09/01/2026
မနက်က စျေးသယ်လာတော့ အမေက မင်မင်တို့ရဲ့ချည်ကွက်ဝမ်းဆက်လေးနဲ့ ထွက်ဝယ်တာ စျေးသယ်က အမကြီးလှနေတာပါလား ဝမ်းဆက်လေးနဲ့တဲ့ ဆိုတော့
အဲ့တာနဲ့ ငါ့သမီးထုတ်တဲ့ ဝမ်းဆက်လေဆိုပီး ပြလိုက်တာ အထည်ကိုသူသေချာလိုက်ကြည့် ဆိုဒ်ပြည့်ဂိုက်ပြည့်နဲ့ ချုပ်ရိုးချုပ်သားတွေလှန်ကြည့် ကျေနပ်သဘောတွေကျပီးတော့ သူ့အတွက်တစုံ သူ့တူမ၂ယောက်အတွက် ၂စုံဆိုပီး ဝယ်ချသွားလေရဲ့ 😍😍
အမေ့စကေးတပေါက်က စျေးသယ်တောင် စျေးပြန်ရောင်းလိုက်တာနော် ဘာမှတ် 🤣🤣
ပုံကတော့ ပင်လောင်းရဲ့မနက်ခင်းအလှလေးမှာ local loom pajamas ဆင်တူလေးတွေနဲ့ လှနေကြလို့ ❤️