25/07/2026
⸻
📻🎸✨ CASSSETTE ROCKSTAR — CHAMPION ✨🎸📻
အိပ်မက်တစ်ခု၊ စိတ်ကူးတစ်ခုကနေ စတင်ခဲ့တဲ့ Character လေးတစ်ခုဟာ ဒီနေ့မှာတော့ The Mask Singer Myanmar ရဲ့ Grand Final Champion Character အဖြစ် အမှတ်တရတစ်ခု ဖြစ်လာခဲ့ပါပြီ။
“ရေဒီယိုကက်ဆက်” ဆိုတဲ့ အတွေးလေးကနေ စတင်ခဲ့ပြီး Stage ပေါ်မှာ Personality ရှိတဲ့ Cassette Rockstar အဖြစ် အသက်ဝင်လာအောင် ဖန်တီးခွင့်ရခဲ့တာဟာ ကျွန်တော့်အတွက် အလွန်ဂုဏ်ယူစရာ အတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော်တစ်ယောက်တည်းရဲ့ လက်ရာမဟုတ်ဘဲ ဒီ Character လေး အသက်ဝင်လာဖို့ ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ လူတိုင်းကို လေးလေးစားစား ကျေးဇူးတင်ချင်ပါတယ်။
🙏 ကျေးဇူးတင်ရှိရသူများ
ပထမဆုံးအနေနဲ့
The Mask Singer Myanmar Program Team အား
ဒီလိုထူးခြားတဲ့ အခွင့်အရေးကြီးကို ဖန်တီးပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
Character တွေကို စိတ်ကူး၊ ဖန်တီးခွင့်ပေးပြီး ယုံကြည်ပေးခဲ့တဲ့
Designer တီချယ် Latt Lattနှင့်
Designer Team အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။
Mask Character များကို ဖန်တီးခွင့်၊ ကိုယ့်စိတ်ကူးတွေကို အကောင်အထည်ဖော်ခွင့် ပေးခဲ့တဲ့အတွက် ဒီအခွင့်အရေးက Designer တစ်ယောက်အတွက် အလွန်တန်ဖိုးရှိတဲ့ အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါတယ်။
ဒီ Character ကို Stage ပေါ်မှာ ပိုမိုအသက်ဝင်လာအောင် ကူညီပေးခဲ့ကြတဲ့
Production Team, Costume Team, Makeup Team, Stage Team နဲ့ ပါဝင်ပတ်သက်သူ အားလုံးကိုလည်း လေးစားစွာ ကျေးဇူးတင်ပါတယ်။
နောက်ဆုံးအနေနဲ့…
📻🎸 Cassette Rockstar ရဲ့ Mask အောက်မှာ အသက်သွင်းပေးခဲ့တဲ့ အဆိုတော် ဖြိုးကျော်ထိုက် ကိုလည်း အထူးကျေးဇူးတင်ပါတယ်။
ဒီ Character ရဲ့ Personality၊ Energy နဲ့ Performance တွေကို ပရိသတ်တွေရဲ့ နှလုံးသားထဲ ရောက်အောင် အသက်သွင်းပေးခဲ့တာကတော့ Artist တစ်ယောက်ရဲ့ အနုပညာပါပဲ။
အားပေးချစ်ခင်ပေးခဲ့ကြတဲ့ ပရိသတ်အားလုံးကိုလည်း အဆုံးမရှိ ကျေးဇူးတင်ပါတယ် ❤️
Cassette Rockstar ဟာ Champion တစ်ယောက်အဖြစ်သာမက
ကျွန်တော့်အတွက်တော့ အိပ်မက်၊ ကြိုးစားမှုနဲ့ အမှတ်တရတွေ ပေါင်းစပ်ထားတဲ့ Character တစ်ခုအဖြစ် အမြဲမှတ်သားနေမှာပါ။
Thank you, Cassette Rockstar.
Thank you, The Mask Singer Myanmar. ❤️📻🎸
#ကဥ္သနဒေဝီFashionhouse