Hay Ko Chue Thwal - 7 Lay

Hay Ko Chue Thwal - 7 Lay Travel /lifestyle /food /vlog

💯✔️
16/06/2026

💯✔️

"ဆယ်ကျော်သက်ကလေးတွေဟာ မိဘတွေဆီကမရတဲ့အရာတွေကို အပြင်လောကမှာ ရှာဖွေကြပါတယ်။"
ကလေးတစ်ယောက် အမေ့ဝမ်းဗိုက်ထဲကနေ လူ့လောကရောက်လာဖို့ ၉လစောင့်ရပါတယ်။
အိမ်ထောင်တစ်ခု တည်ငြိမ်ဖို့ ၁၀နှစ်စောင့်ရပါတယ်။
အဲဒီလိုပါပဲ ဘယ်အရာမဆို အဖြေတစ်ခု ထွက်လာဖို့
အချိန်ကာလတစ်ခု ကြာပါတယ်။
ဆယ်ကျော်သက်ကလေးတစ်ယောက်က ရုတ်တရက် လမ်းမှားသွားတာ မဟုတ်ပါဘူး။
တစ်နေ့တည်းနဲ့ အကျင့်ပျက်သွားတာလည်း မဟုတ်ပါဘူး။
Peer pressure/peer influence ကြောင့် ချက်ချင်းပြောင်းလဲသွားတာလည်း မဟုတ်ပါဘူး။

အခုခေတ် ဆယ်ကျော်ကလေးတွေရဲ့အပြုအမူနဲ့အကျင့်စရိုက်တွေက
မိဘတွေရဲ့ Unparenting ကြောင့် တဖြည်းဖြည်း
ရုပ်လုံးပီပြင်လာတဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။

Unparenting ဆိုတာ
ကလေးကို ငယ်ရွယ်စဉ်မှာ
မသင်ကြားဘူး။/လေ့ကျင့်မပေးဘူး။/အချိန်မပေးဘူး။
စားဝတ်နေရေးပဲ ဖြည့်ဆည်းပေးပြီး စိတ်ပိုင်းဆိုင်ရာကို မကြည့်တာမျိုး။
သူတို့ ပြောချင်တာတွေကို နားမထောင်ပေးတာ။
ငါပင်ပန်းနေလို့ ဆိုပြီး ကလေးခံစားချက်ကို လျစ်လျူရှုထားတာ။
ဖုန်းတစ်လုံးပေးပြီး ကြီးလာစေတာ။
မိဘရဲ့စိတ်ဒဏ်ရာတွေကို ကလေးပေါ် ပြန်ပုံချတာ။

ဒီအရာတွေဟာ တစ်ရက်တည်းနဲ့ မထိခိုက်ဘူး။
ဒါပေမယ့် ၁၀နှစ်လောက်ကြာလာတဲ့အခါ
ကလေးရဲ့အတွေး၊ အပြော၊အဆို/အကျင့်၊ စိတ်ဓာတ်ထဲမှာ အမြစ်တွယ်လာပါတယ်။

ဆယ်ကျော်သက်တွေကို ကြည့်ရင်
မိဘတွေက သူငယ်ချင်းပေါင်းမှားလို့
TikTok ကြောင့်
ခေတ်ပျက်လို့ လို့ပြောကြတယ်။

ဒါပေမယ့် တကယ်တမ်း
ကလေးက အပြင်လောကဆီမှာ ရှာဖွေနေတာဟာ
အိမ်ထဲမှာ ဘာမှ မရလို့ ဖြစ်ပါတယ်။

နားလည်ပေးမယ့်သူ။
နားထောင်ပေးမယ့်သူ။
တန်ဖိုးထားပေးမယ့်သူ။
ချီးကျူးပေးမယ့်သူ။
လုံခြုံမှုပေးမယ့်သူ။ မိသားစုထဲမှာ ရှိမနေတာမျိုး။

ကလေးတစ်ယောက်ဟာ
မိဘနဲ့ ရင်ဖွင့်လို့မရတဲ့အချိန်မှာ
သူငယ်ချင်းတွေနဲ့ ရင်ဖွင့်လာတယ်။
အိမ်မှာ နားလည်မှုမရတဲ့အချိန်မှာ
Online ပေါ်က approval ကိုလိုချင်လာတယ်။
အချစ်မရတဲ့အချိန်မှာ
အာရုံစိုက်ခံရဖို့ မှားယွင်းတဲ့နည်းလမ်းတွေကို ရွေးလာတယ်။

ဒါကြောင့်
ဆယ်ကျော်သက် parenting ဆိုတာ
၁၃နှစ်ရောက်မှ စတင်ရတဲ့အရာမဟုတ်ဘူး။
ကလေး စကားစပြောတဲ့နေ့ကတည်းက စတာပါ။

မိဘတွေအနေနဲ့ သိထားသင့်တာက
ဆယ်ကျော်သက်တွေဟာ ဆိုး နေတာမဟုတ်ဘူး။
တချို့က နာ နေတာပါ။
တချို့က နားလည် မခံရ"တာပါ။
တချို့က အချစ်နဲ့ဂရုစိုက်မှု/အချိန်ပေးမှု လိုအပ် နေကြတာပါ။

ဒါကြောင့် သားသမီးပြုစု ထိန်းကျောင်းခြင်းဆိုတာ
ကလေးကို ထိန်းချုပ်ခြင်းမဟုတ်ဘဲ
သူ့စိတ်ကမ္ဘာကို နားလည်ပေးနိုင်ခြင်း ဖြစ်ပါတယ်။

ကိုယ့် သားသမီးတွေက
ကိုယ်ဘာပြောပြော နား မထာင်သလို ထင်ရပေမယ့်
ကိုယ့်ရဲ့အသံ၊ ကိုယ့်ရဲ့အပြုအမူ၊ ကိုယ်က သူတို့ကိုဆက်ဆံပုံတွေကို
သူ့စိတ်ထဲမှာ နေ့တိုင်း မှတ်တမ်းတင်နေပါတယ်။

ကလေးတွေဟာ
မိဘပြောတာထက်
မိဘလုပ်ပြတာကို ပိုပြီး သင်ယူကြပါတယ်။

ဒီခေတ်ဆယ်ကျော်သက် သားသမီးတွေကခေါင်းမာတယ်။ဆိုဆုံးမရ ခက်တယ်။မလိမ္မာဘူး လို့ ခံစားရရင်
သူတို့ကို အပြစ်မတင်ခင် ကိုယ့်ရဲ့ မိဘဖြစ်ခြင်းကို
အရင် ပြန်ဆန်းစစ်ပေးပါ။"ငါ မိဘပီသစွာ ကြိုးစားနေသလား?"
ဒါဟာ ဆယ်ကျော်သက်တွေရဲ့ပြဿနာမဟုတ်ပါဘူး။
မိဘတွေရဲ့ သားသမီးပြုစုပျိုးထောင်နည်းက
ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးမှ အဖြေထွက်လာတာ/
အောင်စာရင်းထွက်လာတာ ဖြစ်ပါတယ်။
ဒါဟာ မိဘတွေရဲ့ပြဿနာ Parenting result(ရလာဒ်) ဖြစ်ပါတယ်။
ကလေးတွေဟာ အိမ်မှာ မပျော်ရင်
အပြင်မှာ ပျော်စရာ သွားရှာပါတယ်။
အိမ်မှာ သင်ကြားဆုံးမ မခံရရင်
အပြင်မှာ သူတို့ကို သင်ကြားဆုံးမနိုင်တဲ့သူရဲ့
လွှမ်းမိုးမှုအောက် ရောက်သွားပါတယ်။

ဒါကြောင့်
ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို လှပစေချင်ရင်
သူ့အပြုအမူတစ်ခုတည်းကို မပြင်ခင်
မိဘဖြစ်တဲ့ ကိုယ့် parenting ကို အရင်ပြန်ကြည့်ဖို့ လိုပါတယ်။
(အမှန်တရားမို့ ဆေးခါးလေးပါနော်။)
ညနေမိုး(ကလေး)

အိပ်ချင်တာကို မအိပ်ပဲ အဆော့မက်/အစားမက် နေတဲ့ ပူတူးလေး 😍
16/05/2026

အိပ်ချင်တာကို မအိပ်ပဲ အဆော့မက်/အစားမက် နေတဲ့
ပူတူးလေး 😍

ဆုပြည့်လေး 😍
10/05/2026

ဆုပြည့်လေး 😍

04/05/2026

အဖေဆ်ိုတာ သားသမီးတွေအတွက် အကောင်းဆုံးတံတိုင်းတစ်ခု အရိပ်တစ်ခုဖြစ်ရင် အဲ့ကလေးကသိပ်ရဲရင့်တာ ငါ့အဖေရှိတယ် ဆိုတဲ့လုံခြုံမှု က ဘယ်သူမှ မထိရဲဘူး

02/05/2026

ဒီစာလေးကိုဖတ်ပြီးရင် ကိုယ်က ဘယ်လိုဖခင်ဖြစ်နေလဲဆိုတာ သုံးသပ်ကြည့်ပါနော်..

ဖခင်ကောင်းတစ်ယောက်ဆိုတာ "အသိတရား" "စိတ်ခံစားမှု" နဲ့ "ကောင်းမွန်တဲ့ ဆက်ဆံရေး" တွေကို ထိန်းညှိနိုင်ပြီး နွေးထွေးလုံခြုံတဲ့ မိသားစုဘဝကို အောင်မြင်စွာ တည်ဆောက်နိုင်သူတွေပါ။ ငွေရှာပေးရုံနဲ့ ခင်ပွန်းတာဝန်၊ ဖခင်တာဝန် ကျေတာမျိုး မဟုတ်ပါဘူး။ မိသားစုအပေါ်မှာ ငွေကြေးအပြင် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ ပျော်ရွှင်မှုကို ပေးနိုင်မှသာ ဖခင်ကောင်းတစ်ယောက် ဖြစ်လာမှာပါ။

✅အာဏာပြခြင်းထက် နမူနာပြခြင်း
ကလေးတွေဟာ ဖခင်ပြောသမျှကို နားမထောင်ပေမဲ့ ဖခင်လုပ်သမျှကို အမြဲတမ်း အတုယူကြပါတယ်။ ကိုယ်က သားသမီးကို မလုပ်နဲ့လို့ပြောတဲ့ အပြုအမူကို ကိုယ်တိုင်လုပ်မိနေရင်တော့ ကလေးအတွက် ဒီတားမြစ်မှုဟာ ထိရောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကလေးဆီက လိုချင်တဲ့ အရည်အချင်းကို ကိုယ်တိုင်အရင် ဖြစ်အောင်နေပြခြင်းဟာ အထိရောက်ဆုံး သင်ခန်းစာပါ။

✅စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးခြင်း
သားသမီးတွေ အမှားလုပ်မိတဲ့အခါ ဖခင်ကို ကြောက်ပြီး ဖုံးကွယ်ထားတာမျိုး မဖြစ်ပါစေနဲ့။ "အဖေ့ကို ကြောက်တယ်ဆိုတာထက် အဖေ့ကို ပြောပြရင် ဒီပြဿနာ အဆင်ပြေသွားမှာ" ဆိုတဲ့ စိတ်လုံခြုံမှုမျိုး ပေးနိုင်အောင် ကြိုးစားပါ။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိတဲ့ ကလေးတွေဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲပြီး စိတ်ဖိစီးမှု ခံနိုင်ရည် ပိုမိုမြင့်မားပါတယ်။ ဖြေရှင်းချက်ပေးတာထက် နားထောင်ပေးခြင်းက ကလေးတွေအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြင့်တက်စေပါတယ်။

✅ဇနီးကို ကြင်နာပြခြင်းဖြင့် မေတ္တာကို သင်ပေးပါ
အဖေက အမေ့ကို ဘယ်လိုဆက်ဆံသလဲဆိုတာကို ကြည့်ပြီး ကလေးတွေက "အချစ်နဲ့ လေးစားမှု" ကို အနီးကပ် သင်ယူကြပါတယ်။ အိမ်တွင်းသာယာမှုနဲ့ မိဘနှစ်ပါးရဲ့ သဟဇာတဖြစ်မှုဟာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ စိတ်ကျန်းမာရေးကို တိုက်ရိုက် သက်ရောက်စေပါတယ်။ ဖခင်က မိခင်ကို ချစ်ခင်ကြောင်း၊ လေးစားကြောင်း ပြသခြင်းဟာ ကလေးအနေနဲ့ တခြားသူတွေအပေါ်မှာ လေးလေးစားစား ဆက်ဆံတတ်လာအောင် ပျိုးထောင်ပေးခြင်းပါပဲ။

✅အားနည်းချက်ကို ပွင့်လင်းစွာ ထုတ်ပြခြင်း
"အဖေလည်း လူပဲ၊ အမှားလုပ်မိတတ်တယ်" လို့ ကိုယ့်သားသမီးရှေ့မှာ ဝန်ခံရဲခြင်းဟာ အားနည်းချက် မဟုတ်ပါဘူး၊ အကြီးမားဆုံးသော ခေါင်းဆောင်မှု အရည်အချင်းပါ။ ဖခင်က အမှားဝန်ခံရဲတဲ့အခါ ကလေးတွေဟာလည်း သူတို့ကိုယ်တိုင် အမှားလုပ်မိရင်လည်း ရှက်ရွံ့မနေတော့ဘဲ ဒီအမှားကို ဝန်ခံဖို့နဲ့ အမှန်ကို ပြင်ဆင်နိုင်ဖို့ ရဲရင့်လာကြပါတယ်။

✅ရလဒ်ထက် လုပ်ဆောင်မှုကို တန်ဖိုးထားခြင်း
ကလေးက ကြိုးစားနေပါရက်နဲ့ ချွတ်ချော်သွားခဲ့တာမျိုးရှိရင် ကလေးကို ပြစ်တင်ဝေဖန်တာမျိုးထက် ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို အတူတူ အဖြေရှာတာမျိုးက ပိုပြီးသင့်တော်ပါတယ်။ မိဘကိုယ်တိုင်က ရလဒ်ကိုပဲ ကြည့်ပြီး လုပ်ရပ်ကို တန်ဖိုးမထားရင် ကလေးရဲ့ ကြိုးစားမှုတွေကို ဘယ်သူက ချီးမြှောက်ပေးပါတော့မလဲ။ အကျိုးဆက် အနေနဲ့ ရလဒ်ကိုပဲ တန်ဖိုးထားခံရတဲ့ကလေးဟာ ရှုံးနိမ့်မှာကို ကြောက်လာပြီး လမ်းမှားကိုတောင် ရောက်တတ်ပါတယ်။ ဒါကြောင့် ရလဒ်ထက် လုပ်ရပ်ကိုပဲ ဦးစားပေးပါ။ ရှုံးနိမ့်ခြင်းတွေကနေ သင်ခန်းစာယူပြီး ပိုကောင်းတဲ့ အခွင့်အရေး ရနိုင်အောင် ကြိုးစားဖို့ တွန်းအားပေးတဲ့ မိဘဖြစ်ပါစေ။

ဖခင်တစ်ယောက်ဟာ တခြားသူတွေအတွက်တော့ သာမာန်ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် မိသားစုအတွက်တော့ အဖိုးတန်ဆုံးသော လမ်းပြမြေပုံပါ။ ဒါကြောင့် ဖခင်တစ်ယောက် ဖြစ်နေရုံနဲ့တင် မပြီးသေးပါဘူး ကိုယ်က ဘယ်လိုဖခင်မျိုး ဖြစ်နေလဲဆိုတာကို သေချာပြန်သုံးသပ်ပြီး အကောင်းဆုံး နေထိုင်နိုင်မှသာ မိသားစု ဘဝလေးက ပျော်စရာကောင်းမှာပါနော်..

အကောင်းဆုံးစာအုပ်များဝယ်ရန် >bit.ly/44AZzUf

ချစ်တဲ့ True Learning

#ထးထူးစာပေ
#ကလေးစာပေ #ကလေးစာအုပ်

02/05/2026

Address

Maymyo

Telephone

+959422285188

Website

Alerts

Be the first to know and let us send you an email when Hay Ko Chue Thwal - 7 Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share