GOOD MOOD GOOD FOOD

GOOD MOOD GOOD FOOD Thanks for loving us 😗🤎

18/09/2023

မင်မင်တို့ ဘန်ကောက်သွားတုန်းက Jodd Fairs အသစ်မှာ ပတ်စားခဲ့တုန်းက vlogလေး♥️

27/08/2023

We’re Back!!
The world of Studio GHIBLI’s.

Send a message to learn more

“ ကောင်လေးနဲ့ကော်ဖီ ဒိတ်ဖို့ ဆိုင်‌လှလှလေးတဆိုင်တွေ့ထားပါကြောင်း ”      ဆိုင်နာမည်လေးကတော့ cafe 95 ပါ “ မော်လမြိုင်ကနော်...
22/10/2022

“ ကောင်လေးနဲ့ကော်ဖီ ဒိတ်ဖို့ ဆိုင်‌လှလှလေးတဆိုင်တွေ့ထားပါကြောင်း ”

ဆိုင်နာမည်လေးကတော့ cafe 95 ပါ “ မော်လမြိုင်ကနော် ပျိုတို့🤭” ဒီဆိုင်လေးကလေ ဖွင့်ထားတာ မကြာသေးဘူးဆိုင်အသစ်လေး သူက အပြင်ကကြည့်ရင် သာမာန် ကိတ်ဆိုင်လေးလို့ထင်ရပင်မယ့် အထဲမှာတော့အေးအေးဆေးဆေးလေး ထိုင်လို့‌ေကာင်းတယ် သူငယ်ချင်းတွေနဲ့ chill မလား ကောင်လေးနဲ့ဒိတ်မလား first date ဆို ဒီလို ထိုင်လို့ကောင်းတဲ့ ဆိုင်လှလှလေးကို ရွေးသင့်တယ်နော် 👉👈

ဆိုင်အပြင်ဆင်လေးကလည်း လှပီးတော့ ဓာတ်ဖမ်း‌မယ့် ပျိုတို့တော့ သဘောကျလောက်မယ့် နေရာလေးဖြစ်မယ်လို့ အာမခံပါတယ် ခင်တို့ သွားတုန်းကတော့ မီးသေနေလို့ ပုံထွက်ကတော့ အရမ်းမလှလိုက်ဘူးပေါ့နော် မီးလာနေရင်တော့ပိုလှပါတယ် နောက်ပီးတော့ ပန်းချီကား ‌လေးတွေနဲ့ အရမ်းကိုမိုက်တယ် အက်ပန်းချီကားလေးတွေက ဝယ်လို့လည်းရပါတယ်တဲ့

ဆိုတော့ခင်တို့ အစားသောက်ကြောင်းဆက်လိုက်ရအောင် ဆိုင်က စဖွင့်စဆိုတော့ သိပ်အများကြီးမရသေးပေမယ့် ပေါင်မုန့်တွေကတော့ တော်တော်လေးစုံစုံရပါတယ် စားခါနီးကျ ပူပူလေးဖြစ်အောင်ပြန်လုပ်ပေးတာလေးတော့ သဘောကျတယ် ✨🤎 ကိတ်တွေတော့ သိပ်မတွေ့ဘူးပေါ့နော် cheese cake တို့ pillow လေးတွေတော့ရပါတယ်နော်

Juice အနေနဲ့ကတော့ သိပ်မစုံသေးဘူးပေါ့နော် soda ရယ် ရိုးရိုး juice ရယ်ရပါတယ် ကော်ဖီဒိတ်ကြမယ့် ပျိုတို့တွက်တော့ လောလောဆယ် ဆိုင်ဖျော်ဘဲရပါသေးတယ်စက်လေးတွေမရောက်သေးလို့ပါ နောက်ဆိုရင်တော့ရပါမယ်နော်

ခင်ကတော့ နေ့လည်စာစားပီးမ သွားမိတော့ ဗိုက်တင်းပီးသိပ်မစားနိုင်လိုက်ပါဘူး pillow လေးထက် ပေါင်မုန့်လေးကိုပိုကြိုက်ပါတယ် ပူပူနွေးနွေးဆိုတော့ ပိုစားကောင်းတယ် 🤤

ခင်အနေနဲ့ကတော့ ‌အလုပ်ကိစ္စပြောတာတို့ ပေါ့ပေါ့ပါးပါး ဒိတ်တာမျိုးတွေတွက်ဆို သွားဖြစ်နေမယ့်ဆိုင်မျိူးလေးပါ service လည်းအဆင်ပြေပါတယ် လိုအပ်တာလေးတွေသေချာမေးပေး တယ် ပြီးတော့ အဆင်ပြေတာ မပြေတာ တွက်လည်း review ရေးပေးဖို့စာအုပ်နဲ့ဘောပင်လေးချပေးထားတာကြောင့် ကိုယ် အဆင်မပြေဘူးဆိုရင်တော့ အကြံလေးပေးခဲ့နိုင်သ‌လို ကိုယ်အဆင်ပြေရင်တော့ တခြားသူတွေကို sharing ပြန်လုပ်ပေးပေါ့နော်

ခင်တို့ ဒီနေ့သွားတော့ Facebook မှာ ဆိုင်မှာ tag တွဲပီး တင်ပေးရင် ပဲကိတ်လေးနဲ့ ကွတ်ကီးလေး တယောက်ချင်းစီကို လက်ဆောင်ပေးပါတယ် ( ဒါတော့ဘယ်နေ့ထိရလဲ မမေးခဲ့မိပါဘူး 🥺)

ဆိုင်လိပ်စာကတော့ - အမှတ် ၁ မြို့နယ်မီးသတ်လမ်း မြိုင်ရတနာဈေး အနီး ဖက်တန်းရပ် မော်လမြိုင် ( cafe 95 )

https://www.facebook.com/profile.php?id=100086322157413
ဆိုင်ရဲ့ page ပါနော် page မှာ ရိုက်ထားတာတဲ့ပုံတွေကတော့ပိုလှလို့ page ထဲဝင်ကြည့်ကြည့်နော်

ကဲ! ပိတ်ရက်မှာ ဘာစားရမလဲစဉ်းစားနေတဲ့သူတွေတွက် သက်သက်သာသာနဲ့စားကောင်းတဲ့"တချောင်း ၅၀ တန်ဝက်သားဒုတ်ထိုးဆိုင်လေး” ဆီသွားရအေ...
07/10/2022

ကဲ! ပိတ်ရက်မှာ ဘာစားရမလဲစဉ်းစားနေတဲ့သူတွေတွက် သက်သက်သာသာနဲ့စားကောင်းတဲ့"တချောင်း ၅၀ တန်ဝက်သားဒုတ်ထိုးဆိုင်လေး” ဆီသွားရအောင် 🛵

ဆိုင်လေးနာမည်ကတော့ “ ဖိုးကြီးလက်ရာ” ပါ ကုန်ဈေးနှုန်းတွေတက်နေတဲ့အချိန်မှာတောင် ဒုတ်ထိုးတချောင်းမှ ၅၀ ထဲပါ ၅၀ ထဲဆိုလို့အမယ်ကလည်း အစုံဘဲနော် အရသာကလည်းရှယ်ပါဘဲဒုတ်ထိုးဆိုင်မှာအရေးကြီးတဲ့ထဲကတခုက အူအနံ့မထွက်တာပါဘဲ ဒီဆိုင်လေးမှာတော့ တချောင်းမှ ၅၀ ပေမယ့် သန့်ရှင်းပီး အူနံ့လည်းမရှိပါဘူး ပီးတော့ ရှားရှားပါးပါး မျက်လုံးလည်းရပါတယ် နို့အုံ့သားလည်းတခါတလေရပါတယ်နော် ဒုတ်ထိုးမှာချပေးတဲ့ ဟင်းရည်ကလည်း မုန်ညှင်းတွေ အများကြီးနဲ့ အရိုးပြုတ်ရည်‌ချိုချို‌လေး သောက်လို့ အရမ်းကောင်းပါတယ် ခင် စွပ်ပြုတ်ချဉ်စပ် တပွဲမှာတာတောင် ဟင်းရည်က နှစ်ခွက်လောက်ထပ်သောက်ခဲ့သေးတာပါ ဒုတ်ထိုးစားရင်း ဘဲဥဒုတ်ထိုးလေးလည်းစားကြည့်ခဲ့နော် အက်တာလေးလည်းကောင်းတယ်

ဒုတ်ထိုးအပြင်ကို ကြာဇံကြော် ခေါက်ဆွဲကြော် ထမင်းကြော် ဝက်သားလိပ် ကောက်ညှင်းထုပ် ခေါင်းသုပ် တွေလည်းရပါတယ်

ကြာဇံကြော်တို့ခေါက်ဆွဲကြော်တို့က အသုပ်လည်းရပါတယ် ဆိုင်က အမ လက်ရာကတော့ ဘာစားစားကောင်းနေတာမျိူးပါ 🤭

စွပ်ပြုတ်ကတော့ အချိုရော ချဉ်စပ်လေးရောရပါတယ် ခင်ကတော့ ချဉ်စပ်လေးကို သောက်ကြည့်ဖို့ recommend ပေးချင်ပါတယ် သံပုရာသီးနံ့မွှေးမွှေးလေးနဲ့ အရမ်းကြီးလည်းမစပ်ဘဲတော်တော်သောက်ကောင်းတာပါ ဝက်ခြေထောက်ဆိုလည်း အကြီးကြီး နှစ်တုံးကိုပါလို့ အစားနည်းတဲ့သူဆို စွပ်ပြုတ်တပွဲထဲနဲ့ ဗိုက်ဝပါတယ်

ဝက်သားလိပ်ကတော့ မကြီးအသက်ကတော့ အတော်လေးကြိုက်ပါတယ်တဲ့ ကြွပ်ကြွပ်ရွရွလေးနဲ့ အသားတွေလည်း အများကြီးဘဲ

ကောက်ညှင်းထုပ်မှာဆိုရင်တော့ ဝက်သားကောက်ညှင်းထုတ်က ဘယ်တော့‌ဖြစ်ဖြစ်အကောင်းဆုံးပါဘဲ 🤭 ခင်ကတော့ ဝက်သားကောက်ညှင်းထုပ်ဆို အဆီလေးပါမှကြိုက်တာ ခင်ကြိုက်တဲ့အရသာနဲ့တော့ လုံးဝ ကွက်တိကျပါတယ်

အအေးတော့မရှိပေမယ့်လေ ဘေးဆိုင်က အအေးဆိုင်ဘဲမို့ ကြိုက်တဲ့အအေးမှာသောက်လို့ရပါတယ် ကြံရည်‌လည်းရတယ်နော် ဒါမယ့် အက်ဆိုင်လေးကတော့ နဲနဲထွက်တာနောက်ကျလို့ ခင်တို့ကတော့ တခြားနေရာက အအေးဝယ်လိုက်တယ် နောက်မဝလို့ ကြံရည်တခွက်ထပ်သောက်ခဲ့ပါသေးတယ် မိုးတွင်းပေမယ့် ကြံရည်က ချိုချိူလေးပါ 👉👈

ခင်နဲ့အသက်ကတော့ နှစ်ယောက်ကို ကောက်ညှင်းထုပ်တထုပ် ဝက်သားလိပ်တပွဲ စွပ်ပြုတ်တပွဲအပြင်ကို ဒုတ်ထိုး အချောင်း ၈၀ တောင်စားခဲ့တာပါ ဆိုင်က အကိုနဲ့အမလည်း ဆက်ဆံရေးကောင်းပီး လိုတာရှိရင်ချက်ချင်းလုပ်ပေးပါတယ်

ဒီဆိုင်လေးက အရင်က မြန်မာ့စီးပွားရေးဘဏ်လေးနားဖွင့်ထဲက ခင်စားနေကြဆိုင်လေးမို့ အရသာပိုင်းကတော့ အာမခံပါတယ် 😋 ဆိုင်လေးက ညနေ ၂ နာရီဆို စဖွင့်ပါပီ ထိုင်စားလို့ရပါပီနော် ဆိုင်နေရာကတော့မော်လမြိုင် ကမ်းနားလမ်း သံလွင်ဈေးဘက်ကလာရင် ထိပ်ဆုံးနားကဆိုင်လေးပါ မိုးအေးလို့ဆိုင်သွားမစားချင်ဘူး ပိတ်ရက်မို့ အိမ်မှာအေးဆေးနားချင်တယ် သူငယ်ချင်းတွေနဲ့အိမ်မှာ chill လုပ်ချင်တဲ့သူတွေကတော့ “ ဖိုးႀကီးလက္ရာ ” acc မှာ မှာစားလို့ရပါတယ်ရှင်

ပိတ်ရက်တွေမှာ ဘာဆိုင်စားရမလဲ ဘာအစားစားက ဘယ်ဆိုင်ကောင်းလဲ သိချင်တော့ ခင်တို့ page messager မှာလာမေးလို့ရပါတယ်ရှင့် ခင်သိသလောက်ပြောပြပေးပါမယ်နော် 😙🤎 တခြား စားကောင်းတဲ့ဆိုင်လေးတွေ စားကြည့်စေချင်တဲ့ဆိုင်လေးတွေလည်း sharing ပြန်လုပ်ပေးသွားပါအုန်းနော် ခင်တို့နောက်ထပ် honest review လေးတွေနဲ့ပြန်လာခဲ့ပါမယ်ရှင်

ကိုရီးယားစာကိုမ100% Hala Food ဆိုင်လေးဖြစ်တဲ့ “ ရွှေမြိုင်သူ ”ခင် ဒီဆိုင်လေးကို သတိထားမိတာကြာပီဆိုပေမယ့် ခုမ စစားဖူးတာပ...
26/09/2022

ကိုရီးယားစာကိုမ100% Hala Food ဆိုင်လေးဖြစ်တဲ့ “ ရွှေမြိုင်သူ ”

ခင် ဒီဆိုင်လေးကို သတိထားမိတာကြာပီဆိုပေမယ့် ခုမ စစားဖူးတာပေါ့နော် Korean Food ဆိုင်ဆိုတော့ ပုံမှန်တိုင်း Fish cake ကိုရီးယားထမင်းသုပ် ထမင်းလိပ် တွေအပြင် မာလာရှမ်းကောလည်းရပါတယ် ( ဒါတော့ မစားကြည့်ခဲ့ဖြစ်ပါဘူး ) ဒီဆိုင်လေးမှာက အချိုမှုန့်လည်းမသုံးတော့ ကျန်းမာရေး ဂရုစိုက်တဲ့သူတွေတွက်လည်းအဆင်ပြေတယ်နော်

ဒီဆိုင်ရဲ့ Fish cake soup က ကောင်းတယ်ဆိုပီးရောက်သွားတာမို့ fish cake ကြောင်းစပြောမယ်ပေါ့နော် သူ့ အရည်က ပုံမှန် soup တွေလို အချိုပြုတ်ရည်ကိုမ အချည်‌ထည့်ပေးတာမျိုးလေးမဟုတ်ဘဲ ကင်မ်ချီ ဟင်းရည်လိုအရသာလေးပါ တော်တော်လေးသောက်လို့ကောင်းပါတယ်

ရောက်ရင်တော့ တော့ပူကီလည်း မဖြစ်မနေစားကြည့်သင့်တဲ့ထဲပါပါတယ် အိကျိအိကျိလေးနဲ့ ခင်တို့ ready made အထုတ်ကို ပြုတ်ထားတဲ့အရသာမျိုးမထွက်ဘဲ ဆော့ကို ‌ကိုယ်တိုင်စပ်တဲ့အရသာမျိုးလို့ထင်ပါတယ် တပွဲ 2000 ကိုမ အများကြီးပါတာ fish cake လေးလည်းပါသေးတော့ အရမ်းတန်ပါတယ်

ကြက်ဥလိပ်ဆိုလည်း သူက အဆိမ့်ဘက်ထက် ကြက်ဥအရသာအချိုဘက်လေးသွားတာပါ

ကိုရီယားထမင်းသုပ်လေးလည်းကောင်းပါတယ် ကိုယ်မကြိုက်တာလေးတွေဆို ကြိုပြောပီးဖယ်ခိုင်းလို့ရပါတယ် တပွဲဆို နှစ်ယောက်လောက်စားလို့ရတယ်

Juice ဆိုလည်း တခွက် 1000 ဆိုတော့ တန်တယ်နော်

Hala Food ဆိုတော့ လူမျိုးဘာသာမရွေးစားလို့ရတယ့်အပြင် ဈေးလည်းသက်သာပီး အရသာလည်းရှယ်ကောင်းတာမို့ စားကြည့်သင့်တဲ့ဆိုင်လေးပါနော်

ဆိုင်နေရာကတော့ ကွင်းရပ် မီးသတ်ရှေ့က ရတနာမြိုင်လမ်းထိပ်နား ညာဘက်မှာပါ
Fb page - ရွှေမြိုင်သူမှာလည်း မှာစားလို့ရသလို ဖုန်းဆက်ပီးတော့လည်းမှာလို့ရပါတယ်ရှင့်

ဘားအံရောက်ရင် စားကြည့်သင့်တယ့် “ နော်တယာ ” ကရင်ရိုးရာ အစားအစာဆိုင်လေး ဘားအံရောက်ရင် ကရင်အစားစာ ကောင်းကောင်းလေး စားချင်တယ...
26/08/2022

ဘားအံရောက်ရင် စားကြည့်သင့်တယ့် “ နော်တယာ ” ကရင်ရိုးရာ အစားအစာဆိုင်လေး

ဘားအံရောက်ရင် ကရင်အစားစာ ကောင်းကောင်းလေး စားချင်တယ် သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေးလေး ထိုင်ချင်တယ်ဆိုရင် ဒီဆိုင်လေးကို ညွှန်းချင်ပါတယ် ဈေးကလည်း အရမ်းမများဘဲ သူ့အရသာနဲ့ ပေးရတဲ့ဈေးနဲ့က စိတ်ကျေနပ်မှု အပြည့်ရပါတယ် ပုံတွေထဲမှာတော့ ရနိုင်တဲ့ menus တွေပါထည့်ပေးထားပါတယ်
အော် ဒါနဲ့juice တွေအပြင် traditional wine တွေလည်းရတယ်လို့ 😁

ဆိုင်မှာက တောကြက်သားဟင်း တောဝက်ဟင်း တာလပေါ့ ရာသီပေါ် ဟင်းချို အရွက်ကြော်တွေ နဲ့ကရင်လူပျိူကြီးသုပ်ဆိုလား အပြင် တခြား အမယ်တွေလည်း အများကြီးကို ရပါတယ်

ခင်တို့က တောကြက်ဟင်း ‌တာလပေါ့နဲ့ ဆိုင်က အကိုကြီး recommend ပေးတဲ့ မျှစ်သုပ်လေး စားခဲ့ပါတယ် ခင်အကြိုက်ဆုံးကတော့ တောကြက်သားဟင်းပါ သူက ကရင်ချက်ဆိုတော့ အစပ်ချက်ထားပေမယ့် တောကြက်သားရဲ့အချိူက တကယ်ကို ကောင်းလွန်းပါတယ် ဟင်းအနှစ်ရဲ့အစပ်က ကြက်သားရဲ့အချိုကို မမှီပါဘူး

တာလပေါ့ဟင်းကလည်း တော်တော်လေးကောင်းတာပါ ပုံမှန် ခင် တောထမင်းစားနေကြမို့ ‌တာလပေါ့ဟင်း စားနေကြဆိုပေမယ့် အရမ်းကြီးကြိုက်တယ်မဖြစ်ဘူးပေါ့နော် ဒီဆိုင်က တာလပေါ့ဟင်းကတော့ မြေအိုးလေးနဲ့ ချပေးတာပါ အရသာကလည်း တကယ်ကို ကောင်းသောပါဘဲ ၃ ယောက်သောက်တာ တယောက်ကို နှစ်ခါလောက်ထည့်လို့ရတာပါ အများကြီးပါပါတယ်

မျှစ်သုပ်လေးလည်း ကောင်း‌ပါတယ် ခင်အယ့်နေ့က ဗိုက်သိပ်မကောင်းလို့ တဇွန်းလောက်ဘဲ မြည်းခဲ့ရတယ် လတ်လတ်ဆတ်ဆတ်လေးသုပ်ထား

အလကားချပေးတဲ့ ငပိထောင်းကလည်းရှယ်ပါဘဲ အချိုပွဲအနေနဲ့ ချပေးတဲ့ငှက်ပျော်သီးကလည်း ကောင်းလွန်းလို့ ပြန်ခါနီး တလုံးပါ ထပ်ဖြုတ်လာခဲ့ရတယ် 🤭

ဘားအံရောက်ရင် တောထမင်းစားနေကြမို့ ကရင်စာကောင်းကောင်းလေးစားချင်တာနဲ့ ဒီဆိုင်လေးကို ရောက်သွားတာ ရောက်ရောက်ချင်း အပြင်ဆင်လေးကတော့ ထိုင်ချင်စဖွယ်လေးပါ အပြင်မှာလည်း ထိုင်ဖို့နေရာ‌ရှိပေမယ့် ထိုင်လို့ အဆင်မပြေဘူးဆိုလို့ အထဲမှာဘဲဝင်ထိုင်ခဲ့တယ်ပေါ့နော် အထဲမှာပေမယ့်လည်း အေးဆေးပီး ရိုးရာ အိမ်လေးထဲ ထိုင်နေရသလို ခံစားချက်မျိူးလေးရပါတယ် service ကလည်း ကောင်းပါတယ် လိုလေသေးမရှိသေချာလေးဂရုစိုက်ပေးပါတယ် ဟင်းပွဲကလည်း လူရှင်းတော့ အရမ်းကြီးမစောင့်ခဲ့ရပါဘူးနော်

နေရာကတော့ တောင်ကြားလမ်းကလာရင် ဟိုတယ်တွေအကျော် ပထမဆုံးစစ်ဆေးရေးဂိတ်ရောက်ရင် ဘယ်ချိူး‌လိုက်ပါ ထိပ်နားလေးမှာပါဘဲနော်

မိုးအေးနေတုန်း ကမ်းနားက သားသားကွတ်တီယိုလေး သွားစားကြမယ် ဒီဆိုင်လေးက ဖွင့်တာ အရမ်းကြီး မကြာသေးဘူးဆိုပေမယ့် စားလို့တော့ တက...
08/07/2022

မိုးအေးနေတုန်း ကမ်းနားက သားသားကွတ်တီယိုလေး သွားစားကြမယ်

ဒီဆိုင်လေးက ဖွင့်တာ အရမ်းကြီး မကြာသေးဘူးဆိုပေမယ့် စားလို့တော့ တကယ်ကောင်းပါတယ် ဆိုင်မာက ကွတ်တီယို အသုပ် အပြုတ် နဲ့ အရည်မဲကို ကြက်ပေါင် ရယ် ဝက်သားရယ်နဲ့ရပါတယ်

တပွဲမှာ အများကြီးကို ပါတာပါ အစားနည်းတဲ့သူဆို တပွဲ နှစ်ယောက်လောက်တောင် စားလို့ရပါတယ် အသားတွေလည်းအများကြီးကို ပါတာပါကြက်ပေါင်က နှစ်ချောင်းတာင်ပါပါတယ် ဝက်သားဆိုလည်းအသားအပြင် ကလီစာတွေအကုန်ကိုပါတာ ခင်ကတော့တော်တော်လေးကြိုက်ပါတယ် တပွဲဆို ဗိုက်အပြည့်ဘဲ

တပွဲကို သူက ၂၀၀၀ ၂၅၀၀ လောက်ရှ်ိပေမယ့် သူ့မာပါတာနဲ့ဆို ပေးရတာတန်ပါတယ် ခင်တို့သွားစားတုန်းကတော့ အကြာကြီး မစောင့်ရပါဘူးနော် service ပိုင်းမှာလည်း အဆင်ပြေတာမို့ သွားစားကြည့်စေချင်ပါတယ် 🤎



ကယ် အခုတလောမ အသစ်ဖွင့်တဲ့ My Day ဆိုတဲ့ဆိုင်လေးကို ဟိုနေ့က သွားစားရင်းမ ခင့်အမြင်လေးကို sharing လုပ်ပေးချင်ပါတယ် ဆိုင်ကလ...
04/07/2022

ကယ် အခုတလောမ အသစ်ဖွင့်တဲ့ My Day ဆိုတဲ့ဆိုင်လေးကို ဟိုနေ့က သွားစားရင်းမ ခင့်အမြင်လေးကို sharing လုပ်ပေးချင်ပါတယ်

ဆိုင်ကလေ အပြင်ဆင်ကတော့ အရမ်းလှပါတယ် ညနေဘက်လောက်သွားထိုင်ရင် မီးလေးတွေနဲ့ပိုကိုလှတာပါ သုံးထားတာလေး‌ေတွကလေ ပန်းကန်တို့ ဇွန်းခရင်းလေးတွေကအစ local လေးတွေကြီးမို့ ဒါတော့တော်တော်သဘောကျမိပါတယ် ထိုင်ရတာ အေးအေးဆေးဆေးရှိသလို ဓာတ်သွားဖမ်းလို့လည်း လှတယ့်ဆိုင်လေးပါနော် ကဲ! အစားသောက်ကြောင်းဆက်လိုက်ရအောင်

အရင်ဆုံး ခင်က မောက်ချိုက်ကြိုက်တဲ့သူဆိုတော့ မောက်ချိူက်ကနေစလိုက်မယ်နော် ဒီဆိုင်မှာကလေ ရိုးရိုးပွဲလိုက်ယူလည်းရသလို ကိုယ့်ကိုရွေးလည်းရတယ်ပေါ့နော် ရွေးမယ်ဆိုရင်တော့ ဆိုင်က အသစ်မို့ထင်တယ် ရွေးစရာတော့ သိပ်အများကြီးမရသေးပါဘူးနော် ပင်လယ်စာအနေနဲ့ ရေဘဝဲ ပုဇွန်ရယ် တခြား အသားလုံးလေးတွေရယ် အသီးရွက်လေးတွေရယ်ဘဲ ရခဲ့တယ်ပေါ့နော် ဒီမာကြိုက်တာတခုကတော့ မှိုမဲရတာပါ အရသာ အနေနဲ့ကတော့ စားလို့အဆင်ပြေပါတယ် ခင်တို့ကတော့ ‌ပွဲလိုက်မယူဘဲရွေးမှာခဲ့တာပါ

မာလာရှမ်းကောကတော့ ပင်လယ်စာနဲ့ကို ၆၀၀၀ ဝက်သားနဲ့ကတော့ ၅၀၀၀ ပါ သုံးထပ်သားနဲ့က ၅၅၀၀ ပေမယ့် အက်တာက ခင်တို့သွားတုန်းက မရသေးလို့ ဝက်သားနဲ့ဘဲစားခဲ့ပါတယ် ခင့်အနေနဲ့ကတော့ ပါတာနဲနဲနည်းတယ်လို့ ခံစားရပါတယ် ရှမ်းကောရော မောက်ချိုက်ရော ခင့်လို့ မာလာအရသာပြင်းပြင်းကြိုက်တတ်ရင်တော့ အထုံအစပ်လေးပို ပြင်ခိုင်းပေါ့နော် အထုံအစပ်သိပ်မကြိုက်တဲ့သူတွေတွက်တော့ အဆင်ပြေပါတယ်

ဝက်သားချောင်းကြော်ကတော့ ဒီဆိုင်ရောက်ရင်တော့ စားကြည့်သင့်တယ့်ထဲပါတယ်နော် တကယ်ကောင်းသောပါ အချဉ်လေးနဲ့အရမ်းလိုက်ပါတယ် ကြွပ်ကြွပ်မွမွလေးကိုမ အချဉ်လေးနဲ့ရှယ်ပါပဲ

အအေးကတော့ ရပေမယ့် ခင်တို့သွားတုန်းက အဖျော်ဆရာမရှိလို့မသောက်ခဲ့ရပါဘူးလို့

ဆိုင်ကတော့ မြိုင်သာယာဈေးအကျော်နားလေးတင်ပါ လမ်းမတန်းမှာပါဘဲနော်

တခြားစားကောင်းတဲ့ဆိုင်လေးတွေရှိရင်လည်း sharing ပြန်လုပ်ပေးကြပါအုန်းနော် 🤎

Reviewလေး တခုတွေ့လို့သွားစားဖြစ်ရင်း မြန်မာထမင်းဟင်းဆို သန့်သန့်ရှင်းရှင်းနဲ့ စားလို့ အဆင်ပြေတဲ့ဆိုင်လေးတဆိုင်ကို မိတ်ဆက...
13/06/2022

Reviewလေး တခုတွေ့လို့သွားစားဖြစ်ရင်း မြန်မာထမင်းဟင်းဆို သန့်သန့်ရှင်းရှင်းနဲ့ စားလို့ အဆင်ပြေတဲ့ဆိုင်လေးတဆိုင်ကို မိတ်ဆက်ပေးမယ်နော်

ရနိုင်တဲ့ဟင်း‌တွေကတော့လေ ၁၅ မျိုး ၂၀ မျိုးလောက်ရှိပါမယ် ခင်တို့မှာစားဖြစ်တာကတော့ ‌ကြက်ပေါင်ပေါင်းရယ် ဝက်ခေါင်းချဉ်စပ်ရယ် ငါးကြော် ချဉ်ပေါင်ကြော် ရယ်ပါ
Service အနေနဲ့ကတော့ အတို့အမြှပ်အစုံကို ငပိရည်ရယ် ငပိထောင်းလေးရယ်(ဒါတော့ စားကြည့်ရှယ် စပ်စပ်လေးနဲ့) ချပေးပါတယ် အရည်သောက်ကတော့ ခင်တို့သွားစားတုန်းက ချဉ်ပေါင်ဟင်းခါးလေးပါ ချဉ်ချဉ်လေးဆိုတော့ ထမင်းနဲ့အရမ်းလိုက်

ဝက်ခေါင်းချဉ်စပ်ကတော့လေကုလားချက်လိုမျိုးအစပ်ကြီးမဟုတ်ဘဲနဲ့ ချဉ်စပ်ဟင်းလေးလို ဆီလည်းမများဘူးဆိုတော့ ဝက်သားကြိုက်ပေမယ့် အဆီမကြိုက် အစပ်မကြိုက်တဲ့သူတွေတွက်ဆိုအဆင်ပြေတယ် ဝက်ခေါင်းကလည်း မအီဘူးဆိုတော့လေနော်

ကြက်ပေါင်ချိူပေါင်းကတော့ နူးနူးလေးနဲ့စားကောင်းပါတယ် ကြက်ပေါင်ကြိုက်တဲ့သူတွေဆို စားကြည့်သင့်တဲ့ထဲပါတယ်ပေါ့နော် ငါးကြော်ရော ချဉ်ပေါင်ကြော်ရော စားလို့အဆင်ပြေပါတယ်

ဟင်းကလေ ကြက်ပေါင်ပေါင်းတခုထဲ ၁၅၀၀ ပါ ကျန်တာဆို ၁၂၀၀ ပါဘဲ အခု ကုန်ဈေးနှုန်းနဲ့ဆို တန်တယ်ဘဲပြောရမှာပေါ့နော်

သူ့ဆိုင်ကလေ အကောင်းဆုံးကတော့ service ပါ customerကိုတော်တော်လေး ဂရုတစိုက်ရှိပါတယ် ရေဘူးအစက ဆိုင်က အကိုရီးက ဖောက်ပေးပါတယ် ( လူကျတဲ့ချိန်ဆိုရင်တော့ မပြောတတ်ဘူးပေါ့နော် ) ကဲ! ဘဲမရှိလို့ရေဘူးမဖောက်နိုင်တဲ့ကောင်မလေးတွေရေ အားငယ်စရာမရှိတော့ဘူးနော် 🫣

ဆိုင်လေးက သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်လေးပါ ဆိုင်မှာထိုင်စားလို့လည်း အဆင်ပြေတယ် ဆိုင်ထိပ်မှာ ဟင်းအိုးလေးတွေကိုလည်း မှန်ဘောင်နဲ့အသေချာလေးထည့်ထားတာ ဖွင့်ထားတာလည်းမကြာသေးဘူးနော် သူက ချိုင့်ဆွဲလည်းရတယ်ဆိုင်ကတော့ မနက် ၉ လောက်ကနေ ည ၉လောက်ထိဖွင့်ပါတယ်

ဆိုင်လိပ်စာလေးကတော့ မော်လမြိုင် သီရိမြိုင်ရပ်ကွက် ၄ လမ်းထိပ် မင်းသုခ ထမင်းဆိုင်လေးပါ 🤎

ဆိုင်ရဲ့ page လေးခုမတွေ့လို့ထပ်ဖြည့်ထားပေးတယ်နော် 🤎
https://www.facebook.com/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AF%E1%80%81-%E1%80%91%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA-104283342308787/

မဂ္ဂင်လမ်းထိပ်က မမွန်ကွတ်တီယိုဆိုင်လေး 🤤🤎ခင်ခနခနသွားစားဖြစ်နေကြဆိုင်လေးပါ သူ့ဆိုင်မှာက menus အများကြီးတော့ မရပါဘူး ကွတ်တ...
30/05/2022

မဂ္ဂင်လမ်းထိပ်က မမွန်ကွတ်တီယိုဆိုင်လေး 🤤🤎

ခင်ခနခနသွားစားဖြစ်နေကြဆိုင်လေးပါ သူ့ဆိုင်မှာက menus အများကြီးတော့ မရပါဘူး ကွတ်တီယိုအသုပ် အပြုတ် ကြက်ခြေထောက်ထောင်း သင်္ဘောသီးထောင်း လောက်ဘဲရပါတယ် ( ဘေးက ကွမ်းယာဆိုင်လေးမှာတော့ အအေးရပါတယ်‌ )

ကွတ်တီယိုက တပွဲ ၁၇၀၀ လောက်တော့ကျတယ်ဆိုပေမယ့် အရသာကတော့တော်တော်လေးကိုကောင်းတယ် ကြက်ပေါင် ကြက်ခြေထောက်နဲ့ အသားလုံးတခုပါပါတယ် ဆိုတော့ ကြက်ပေါင်နဲ့တင်ဈေးက မဆိုးဘူးပြောရမှာပေါ့နော် ခင်ကတော့ အရွက်မကြိုက်လို့ ထည့်မစားခဲ့ပါဘူးနော် ကြက်ခြေထောက်လေးလည်း နူးအိပီး ချိုချိုလေး သူသုပ်ထားတာလေးနဲ့ သူ့အသားလေးနဲ့က အရသာထိမိနေတာဘဲ ပုံမှန်ဆို တချို့ကွတ်တီယိုဆိုင်တွေက အရည်သောက်ဆို ပေါ့လို့ ခင်သိပ်မသောက်ဖြစ်ပေမယ့် မမွန်ဆိုင်မှာကတော့ အရည်သောက်လေးကအစ သေချာလေးလုပ်ပေးထားပါတယ်

အကောင်းဆုံးကတော့ ကြက်ပေါင်ပါ ဇွန်းလေးနဲ့ထိုးလိုက်တာနဲ့အိနေတာဘဲ လူကြီးတွေလည်း စားနိုင်လောက်အောင်ကို သေချာလေးနူးနေအောင်ပေါင်းထားတာပါ အပြုတ်အရသာမျိုးကြီးမဟုတ်ဘဲ ဒီတိုင်း စားမယ်ဆိုရင်တောင် တော်တော်ကောင်းတာ ( ကြက်ပေါင်က သက်သက်လည်းရောင်းပါတယ် တပေါင် 900 mmk ပါ )

ကြက်ခြေထောက်ထောင်းကတော့ ကွတ်တီယိုမှာပါတဲ့ကြက်ခြေထောက်လေးဘဲဆိုတော့ နူးအိပီးချိုချိုလေးပေါ့နော် အယ့်မှာမ အထောင်းက အစပ်အရသာလေးနဲ့ မြေပဲအစိမ့်အရသာလေးရယ်က အတော်လေးလိုက်တယ် သူလည်းတပွဲ ၁၇၀၀ ပါဘဲနော် ကြက်ခြေထောက်တွေလည်း အများကြီးကိုပါတာပါ ကွတ်တီယိုသွားစားဖြစ်ရင်တော့ ဒါလေး‌လည်းတပွဲလောက်မှာစားကြည့်စေချင်ပါတယ် 💗 (သင်္ဘောသီးထောင်းကတော့ ခင်လည်းမစားကြည့်ရသေးလို့နောက်မ ထပ်ရေးပေးမယ်နော်)

ဆိုင်ကတော့ ဗဟိုလမ်းကနေဆို မဂ္ဂလမ်းထိပ်လေးမှာဘဲ ဗံဒါပင်ကြီးအောက်မှာဖွင့်ထားတာပါ ဖွင့်တာတော့ ၁၁ လောက်မှဖွင့်ပါတယ် ညနေကတော့ကုန်တယ့်ချိန်သိမ်းတယ်ပေါ့နော်

မိုးမိုးအေးအေးလေး နဲ့ ဒုတ်ထိုးသွားစားကြမယ် 🤤ဒီဆိုင်လေးကို အရင်ထဲကတွေ့တွေ့နေပေမယ့် အခုမ တိုက်တိုက်ဆိုင်ဆိုင်သွားစားဖြစ်တာ...
22/05/2022

မိုးမိုးအေးအေးလေး နဲ့ ဒုတ်ထိုးသွားစားကြမယ် 🤤

ဒီဆိုင်လေးကို အရင်ထဲကတွေ့တွေ့နေပေမယ့် အခုမ တိုက်တိုက်ဆိုင်ဆိုင်သွားစားဖြစ်တာပါ ဆိုင်က သီရီမြိုင် ဝဏ္ဏလမ်းထိပ်မှာပါနော်

ဒီနေ့ကတော့ ကြက်ခြေထောက်အကြွပ်ကြော် ဝက်သားလိပ် ဝက်နံရိုးကြော် ဝက်သားဒုတ်ထိုး ဝက်သားဆန်ပြုတ် စားခဲ့ပါတယ်ပေါ့နော် တခြား menus တွေအနေနဲ့ကတော့ ကြက်သားဆန်ပြုတ် ကြက်သားလိပ် ကြက်တောင်ပံကြော် ဝက်ခေါင်းသုပ် တို့လည်းရပါတယ်

သန့်သန့်ရှင်းရှင်းနဲ့ အတော်လေးစားလို့ အဆင်ပြေပါတယ် သခွားသီးဆိုလည်း အချဉ်နဲ့မရောဘဲ သက်သက်လေး ထည့်ထားပေးတာပါ

ပုံထဲမှာပါတာလေးတွေအပြင် ကျွဲရိုင်းတဗူး ကျွဲစိမ်းတဗူးနဲ့ ရေတဗူးပါ ပါတာကိုမ ၈၄၀၀ ဘဲကျပါတယ် ဒုတ်ထိုးကလည်း ၁၅ ချောင်းလောက်ကိုစားခဲ့တာနော် နှစ်ယောက်ဆိုတော့တယောက် ၄၂၀၀ ဘဲကျခဲ့တယ်ပေါ့နော်🤪

ဒီနေ့စားခဲ့တာလေးတွေကိုတော့
ပုံလေးတွေတပုံချင်းဆီအောက်မှာ
စာလေးတွေသေချာရေးထားပေးလို့
အဆုံးထိဖတ်ကြည့်ပေးအုန်းနော် 😚

Address

Mawlamyine

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959764102100

Website

Alerts

Be the first to know and let us send you an email when GOOD MOOD GOOD FOOD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share