Hlaing Thazin Htwe

Hlaing Thazin Htwe clothing

13/10/2025
Edit sold out  #အိမ်ပေါက်လေးပါ #ပုဂံညောင်ဦး ်လေးပါစိတ်၀င်စားရင်PH09402702043မတင်တာကြာလို့တင်လိုက်ပြီချစ်စရာ၀က်၀ံပုံလေးခ...
04/07/2024

Edit sold out
#အိမ်ပေါက်လေးပါ
#ပုဂံညောင်ဦး
်လေးပါ
စိတ်၀င်စားရင်
PH09402702043
မတင်တာကြာလို့တင်လိုက်ပြီ
ချစ်စရာ၀က်၀ံပုံလေးချစ်ဖို့ကောင်းလည်းစျေးချိူတယ်နော်
အသေးမျိူးလေးပါ
sale 300000 တကယ်ယူရင်ထပ်လျှော့ပေးပါမယ်နော်
ပုံမရိုက်တတ်လို့အပြင်ကပိုချစ်ဖို့ကောင်းပါသည်
အထီးလေးပါ
#အိမ်သိတ့ဲလူများလည်းအိမ်လာကြည့်နိုင်ပါသည်

 #လက်ဖက်ပဲကြော်ခုတလောစားကောင်းတာလေးပါငံပြာရည်ကကိုသုံးနေတာကြာပြီမနေ့ကတပုလင်းဝယ်တာနဲ့အသေးလေးလက်ဆောင်ရ
16/02/2024

#လက်ဖက်ပဲကြော်ခုတလောစားကောင်းတာလေးပါ
ငံပြာရည်ကကိုသုံးနေတာကြာပြီမနေ့ကတပုလင်းဝယ်တာနဲ့အသေးလေးလက်ဆောင်ရ

15/02/2024
15/02/2024

ဒါတွေကြောင့် လေဖြတ်နိုင်ခြေများတယ် သတိထား
_______________________________________________

ကမ္ဘာပေါ်မှာ လူသန်းပေါင်း ၁၁ဝ ဟာ လေဖြတ်ခြင်းကို ခံစားနေရပြီး အသက် ၂၅ နှစ်ကျော်တဲ့ လူ ၄ ယောက်မှာ ၁ ယောက်က ဘဝမှာ လေဖြတ်ဖူးတယ်လို့ သုတေသနတွေအရ သိရပါတယ်။ သုံးမိနစ်ခွဲတိုင်းဟာ လူတစ်ယောက်ဟာ လေဖြတ်ခြင်းကြောင့် သေဆုံးလျက် ရှိပါတယ်။

ရောဂါဖြစ်ရတာခြင်းအတူတူ လေဖြတ်ပြီး ခြေလက်မသယ်နိုင်၊ မလှုပ်ရှားနိုင်တာ၊ အိပ်ယာထဲလဲနေတာမျိုးကို ဘယ်သူမှ မလိုချင်ပါဘူး။ ရုတ်တရက် လေဖြတ်တာများပေမယ့် လေဖြတ်နိုင်ခြေ ရှိတဲ့အခြေအနေတွေကို သိထားပြီး ကြိုတင်ကာကွယ်လို့လည်း ရပါတယ်။

ပြုပြင်ထိန်းချုပ်မရတဲ့ အခြေအနေများ…

(1) အသက် - လေဖြတ်တာက အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက် ၆၅ နှစ်ကျော်တဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။

(2) လိင် - အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ သန္ဓေတားဆေးသောက်သူ၊ သွေးဆုံးပြီး ဟော်မုန်းအစားထိုးကုသမှု ခံယူသူ၊ ကိုယ်ဂန်ဆိပ်တက်သူ၊ ကိုယ်ဝန်ဆောင်ဆီးချို ရှိသူတွေမှာ ပိုအဖြစ်များပါတယ်။

(3) လူမျိုး - အာဖရိကန်-အမေရိကန် လူမည်းတွေမှာ သွေးတိုး၊ ဆီးချို၊ အဝလွန်ရောဂါတွေ များသလို လေဖြတ်နိုင်ခြေလည်း ပိုများပါတယ်။

(4) မိသားစု ရာဇဝင် - မိဘဖိုးဖွား၊ မောင်နှမတွေထဲမှာ လေဖြတ်သူရှိဖူးရင် မိမိမှာလည်း ဖြစ်နိုင်ခြေ များပါတယ်။

(5) အရင်က လေဖြတ်ဖူးတာ - လေဖြတ်ဖူးပြီးသားလူတွေက နောက်ထပ်လေဖြတ်နိုင်ခြေ ၁၀ ဆ ပိုများပါတယ်။

ဒီလိုမျိုး အခြေအနေတွေနဲ့ ကိုက်ညီနေသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ လေဖြတ်ခြင်းကို ရှောင်လွှဲချင်တယ်ဆိုရင်တော့ အောက်ကအချက်တွေကို ထိမ်းချုပ်ရှောင်ကျဉ်ဖို့ လိုအပ်မှာပါ။ ဒါတွေကတော့

(1) ဆေးလိပ်သောက်တာ - ဆေးလိပ်ရဲ့ နီကိုတင်းအမှုန်တွေနဲ့ ကာဗွန်မိုနော့ဆိုဒ်အငွေ့တွေက နှလုံးရောဂါတွေ ဖြစ်စေပါတယ်။

(2) အရက်အလွန်အကျွံသောက်တာ - အယ်လ်ကိုဟောကို အမျိုးသားတွေကတစ်နေ့မှာ 2 drinks၊ အမျိုးသမီးတွေက 1 drink ထက် ပိုမသောက်သင့်ပါဘူး (1 drink ဟာ ဘီယာ 285 ml, ဝိုင် 100 ml, အရက် 30 ml နဲ့ ညီမျှပါတယ်) ။

(3) သွေးတိုးရှိတာ၊ ဆီးချိုရှိတာ - သွေးတိုးနဲ့ ဆီးချိုကြောင့် လေဖြတ်နိုင်ခြေ အများဆုံးဖြစ်ပေမယ့် သွေးပေါင်ချိန်နဲ့ သွေးတွင်းသကြားဓာတ် ပုံမှန်ဖြစ်အောင် ထိန်းညှိခြင်းဖြင့် ကာကွယ်လို့ရပါတယ်။

(4) နှလုံးရောဂါတွေ ရှိတာ - နှလုံးသွေးကြောကျဥ်းရောဂါ၊ နှလူံးအဆို့ရှင်မကောင်းတဲ့ရောဂါနဲ့ မွေးရာပါနှလုံးရောဂါတွေကြောင့် လေဖြတ်နိုင်ခြေ များပါတယ်။

(5) နှလူံးစည်းချက် မမှန်တာ - Atrial fibrillation လို့ခေါ်တဲ့ နှလုံးစည်းချက်မမှန်သည့်ရောဂါကြောင့် ဦးနှောက်မှာ သွေးခဲပိတ်ပြီး လေဖြတ်နိုင်ပါတယ်။

(6) သွေးတွင်းအဆီများတာ - သွေးတွင်းအဆီများတာက နှလုံးသွေးကြောပိတ်ပြီး လေဖြတ်နိုင်စေပါတယ်။

(7) အဝလွန်တာ - အဝလွန်သူဟာ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေ ရှိနိုင်ပြီး လေဖြတ်နိုင်ခြေ အလွန်များပါတယ်။

(8) ကိုယ်လက်လှုပ်ရှားမှု မရှိတာ - တစ်ပတ်ကို မိနစ် ၁၅၀ ခန့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိရင် နှလုံးသွေးကြောကျဥ်း၊ သွေးတိုး၊ ဆီးချို၊ အဝလွန်တာတွေ ဖြစ်မှာပါ။

(9) အဆီအစိမ့်တွေ စားတာ - အဆီအစိမ့်တွေစားတာ၊ ဆီကြော်တွေစားတာက သွေးတွင်းအဆီများတာ၊ အဝလွန်တာတွေ ဖြစ်နိုင်လို့ လေဖြတ်နိုင်ခြေ များပါတယ်။

(10) အိပ်ရေးမဝတာ - သုတေသနတွေအရ လေဖြတ်ဖူးသူတွေမှာ အိပ်မပျော်တဲ့ရောဂါ (insomnia) ခံစားနေရသူတွေ၊ အိပ်နေစဥ်အသက်ရှူရပ်သွားတတ်သူတွေ (sleep apnea) များတဲ့အတွက် အိပ်ရေးဝအောင် အိပ်ဖို့ကလည်း အရေးကြီးပါတယ်။

အထက်ပါ အချက်တွေ မိမိမှာရှိနေရင် ကျန်းမာအောင် ဂရုပြုနေထိုင်သင့်ပါပြီ။ ဆေးလိပ်နဲ့ အရက်ဖြတ်ခြင်း၊ ရောဂါတွေရှိရင် ဆေးကုသမှုပုံမှန် ခံယူခြင်း၊ ကျန်းမာရေးနဲ့ညီအောင် နေထိုင်စားသောက်ခြင်း (အဆီအစိမ့်ရှောင်ပြီး ဟင်းသီးဟင်းရွက်၊ ပဲနဲ့ အဆီများတဲ့ငါးတွေစားတာ)၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ခြင်းဖြင့် လေမဖြတ်အောင် ကာကွယ်လို့ ရပါတယ်။

👨‍👩‍👧‍👦မိသားစုဝင်တစ်ဦးချင်းစီတိုင်းရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် Healtppy - ဟက်ပီးရှိနေပါတယ်။
Healtppy - ဟက်ပီးက အထွေထွေရောဂါဆရာ၀န်တွေ ၊ အထူးကုဆရာ၀န်ကြီးတွေနဲ့ အွန်လိုင်းကတဆင့် အလွယ်တကူပြသဖို့ဆိုရင်တော့ Healtppy Messenger နဲ့ Hot Line နံပါတ်တွေဖြစ်တဲ့ 09 759 757 001 ၊ 09 759 757 005 တို့ကို မနက် ၇နာရီကနေ ည ၁၁နာရီအထိ ဆက်သွယ်နိုင်ပါတယ်။


#ဟက်ပီး

15/02/2024
15/02/2024

#စိတ်အေးချမ်းပြီးကျန်းမာကြပါစေ

Address

Nyaung-U

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959402702043

Website

Alerts

Be the first to know and let us send you an email when Hlaing Thazin Htwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hlaing Thazin Htwe:

Share

Category