့) (ဘီစီ ၆၂၃)
🌼 (၃) ဘုရားဖြစ်တော်မူသည့်နေ့
မဟာသက္ကရာဇ် (၁၀၃) ခု၊ ကဆုန်လပြည့်
(ဗုဒ္ဓဟူးနေ့) (ဘီစီ ၅၈၈)
🌼 (၄) ဗုဒ္ဓဝင်အကျဉ်း ဟောကြားသည့်နေ့
မဟာသက္ကရာဇ် (၁၀၄) ခု၊ ကဆုန်လပြည့်နေ့
(ဘီစီ ၅၈၇)
🌼 (၅) ပရိနိဗ္ဗာန်စံတော်မူသည့်နေ့
မဟာသက္ကရာဇ် (၁၄၈) ခု၊ ကဆုန်လပြည့်
(အင်္ဂါနေ့) (ဘီစီ ၅၄၃)
🌿 ဒီကဆုန်လပြည့်နေ့ဟာ
ဘုရားရှင်၏ ဖွား • ပွင့် • ဟော • စံ
သက်သေပြသော မင်္ဂလာနေ့ဖြစ်သလို
တရားတော်အလင်း ဖြာထွက်သောနေ့လည်း ဖြစ်ပါတယ်။
🌙 လပြည့်အလင်းအောက်တွင်
ကိုယ့်စိတ်ကို ကိုယ်တိုင် ပြန်လည်သန့်ရှင်းစေပြီး
ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြရအောင်…
🙏 မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားများနှင့်
ဘဝကို အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ…
🙏တရားအလင်းရောင်အောက်တွင်
အေးချမ်းမှုများ ရရှိကြပါစေ…
သာဓု… သာဓု… သာဓု
🙏🙏🙏