Phway Woman's Bra & Underwear

Phway Woman's Bra & Underwear �Try to choose first, you won't regret your choice�

Hello သဲတို့​ရေ💓🌸Bra နဲ့ Underwaearတွေ Quality မိုက် အသားအိစက်​လေး​တွေ အသစ်ထပ်​ရောက်ပါတယ်​နော်🥳🌸Cute Type & Sexy Type​​လ...
07/12/2022

Hello သဲတို့​ရေ💓🌸
Bra နဲ့ Underwaearတွေ Quality မိုက် အသားအိစက်​လေး​တွေ အသစ်ထပ်​ရောက်ပါတယ်​နော်🥳🌸
Cute Type & Sexy Type​​လေး❤🌸
Size​လေး​တွေစုံတုန်း မြန်မြန်ယူထားကြ​နော်❣
မူဆယ်မြို့တွင်း မင်မင်နဲ့နီးစပ်တဲ့​နေရာ​တွေဆို အိမ်​ရောက်​ငွေ​ချေ ပို့ခfreeနဲ့ နည်းနည်း​ဝေးတဲ့​နေရာ​တွေဆို deliအပ်​ပေးပါတယ်ရှင့်❣🥰
အ​သေးစိတ်နဲ့​စျေးနှုန်းကို ပုံ​အောက်မှာ အလွယ်တကူကြည့်လို့ရပါပြီ​နော်🌸🥰မင်မင်ကိုယ်တိုင်ရိုက်ထားတဲ့ပုံ​တွေမို့ စိတ်ချလို့ရပါတယ်ရှင့်🌸
ကြိုက်တာ​လေး​တွေ​တွေ့ရင် မြန်မြန် Messenger Hiခဲ့​နော်🌸😍
& Underwearမို့ size ပြန်လဲခြင်းကိုသည်းခံ​ပေးပါရှင့်🥺🌸

06/12/2022

မနက်ဖြန် အသစ် လှလှ​လေး​တွေတင်​ပေးမယ်​နော် သဲတို့​ရေ💓💓

 Phway Woman's Bra & Underwear ရဲ့ရရှိနိုင်မဲ့ Bra instock​လေး​တွေပါရှင့်🙆‍♀️🌸🥰နောက်လည်း Design အသစ်​တွေ အများကြီးထပ်လာမ...
13/11/2022


Phway Woman's Bra & Underwear ရဲ့ရရှိနိုင်မဲ့ Bra instock​လေး​တွေပါရှင့်🙆‍♀️🌸🥰
နောက်လည်း Design အသစ်​တွေ အများကြီးထပ်လာမှာမို့ Like and Follow​ပေးထားပါဦးရှင့်🥰❣
မူဆယ်မြို့တွင်း မင်မင်နဲ့နီးစပ်တဲ့​နေရာ​တွေဆို အိမ်​ရောက်​ငွေ​ချေ ပို့ခfreeနဲ့ နည်းနည်း​ဝေးတဲ့​နေရာ​တွေဆို deliအပ်​ပေးပါတယ်ရှင့်❣🥰
အ​သေးစိတ်နဲ့​စျေးနှုန်းကို ပုံ​အောက်မှာ အလွယ်တကူကြည့်လို့ရပါပြီ​နော်🌸🥰
& Underwearမို့ size ပြန်လဲခြင်းကိုသည်းခံ​ပေးပါရှင့်🥺🌸
instockမို့ size စုံ colorစုံတုန်း အမြန်​ရွေးထား​နော်❣🌸
&Underwear

05/11/2022

ပစ္စည်း​ရောက်ပြီ​နော်အသဲတို့​ရေ🙆‍♀️💗
မနက်ဖြန်ဒီဇိုင်းလန်းလန်း​လေး​တွေ ဝယ်လို့ရပြီ​နော်💗
နက်ဖြန်ပုံတင်​ပေးမယ်​နော်🙆‍♀️❣
လက်သွက်ဖို့လိုမယ်​နော်❣​စျေးတန် Qualityမိုက်❣🙆‍♀️

ဒီရက်ပိုင်းအတွင်း ပစ္စည်း အသစ်​တွေ​ရောက်​တော့မှာ​နော် ဒီဇိုင်းဆန်း၊​Quality​ကောင်း စျေးတန်​ပြီး အထည်နည်းနည်း ပဲပါတာမို့ ...
03/11/2022

ဒီရက်ပိုင်းအတွင်း ပစ္စည်း အသစ်​တွေ​ရောက်​တော့မှာ​နော် ဒီဇိုင်းဆန်း၊​Quality​ကောင်း စျေးတန်​ပြီး အထည်နည်းနည်း ပဲပါတာမို့ အား​ပေးဖို့ like & Share​လေးနဲ့ အသင့်​စောင့်​နေကြ​နော်📣📣❣❣

အမျိူးသမီးတို့ရွေးချယ်ရအဆင်ပြေစေမယ့် Panties အကြောင်း—————————————————————————————————————ဒီနေ့မှာDiaryကမိန်းကလေးတိုင်းအ...
01/11/2022

အမျိူးသမီးတို့ရွေးချယ်ရအဆင်ပြေစေမယ့် Panties အကြောင်း

—————————————————————————————————————

ဒီနေ့မှာDiaryကမိန်းကလေးတိုင်းအသုံးဝင်မယ့်underwearအကြောင်းကိုပြောပြဖို့စိတ်ကူးထားပါတယ်။

အမျိူးသမီး၀တ်အတွင်းခံဆိုတာကလဲFoundationတစ်ခုလိုအရေးကြီးပြီးလိုက်ဖက်တဲ့အတွင်းခံကို၀ယ်ယူ၀တ်ဆင်မှconfidence & comfy ဖြစ်စေမှာပါ။ဒါဆိုစလိုက်ကြမယ်နော်💕

အမျိူးသမီး၀တ်Underwearကိုအများအားဖြင့်
ချည်သား ၊ ဝါးသား ၊ပိုးသား ၊နီယွန်သားတို့နဲ့အခြေခံထုတ်လုပ်တတ်ကြတယ်။ဒါ့အပြင်

📌Thong
📌Hipster
📌Boyshort
📌Brief
📌Bikini
📌Hight rise
📌Cheeky
📌Control top
📌G string
စသဖြင့်ကွဲပြားကြပြီးဝတ်မယ့်အ၀တ်အစားနဲ့လိုက်ဖက်တဲ့underwearကိုရွေးချယ်၀ယ်ယူဖို့လိုပါတယ်နော်

မိမိတို့ရဲ့တင်ပါးပုံစံbutt type နဲ့အဆင်ပြေစေမယ့်အတွင်းခံအမျိူးအစားနဲ့styleတစ်မျိူးစီရှင်းပြထားတာဆိုတော့တစ်ချက်လေ့လာကြည့်ရအောင်နော်💞

Thongs
————————————
ဒီအမျိူးအစားဘောင်းဘီတွေကဘောင်းဘီ ထမီ စကပ်တွေ၀တ်တဲ့အခါ ဘေးကpanty လိုင်းမပေါ်စေတဲ့အမျိူးအစားပဲဖြစ်ပါတယ်။သူ့ကိုရွေးချယ်တဲ့အခါ တင်ဆိုဒ်နဲ့ကွက်တိကျတာကိုရွေးချယ်သင့်ပါတယ်။တင်အသားကတော့မဖုံးတဲ့အတွက်တင်အဆီများသူနဲ့တင်အလုံးလိုက်ထွက်တာမကြိုက်သူကတော့ဝတ်လို့အဆင်မပြေနိင်ပါ။

Hipster panties
————————————
ဒီဘောင်းဘီက low -rise style ချက်အောက်အနေနဲ့ရှိပါတယ်။seamless ၊cotton၊ microfiber တွေဆိုပြီးအသားပေါ်မူတည်ပြီးဈေးကွက်မှာတွေ့ရပါတယ်။ချက်ပြုတ်ဘောင်းဘီနဲ့အဆင်ပြေပါတယ်။

Boy shorts
————————————
ဒီအတွင်းခံကတော့မိန်းကလေးboxers လို့ခေါ်တတ်ပြီးပေါင်နားအတိပုံမျိူးပါ။စကပ်အရမ်းပါးတာမျိူးတွေဆိုboy short ကကောင်းကောင်းကာကွယ်ပေးနိင်ပါတယ်။

Briefs
————————————
ခါးအရမ်းတော့မမြင့်ပေမယ့်တင်ရဲ့ရှေ့ရောနောက်ပါသေချာလေးcoverage လုပ်ပေးနိင်ပါတယ်။ဘေးဘောင်းဘီအစင်းရာကတော့ဝတ်တဲ့အဝတ်အစားပေါ်မူတည်ပြီးပေါ်တတ်သော်လည်းသက်တောင့်သက်သာတော့ရှိစေတယ်။

Bikini
————————————
ခုနbrief ပုံနဲဆင်ပြီးတင်အနောက်ကိုတော့သေချာမဖုံးအုပ်ပေးနိင်တဲ့အမျိူးအစားထဲပါဝင်တယ်။သူ့ကိုgymဆော့တဲ့အခါမျိူးgym suits တွေနဲ့ပိုသင့်တော်ပါတယ်နော်။

High rise
————————————
Diary ကိုယ်တိုင်ကြိုက်တဲ့underwearလို့ဆိုရမယ်။ခါးမြင့်ဆိုတော့ဗိုက်ချပ်ကပ်သယောင်ဖြစ်စေပါတယ်။

Cheeky panties
————————————
Bikini လိုပုံစံရှိပြီးတင်အနောက်ကိုတော့coverage လုပ်ပေးနိင်ပါတယ်။အတွင်းခံအရာကိုတော့မပေါ်စေတဲ့cheeky panties အမျိူးအစားပဲဖြစ်ပါတယ်

Tanga
————————————
Sexy ပုံစံအရှေ့ဘက်ကိုတြိဂံvshapeလိုမျိူးရှိတဲ့tanga panties ဖြစ်ပါတယ်။

G string

————————————
G string ဘောင်းဘီတွေကတော့တင်အရှေ့အနောက်ကိုfull coverage မပေးနိင်ပေမယ့်သက်တောင့်သက်တာလွတ်လွတ်လပ်လပ်နေရတာသဘောကျသူဆိုရင်သင့်တော်ပါတယ်။sexy dress တွေနဲ့ပ်ုလိုက်တယ်

ချစ်ခြင်းများဖြင့်❤️


အဝတ်အစားပေါ် မူတည်ပြီး Bra ရွေးချယ်နည်း✅1. T Shirt braဗြောင်တီရှပ်တွေ ဝတ်တဲ့အခါ အင်္ကျီပေါ်မှာ ဇာလိုင်းတွေ ပေါ်မနေဖို့ တ...
31/10/2022

အဝတ်အစားပေါ် မူတည်ပြီး
Bra ရွေးချယ်နည်း✅

1. T Shirt bra
ဗြောင်တီရှပ်တွေ ဝတ်တဲ့အခါ အင်္ကျီပေါ်မှာ ဇာလိုင်းတွေ ပေါ်မနေဖို့ တီရှပ်ဘရာကို ရွေးချယ်သင့်ပါတယ်။ ခန္ဓာကိုယ်နဲ့ကွက်တိ fit ဖြစ်တဲ့အင်္ကျီတွေ ဝတ်တဲ့အခါမှာလည်း တီရှပ်ဘရာက အဆင်ပြေပါတယ်။

2. ကြိုးမပါတဲ့ bra
ကြိုးမပါတဲ့ဘရာတွေက ဝတ်ရတာ သက်တောင့်သက်သာ ရှိပါတယ်။ ခန္ဓာကိုယ်မှာလည်း မြဲနေတဲ့အတွက် ပြုတ်ကျသွားမှာကိုလည်း စိတ်ပူစရာ မလိုပါဘူး။ ပုခုံးလျှောအင်္ကျီတွေ၊ ပုခုံးမှာ အပေါက်ပါတဲ့ အင်္ကျီတွေ ဝတ်တဲ့အခါ ကြိုးမပါတဲ့ဘရာကို ရွေးချယ်သင့်ပါတယ်။

3.Convertible bra
သူ့မှာတော့ ကြိုးတွေအများကြီးပါပြီး ကြိုးတွေနဲ့ဝတ်လို့ရသလို ကြိုးတွေကို အကုန်ချွတ်ပြီးတော့လည်း ဝတ်လို့ရပါတယ်။ ပုခုံးတစ်ဖက်ပဲပါတဲ့ အင်္ကျီတွေအတွက် ဝတ်ဖို့ သင့်တော်ပါတယ်။

4.U-plunge bra
လည်ပင်းဟိုက်တဲ့အင်္ကျီတွေ ဝတ်တော့မယ် ဆိုရင်တော့ U-plunge bra က အဆင်ပြေဆုံးပါပဲ။ ပုံမှန် bra တွေက တစ်ဖြောင့်တန်းတည်း ဖြစ်ပေမယ့် U-plunge bra ကတော့ လည်ဟိုက်အင်္ကျီတွေဝတ်ရင် အဆင်ပြေဖို့ U ပုံစံဝိုက်ဝိုက်လေး ဖြစ်နေတာပါ။

5.Sticky bra
Sticky bra တွေကို များသောအားဖြင့် ဆီလီကွန်နဲ့ ပြုလုပ်ကြပြီး ဖော့နဲ့ချုပ်ထားတဲ့ sticky bra တွေလည်း ရှိပါတယ်။ ကြိုးတွေမပါတာကြောင့် ပုခုံးလျှောတဲ့အင်္ကျီတွေ၊ နောက်ကျောမပါတဲ့အင်္ကျီတွေ ဝတ်တဲ့အခါ ရွေးချယ်နိုင်ပါတယ်။

6.Balcony bra
Balcony bra ကို balconette လို့လည်း သိကြပါတယ်။ ဒီဘရာကတော့ ရင်သားတစ်ဝက်လောက်ကိုပဲ ဖုံးအုပ်ပေးနိုင်တာပါ။ လည်ပင်းအလှကို ပေါ်လွင်စေတဲ့ အင်္ကျီတွေနဲ့ဆိုရင် လိုက်ဖက်ပါတယ်။

7.ဇာ bra
ဖော့တွေမပါဘဲ ဇာသက်သက်နဲ့ ချုပ်ထားတာကြောင့် အရမ်းကို မိန်းမဆန်စေတဲ့bra ပါပဲ။ ထွင်းဖောက်မြင်ရတဲ့အင်္ကျီတွေ၊ ပါးလှပ်လှပ် အင်္ကျီတွေနဲ့ တွဲဝတ်ရင် မေ့မထားသင့်တဲ့ bra ပါ။

8.Racerback bra
နောက်ကျောမှာ ဝိုက်ဝိုက်လေး ဖြစ်နေတာကြောင့် ကျောဘက်မှာ ဝိုက်ထားတဲ့ ဝတ်စုံတွေအတွက် သင့်တော်ပါတယ်။ အားကစားလုပ်တဲ့ အချိန်မှာ ဝတ်လို့လည်းရပါတယ်။

9.Demi bra
Demi bra က ရင်သားအောက်ပိုင်းကိုပဲ ဖုံးအုပ်ပေးနိုင်တာကြောင့် အပေါ်ပိုင်းက လွတ်နေပါတယ်။ သူ့ရဲ့ cup ကလည်း သေးပါတယ်။ အင်္ကျီအပါးတွေ၊ လည်ဟိုက်တဲ့အင်္ကျီတွေ ဝတ်တဲ့အခါ ရွေးသင့်တဲ့ bra ပါပဲ။

10. Full cup bra
Full cup bra က ရင်သားကို အပြည့်အဝ ဖုံးအုပ်ပေးနိုင်ပါတယ်။ ရင်သားကြီးတဲ့ အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်။ လည်ပိတ်အင်္ကျီတွေနဲ့ တွဲဖက်ပြီး ဝတ်လို့ရပါတယ်။

11. Push -up bra
Push-up bra က ရင်သားကို ပင့်တင်ပေးတာကြောင့် ပိုကြီးသယောင် ဖြစ်စေပါတယ်။ Low-cut top တွေနဲ့ ဝတ်ရင် အဆင်ပြေဆုံးပါ။

12.Smoothing bra
Smoothing bra ဆိုတဲ့အတိုင်း ခပ်ကျပ်ကျပ် ဝတ်စုံတွေဝတ်ရင် ဝတ်ထားမှန်း မသိရလောက်အောင် အဆင်ပြေစေတဲ့ bra ပါပဲ။


Address

ပြည်​ထောင်စုလမ်းမကြီး ကပ်ရပ်၊​ကောင်းမူးတုံရပ်ကွက်။
Mu-Se

Telephone

+959955674000

Website

Alerts

Be the first to know and let us send you an email when Phway Woman's Bra & Underwear posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Phway Woman's Bra & Underwear:

Share