Baby's Box

Baby's Box �Best choices for our precious babies �

Instock သိပ်မကျန်တော့လို့ လိုချင်တဲ့မေမေတို့ လက်ဦးထားကြပါနော်
14/06/2026

Instock သိပ်မကျန်တော့လို့ လိုချင်တဲ့မေမေတို့ လက်ဦးထားကြပါနော်

29/05/2026

🤰ကိုယ်ဝန်ဆောင်မေမေတိုင်းသိသင့်တဲ့ ကိုယ်ဝန်ဆောင်ချိန်တွင် ရှောင်သင့်သည့်အစားအစာများ🍍🍇🍣

ကိုယ်ဝန်ဆောင်ချိန်ဘာတွေရှောင်ရမလဲဆိုတာ သားဦး‌မေမေတွေအတွက်တော့ ခေါင်းခဲစရာပါ။ သားဦးဖြစ်တော့ ယောင်ဝါးဝါး စမ်းဝါးဝါးနဲ့ ဘာလုပ်ရမှန်းမသိဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတို့အတွက် သိသင့်တဲ့ ရှောင်ရမယ့် အစားအစားလေးတွေကိုပြောပြပေးပါမယ်။

1️⃣Pasteurised (ပိုးသတ်ခြင်း) မလုပ်ထားသော ချိစ်၊ နို့နဲ့ နို့ထွက်ပစ္စည်းများ 🍞

မှိုတက်ခံထားသော ချိစ်များ ( mould-ripened soft cheese)

ဒီလို pasteurised မလုပ်ထားတဲ့ cheese/ မှိုတက်ခံထားတဲ့ cheese တွေမှာ Listeria လို့ခေါ်တဲ့ ဘတ်တီးရီးယား ပါဝင်နိုင်ပါတယ်။ ဒီဘတ်တီးရီးယားက Listeriosis ဖြစ်တတ်ပါတယ်။

ဒီလို Listeriosis ဖြစ်သွားခဲ့ရင်

ကိုယ်ဝန်ပျက်ကျခြင်း
ကလေးအသေမွေးခြင်း
အရှင်မွေးခဲ့ရင်လဲ ကလေးကိုထိခိုက်စေပါတယ်

ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန် Cheese ကိုချဉ်ခြင်းတက်ခဲ့ရင် Pasteurised ဆိုတဲ့စာသားပါမှသာ ဝယ်သင့်ပါတယ်။
မှိုတက်ခံထားသော ချိစ်များကိုတော့မစားသင့်ပါဘူး။

2️⃣ကြက်သား၊ဝက်သား၊ အမဲသား စသည့်အသားများစားသုံးရာတွင် သေချာကျက်အောင်ချက်ပြုတ်စားသုံးသင့်ပါတယ်။ အထူးသဖြင့် ဝက်သားကို သေချာကျက်အောင်ချက်ပြုတ်သင့်ပါတယ်။

ဝက်သားချဉ်များ

အသည်း

Salami

စသည့်မကျက်တကျက်အသားတွေထဲမှာ သန်ကောင် တွေပါတတ်ပြီး Toxoplasmosis လို့ခေါ်တဲ့ ရောဂါရတတ်ပါတယ်။
Toxoplasmosis ဖြစ်လို့ရှိရင်-

ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်

ကလေးမွေးလာခဲ့ရင်လဲ ကိုယ်အင်္ဂါချို့ယွင်းနိုင်ပါတယ်။

အသည်းမှာကျတော့ Vitamin A အရမ်းများပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်က Vitamin A အများကြီး စားသုံး/သောက်သုံးမိရင် မွေးလာမယ့်ကလေးကို ကိုယ်အင်္ဂါ ထိခိုက် ချို့ယွင်းတာဖြစ်စေပါတယ်။
ဒါကြောင့် အသည်းကို စားချင်ရင် တစ်ပတ်ကိုတစ်ခါသာစားသုံးသင့်ပါတယ်။

3️⃣ကြက်ဥအစိမ်း🥚🍳

ကြက်ဥက ကိုယ်ဝန်ဆောင်များအတွက်အာဟာရပြည့်ဝတဲ့ အစားအစာထဲမှာပါပါတယ်။ ဒါပေမယ့် ကြက်ဥကို အစိမ်းဖောက်သောက်တာ/ မကျက်တကျက်စားတာမျိုးမလုပ်သင့်ပါဘူး။

ကြက်ဥအစိမ်းထဲမှာ Salmonella လို့ခေါ်တဲ့ ဘက်တီးရီးယား ပါနေတတ်လို့ပါ။

ဒီဘတ်တီးရီးယားက ကလေးကိုမထိခိုက်‌စေပေမယ့် မိခင်ကို အစာအဆိပ်သင့်မှု (food poisoning) ဖြစ်စေနိုင်ပါတယ်။

4️⃣ငါးနှင့် ပင်လယ်စာ🍤🦞

အများစုသော ငါးနဲ့ ပင်လယ်စာများကို သေချာကျက်အောက်ချက်ပြုတ်ထားရင်စားလို့ရပေမယ့် Salmon ငါးနဲ့ Mackerel ငါးတွေကို တစ်ပတ်လျှင် ၂ ကြိမ်ထက်ပိုမစားသုံးသင့်ပါဘူး။ ဘာဖြစ်လို့လဲဆို Salmon, Mackerel ငါးတို့ရဲ့အဆီထဲမှာ ကလေးကို အန္တရာယ်ဖြစ်စေတတ်တဲ့ပစ္စည်းတွေပါဝင်လို့ပါ။

Tuna ငါးဆိုလျှင် တစ်ပတ်ကို-

ချက်ပြီးသား tuna steaks (ကျက်လျှင် ၁၄၀ ဂရမ်/ အစိမ်းဆိုလျှင် ၁၇၀ ဂရမ် ခန့်)

Ready Made Tuna ဘူးဆိုလျှင် ၁၄၀ ဂရမ်ခန့်သာ စားသုံးသင့်ပါတယ်။ Tuna ငါးထဲမှာ အခြားငါးတွေထက်ပိုပြီး Mercury (ပြဒါး)ပါတတ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးက Mercury စားမိတာများရင် မွေးလာမယ့်ကလေးကို ကိုယ်အင်္ဂါချို့ယွင်းတာဖြစ်စေနိုင်ပါတယ်။

လုံးဝရှောင်ရှားရမယ့် ငါးတွေကတော့

ငါးမန်း ( အချို့မင်္ဂလာဆောင်တွေမှာ ငါးမန်းတောင် ဟင်းချို ချပေးတတ်ပါတယ်)

အခွံမာ ငါး/ပင်လယ်စာ တွေကိုအစိမ်းမစားသင့်ပါဘူး ( ဥပမာ- ပုစွန်အစိမ်းသုပ်) (ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် တွေပါဝင်တတ်ပါတယ်)

ငါးဆားနယ်/ငါးချဉ် ( Listeria ဘတ်တီးရီးယားပါတတ်ပါတယ်)

5️⃣ကက်ဖိန်း (Caffeine)

ကိုယ်ဝန်ဆောင်စဉ် တစ်နေ့လျှင် ကက်ဖိန်းကို 200 မီလီဂရမ် (mg) ထက် ပိုပြီးမသောက်သုံးသင့်ပါဘူး။

ဒီအတိုင်းအတာထက် ပိုသောက်သုံးမိရင်-

မွေးလာတဲ့က‌‌လေးက ကိုယ်အလေးချိန်နည်းတတ်ပါတယ် (low birthweight)

ကိုယ်ဝန်ပျက်ကျခြင်း (miscarriage)
စသည့် အန္တရာယ်များ မြင့်တက်စေနိုင်ပါတယ်။

ကက်ဖိန်းပါဝင်မှုပမာဏ ခန့်မှန်းချက်:

☕(instant coffee) အသင့်သောက်ကော်ဖီ ပျှမ်းမျှ 300 ml တစ်ခွက်လျှင် 100 mg

☕filter coffee ပျှမ်းမျှ 300 ml တစ်ခွက်လျှင်– 140mg

☕လက်ဖက်ရည် (tea) 300ml မက်ခွက်တစ်လုံးလျှင် – 75mg

🫖(ရေနွေးကြမ်းမှာလည်း တူညီသော ကက်ဖိန်းပမာဏ ပါနိုင်တယ်)

ကိုလာ (cola) တစ်ဘူး – 40mg

အားဖြည့်အချိုရည် (energy drink) 250ml တစ်ဘူး – 80mg

🍫ချောကလက် (dark chocolate) 50g တစ်ချောင်း – 25mg

🍫ချောကလက် (milk chocolate) 50g ဘား – 10mg

🍵သဘာဝဆေးလက်ဖက်ရည် (Herbal teas) တွေမှာလည်း ကက်ဖိန်း ပါဝင်တဲ့ပမာဏက အမှတ်တံဆိပ်အလိုက် ကွဲပြားနိုင်ပါတယ်။

ဒါ့ကြောင့် Herbal Tea ဝယ်မယ်ဆိုရင် ကက်ဖိန်းပါဝင်တဲ့ပမာဏကို စစ်ဆေးပြီးမှသာဝယ်သင့်ပါတယ်။

ဖြစ်နိုင်ရင် Herbal Tea တွေကို ကိုယ်ဝန်ပထမသုံးလပတ်မှာ မသောက်တာအကောင်းဆုံးပါ။

6️⃣အရက် (Alcohol)🍺🥃🍷🍾

ကိုယ်ဝန်ဆောင်စဉ် အရက်သောက်ရင် မွေးမည့်ကလေးအတွက် အကြာကြီး ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ရှိပြီးသား ဖြစ်စေ၊ ကိုယ်ဝန်ဆောင်ဖို့ စီစဉ်နေချိန်ဖြစ်စေ – အကောင်းဆုံး အလုံခြုံဆုံးက အရက်ကို လုံးဝမသောက်သင့်ပါဘူး။

7️⃣နွယ်ချို

နွယ်ချိုကိုအများအပြား (တစ်ပတ်ကို ၂၅၀ ဂရမ်ထက်) ပိုစားမိရင် ကလေးစောမွေးတတ်ပါတယ်။

8️⃣အသီးအနှံ🍇🍍

သင်္ဘောသီးအစိမ်းကိုတော့ရှောင်သင့်ပါတယ်။ သားအိမ်ကြွက်သားကိုညှစ်စေတာကြောင့် ကိုယ်ဝန်ပျက်တာ၊ အချိန်မတိုင်ခင်စောမွေးတာဖြစ်တတ်ပါတယ်။

🍍နာနတ်သီးကိုလည်း အများကြီးမစားသင့်ပါဘူး။ ကလေးစောမွေးတတ်ပါတယ်။

🍇စပျစ်သီးကိုလည်း အများကြီးမစားသင့်ပါဘူး။ ကလေးစောမွေးတတ်ပါတယ်။

အသီးအနှံ၊ ဟင်းသီးဟင်းသီး ဟင်းရွက် စားတဲ့အခါမှာ ဂရုတစိုက်နဲ့ ရေသေချာသန့်စင်အောင်ဆေးပြီးမှစားသုံးသင့်ပါတယ်။

ပင်အပ်မှိုမှာ Listeria ဘက်တီးရီးယား ပါဝင်နိုင်ပါတယ်။ ဒါကြောင့် ပင်အပ်မှိုစားရင် သေချာ ကျက်အောင်ချက်ပြုတ်သင့်ပါတယ်။

9️⃣Allergy ရှိသောအစားအစာများကိုလဲ ရှောင်ကျဉ်သင့်ပါတယ်

🔟ကိုယ်ဝန်ဆောင်ချိန်မှာ အားရှိအောင်လို့ဆိုပြီး အားဆေးတွေအလွန်အကျွံသောက်သုံးတာမျိုးလဲမလုပ်သင့်ပါဘူး။ Vitamin Aပါဝင်တဲ့ အားဆေးတွေလဲ မသောက်သင့်ပါဘူး။

ဒါလေးတွေကိုဖတ်ပြီး ‌ကိုယ်ဝန်ဆောင်မေမေတို့ ရင်သွေးရတနာလေးတွေကို ချောချောမွေ့မွေ့နဲ့ အောင်မြင်စွာမွေးဖွားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
အခြား ရှောင်ရမယ့်အရာလေးတွေရှိရင်လဲ comments မှာ ထပ်ဖြည့်ပြောပေးသွားပါအုံးနော်။

Baby's Box မှ ရေးသားထားသောစာများကို လွတ်လပ်စွာ share နိုင်ပါသည်။
စာများကို ကူးယူခွင့်မပြုပါ။
ကူးယူလိုပါလျှင် credit ပေးပါရန်။

❤️Quality ကောင်း အကြမ်းခံ အပူချိန်အထိန်းခံမယ့် ရေဘူးလေးတွေနော်😎ဘေဘီတို့ ကျောင်းသွား ရှိူးထုတ်မလား မာမီတို့ အပြင်သွားရှိူ...
27/05/2026

❤️Quality ကောင်း အကြမ်းခံ အပူချိန်အထိန်းခံမယ့် ရေဘူးလေးတွေနော်

😎ဘေဘီတို့ ကျောင်းသွား ရှိူးထုတ်မလား မာမီတို့ အပြင်သွားရှိူးထုတ်မလား ကြိုက်ရာရွေး
✅24 hr. အပူထိန်းပေးမယ့် Stainless steel
✅ချစ်စရာဒီဇိုင်းလေးနဲ့ ရှာမှရှားပဲ
✅ဈေးကလဲတန်

❤️ခုပဲ စုံစမ်းပြီး ဝယ်လိုက်တော့နော်

Instock
ရန်ကုန် မန်းလေး COD


✅ကိုယ်ဝန်ဆောင် ဗိုက်ကြောပြတ်တာ သက်သာချင်ရင် ဒါလေးတွေ ယူပါရှင်❤️မင်မင်တို့ Baby's Box မှာ Palmer က ထုတ်တဲ့Stretch marks l...
22/05/2026

✅ကိုယ်ဝန်ဆောင် ဗိုက်ကြောပြတ်တာ သက်သာချင်ရင် ဒါလေးတွေ ယူပါရှင်

❤️မင်မင်တို့ Baby's Box မှာ Palmer က ထုတ်တဲ့
Stretch marks lotion
Stretch marks cream
Stretch marks oil
Tummy butter

အစုံရှိပါတယ်ရှင်

❤️Palmer official store ကဝယ်တာကြောင့်မို့ ပစ္စည်းစစ်မှန်ကြောင်း အာမခံပါတယ်ရှင်

Instock

ရန်ကုန် မန္တလေး COD

✅ဘေဘီလေးတို့ နုညံ့တဲ့အသားအရည်အတွက် ကောင်းမွန်တဲ့ wet tissue လေူတွေရှာနေတယ်ဆိုရင် Baby's Box မှာ ရှိပါတယ်✅Dodolove ရဲ့ or...
19/05/2026

✅ဘေဘီလေးတို့ နုညံ့တဲ့အသားအရည်အတွက် ကောင်းမွန်တဲ့ wet tissue လေူတွေရှာနေတယ်ဆိုရင် Baby's Box မှာ ရှိပါတယ်

✅Dodolove ရဲ့ organic baby wipes

https://www.facebook.com/share/p/17rKG6oqdg/

✅Poomsoft baby wipes

https://www.facebook.com/share/p/1ELLXbSAfy/

တို့ကို ရရှိနိုင်ပါတယ်ရှင့်

Instock

ရန်ကုန် မန္တလေး COD

အစာနင် စုပ်ခွက်‼️ကလေးတွေ လူကြီးတွေအစာတစ်ရင် စုပ်ထုတ်တဲ့ Homekit လေးရောင်းပေးမယ်နော်❗USA ထုတ် Lifevac Home kit 📌USA made ...
15/05/2026

အစာနင် စုပ်ခွက်

‼️ကလေးတွေ လူကြီးတွေအစာတစ်ရင် စုပ်ထုတ်တဲ့ Homekit လေးရောင်းပေးမယ်နော်
❗USA ထုတ် Lifevac Home kit
📌USA made ဆိုတော့ China madeတွေလို စုပ်ထုတ်လို့ မရမှာတွေမပူနဲ့နော်
စုပ်ခွက် 3 ခုပါ ပါတယ် ကလေးဆိုဒ် လူကြီးဆိုဒ် နဲ့ ကျန်တစ်ခုက အသုံးမပြုခင် ကြိုလေ့ကျင့်လို့ရအောင်ထည့်ထားပေးတာပါ

👉 Instock
👉ရန်ကုန် မန္တလေး COD
#လေပြွန်ပိတ် #အစာနင်ခြင်း

Instock ပြန်ရပါပြီရှင်
13/05/2026

Instock ပြန်ရပါပြီရှင်

🤔Diaper cream ဘယ်လောက်လိမ်းလိမ်း Diaper လောင်နေလား❓ 🤔Diaper cream ဘယ်လောက်လိမ်းလိမ်း diaper လောင်တာ မပျောက်ဘူး ခဏခဏ ပြန်...
11/05/2026

🤔Diaper cream ဘယ်လောက်လိမ်းလိမ်း Diaper လောင်နေလား❓

🤔Diaper cream ဘယ်လောက်လိမ်းလိမ်း diaper လောင်တာ မပျောက်ဘူး ခဏခဏ ပြန်ဖြစ်တယ်ဆိုရင် wet tissue ကောင်းမကောင်းစဉ်းစားဖို့ လိုမယ်နော်

❗❗Wet tissue က ပြုလုပ်ထားတဲ့ရေမသန့်ဘူး ကလေးငယ်တို့အသားအရည်အတွက် မတည့်တဲ့ပစ္စည်းတွေပါရင်လဲ Diaper ခဏ ခဏ လောင်တတ်ပါတယ်ရှင်

✅နုနုနယ်နယ် ကလေးလေးတွေအတွက် wet tissue ကောင်းတာလေးမှ သုံးချင်တဲ့မေမေတို့အတွက် Poomsoft baby wipes လေးရှိပါတယ်ရှင်

💙Pure water 99.9% နဲ့ပြုလုပ်ထားတာအပြင် pH 5.5 ဖြစ်တာကြောင့် allergic ဖြစ်ခြင်းကိုလျော့ချနိုင်ပါတယ်
💚ကလေးငယ်တွေအတွက် အဆိပ်အတောက်ဖြစ်စေမယ့် Alcohol, Fragrance, paraben, chlorine မပါဝင်လို့ စိတ်ချစွာအသုံးပြုနိုင်ပါတယ်ရှင်

✅တစ်ထုပ်မှာ အရွက်ရည် ၈၀ နဲ့ size ကြီးတာကြောင့် မျက်နှာ ပါးစပ် သုတ်မလား ခြေလက်ပဲ သုတ်မလား အကုန် အစုံ သုံးနိုင်ပါတယ်ရှင်

Instock

ရန်ကုန် မန္တလေး COD

မိုးရာသီရောက်တော့မယ်ဆိုတော့ ခြင်မှတ် ရန်က ကာကွယ်ဖို့ ကြိုဆောင်ထားဖို့လိုမယ်နော်
10/05/2026

မိုးရာသီရောက်တော့မယ်ဆိုတော့ ခြင်မှတ် ရန်က ကာကွယ်ဖို့ ကြိုဆောင်ထားဖို့လိုမယ်နော်

ပူတဲ့ရာသီမှာ ပေါင်ဒါလေးပါတော့ ကလေးကပိုနေလို့ကောင်းတာပေါ့Baby's Box မှာ Instock ပါရှင်
07/05/2026

ပူတဲ့ရာသီမှာ ပေါင်ဒါလေးပါတော့ ကလေးကပိုနေလို့ကောင်းတာပေါ့
Baby's Box မှာ Instock ပါရှင်

Baby လေးကို Powder သုံးပေးချင်တယ် 🥺Powder မှုန့်တွေထွက်မှာလဲ မကြိုက်ဘူး ပေါင်ဒါမှုန့်နံ့ကိုလဲ မခံနိုင်ဘူး ဆိုတဲ့မေမေတို့အတွက် 👉👉Enfant ကထုတ်တဲ့ Powder Lotion လေးလာပါပြီရှင်

🧴🧴ဒီlotion လေးက လိမ်းလိုက်ရင် စေးပျစ်ပျစ်မဟုတ်ဘဲ ပေါင်ဒါလိမ်းထားသလိုအသားအရည်ကချောမွတ်ပြီး ပေါင်ဒါနံ့သင်းသင်းလေးကိုရစေမှာပါ☺️

♥️Powdery lotion type ဖြစ်လို့ ပေါင်ဒါလိမ်းထားတဲ့ effect ရော lotion ကြောင့် Moisture ဓာတ်ရောအပြည့်ရစေမှာပါ

👉👉ပါဝင်ပစ္စည်းတွေကတော့
Almond oil, Allantoin နဲ့ Chamomile flower🌼 အဆီအနှစ် ကြောင့် Moisture ဓာတ်ကိုထိန်းပေးပြီး နူ့ညံ့ချောမွတ်စေတယ်

🥑Avocado oil က fatty acids နဲ့ vitamin ပေါကြွယ်ဝတာကြောင့် အစိုဓာတ်ဆုံးရှူံးမှုကိုကာကွယ်ပေးပြီး အသားအရည်ကိုအမြဲရေဓာတ်ဖြည့်ပေးနေမှာ‌နော်

♥️Vitamin E လဲပါတာကြောင့် Antioxidant အပြည့်အဝရရှိပြီး အသားအရည် မညီညာတာတွေကိုကာကွယ်‌ပေးနိုင်ပါတယ်

🇩🇪Germany က🧑‍⚕️Drematologistတွေရဲ့အသိအမှတ်ပြုလက်မှတ်ရထားပြီးသားမို့ 👶မွေးကင်းစကတည်းက စိတ်ချလက်ချလိမ်းပေးလို့ရတယ်နော်

တစ်ဘူးဝယ် effect 2 မျိုးရ ဆိုတော့ တန်မှတန်ပဲနော် မေမေတို့ရေ🤗🤗

In stock

💵💵ငွေဈေးအတက်အကျရှိလို့ ဈေးပြောင်းလဲနိုင်ပါတယ်ရှင်💵💵
ဈေးလေးကို comments မှာဖြစ်ဖြစ် Cb မှာဖြစ်ဖြစ် အားမနာတမ်း မေးလို့ရပါတယ်ရှင် 🥰

👉♥️ရန်ကုန် မန္တလေး COD

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Baby's Box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share