Vintage collection by Aine

Vintage collection by Aine Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Vintage collection by Aine, Design & Fashion, Mawlamyine, Mawlamyine.

Vintage clothing (သို့)  Thrift Clothing ✨Second hand (ဘေထုတ်)သည်ရှက်စရာမဟုတ်ပါVintage Clothings ဆိုတာ မြန်မာပြည် အခေါ် ...
22/12/2021

Vintage clothing (သို့) Thrift Clothing ✨

Second hand (ဘေထုတ်)သည်ရှက်စရာမဟုတ်ပါ
Vintage Clothings ဆိုတာ မြန်မာပြည် အခေါ် ဘေထုပ်လို့ လူသိများတဲ့ နိုင်ငံခြားဖြစ် second hand clothings (thrift clothings) တနည်းအားဖြင့် တပတ်ရစ် အဝတ်အစားတွပါရှင့်🍄

Bale ဆိုတာ English လို အစီး
ကြီး အထုပ်ကြီးလို့ ခေါ်ပါတယ်။
အဲဒီ အဝတ်အစားတွေဟာ Bale ဆိုတဲ့ အထုပ်ကြီး အစည်းကြီးတွေနဲ့လာတော့ ရွှေမြန်မာတွေ အခေါ် ဘေထုပ်ဖြစ်သွားတာပေါ့နော်...🌷

ဒီ Bale အထုပ်တွေထဲမှာ Brand စုံ အရောင်စုံ ဒီဇိုင်းစုံ ဆိုဒ်စုံ ထုတ်လုပ်တဲ့ နိုင်ငံ အစုံ(made in China, Japan, USA) ကလာတဲ့ အဝတ်အစား အမျိုးးအစား အစုံပါပါတယ်... ပစ္စည်း အသန့်တွေ တံဆိပ်တောင် မဖြုတ်ရသေးတဲ့ အသစ်တွေ Store ဆိုင်တွေက Sale ချလိုက်တဲ့ lot နံပါတ်အလိုက် အသစ်စက်စက်တွေက အစ... ဟောင်းနွမ်းစုတ်ပြတ် ပေါက်ပြဲနေတဲ့ အထည်တွေ ပစ္စည်းတွေ အထိပါပါတယ်...☘️

နာမည်ကြီး Brand တွေရဲ့ quality နဲ့ စျေးကတော့ ဝယ်ဖူးသူတွေ ဝတ်ဖူးသူတွေ ပိုသိပါတယ်။ ဒီနေ့ခေတ်မှာ မဝယ်ဖူး မဝတ်ဖူးတောင် Facebook ပေါ် လိုင်းပေါ်ကနေ brand တော်တော်များများကို မြင်ဖူးကြားဖူးကြမှာပါ...
Branded ဝယ်ဝတ်ချင်ပေမယ့် စျေးနှုန်းမြင်ရင် လက်တွန့်နေတာ🌸

အဲတော့ စျေးအသင့်အတင့်နဲ့
ကွာလတီကောင်းကောင်း Brand တွေ ကံကောင်းရင် Limited Edition တွေ တောင် ရနိုင်ပါသေးတယ်...
Vintage ဝတ်ရတာ...ရှာရတာ ကြိုက်တဲ့ နိုင်ငံခြားသားတွေ...ခရီးသွားတွေ...ပိုက်ဆံခြွေတာချင်တဲ့ သူတွေ... ဒုနဲ့ဒေး..🍃

(.မြန်မာနိုင်ငံမှာပဲ ဘေထုပ်စျေး
ကွက် ရှိနေတယ်ထင်နေမှာ စိုးလို့..)
ဘေထုပ် vintage wears တွေကို ဆင်းရဲသားတွေ ပိုက်ဆံမတတ်နိုင်တဲ့သူတွေပဲ ဝတ်တယ်လို့ ဘယ်သူပြောလဲ......နိုင်ငံတကာမှာ နာမည်ကြီး Celebrities တွေကိုယ်တိုင် Vintage Wears တွေကို သေချာ ရှာဝတ်ပါတယ်....🪐

ဘေထုပ်ကို ဝတ်ဖူးသူတိုင်းကြိုက်ကြတယ်ဆိုတာက......

✅၁ အချက်.....သူ့ရဲ့ ကွာလတီ( branded တွေလေ အရည်အသွေးမြင့် QC passed တွေကိုး)...တရုတ် နဲ့ ယိုးဒယားက.လာတဲ့ စျေးချုပ်ထည်တွေနဲ့ အကွာကြီးကွာ....

✅၂ အချက်💲 စျေးနှုန်း.....တစ်ခါဝတ်ပြီးရင် အရောင်မှိန် ဆေးသားပြယ် ချုပ်ရိုးပြေ သွားတဲ့ စျေးချုပ်ထည်ထက်တောင် စျေးသက်သာပါသေးတယ်....( ဘေရှယ်ဂေါင်ထည် အသန့် ✔️Limited Edition စျေး တွေကတော့ ချွင်းချက်ပေါ့ဗျာ ဒါပေမယ့် ရောင်းတဲ့သူက ဘယ်တော့မှ အသစ်စျေးမတောင်းသလို ဝယ်သူကလည်း အဟောင်းစျေးဘဲ ပေးတာပါပဲ )

✅၃ အချက်...brand တွေကို ပေါပေါလောလော အထည်များ အယားပြေ ဝတ်နိုင်ခြင်း...brand အသစ်စက်စက်တထည်စျေးဟာ ဘေထုပ်ထဲက အလားတူ brand မျိုးအထည်ရေ ၃/၄ ထည်လောက်ပေါင်း စျေး နဲ့ တူနေမှတော့ အသစ်ကို.... ထည့်မစဉ်းစားတော့တာ အဆန်းလားနော့
တစ်ခုတော့ ရှိတာပေါ့ ဘေထုပ်ထဲမှာ ကိုယ်အရမ်းလိုချင်နေတဲ့ ဒီဇိုင်း ဆိုဒ်ကို မရနိုင်ဘူး ထင်ရင်တော့ အသစ်က စျေးကြီးလည်းဝယ်ရမှာပဲ...ကိုယ်မှ ဘေထဲမှာ ရှာမရနိုင်တာကိုး...

✅ရွေးတတ်တဲ့သူတွေ အတွက်တော့ ဘေထုပ်ထဲက ရတဲ့ အထည်ဟာ ရွှေထက် တန်ဖိုးရှိတယ်လို့....
ဒီလောက်ဆို ဘေထုပ်ဆိုတာ ဘာ... ဘယ်လို...ဘယ်သူတွေ... ဘာကြောင့်ဝတ်လဲဆိုတာ တစေ့တစောင်း သိလိုက်ပြီမို့ အမြန်ဝယ်လိုက်တော့နော် 🙆

Address

Mawlamyine
Mawlamyine

Telephone

+959407220737

Website

Alerts

Be the first to know and let us send you an email when Vintage collection by Aine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share