AuthyLux

AuthyLux Be real-buy legits ….. You can buy or sell brand new & pre-owned authentic goods ….

Citizen STRADA  Movement - Quartz Band Material - Leather Case Diameter-30 mm Watch Length- 8.5 inches Water Resistance-...
30/06/2022

Citizen STRADA

Movement - Quartz
Band Material - Leather
Case Diameter-30 mm
Watch Length- 8.5 inches
Water Resistance- 10m

Vintage စတိုင် ကြိုက်နှစ်သက်သူများအတွက် Citizen Strada Seriesထဲကမှ မိန်းကလေးပတ်တွေ Instock ရှိ​နေပါတယ်။ 2005/6 လောက်က နာမည်ကြီးခဲ့တဲ့ Series ဖြစ်ပြီး လက်ရှိမှာတော့ စျေးကွက်ထဲ ရှာဝယ်ဖို့ အတော်ကိုမှ ရှားသွားခဲ့ပြီဖြစ်တာမို့ Vintage အသစ် အစစ် စုဆောင်းတန်ဖိုးထားတတ်သူများ လက်လွှတ်မခံသင့်ပါဘူးခဗျာ။

ဒီလို Brand New အစစ်အမှန်ကို မိတ်ဆွေတို့ ဈေးနှုန်းသက်သာစွာနဲ့ ပိုင်ဆိုင်နိုင်ဖို့ ကျနော်တို့ AuthyLux မှ စိတ်ချယုံကြည်စွာနဲ့ ဝယ်ယူအားပေးလို့ရကြောင်း သတင်းကောင်းပါးချင်ပါတယ်ခင်များ။

မူရင်းစျေး- 160,000 MMK
ရောင်းစျေး- 88,000 MMK

K pay နဲ့ ငွေပေးချေလို့ရပါတယ်ခဗျာ။✅
%ထပ်တိုး လုံးဝ လုံးဝ မကောက်ခံပါ။❌

မော်လမြိုင်မြို့အတွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် ဝယ်ယူ အားပေးနိုင်သလို အခြားသောမြို့များမှ ဖြစ်ခဲ့လျှင်လည်း ငွေလွှဲဝင်ပြီးတာနှင့် ကားဂိတ်အရောက်တင်ပြီးပို့ပေးပါတယ်ခဗျာ။

Zippo Lighter Fluid And Genuine Flintsအမေးများနေကြတဲ့ Zippo Accessories တွေဖြစ်တဲ့ ဆီဗူး နဲ့ ကျောက် တွေ Instockရှိနေပါတယ...
24/06/2022

Zippo Lighter Fluid And Genuine Flints

အမေးများနေကြတဲ့ Zippo Accessories တွေဖြစ်တဲ့ ဆီဗူး နဲ့ ကျောက် တွေ Instockရှိနေပါတယ်ခဗျာ။ Zippo မီးခြစ်သုံးတဲ့ သူတွေအတွက်မရှိ မဖြစ် ဖြစ်တာကြောင့် စျေးနှုန်းသက်သာစွာနဲ့ဝယ်ယူနိုင်ဖို့က အရေးကြီးပါတယ်။ဆီဗူးကတော့ 125ml ဗူး ပုံစံတွေ ရနိုင်မှာဖြစ်ပြီး ကျောက်ကတော့ 6တုံးတစ်ကဒ် ဝယ်ယူရရှိနိုင်မှာပါခဗျာ။

Lighter Fluid ( 125ml)
ရောင်းစျေး - 9000mmk

Genuine Flints
ရောင်းစျေး- 2800 mmk

Wave pay / K pay
နှစ်မျိုးနဲ့ငွေချေလို့ရပါတယ်။ ✅
%ထပ်ပေါင်းပေးရန် လုံးဝမလိုပါ။✖

မော်လမြိုင်မြို့အတွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် ဝယ်ယူ အားပေးနိုင်သလို အခြားမြို့များမှ ဖြစ်ခဲ့လျှင်လည်း ငွေကြိုလွှဲစနစ်ဖြင့် ကားဂိတ်အရောက်တင်ပြီး ပို့ပေးပါတယ်ခဗျာ။

နေကာမျက်မှန်ကပြောသော သင့်အကြောင်းPart 2 (Final Part)Part 1 ကိုဖတ်ရှုလိုပါက အောက်ပါ Link မှတဆင့် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်...
02/06/2022

နေကာမျက်မှန်ကပြောသော သင့်အကြောင်း
Part 2 (Final Part)

Part 1 ကိုဖတ်ရှုလိုပါက အောက်ပါ Link မှတဆင့် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်များ။
⬇️⬇️⬇️
https://www.facebook.com/105228962032337/posts/152371100651456/

☑️ ပျော်ရွှင်ခြင်းများအတွက် Sport Sunglasses

Sport Sunglasses တွေဟာ သင့်ရဲ့အားကစားသမားဆန်တဲ့ဗီဇကို ကမ္ဘာကြီးကိုပြောပြဖို့အတွက် သိပ်ကိုလွယ်ကူလွန်းပါတယ်။ သင်ဟာ အပြင်ထွက်ပြီး ဘဝကိုအပြည့်အ၀ဆုပ်ကိုင်ဖို့ အဆင်သင့်ဖြစ်နေတဲ့သူ၊ တက်ကြွသော သင့်ရဲ့နေထိုင်မှုပုံစံကို ကိုယ်တိုင်ဦးဆောင်ရန်လိုလားသူဖြစ်ကြောင်းကိုဖော်ပြနေပါတယ်။ ဒါပေမယ့် ဒီအားကစားမျက်မှန်တွေဟာ ကမ္ဘာကြီးကို မင်းကပျော်ရွှင်စရာကောင်းသော လူသားတစ်ယောက်ဖြစ်တယ်ဆိုတာထက်ပိုတဲ့ အဓိပ္ပာယ်တွေကို ပြောပြနေပါတယ်။ တက်ကြွပြီးအတောက်ပအထင်ရှားဆုံး အရောင်အချို့ကို အားကစားနေကာမျက်မှန်တွေမှာ အသုံးပြုထားတာကိုတွေ့နိုင်ပြီး သင့်အားကစားနေကာမျက်မှန်ပေါ်က ထင်းနေတဲ့ ကြီးမားတဲ့ colour ရောင်ပြန်ကြီးတစ်ခုကဲ့သို့ အခြားမည်သည့်အရာကမျှ ပျော်ရွှင်စရာအချိန်တစ်ခုအတွက် သင်အဆင်သင့်ဖြစ်နေပြီဆိုတာကို နီးစပ်စွာပြောပြနိုင်ခြင်း မရှိနိုင်တော့ပေ။ သေချာတာက မင်းဟာ မာရသွန်ပြေးပွဲတစ်ခုအကြောင်း ဒါမှမဟုတ် လေးနက်တဲ့ နှင်းလျှောစီးသမားတစ်ယောက်ဖြစ်တယ်ဆိုတဲ့အကြောင်းကို ဒီနေကာမျက်မှန်တွေကတဆင့် ကမ္ဘာကြီးကိုပြောနေတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့်အရေးကြီးဆုံးအချက်က ဒီအားကစားမျက်မှန်တွေဟာ မင်းအရာအားလုံးကိုအကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ပြောပြနိုင်ခြင်းပဲမဟုတ်လား။


☑️ Round Sunglasses ကပြောသော နူးညံ့သောအစိတ်အပိုင်းများ

Round Sunglasses တွေဟာ သမားရိုးကျမဟုတ်ပဲ တီထွင်ဖန်တီးမှုကိုမြတ်နိုးသော စိတ်ထားကိုရည်ညွှန်းသလို ကျနော်တို့ရဲ့ တမူထူးခြားသောပင်ကိုယ်စရိုက်လက္ခဏာကို ဂုဏ်ယူစွာပြသနေတာမျိုးလည်းဖြစ်ပါတယ်။ Round Sunglasses တွေက အမိုက်စားဖက်ရှင်အတွက် ဖြည့်စွက်ချက်တစ်ခုဖြစ်လာပြီး ကျနော်တို့ဟာ အချိန်တိုင်းမှာ ထူးမခြားနားဖြစ်နေတဲ့ သာမန်လူသားတွေနဲ့ မတူကွဲပြားကြောင်းကို ဖော်ပြနေပါတယ်။ Round sunglasses များဟာ ထောင့်မှန်ကျတဲ့ မျက်မှန်တွေထက် နူးညံ့ပျော့ပျောင်းသော ခံစားချက်ကိုပေးစွမ်းနိုင်ပြီး ကျနော်တို့ဟာ ခံစားမှုစွမ်းရည်မြင့်မားကာ ကြင်နာတတ်သော နှလုံးသားရှိသူဖြစ်ကြောင်းကိုလည်း ပြောပြနေတာပဲဖြစ်ပါတယ်။


☑️တည်ငြိမ်လေးနက်ခြင်းအတွက် Square Frames

စတုရန်းဘောင်များပါသော နေကာမျက်မှန်များဟာ Business ဆန်သောခံစားမှုကို ပေးစွမ်းနိုင်ပြီး ကျနော်တို့ဟာ အလုပ်အပေါ် အလေးအနက်ထားသူများဖြစ်ကြောင်းကို ညွှန်းဆိုနေကာ ကျနော်တို့လုပ်နေတဲ့ အလုပ်ကလည်း တစုံတရာ ကြီးကျယ်လေးနက်သည့်အလုပ်ဟု ဖော်ဆိုနေပါတယ်။ ဒီလေးထောင့်ကျတဲ့ Square glasses တွေဟာ ကျနော်တို့ကို စီးပွားရေးရာကိစ္စရပ်တွေမှာ မတူညီတဲ့ ရှုထောင့်အဆင့်အတန်းတစ်ခုက မားမားမတ်မတ်ရပ်တည်တတ်သူတွေဖြစ်ကြောင်းကို ကမ္ဘာကြီးကို အဓိပ္ပာယ်ကိုဖွင့်ဆိုပြနေတာပဲဖြစ်ပါတယ်။ ရွေးချယ်စရာတွေများပြားလှတဲ့ Stylish နေကာမျက်မှန်တွေကြားထဲမှာ ကျနော်တို့နဲ့ ထပ်တူကျမယ့် Style ကိုရှာဖွေတွေ့ရှိဖို့ကတော့ ထင်သလောက်လွယ်ကူမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား မြင်ယောင်ကြည့်လိုက်မယ်ဆိုရင်တော့ ကျနော်တို့နဲ့လိုက်ဖက်မယ့် နေကာမျက်မှန်နဲ့ ပြီးပြည့်စုံတဲ့ ဖက်ရှင်ကိုပုံဖော်နိုင်လာမှာပဲဖြစ်ပါတယ်။

✍️ (William McCleary ရေးသားထားသော Knockaround က What Do Your Sunglasses Say About You? ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဖော်ပြထားတာပဲဖြစ်ပါတယ်။)

နေကာမျက်မှန်ကပြောသော သင့်အကြောင်း (Part 1) တမူထူးခြားသော နေကာမျက်မှန်များဟာ ၎င်းတို့ဝတ်ဆင်သူတို့နှင့် ပတ်သက်ပြီး ထူးခြား...
30/05/2022

နေကာမျက်မှန်ကပြောသော သင့်အကြောင်း (Part 1)

တမူထူးခြားသော နေကာမျက်မှန်များဟာ ၎င်းတို့ဝတ်ဆင်သူတို့နှင့် ပတ်သက်ပြီး ထူးခြားကောင်းမွန်တဲ့အရာများကို ဖော်ပြနိုင်တာကြောင့် ပေးလိုတဲ့ message အတိုင်း ကမ္ဘာကြီးနားလည်မြင်တွေ့နိုင်အောင် ကျနော်တို့ဖော်ပြလိုတဲ့ Personal Style (ကိုယ်ပိုင်ဟန်ပန်)နဲ့ ကိုက်ညီသော နေကာမျက်မှန်ကို ရွေးချယ်၀တ်ဆင်သင့်ပါတယ်။ ကျနော်တို့ရဲ့ နေကာမျက်မှန်တွေက ကျနော်တို့အကြောင်းဘာတွေပြောလဲ ? ဘယ်လိုပြောလဲ ? ဆိုတာကိုသိရဖို့ အောက်ကစာတွေကို ဖတ်ကြည့်လိုက်ကြရအောင်။

☑️ ဘယ်အခြေအနေမျိုးမှာမဆိုခမ်းနားလှပနေမယ့်
ဂန္ထဝင်တွင်တဲ့ Aviator

Aviator နေကာမျက်မှန်တစ်စုံနဲ့ ခံ့ညားခိုင်မာနေတဲ့ ကျနော်တို့အသွင်အပြင်ကိုကြည့်ဖို့က တကယ်တမ်းမှာတော့ ကြည့်မှန်တစ်ချပ်ပဲလိုအပ်ပါတယ်။ ဒီဂန္ထဝင်နေကာမျက်မှန်တွေဟာ တစ်ချိန်တည်းမှာပဲ ကမ္ဘာကြီးနဲ့ အာဏာပိုင်တွေကို ကျနော်တို့တွေဟာ လွတ်လပ်မှုကိုမြတ်နိုးပြီး စွန့်စားခန်းတွေနဲ့စိတ်အားထက်သန်တဲ့ လူတွေဖြစ်ကြောင်းကို ပေါ်လွင်စေပါတယ်။ ဒါက အမျိုးသားရော အမျိုးသမီးအတွက်ပါ တူညီတဲ့အဓိပ္ပါယ်ဖွင့်ဆိုမှုပဲဖြစ်ပါတယ်။ Aviator မျက်မှန်တွေဟာ ကျနော်တို့နှင့်အတူ ရာစုနှစ်တစ်ခုကျော်တိုင်အောင်ရှိနေခဲ့ပြီးပြီဖြစ်ကာ စစချင်းမှာတော့ စစ်ဘက်ဆိုင်ရာလေယာဉ်မှူးများအတွက် ပထမဦးဆုံးထုတ်ပေးခဲ့တာဖြစ်ပြီး ၎င်းတို့၏ကျော်ကြားမှုကတော့ ဘယ်သောအခါမှ လျော့ကျသွားခြင်းမျိုးမရှိခဲ့ပါဘူး။ ဒီလိုခမ်းနားတဲ့ သမိုင်းကြောင်းမှတ်တမ်းများကြောင့် Aviator နေကာမျက်မှန်တွေဟာ Vintage ယုံကြည်မှုကို ပြန်လည်သယ်ဆောင်လာပြီး ကျနော်တို့အတွက်ရှာဖွေတွေ့ရှိမှု အသစ်တစ်ခုအနေနဲ့ ၀င်ရောက်နိုင်ဖို့ လုံလုံလောက်လောက်ယုံကြည်မှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။

☑️ တမူထူးခြားတဲ့ကိုယ်ပိုင်အသွင်သန္တန်ကို Cat-Eye Glasses နဲ့ မြှင့်တင်ခြင်း

Cat-Eye Glasses အပေါ် ကျနော်တို့ရဲ့မနောအာရုံ ခြေချော်ပြုတ်ကျမိခြင်းဟာ ကမ္ဘာကြီးရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပျက်ရယ်ပြုတာမျိုး မဟုတ်ပါဘူး။ ကမ္ဘာကျော် Hollywood မင်းသမီးကြီးတွေဖြစ်တဲ့ Audrey Hepburn နဲ့ Marilyn Monroe တို့ဟာ Cat- Eye မျက်မှန်တွေကို၀တ်ပြီး ဂန္ထဝင်တွင်လှပခဲ့သလိုမျိုး ကျနော်တို့ဟာလည်း မိမိရဲ့ ကိုယ်ပိုင် Style နဲ့နေထိုင်သူဖြစ်ကြောင်းကို ကမ္ဘာကြီးကိုပြသနေတာပဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ ကျနော်တို့တွေဟာ Lady Gaga ကို Cat-Eye မျက်မှန်နဲ့ သူမရဲ့ ခေတ်စားနေတဲ့ ဖက်ရှင်ဒီဇိုင်းတွေကိုတွဲပြီး မကြာခဏမြင်တွေ့နိုင်ပါတယ်။ ဒီနေကာမျက်မှန်တွေက မျက်နှာပြင်အောက်မှာ အနည်းငယ်ထူးဆန်းသောအသွင်ကိုဆောင်သော်ငြားလည်း ကျနော်တို့ဟာ ထူးဆန်းတဲ့အသွင်အပြင်မှာတောင် အေးအေးဆေးဆေး Cool ဖြစ်နေကြောင်းကို ကမ္ဘာကြီးကို ပြောပြနေတာပဲဖြစ်ပါတယ်။

☑️ Outdoor Adventurer များအတွက် Polarized Glasses

ဘယ်လိုပုံစံမျိုးမဆိုရှိတဲ့ Polarized နေကာမျက်မှန်တစ်လက်ကို တပ်ဆင်ပြီး အပြင်ထွက်သွားလာခြင်းဟာ Outdoor activities တွေအပေါ် မှာထားတဲ့ ကျနော်တို့ရဲ့ ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရားကိုဖော်ပြနေတာပဲ ဖြစ်ပါတယ်။ Polarized မျက်မှန်တစ်စုံအတွက် အကြောင်းပြချက်ကောင်းတစ်ခုကတော့ အရောင်ခြယ်ထားတဲ့မှန်တွေဟာ ကျနော်တို့ကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးမှာပဲဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ကျနော်တို့ဟာ boardroom မှာပဲဖြစ်ဖြစ် ဒါမှမဟုတ် bistro ထဲမှာပဲဖြစ်ဖြစ် စိတ်ရှုပ်စရာကောင်းတဲ့နေရောင်ခြည်အများကြီးနဲ့ ရင်ဆိုင်ရတော့မှာ မဟုတ်တော့ပါဘူး။ ကျနော်တို့ဟာ မြဲမြဲမြံမြံ နှင်းတောင်များကိုဖြတ်၍ ခရီးထွက်မလား။ မီးတဟုန်းဟုန်းထနေတဲ့ နေလုံးကြီးအောက်က တောက်ပနေတဲ့ သမုဒ္ဒရာရေပြင်ကိုဖြတ်ကျော်ကာ ရွက်လွှင့်နေသလော့။ ဒါမှမဟုတ် ကျနော်တို့ဟာအခုသွားမယ့် စွန့်စားခန်းအတွက် အဆင်သင့်ပြင်နေခြင်းပဲလား။ ဒါတွေဟာ Polarized နေကာမျက်မှန်တပ်ထားရင် ကျနော်တို့အတွက် ကမ္ဘာကြီးကမေးမယ့် မေးခွန်းတွေပါပဲ။

Seiko 5 Automatic 21 Jewels SNKL40K1Caliber - 7S26Movement - AutomaticDial Color - BlackDial Size - 38mmDial Thickness -...
29/05/2022

Seiko 5 Automatic 21 Jewels SNKL40K1

Caliber - 7S26
Movement - Automatic
Dial Color - Black
Dial Size - 38mm
Dial Thickness - 11mm
Bracelet Color - Gold
Bracelet Material - Stainless Steel
Water Resistance - 30M
Condition - 100%အသစ် 100%အစစ်

Black Roman Numerals ( ရောမကိန်းဂဏန်း) ဖြင့် ဒိုင်ခွက်ကို အလှဆင်ထားပြီး ကြည့်ရတာနဲ့တင် မျက်စိပသာဒတင့်လွန်းပါတယ်ခဗျာ။ Hardlex Crystal Glassကို အသုံးပြုထားတာမို့ ခြစ်ရာ စင်းရာ ပွန်းပဲ့ရာတွေကိုလဲ အထူးခံနိုင်ရည်ရှိပါတယ်ခဗျာ။ရေမီတာ 30အနက်ထိ ခံနိုင်ရည်ရှိပြီး Day Date Secတံ အစုံအလင်ပါတာမို့ အကောင်းကြိုက်တဲ့ Authyluxရဲ့ Customer တွေ အမြန်ဆုံး ဝယ်ယူအားပေးလိုက်ကြပါဦးခဗျာ။

မူရင်းဈေး - 390,000 mmk
ရောင်းဈေး - 280,000 mmk

KBZ Payဖြင့် ငွေချေလို့ရပါတယ်ခဗျာ။
%(လုံးဝ) လုံးဝ ထပ်တိုးမကောက်ပါခဗျာ။

မော်လမြိုင်မြို့အတွင်းဆို အိမ်အရောက် ငွေချေစနစ်ဖြင့် ဝယ်ယူ အားပေးနိုင်သလို အခြားသောမြို့များမှဖြစ်ခဲ့လျှင် ငွေကြိုလွှဲစနစ်ဖြင့် ကားဂိတ်အရောက်တင်ပြီး ပို့ပေးပါတယ်ခဗျာ။

Seiko 5 Military Automatic 21 JewelsModel - SNK663K1Caliber - 7S26Movement - AutomaticDial Color - WhiteDial Size - 38mm...
22/04/2022

Seiko 5 Military Automatic 21 Jewels

Model - SNK663K1
Caliber - 7S26
Movement - Automatic
Dial Color - White
Dial Size - 38mm with crown
Dial Thickness - 11mm
Bracelet Color - Silver
Bracelet Material - Stainless steel

Feature - Luminous hands and indexes
Hardlex anti-scratch glass

Water Resistance - 30M
Condition - 100%New 100%Authentic

Hardlex Crystal မှန်သားအသုံးပြုထားကာ ခြစ်ရာ စင်းရာ ကြံ့ကြံ့ခံနိုင်တဲ့ Day Date အစုံအလင် Seiko 5 အသစ်အစစ်တစ်လုံး Instock ရှိနေပါတယ်ခဗျာ။ Luminous Hands လို့ခေါ်တဲ့ အမှောင်ထဲမြင်နိုင်တဲ့ အဏုမြူလက်တံ အသုံးပြုထားပြီး ဒိုင်ခွက်နေရာမှာတော့ ကမ္ဘာလုံးပုံရေးရေးလေးနဲ့ အလှဆင်ထားတာမို့ အထာကျလွန်းလှပါတယ်။ ရေမီတာအနက် 30 အထိ ခံနိုင်ရည်ရှိပြီး Stainless Steel စစ်စစ်ကိုသာ အသုံးပြုထားတာမို့ အရောင်မှိန်ကျ ချွေးစားမှာကိုတော့ အထူးစိတ်ပူစရာမလိုပါဘူး။ နောက်စက်မြင်အမျိုးအစားဖြစ်ပြီး 7S26 Caliber ကို အသုံးပြုထားပါတယ်ခဗျာ။

ရောင်းဈေး - 180,000 mmk

KBZ Payဖြင့် ငွေချေလို့ရပါတယ်ခဗျာ။👍
%(လုံးဝ) လုံးဝ ထပ်တိုးမကောက်ပါခဗျာ။✅
အိမ်ရောက်ငွေချေစနစ် လုံးဝ မရပါခဗျာ။❌

မော်လမြိုင်မြို့အတွင်းဆို အိမ်အရောက် ငွေချေစနစ်ဖြင့် ဝယ်ယူ အားပေးနိုင်သလို အခြားသောမြို့များမှဖြစ်ခဲ့လျှင် ငွေကြိုလွှဲစနစ်ဖြင့် ကားဂိတ်အရောက်တင်ပြီး ပို့ပေးပါတယ်ခဗျာ။

Sunglasses ၀တ်ဆင်ခြင်းက မျက်လုံးကျန်းမာရေးအတွက် ဘာကြောင့်အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါ၀င်ရတာလဲ ???အခုခေတ်မှာ နေကာမျက်မှန်တစ...
21/04/2022

Sunglasses ၀တ်ဆင်ခြင်းက မျက်လုံးကျန်းမာရေးအတွက် ဘာကြောင့်အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါ၀င်ရတာလဲ ???

အခုခေတ်မှာ နေကာမျက်မှန်တစ်စုံဟာ ဖက်ရှင်အသုံးအဆောင်တစ်ခုမျှသာမဟုတ်တော့ပဲ ကျနော်တို့ရဲ့ နေ့တ‌စ်နေ့သာကိုပြီးပြည့်စုံစေတဲ့ အသုံးအဆောင်တစ်ခုဖြစ်လာခဲ့ပြီး ကျနော်တို့ရဲ့ မျက်လုံးတွေကိုကာကွယ်ပေးတဲ့နေရာမှာ အဓိကဇာတ်လိုက်ကျော်မင်းသားကြီးအဖြစ် အသုံးတော်ခံလာပြီးပဲဖြစ်ပါတယ်။ လေ့လာမှုများအရ မျက်လုံးများသည် ဒြပ်စင်၊ဖုန်မှုန့်များနဲ့ နေမှလာတဲ့ ခရမ်းလွန်ရောင်ခြည် UV rays တွေကြောင့် ထိခိုက်ပျက်စီးနိုင်ကြောင်း သိရှိရပါတယ်။ နေကာမျက်မှန်ဝတ်ဆင်ခြင်းဟာ ကျနော်တို့ရဲ့ မျက်လုံးကျန်းမာရေးကို အကောင်းဆုံးအခြေ‌အနေမှာ ထိန်းသိမ်းထားနိုင်ဖို့ အကူအညီပေးပါတယ်။ ဒါအတွက်ကြောင့် ကျနော်တို့ဟာ အပြင်ထွက်တဲ့အခါတိုင်းမှာ စတိုင်ကျလှပရုံသာမက မျက်လုံးကျန်းမာရေးအတွက်ပါ နေကာမျက်မှန်ကို အမြဲတမ်း၀တ်ဆင်သင့်ပါတယ်။ တကယ်လို့ မိတ်ဆွေတို့ဟာ အပြင်ထွက်တဲ့အခါတိုင်းမှာ နေကာမျက်မှန်၀တ်ဆင်‌တဲ့ အလေ့အကျင့်မရှိကြသေးတဲ့သူများဆိုရင်တော့ အောက်ပါအချက်အလက်တွေဟာ မိတ်ဆွေတို့ချက်ချင်းစတင်၀တ်ဆင်နိုင်ဖို့ ကောင်းမွန်တဲ့ အကြောင်းအရာအချက်အလက်တချို့တွေပဲဖြစ်ပါတယ်။

☑️ မျက်လုံးရောဂါအခြေအနေများကို ကာကွယ်ပေးခြင်း

လေ့လာချက်များအရ အသားကျောက်၊အတွင်းတိမ်နဲ့ အသက်အရွယ်အရဖြစ်ပေါ်လာတဲ့ age-related macular degeneration (AMD) ဟာ နေမှလာတဲ့ခရမ်းလွန်ရောင်ခြည်တွေကို အလွန်အကျွံထိတွေ့ရာမှတဆင့်ဖြစ်ပေါ်လာတဲ့ မျက်လုံးအ‌ခြေအနေများဖြစ်သည်ဟု သိရှိထားရသည်။ တကယ်လို့မိတ်ဆွေဟာ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်တစ်စုံကို ၀တ်ဆင်ထားရင်တော့ အဆိုပါ မျက်လုံးပြဿနာဖြစ်နိုင်ချေကို လျော့ချနိုင်မှာပဲဖြစ်ပါတယ်။

☑️ ခရမ်းလွန်ရောင်ခြည်များရဲ့ ဖျက်ဆီးမှုဒဏ်မှကာကွယ်နိုင်ခြင်း

ကျနော်တို့ရဲ့မျက်လုံးများဟာ နေရောင်ခြည်ကိုအလွန်အကျွံထိတွေ့မိပါက ကျနော်တို့ရဲ့အသားအရေများကဲ့သို့ပင် UV rays ကြောင့်ထိခိုက်ပျက်စီးနိုင်ပါတယ်။ UVA နှင့် UVB ရောင်ခြည်တို့မှကာကွယ်ပေးနိုင်သည့် နေကာမျက်မှန်တစ်စုံကို၀တ်ဆင်ထားရုံဖြင့် ကျနော်တို့ရဲ့ မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

☑️ အရွယ်တင်နုပျိုမှုကို ထိန်းသိမ်းပေးခြင်း

နေကာမျက်မှန်တပ်တဲ့အခါ နုပျိုတယ်လို့ခံစားရလေ့ရှိကြပါတယ်။ အမှန်တကယ်လည်း နေကာမျက်မှန်တပ်ခြင်းဟာ ကျနော်တို့ကို ငယ်ရွယ်နုပျိုစေဖို့အတွက် ကူညီပေးပါတယ်။ UV rays တွေကိုကာကွယ်ပေးတဲ့ နေကာမျက်မှန်တွေက ကျနော်တို့မျက်လုံးကို ခရမ်းလွန်ရောင်ခြည်ကနေကာကွယ်ပေးပြီး ၎င်းမှဖြစ်ပေါ်လာတဲ့ မျက်လုံးတဝိုက်ကအရေပြားတွန့်ကျေခြင်း၊အရေးကြောင်းများဖြစ်ပေါ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။ နေကာမျက်မှန်တပ်ခြင်း အလေ့အထသည် အသက်ကြီးလာသည်နှင့်အမျှ အရေးအကြောင်းများကို ကာကွယ်နိုင်သည်ဟု အလှအပဆိုင်ရာ ကျွမ်းကျင်သူများကဆိုကြသည်။ နေကာမျက်မှန်တပ်ခြင်းကြောင့် အချိန်ကြာလာသည်နှင့်အမျှ ကျနော်တို့သည် အရွယ်တင်နုပျိုမှုကိုထိန်းသိမ်းထားနိုင်ပြီး ငယ်ရွယ်နုပျိုနေပုံထင်နေရမှာပဲဖြစ်ပါတယ်။

☑️ ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

လေ့လာမှုများအရ မျက်လုံးကင်ဆာများသည် ခရမ်းလွန်ရောင်ခြည်ကို လွန်ကဲစွာထိတွေ့မှုနဲ့ ဆက်စပ်နေကြောင်း ဖော်ပြထားကြပါတယ်။ UVB နှင့် UVA ရောင်ခြည်ကို လုံး၀ကာကွယ်ပေးနိုင်သည့် နေကာမျက်မှန်တွေကိုအသုံးပြုခြင်းဖြင့် ကင်ဆာရောဂါဖြစ်ပွားမှုအန္တရာယ်ကို ကျနော်တို့လျော့ချနိုင်မှာပဲဖြစ်ပါတယ်။

☑️ ‌ဒြပ်စင်/အမှုန်များမှ ကာကွယ်ပေးခြင်း

မိတ်ဆွေဟာ စက်ဘီးစီးခြင်း၊ နှင်းလျောစီးခြင်း (သို့) ပြေးခြင်းကဲ့သို့သော ပြင်ပလှုပ်ရှားမှုများကို နှစ်သက်သူဖြစ်ပါက မျက်လုံးများကို သဲ၊ဖုန်မှုန့်၊အညစ်အကြေးများနဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ရန် နေကာမျက်မှန်တပ်သင့်ပါတယ်။ သင့်လျော်သောနေကာမျက်မှန်တွေက ကျနော်တို့မျက်လုံးများကို အလင်းပြန်နိုင်သောမျက်နှာပြင်များမှအလင်းပြန်လာသည့် အရောင်တောက်တောက်/စူးစူးအလင်းတန်းများ ဒါမှမဟုတ် ပူပြင်းလှသည့်နေရောင်ခြည်ဒဏ်များကို ကာကွယ်ပေးနိုင်ပါတယ်။ နှင်းတောထဲမှာ အချိန်ဖြုန်းရတာကို နှစ်သက်တဲ့သူတွေအနေနဲ့လည်း နေကာမျက်မှန်၀တ်ဆင်ခြင်းဖြစ် Snowblindness ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်တယ်လို့ ကျွမ်းကျင်သူများကဆိုပါတယ်။ (Snowblindness သည် နှင်းများနှင့် ရေခဲပြင်များမှ ပြန်ကန်ထွက်လာသည့် ခရမ်းလွန်ရောင်ခြည်ပမာဏများစွာကို ထိတွေ့မိခြင်းကြောင့် အချိန်တိုအတွင်း အမြင်အာရုံဆုံးရှုံးခြင်းဖြစ်သည်။)

☑️ ပြင်းထန်သော ခေါင်းတစ်ခြမ်းကိုက်ခဲခြင်းနဲ့ ခေါင်းကိုက်မှုအမျိုးမျိုးမှ ကာကွယ်ပေးခြင်း

အလွန့်အလွန် ပြင်းထန်တောက်ပလှတဲ့ နေရောင်ခြည်ဟာ လူတချို့အတွက် ကြောက်မက်ဖွယ်ကောင်းလောက်‌အောင် ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ခဲခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မှန်ကန်သင့်လျော်တဲ့နေကာမျက်မှန်တစ်စုံဟာ မလိုလားအပ်တဲ့စိတ်ရှုပ်စရာများကို ထားရစ်ခဲ့နိုင်ပြီး ကျနော်တို့လိုအပ်သလောက် နွေးထွေးတဲ့နေရောင်ခြည်ကို ခံစားရစေမှာပဲဖြစ်ပါတယ်။

☑️ အနာကျက်လွယ်အောင် အထောက်အကူပေးခြင်း

အကယ်၍ မိတ်ဆွေဟာ မျက်လုံးနဲ့ပတ်သက်ပြီး ခွဲစိတ်ကုသမှုပြုလုပ်ထားသူဖြစ်ပါက နေကာမျက်မှန်၀တ်ဆင်ထားခြင်းဟာ မိတ်ဆွေရဲ့ မျက်လုံးကို ပြင်းထန်တဲ့နေရောင်ခြည်ရဲ့သက်ရောက်မှုဒဏ်မှ ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ သည့်အပြင် နေကာမျက်မှန်၀တ်ဆင်ထားခြင်းကြောင့် မိတ်ဆွေရဲ့မျက်လုံးကို ဖုန်မှုန့်၊အညစ်အကြေးများနှင့် နေအပူရှိန်မှ ကာကွယ်ပေးပြီး ဒဏ်ရာကို ပိုမိုလျင်မြန်စွာသက်သာ‌ပျောက်ကင်းအောင် ကူညီပေးပါတယ်။

နေကာမျက်မှန်တွေက ကျနော်တို့ရဲ့ရုပ်ရည်အသွင်အပြင်ကို လန်းဆန်းသစ်လွင်နေအောင် အမှန်တကယ်အကူအညီပေးပါတယ်။ မိတ်တွေတို့အ‌နေနဲ့ သင့်လျော်မှန်ကန်တဲ့ နေကာမျက်မှန်တစ်စုံကို ရွေးချယ်ခဲ့ပါက အဆိုပါမျက်မှန်ဟာ ကျနော်တို့ကို အန္တရာယ်ရှိသော UV rays များမှပါ အကာအကွယ်ပေးနိုင်ပါတယ်။
---

(Omaha Primary EyeCare မှ “Why Sunglasses Are Important For Eye Health” article ကိုဆီလျော်အောင်ဘာသာပြန်ရေးသားထားပါတယ်)

ရေစိုခံလား? ရေစိမ်ခံလား? မမေးပါနဲ့ခဗျာ။ ဒီဆောင်းပါး ဖတ်ကြည့်ကြပါ...✌
19/04/2022

ရေစိုခံလား? ရေစိမ်ခံလား? မမေးပါနဲ့ခဗျာ။ ဒီဆောင်းပါး ဖတ်ကြည့်ကြပါ...✌

Water Resistance ဆိုတာဘာလဲ ?
Waterproof နဲ့ ဘယ်လိုကွာခြားမှုရှိလဲ ?

💢 ကျနော်တို့ နာရီတစ်လုံးကို ၀ယ်တော့မယ်ဆိုရင် နာရီပေါ်က အကြောင်းအရာတွေကို အရင်ဆုံးကြည့်ပြီးမှ ၀ယ်ယူလေ့ရှိတယ်မဟုတ်လား။ ဥပမာ နာရီက ဘာနဲ့လုပ်ထားတာလဲ။ ဘာ Movements ကိုအသုံးပြုထားလဲ ။ မှန်ကရော ဘယ်လိုအမျိုးအစားလဲ။ Watar resistance ကရော ဘယ်လောက်လဲ အစရှိသဖြင့်ပေါ့။ အဲဒီအချက်တွေထဲက Water resistance အကြောင်းလိုရင်းတိုရှင်းလေးပြောပြချင်ပါတယ်။ ဦးစွာ ပထမဆုံး water resistance နဲ့ waterproof နဲ့လုံး၀ မတူပါဘူး။ ပြီးတော့ ဘယ်နာရီမှလဲ completely waterproof ဆိုပြီးမပြောထားပါဘူး။ Water Resistance နာရီတွေနဲ့ပတ်သတ်ပြီးတော့ Depth တွေအပေါ်မူတည်ပြီးကွဲပြားခြားမှုတွေရှိပါတယ်။

⌚ ပုံမှန် Dress Watch တစ်ခုအနေနဲ့ water resistance အနိမ့်ဆုံးဖြစ်တဲ့ 30 meter or 3 bar အနည်းဆုံးရှိတတ်ပါတယ်။ ဒါက သာမန်နေ့တွေမှာ ကျနော်တို့နာရီတွေကို ‌ရေ၀င်မှာစိတ်ပူစရာမလိုပဲ၀တ်ဆင်နိုင်မှာပဲဖြစ်တယ်။ ပုံမှန်လက်ဆေးရုံ ဒါမှမဟုတ် မိုးလေးတဖွဲဖွဲမိရုံနဲ့ နာရီထဲကို အလွယ်တကူရေ၀င်မှာမဟုတ်တာပဲဖြစ်ပါတယ်။ ဒါမယ့်ရေကူးကန်ထဲကနေ ဒိုင်ဗင်ထိုးခြင်းကတော့ 3 Bar resistance ပဲရှိတဲ့နာရီထဲကို ရေ၀င်ရောက်နိုင်ပါတယ်။ ဒီနေရာမှာ Water Resistance တွေမှာတွေ့ရတဲ့ Depth တွေက Pressure ကိုကိုယ်စားပြုတာပဲဖြစ်ပါတယ်။ 3 Bar resistance ပဲရှိတဲ့ ရှိတဲ့ နာရီအနေနဲ့တော့ ရေချိုးတဲ့ အခါ (or) ရေကူးတဲ့ အခါ နာရီမ၀တ်ဆင်ဖို့အကြံပေးထားပါတယ်။ 30 m နဲ့ 50 m ကြားနာရီတွေနဲ့ နာရီ၀တ်ပြီးရေကူးခြင်းကို ရှောင်ရှားသင့်ပါတယ်။

⌚ 100 m watar resistance ရှိပြီး (screw down crown) crown နဲ့ case ကြားမှာ gaskets နဲ့ internal threads တွေကို အသုံးပြုကာ lock လုပ်ထားပြီး completely sealed case ဖြစ်လို့ရှိရင်တော့ ရေကူးကန်ထဲကိုယူဆောင်သွားနိုင်ပါတယ်။ တချို့ နာရီတွေမှာ screw down crown ဒါမှမဟုတ် အထဲဖိနှိပ်ပြီးသွင်းရတဲ့ screw down pusher မပါရှိလို့ရှိရင်တော့ completely sealed case မဟုတ်တာမို့ 100 m water resistance ဖြစ်လင့်ကစား အဆိုပါနာရီနဲ့ ရေကူးခြင်းကိုတော့ အကြံ‌မပေးချင်ပါဘူး။ Water resistance က moisture တစ်ခုထဲကိုဆိုလိုတာမဟုတ်ပဲ pressure ပြောင်းလဲမှုနဲ့လည်းဆိုင်တာမို့ ရုတ်တရက်အရှိန်အဟုန်နဲ့ ရေ၀င်ရောက်ခြင်းကိုကာကွယ်နိုင်ဖို့ 100 m နာရီ‌ဖြစ်သော်ငြားလည်း ရေကူးကန်ထဲမှာ ဒိုင်ပင်ထိုးခြင်းကိုတော့ ရှောင်ရှားစေချင်လိုပါတယ်။

⌚ တကယ်တမ်းမှာတော့ ဘယ် resistance ပဲရှိရှိ နာရီကို ကောင်းမွန်ရှည်ကြာစွာပတ်ဆင်ချင်ရင်တော့ ရေချိုးတဲ့အခါ နာရီမ၀တ်ဆင်ခြင်းက အကောင်းဆုံးဖြစ်မှာပါ။ ဆပ်ပြာနဲ့ ‌ရေ‌နွေးငွေ့တွေဟာ ကျနော်တို့နာရီတွေမှာ ရေလုံ‌အောင်တပ်ဆင်ထားပေးတဲ့ Gasket တွေကိုထိခိုက်နိုင်လို့ပဲဖြစ်ပါတယ်။

⌚ 300 m resistance ကတော့ Dive watch တစ်လုံးမှာရှိတဲ့ Standard Rating ပဲဖြစ်ပါတယ်။ အဆိုပါ 300 m ရှိတဲ့နာရီတွေကတော့ day to day activities တွေနဲ့ scuba diving တို့လို အပျော်တမ်းအပန်းဖြေအားကစားနည်း‌တွေအတွက် သင့်လျော်ပါတယ်။ နာရီ၀တ်ဆင်ပြီး ရေငုတ်မယ်ဆိုရင်တော့ Gaskets နဲ့ Seals လုံမလုံကို သေချာလေးပုံမှန်‌စစ်ဆေးဖို့တော့ recommend ပေးထားပါတယ်။

⌚ 300 m ထက်ပိုတဲ့ Planet Ocean တို့၊ Sea-Dweller တို့လို depth မြင့်ပြီး ရေအနက်ကြီးထိ pressure ဒဏ်ခံနိုင်အောင် ပြုလုပ်ထားတဲ့ နာရီတွေလည်းရှိပါတယ်။ 1220 m ရှိတဲ့ ရေအနက်ထဲကိုတော့ Rolex Oyster Perpetual Date Sea-Dweller ကြီး၀တ်ပြီး ဘယ်လူသားမှ ‌ငုတ်မှာမဟုတ်ပေမယ့်လည်း ယနေ့ခေတ် နာရီ Company ‌တွေရဲ့ Water Resistance နည်းပညာမြင့်မားလာမှုကတော့ အထင်ကြီးလေးစားစရာကောင်းလှပါတယ်။ မည်သို့ပင်‌ဆိုစေကာမူ မိမိတို့ရဲ့နာရီတွေကို အကောင်းဆုံးပုံစံမှာ အသုံးပြုနိုင်ဖို့အတွက် လိုအပ်တဲ့သတိပြုစရာအချက်တွေကိုရှောင်ရှားပြီး ပုံမှန်ထိန်းသိမ်းစောင့်ရှောက်မှုတွေပြုလုပ်သင့်‌ကြောင်း ‌အကြံပေးလိုပါတယ်။

Sale Post အနေနဲ့ မRunဖြစ်တာ ရက်အတော်ကြာသွားပြီမို့ AO Original Optical Comet နေကာမျက်မှန် အသစ် အစစ် တစ်လက်နဲ့ မိတ်ဆွေတို...
18/04/2022

Sale Post အနေနဲ့ မRunဖြစ်တာ ရက်အတော်ကြာသွားပြီမို့ AO Original Optical Comet နေကာမျက်မှန် အသစ် အစစ် တစ်လက်နဲ့ မိတ်ဆွေတို့ကို ပြန်လည်မိတ်ဆက်ပေးလိုက်ပါတယ်ခဗျာ...

American Original Optical Comet

Type - Sunglasses
Polarized Or Non-polarized - Non-polarized
Size - 58/18
Condition - 100% New 100% Authentic

Websiteတွေမှာတောင် ရှာလို့မတွေ့နိုင်တော့တဲ့ AO Comet
Vintageထက်ကို ပိုပြီး Vintageဖြစ်နေတဲ့ AO Comet
လက်ရှိကော နောက်နှစ်များမှာပါ ရှာလို့မရနိုင်အောင် ရှားသွားပြီဖြစ်တဲ့ AO Comet အသစ်အစစ်တစ်လတ် Instockရှိနေပါပြီခဗျာ။ Oldskool လို အထာမျိုးကြိုက်တဲ့သူတွေအတွက် ရွေးကို ရွေးချယ်သင့်ပါတယ်လို့ အကြံကောင်းပေးပါရစေခဗျာ။

မူရင်းဈေး- 160,000 mmk
ရောင်းဈေး- 125,000 mmk

KBZ Pay ဖြင့် ငွေချေလို့ရပါတယ်ခဗျာ။
% ထပ်တိုး လုံးဝ (လုံးဝ) မကောက်ခံပါခဗျာ။✔
ပစ္စည်းရောက် ငွေချေစနစ် လက်မခံပါခဗျာ။❌
ငွေကြိုလွှဲစနစ်သာ လက်ခံပါတယ်ခဗျာ။✔

မော်လမြိုင်မြို့အတွင်း အိမ်အရောက် ငွေချေစနစ်ဖြင့် ဝယ်ယူ အားပေးနိုင်သလို အခြားသောမြို့များမှဖြစ်ခဲ့လျှင်လဲ ​ကားဂိတ်အရောက်တင်ပြီး ပို့ပေးပါတယ်ခဗျာ။

သင့်ရဲ့‌ခြေလှမ်းတိုင်းကို လူတွေစောင့်ကြည့်စေချင်ရင်တော့ နာရီကောင်းကောင်းတစ်လုံးတော့လိုမယ်ဗျို့ xD
10/04/2022

သင့်ရဲ့‌ခြေလှမ်းတိုင်းကို လူတွေစောင့်ကြည့်စေချင်ရင်တော့ နာရီကောင်းကောင်းတစ်လုံးတော့လိုမယ်ဗျို့ xD

အားလုံးပဲမင်္ဂလာပါခင်များ ... ❤️ 🎉ပထမဦးစွာ ကျနော်တို့ AuthyLux Page ကို စတင်တည်ထောင်ခဲ့တဲ့အချိန်ကနေစလို့ အခုလို 1K ပြည့်...
06/04/2022

အားလုံးပဲမင်္ဂလာပါခင်များ ... ❤️ 🎉

ပထမဦးစွာ ကျနော်တို့ AuthyLux Page ကို စတင်တည်ထောင်ခဲ့တဲ့အချိန်ကနေစလို့ အခုလို 1K ပြည့်တဲ့အထိ အစဉ်တစိုက်အားပေးလာခဲ့ကြတဲ့ မိဘပြည်သူညီအစ်ကိုမောင်နှမတွေကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်များ။

အခုလိုအားပေးမှုအပေါ် ကျနော်တို့ AuthyLux Page မှကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ လာမယ့်မြန်မာ့နှစ်သစ်ကူးကို ဂုဏ်ပြုကြိုဆိုခြင်းအထိမ်းအမှတ်အဖြစ် အောက်ဖော်ပြပါ item များကို April 8 ရက်နေ့မှ April 30 ရက်နေ့အထိ မဟာသင်္ကြန်ကာလအထူးဈေးနှုန်းများဖြင့် ရောင်းချပေးနေပြီးဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်များ။

မြန်မာပြည်သူပြည်သားများအားလုံးလည်း မကြာခင်ကျရောက်‌တော့မယ့် နှစ်သစ်ကူးအခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံပြီး စီးပွားရေးလာဘ်လာဘ တိုးပွားကြပါစေလို့ ကျနော်တို့ AuthyLux မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်များ။ ✨🔫

☑️ အသေးစိတ်အချက်အလက်များအတွက် ပုံတစ်ပုံချင်းဆီမှာ Original Post Link တွေပါရှိပါတယ်ခင်များ။

Cross Classic Century Grey BallpointWeight - 17 gDimensions - 18 × 6 × 4 cmCross ရဲ့ Classic Century Ballpoint ဟာ ရာစုနှ...
04/04/2022

Cross Classic Century Grey Ballpoint

Weight - 17 g
Dimensions - 18 × 6 × 4 cm

Cross ရဲ့ Classic Century Ballpoint ဟာ ရာစုနှစ်တစ်ခုရဲ့ အကောင်းဆုံးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ Ballpoint တစ်ခုပဲဖြစ်ပါတယ်။1946 ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ ဒီ Ballpoint ဟာ Royal ဆန်တဲ့ ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ကတ္တီပါ အစိမ်းရောင် ပေါ်မှာ 24K Gold နဲ့ပြုလုပ်ထားတဲ့အတွက် အဆင့်အတန်းမြင့်ကြောင်း သိသာစေပါတယ်။ အရေးကြီးတဲ့စာချုပ်စာတမ်း လက်မှတ်ထိုးသူတွေ၊အမှတ်တရ သိမ်းထားချင်သူတွေ အတွက် must have product တစ်ခုပဲဖြစ်ပါတယ်။ 100% Authentic ဖြစ်ကြောင်းအာမခံပြီး ဈေးနှုန်းသက်သာစွာနဲ့၀ယ်ယူရရှိနိုင်တဲ့ Cross ရဲ့ Classic Century Ballpoint တစ်ချောင်း Instock ရှိနေပါတယ်။

မူရင်းစျေး- 140,000 mmk
ရောင်းစျေး- 95,000 mmk

၀ယ်ယူအားပေးချင်တယ်ဆိုရင်တော့ KBZ Pay ဖြင့် ငွေပေးချေလို့ရပါတယ်ခဗျာ။

ရန်ကုန်နဲ့ မော်လမြိုင်မြို့အတွင်းဆိုရင်တော့ အိမ်အရောက် ငွေချေစနစ်ဖြင့် ဝယ်ယူ အားပေးနိုင်ပြီး အခြားသောမြို့များမှဖြစ်ခဲ့လျှင်လည်း ကားဂိတ်အရောက်တင်ပြီး ပို့ပေးပါတယ်ခဗျာ။

Address

Mawlamyine

Telephone

+959253408166

Website

Alerts

Be the first to know and let us send you an email when AuthyLux posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AuthyLux:

Share