Hcoe- ကိုး

Hcoe- ကိုး Hcoe is a customized clothings for the love one.

ခေါင်းမာတယ်လုပ်ချင်တာဖြစ်အောင် ဖြစ်အောင်လုပ်တယ်လူမှုရေးလည်း မသိဘူးရိုင်းလည်းရိုင်းတယ်ဒါပေမယ့် သူ့ရင်ဘတ်ထဲမှာ သူတော်ကောင်...
13/02/2023

ခေါင်းမာတယ်
လုပ်ချင်တာဖြစ်အောင် ဖြစ်အောင်လုပ်တယ်
လူမှုရေးလည်း မသိဘူး
ရိုင်းလည်းရိုင်းတယ်

ဒါပေမယ့်
သူ့ရင်ဘတ်ထဲမှာ
သူတော်ကောင်းတရားဟာ ထွန်းကားတယ်

ထိန်လင်းလို့ခေါ်တဲ့ အညာသားရဲ့ မွေးနေ့ပေါ့

ရရင်ရ မရရင်ချ လို့ပြောလို့ အရိုက်ခံရတဲ့အခါထိန်လင်းဟာ ကျောင်းတိုင်လုံးကိုဖက်ထားရင်း သူအံတင်းတင်းကြိတ်ထားခဲ့လိမ့်မယ်

ငရဲခွေးကြီး လွတ်လာပြီ ကို ရေးတဲ့သူကိုမေးတဲ့အခါ အယ်ဒီတာပေါက်စ အောင်ဆန်းဟာ ခပ်ထေ့ထေ့ပြုံးနေခဲ့လိမ့်မယ်

ဂျပန်ပြည်ကိုသွားဖို့ ဗမာ့မြေကနေထွက်လာတဲ့အခါ
ရွှေရောင်ဝင်းဝင်းရွှေတိဂုံကို တေဇဆိုတဲ့ လူငယ်လေးဟာ ဦးခိုက်ခဲ့လိမ့်မယ်

မင်းတို့ပင့်လာတဲ့ဘုရား မင်းတို့ဖာသာပြန်ပို့လို့ ပြောတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ရှေ့မှာ စစ်သေနာပတိကြီးအောင်ဆန်းဟာ မျက်လွှာချထားလိမ့်မယ်

ဆေးရုံပေါ်မှာ ဆံပင်တစ်ပတ်ရစ်ထုံးထားတဲ့ သူနာပြုမလေးကို စူးစူးရဲရဲငေးကြည့်နေခဲ့တာကတော့ အညာသား အောင်ဆန်းပဲ ဖြစ်နေခဲ့လိမ့်မယ်

သွေးပွက်ပွက်အန်နေတဲ့ကြားက ငါကိုရေတိုက်ပါ လို့တဲ့ အညာသား အောင်ဆန်း
တစ်သက်လုံးမှာ သူများပေးတဲ့အနွေးထည်တစ်ထည်တည်းရှိတဲ့ စစ်သေနာပတိကြီး မဟုတ်လား။

ထိန်လင်းရေ….မင်းကို ဒီမြေအတွက် လောကကြီးက လက်ဆောင်ပေးခဲ့တာ ၁၀၈နှစ်တောင် ပြည့်သွားပါပြီရောလား….။

Last Call  ကိုးတို့ ရဲ့ V Day Edition series ကို V Dayအမှီပို့ဖို့အတွက် ဒီနေ့မှာပဲ အမှာ ရပ်ထားလိုက်ပါပြီ။ အမှာတွေများနေပ...
10/02/2023

Last Call

ကိုးတို့ ရဲ့ V Day Edition series ကို V Dayအမှီပို့ဖို့အတွက် ဒီနေ့မှာပဲ အမှာ ရပ်ထားလိုက်ပါပြီ။ အမှာတွေများနေပြီး V day အမှီရောက်ဖို့၊ ပြီးတော့ ပုံဆွဲဖို့နဲ့ ပစ္စည်းထုတ်ဖို့အတွက် နည်းနည်းလေး အချိန်က ကျပ်နေတဲ့အတွက် ဒီနေ့အထိ လာမှာထားသမျှကိုပဲ ကိုးတို့ လက်ခံနိုင်တော့တာ တကယ်အားနာရပါတယ်။
ဒါပေမယ့် V Day ကျော်လည်း OKပါတယ် ဆိုတဲ့ customer တွေကို ကိုးတို့က ဆက်ပြီး လက်ခံနေအုံးမှာပါ။ ဒီ service က ဆက်ရှိနေအုံးမှာဖြစ်ပြီး ဆက်ပြီးလည်း order တင်လို့ ရနေပါတယ်။
ပထမဦးဆုံးလုပ်တာကို စိတ်ရှည်ရှည်ထားပြီး အားပေးခဲ့ကြတဲ့ customer တွေအားလုံးကို ကိုးတို့က ကျေးဇူးအထူးတင်ပါတယ်ရှင့်။




ကျွန်တော်တို့တွေ မျက်လုံးမှိတ်ပြီး ကိုယ်ချစ်သူရဲ့ပုံဖော်ကြဖူးလား။(မှောင်မနေကြနဲ့ ဦးနော်၊ ခင်ဗျားတို့က လွယ်တာမဟုတ်ဘူး)ကျွ...
22/01/2023

ကျွန်တော်တို့တွေ မျက်လုံးမှိတ်ပြီး ကိုယ်ချစ်သူရဲ့ပုံဖော်ကြဖူးလား။(မှောင်မနေကြနဲ့ ဦးနော်၊ ခင်ဗျားတို့က လွယ်တာမဟုတ်ဘူး)ကျွန်တော်ကတော့ ပုံဖော်ဖူးပါတယ်။ တစ်ခါတစ်လေ ထင်ထင်ရှားရှားမြင်ရသလို တစ်ခါတစ်လေ မထင်မရှား ဝါးဝါးလေးပဲ မြင်ရဖူးတယ်။
ခဲတံတစ်ချောင်း၊ ဒါမှမဟုတ် ဘောပင်တစ်ချောင်းကို ကိုင်ပြီး စာရွက်ပေါ်မှာ မြင်ရတဲ့အတိုင်း မျဉ်းကြောင်းလေးတွေပဲပါတဲ့ ပုံရိပ်ကလေးကို ဆွဲကြည့်ဖူးတယ်။ တစ်ခါတစ်လေတော့ သေသေသပ်သပ်၊ တစ်ခါတစ်လေတော့ မသေမသပ်။
ကိုးကလည်း V Day product ကနေဒီသတင်းစကားကို ပေးချင်တာပါ။ အသေးစိတ်မဆွဲထားတာ artist ကိုယ်တိုင်ရဲ့ idea ဖြစ်နေတာလည်း ပါသလို ကိုးတို့ဘက်လည်း တောင်းဆိုတာတွေပါ ပါတယ်။
ကျွန်တော်တို့လိုချင်တာ ဒါမှမဟုတ် ဝယ်ယူသူတွေကိုပေးချင်တာလည်း ဒီလိုမသေမသပ်ကလေးကိုပဲ ပေးချင်တာပါ။
ဆိုလိုရင်းက ကိုယ့်ရဲ့အခြားတစ်ခြမ်းရဲ့ပုံကို ကိုးတို့က ကိုယ်စားဝင်ဆွဲပေးတာပါ။
ဒီလောက်ပါပဲ။ မသေသပ်ရလေခြင်း လို့အပြစ်ပြောရင် ကိုးတို့ရဲ့အပြစ်ပဲဖြစ်ရမှာပါ။
ဒါပေမယ့် ကိုး တို့ပြောနေတာ ချစ်ခြင်းမေတ္တာ အကြောင်းလေ…….

-ကိုး



Valentine Editionမင်္ဂလာပါ။ ကိုး က တဖန်ပြန်လည် ကြိုဆိုပါတယ်။ ကိုး ရဲ့ valentine day edition ကို မိတ်ဆက်ပေးချင်ပါတယ်။ကိုး...
17/01/2023

Valentine Edition

မင်္ဂလာပါ။ ကိုး က တဖန်ပြန်လည် ကြိုဆိုပါတယ်။ ကိုး ရဲ့ valentine day edition ကို မိတ်ဆက်ပေးချင်ပါတယ်။

ကိုး တို့ရဲ့ ဆောင်ပုဒ်အတိုင်းပဲ “ချစ်ခြင်းမေတ္တာဟာ အတုမရှိပါဘူး”။ ဆိုတော့ မကြာခင်ရောက်လာတော့မယ့် ချစ်သူများနေ့မှာ ကိုယ့်ချစ်တဲ့သူကို ဒီကမ္ဘာပေါ်မှာ နောက်တစ်ခုထပ်မရှိတော့မယ့် လက်ဆောင်ပေးနိုင်အောင် ကိုး က ပြင်ဆင်ပေးထားပါတယ်။

ကိုး တို့ကနေ ကိုယ့်ရဲ့ချစ်ရတဲ့သူရဲ့ ပုံကြမ်းလေးနဲ့ အသုံးအဆောင်လေးတွေ ပြင်ဆင်ပေးထားပါတယ်။ ဓါတ်ပုံမှာ ပါတဲ့အတိုင်း T shirt တစ်ထည်မှာ ကိုယ့်ရဲ့ ချစ်ရတဲ့သူရဲ့ မျဉ်းကောက်ကြောင်းလေးတွေနဲ့ ဖန်တီးပေးထားပါတယ်။ အဲဒီ့တော့ ကိုး တို့ဆီကနေ လွဲလို့ ဘယ်မှာမှ မရနိုင်တဲ့ လက်ဆောင်လေးပေါ့။ ပြီးတော့ တစ်ထည်ချင်းစီကို customize လုပ်ပေးမှာမို့လို့ တကယ့်ကို နောက်တထည်မရှိနိုင်တဲ့ လက်ဆောင်လေး ဖြစ်နေမှာပါ။

စိတ်ဝင်စားကြတယ်ဟုတ်။ ဒီ့ထပ်ပိုပြီး စိတ်ဝင်စားစရာကောင်းတာ ပြောပြမယ်။ ကိုးတို့က အားလုံးအဆင်ပြေအောင် package သုံးခုစီမံထားပါတယ်။

(1) Standard Package (30,000Ks)
ဒီ package မှာတော့ T Shirt တစ်စုံ ပါဝင်မှာဖြစ်ပြီး Romantic ဆန်ဆန် card ကလေးတစ်ခုပါမှာ ဖြစ်ပါတယ်။ ပြီးတော့ ကိုး တို့က လက်ဆောင်ပေးချင်တဲ့သူကို ပါးချင်တဲ့ သတင်းစကားကို ပါးပေးဦးမှာ ဖြစ်ပါတယ်။

အကယ်၍ တစ်ထည်ပဲဝယ်ချင်တာကွာဆိုတဲ့ အက်တမင်တို့လို FA တွေအတွက်လည်း ၁၆၀၀၀ကျပ်ထဲနဲ့ ဝယ်လို့ရမှာပါ။ အကယ်၍ လက်ဆောင်ပေးမယ့်သူမရှိရင် ငိုမနေပါနဲ့။ ကိုယ်ဖာသာ ပေးလိုက်ပါ။ ကိုး တို့ဆီက ချစ်ခြင်းမေတ္တာတွေ တထွေးကြီး ရမှာပါ။

(2) Special Package (50,000Ks)
ဒီ package မှာတော့ Customized T Shirt + Toe Bag နှစ်စုံ ပါမှာ ဖြစ်ပါတယ်။ ပြီးတော့ ထုံးစံအတိုင်း Romantic Cardကလေးတစ်ခု ပါလာမှာ ဖြစ်ပြီး ထပ်ပိုလာမှာကတော့ ကိုး တို့က လက်ဆောင်ပို့သူအစား ရည်းစာစာပါ ကူရေးပေးဦးမှာပါ။

အကယ်၍ တစ်စုံပဲ လိုချင်တာကွာ ဆိုရင်တော့ ၂၆၀၀၀ ကျပ်ထဲနဲ့ရမှာ ဖြစ်ပါတယ်။ အကယ်၍ ရည်းစားမရှိလို့ ချစ်တယ် အပြောမခံရရင် ကိုး တို့က ရည်းစားစာလေးပါ ထည့်ပေးချင်သေးတာနော်။

(3) Super Package ( 70,000Ks)
ဒီ package မှာတော့ Customized T Shirt +Toe Bag +Dairy နှစ်စုံ ရမှာ ဖြစ်ပါတယ်။ အဲဒီ့အပြင် အခြား Cardတွေ၊ လက်ဆောင်ပို့သူရဲ့ သတင်းစကားတွေ နဲ့ လက်ဆောင်ပို့သူအတွက် ရည်းစားစာ အနုအယွအလှအပလေးတွေပါ ကူပြီး အုံးစားပေးဦးမှာပါ။

T shirt အသားကတော့ ကိုးတို့က ရနိုင်သမျှတွေထဲက အကောင်းဆုံးဆိုတာကိုပဲ သုံးထားသလို ဆေးသားကိုလည်း အကောင်းဆုံးဆိုတာကိုပဲ သုံးထားပါတယ်။ Customized လုပ်လို့ရတာကတော့ တစ်ယောက်တည်း Sketch (ဒါမှမဟုတ်) နှစ်ယောက်လုံး(တစ်ပုံစီဖြစ်နေရင်တောင် အက်မင်တို့ရဲ့ artistက ပေါင်းပေးပါ့မယ် တဲ့) ရဲ့ sketch ကို Customized လုပ်ပေးမှာပါ။ T Shirt အရောင်တွေနဲ့ပတ်သက်ပြီး တော့ အားမနာတမ်း လာမေးလို့ရပါတယ်နော်။ထင်ထင်ရှားရှား ပြူးကြောင်ကြောင်ကြီး မဟုတ်တဲ့အတွက် နေ့စဉ်ဘဝမှာ ဝတ်လို့ အဆင်ပြေမှာပါ။

မှာချင်တယ်ဆိုရင်တော့ page ရဲ့ Massager ဒါမှမဟုတ် ဖုန်းနံပတ် 09975544621 တစ်ပတ်လောက် ကြိုပြီး မှာပေးကြဖို့ ကိုးက မေတ္တာ ရပ်ခံပါတယ်။ ဒါမှပဲ ကိုး တို့က artwork ကစပြီး T Shirt print တဲ့အထိ အချိန်လောက်မှာ မို့လို့ပါနော်။ ကိုးတို့ တတ်နိုင်သမျှ V Day အရောက်ပို့နိုင်အောင်လို့ ကြိုးစားထားပါတယ်။

အစစအရာရာစျေးတက်နေတဲ့ ကာလကြီးမှာ အက်မင်တို့ အတတ်နိုင်ဆုံး အနိမ့်ဆုံးစျေးနဲ့ ရအောင် လုပ်ထားပေးပါတယ်။ ပြီးတော့ ပထမဆုံးလာဝယ်တဲ့ customer ၁၀ယောက်ကိုလည်း 10%လျော့ပေးအုံးမှာမို့ မြန်မြန်လေးသာ လာဝယ်ကြပါလို့။

All Photos are owned by Hcoe and not allowed to share only photos.
We really appreciate if you share and like original post.

Hcoe-ကိုး




09/01/2023

အားလုံးပဲ မင်္ဂလာပါ

ကိုး ကနေ ကြိုဆိုပါတယ်

“ချစ်ခြင်းမေတ္တာဆိုတာ
တစ်စုံတစ်ယောက်အတွက်ပဲ
သီးသန့်ဖြစ်တည်လာတဲ့
နွေဦးပန်းလေးတွေပါ” တဲ့

ဒီလိုမျိုးပဲ “ကိုး” က ကမ္ဘာပေါ်မှာ တစ်စုံတစ်ယောက်အတွက် သီးသန့်ဖန်တီးပေးမယ့် အဝတ်အစားတွေကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။ အဲဒီ့လက်ဆောင်ထဲမှာ ချစ်ခြင်းမေတ္တာတွေကို ထည့်ထားပေးမယ်။ မင်းလက်ခံရပါစေပေါ့။

မကြာခင်မှာ ရည်းစားရှိလူတန်းစားတွေအတွက် valentine လက်ဆောင်အတွက် စီစဉ်ပေးမှာဖြစ်တဲ့အတွက် stay tune ပါနော်။ ဘဝတူ FA တွေကိုလည်း အဆင်ပြေအောင်လုပ်ပေးမှာပါ။

-ကိုး

Address

Pyinmana
Nay Pyi Taw

Telephone

+959757990220

Website

Alerts

Be the first to know and let us send you an email when Hcoe- ကိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category