Chan Chan’s RTW Collections

Chan Chan’s RTW Collections Women can look beautiful in any outfit but the right outfit can make women become powerful.

Customer များကို အသိပေးခြင်း ‼️📣‼️https://www.facebook.com/share/p/1NrdASLUya/?mibextid=wwXIfr🍀စက်ရုံပြဿနာကြောင့် အသစ်ပြ...
15/05/2026

Customer များကို အသိပေးခြင်း ‼️📣

‼️https://www.facebook.com/share/p/1NrdASLUya/?mibextid=wwXIfr

🍀စက်ရုံပြဿနာကြောင့် အသစ်ပြန်ချုပ်လုပ်ရတဲ့အထည်တွေကို ၆ပတ်ထိ စောင့်ပေးကြတဲ့ customer များကို တစ်ခု အသိပေးချင်လို့ပါရှင့်…

🍀အထည်လေးတွေကို Deli free နဲ့ ပို့တာမလုပ်တော့ပဲ
အမှတ်တရဖြစ်သွားအောင်လို့

ဒီလို ၅၅၀၀တန် ဒီခေါင်းစည်းကြိုးလေးတွေကို လက်ဆောင်အဖြစ် ပြောင်းထည့်ပေးမယ်နော်…. 🌸

အပြင်မှာ တော်တော်ကို အူယားစရာလေးတွေမို့

ရောက်ရင် ကြိုက်သွားစေမှာ အသေအချာပဲရှင်…🍀

01/05/2026

🌸မင်္ဂလာပါ….. Chan Chan ပါရှင်

🌸🍀Chan Chan’s Houseမှ အထည်များ ဝယ်ယူအားပေးထားတဲ့ ကိုယ့်အမျိုးသမီးများထံသို့ အသိပေးရင်း အနူးအညွတ်တောင်းပန်ခြင်း….📣😞

🍀အရင်ဦးဆုံးပြောကြားလိုသည်က ဘယ်သူမှားသည် မှန်သည်ဖြစ်စေ တာဝန်ယူထားသော owner ဖြစ်တဲ့ ကိုယ့်မှာသာ တာဝန်ရှိကြောင်းရယ်…. ကိုယ့်ရဲ့ အသုံးမကျမှုကြောင့်လို့သာ ဝန်ခံချင်ပါတယ်ရှင်…

🌸Chan Chan ‘s House က အထည်တွေကို ကျွန်မ chan chan က ဒီဇိုင်းထုတ် pattern ဆွဲပြီး ချုပ်ရုံအပ်ပါတယ်ရှင့်…

😞ချုပ်ရုံအပ်တဲ့အခါမှာ ပြောထားတဲ့ရက်တွေမှာ အထည်တွေမရတာရယ်…. ရလာတဲ့အထည်တွေတိုင်းကလည်း အထည်တွေအားလုံး အရည်အသွေးပိုင်းဆိုင်ရာ လိုအပ်ချက်များစွာ ရှိနေပါသဖြင့် customer တွေ လက်ထဲ တစ်ထည်မှ မပို့ပါပဲ
ကျွန်မကိုယ်တိုင် ပယ်ချခဲ့ပါတယ်ရှင့်…. ပြင်ထည်အနေနဲ့တောင် ပြန်မသုံးပါပဲ ပယ်ချပြီး အသစ်ပြန်ချုပ်နေပါတယ်ရှင်…

🍀အခုတော့ အထည်တွေတိုင်းကို ကျွန်မတို့ ကိုယ်တိုင် ကိုယ်ထူ ကိုယ်ထ ပြင်ထည်မဟုတ်ပဲ အထည်အသစ်ကနေ ပြန်စချုပ်နေပါတယ်ရှင်….

‼️😞ဒါ့ကြောင့်လေ…. ပြောထားတဲ့ waiting time ထက်ကို ပိုလွန်ပြီး နောက်ထပ် ၆ ပတ်လောက် ဆက်စောင့်ပေးဖို့ customers တွေကို ညှိုးငယ်စွာ ရို့ကျိုးတောင်းပန်ပြီး ခွင့်တောင်းချင်ပါတယ်ရှင်… ထုတ်ပြီးသွားတဲ့ collection ၃ မျိုးလုံးအတွက်ပါရှင်….

🌸အကယ်၍ စောင့်လို့ အဆင်မပြေတဲ့ ကိုယ့်အမျိုးသမီးတွေကိုအတွက်ကတော့ အားနာရို့ကျိုးစွာ အထည်တန်ဖိုးအတိုင်း ပြန်အမ်းငွေကို ပေးအပ်ပါမယ်နော်… ( page messenger ကနေ လာပြောပေးပါနော်)

🌸အထည်တွေရလာလို့ ပို့တဲ့အခါ deli freeနဲ့ ပို့ပေးပါမယ်ရှင်…

🌸ဒီကြားထဲ ကျွန်မတို့ဆီကချုပ်လိုက်တဲ့ ချုပ်ပြီးသားအထည်တွေကို တစ်နေ့ကို ၅ ထည်ထွက်ရင် ၅ ထည်ပို့ပါမယ်… ၁၀ ထည််ရ ၁၀ထည်ပို့ပါမယ်ရှင်

🌸🍀ဖြစ်သွားတဲ့ပြဿနာအခက်အခဲတွေကြောင့် customer တွေဆီ အဆင်မပြေမှုနဲ့ ကြန့်ကြာမှု ဖြစ်သွားစေခြင်းဟာ
မည်သည်တစ်ဦးတစ်ယောက်ရဲ့ အပြစ်မဟုတ်ပါပဲ…
Owner ဖြစ်တဲ့ ကျွန်မ Chan Chan မှာသာ အပြစ်ရှိကြောင်းနဲ့ တာဝန်ရှိကြောင်း ဝန်ခံအသိပေးလိုပါတယ်ရှင်….

🍀နောက်နောင်မှာ ဒီလို ပြဿနာမျိုးမဖြစ်ဖို့ရာ Chan Chan’s House က အထည်တွေကို ကိုယ်ထူကိုယ်ထ သာချုပ်ပြီး
အထည်ဒီဇိုင်း တော်တော်များများကို Instockထားပြီးသာ
ရောင်းမည်ဖြစ်ကြောင်း ကိုယ့်အမျိုးသမီးတွေကို အသိပေးလိုပါတယ်ရှင်….

😞ယုံကြည်စွာ အားပေးကြတဲ့ Customer အမျိုးသမီးအားလုံးကို ညှိုးငယ်စွာ အနူးအညွတ်တောင်းပန်ပါတယ်ရှင့်🙏🙏🙏

အိမ်မှာ ရှင်ပြုမင်္ဂလာ အလှူကြီးရှိတာမို့  အလုပ်ကို ၂၇ ရက်နေ့ထိ နားထားကြောင်းကိုယ့်အမျိုးသမီးတွေကို အသိပေး အကြောင်းကြားချ...
23/04/2026

အိမ်မှာ ရှင်ပြုမင်္ဂလာ အလှူကြီးရှိတာမို့

အလုပ်ကို ၂၇ ရက်နေ့ထိ နားထားကြောင်း

ကိုယ့်အမျိုးသမီးတွေကို အသိပေး အကြောင်းကြားချင်ပါတယ်ရှင့်

အိမ်က အလှူကြီးမို့ adminတွေကအစ အားလုံး နားထားတာမို့…. ၂၈ရက်နေ့မှသာ အလုပ်တွေ ပြန်စမယ်ဆိုတဲ့အကြောင်းပါ လေးစားစွာ အသိပေးပါတယ်ရှင်

အစ်မရော adminလေးတွေရော ခွင့်ယူမယ်နော် 🌸🍀

၂၈ ရက်နေ့မှ ပြန်လည်တွေ့ကြပါဦးစို့နော်…. 🌸🍀

Chan Chan’s RTW Collections

18/04/2026

item အသစ်လေးကို မင်တို့ရဲ့မချမ်းဝတ်ထားးတာ🤍🌸

….

….

Disclaimer:No COPYRIGHT infringement intended. For entertainment purposes only.I do not own the VIDEO and MUSIC.All rights and credits go to rightful owner.

စကပ်နဲ့လည်းလိုက် ဘောင်းဘီတို/ ရှည်နဲ့လည်းလှတဲ့ ဒီဇိုင်းပါ🤍ထမီနဲ့တောင် လှတယ်ကွယ် 🍀🍀Free size ဖြစ်ပါတယ်… ပေါင်ချိန် ၁၄၀ ထိ...
12/04/2026

စကပ်နဲ့လည်းလိုက် ဘောင်းဘီတို/ ရှည်နဲ့လည်းလှတဲ့ ဒီဇိုင်းပါ🤍
ထမီနဲ့တောင် လှတယ်ကွယ် 🍀

🍀Free size ဖြစ်ပါတယ်… ပေါင်ချိန် ၁၄၀ ထိတော်ပါတယ်

🍀ဝတ်လိုက်ရင် ပျော့အိတွဲနေမှာမို့ အရမ်းဖားယားမနေပါဘူးနော်

🍀တကယ့်ကို အရေအတွက် နည်းနည်းနဲ့သာလက်ခံတဲ့
pre order ပါ

🍀 top only ၅၅၀၀၀ကျပ်ပါရှင်

🍀 waiting time ၄ ပတ်ပါရှင်

🍀 မမတို့ရေ မမချမ်းက ထုတ်ပြီးသား items တိုင်းကို ပြန်မထုတ်သလို အရေအတွက်အများကြီးလည်း မထုတ်ပါဘူးတဲ့ရှင့် 🤍

11/04/2026

စကပ်နဲ့ဝတ်ဝတ်… ဘောင်းဘီတို/ရှည်တွေနဲ့ဝတ်ဝတ်… ထမီနဲ့ဝတ်လည်း ဝတ်လို့ရတဲ့ အလှလေးပါ…
ထမီနဲ့ဝတ်ရင်လည်း လှကြောင်း တွဲပြထားတာပါ…

ပိန်တဲ့သူနဲ့လည်းလှ… ပြည့်တဲ့သူတွေနဲ့လှတဲ့ပုံလေးပါ…

အင်္ကျီက မရှည်ဘူးနော်… ထမီနဲ့ဝတ်ရင်လည်း လှတဲ့ အရှည်လေးပါ

အများကြီး မထုတ်ပါဘူး…. မနက်ဖြန်မှ order လက်ခံမယ်နော်🍀🌸

စကပ်နဲ့ဝတ်ဝတ်…. ဘောင်းဘီတို/ရှည်နဲ့ဝတ်ဝတ်… ထမီနဲ့တောင် ဝတ်လို့ရတဲ့အလှလေး လာမယ်ရှင်….
11/04/2026

စကပ်နဲ့ဝတ်ဝတ်…. ဘောင်းဘီတို/ရှည်နဲ့ဝတ်ဝတ်…

ထမီနဲ့တောင် ဝတ်လို့ရတဲ့အလှလေး လာမယ်ရှင်….

ဒါလေးက ချည်ပုဝါ ဆိုဒ်သေးထဲကပါရှင့်Price 12000
10/04/2026

ဒါလေးက ချည်ပုဝါ ဆိုဒ်သေးထဲကပါရှင့်

Price 12000

မချမ်းခြုံထားတဲ့ ချည်ပုဝါလေးထဲကပါရှင့်Price 35000
10/04/2026

မချမ်းခြုံထားတဲ့ ချည်ပုဝါလေးထဲကပါရှင့်

Price 35000

မချမ်းခြုံထားသလိုလေးထဲက ရမယ့်အရောင်လေးတွေပါရှင့်🫶🏻Price 29500
10/04/2026

မချမ်းခြုံထားသလိုလေးထဲက

ရမယ့်အရောင်လေးတွေပါရှင့်🫶🏻

Price 29500

Address

Mawlamyine
Mawlamyine

Website

Alerts

Be the first to know and let us send you an email when Chan Chan’s RTW Collections posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share