အညာဒေသရဲ့ အညာဓလေ့

အညာဒေသရဲ့ အညာဓလေ့ အညာကျေးလက်တောရွာတွေ ရဲ့
ဓလေ့တွေ ရှုခင်းတွေကို 🏞️🌅ဖော်ပြပေးမှာဖြစ်လို့ အားပေးကြပါအုံးခင်မျ။

မဖွံ့ဖြိုးခင်တုန်းကရွာရဲ့ အရိပ် အငွေ့လေးတွေကို ပြန်လွမ်းမိတယ်ညနေ ၆:၀၀နာရီ ရွာဘုံမီးစက် (ရွာဘုံမီးစက်ဆိုတာ ရွာထဲနေ အိမ်တွ...
23/10/2025

မဖွံ့ဖြိုးခင်တုန်းက
ရွာရဲ့ အရိပ် အငွေ့လေးတွေကို ပြန်လွမ်းမိတယ်

ညနေ ၆:၀၀နာရီ
ရွာဘုံမီးစက် (ရွာဘုံမီးစက်ဆိုတာ ရွာထဲနေ အိမ်တွေဆီက
ပိုက်ဆံစုပြီးဝယ်ထားတဲ့
မီးစက်) အဲ့ဒီ ရွာဘုံမီးစက်ကြီး စက်မောင်းသံကြားတာနဲ့
လမ်းမီးတွေ လင်းပြီးဆို
ကလေးတွေ ထ ,ထ အော်ကြတာ ဟေ ....မီးလာပြီး မီးလာပြီးနဲ့ပျော်စရာကြီး

မီးလာလို့ သိပ်မကြားဘူး
ဟလို ဟလိုဆိုပြီး အစပြုပြီး
လော်စပီကာကြီးနဲ့
ယနေ့ညမှဆိုရင်ဖြစ်
မြရတနာ ဗီဒီယိုရုံးမှာ ပြသပေးမဲ့ ဇာတ်ကား နာမည်​
မင်းသား မင်းသမီး နာမည်တွေ အော်ပြီး ကြော်ငြာ

ရွာထဲမှာ ဗီဒီယိုပြတဲ့
ရုံးက ၂ရုံးဆိုတော့
ရွာထဲက လူတွေက
ကိုယ်ကြိုက်တဲ့ မင်းသား မင်းသမီးပါတဲ့ ရုံးကိုသွားကြည့်ကြ

အပျိုလေးတွေ ဗီဒီယိုရုံးကို
အသွား လမ်းဒေါင့်တွေမှာ
လူပျို ကာလသားတွေက
လမ်းဒေါင့်ကနေ စနောက်
ကြနဲ့ ရွာရဲ့ ပြန်မရနိုင်တော့တဲ့
အငွေ့အသက်တွေက အများကြီးပဲ ပြောလို့ မကုန်နိုင်ဘူးဗျာ

#ကျေးလက်တောရွာ #ရွာရဲ့အငွေ့အသက် #လွမ်းမောဖွယ်

20/10/2025

အညာဒေသ
ကျေးလတ်တောရွာဘက်က ထင်းခုတ်လာကြသည့် ထင်းဘီးများဖြစ်ပါတယ်

#ကျေးလက်တောရွာ #တောသဘာဝ

18/10/2025

အဖေရယ် အိမ်က တူလေးရယ် မြေပဲပင်တွေကို မိုးမရွာခင်လေး လှည်းနဲ့သွားသယ်ခဲ့ပါတယ်

#တောသဘာဝ #အညာဒေသ #ကျေးလက်တောရွာ

14/10/2025

သားဖနှစ်ယောက်မှိုရှာထွက်တာ ပျော်စရာကောင်းခဲ့ပါတယ်


#တောသဘာဝ #အညာဒေသ #ကျေးလက်တောရွာ

27/09/2025

မင်္ဂလာရှိသော ညချမ်းအချိန်အခါလေးဖြစ်ပါစေ

နေ့သစ်တစ်ခုတွက်
အားအင်ဖြစ်ဖို့
ကောင်းစွာ အိပ်စက်နိုင်ကြပါစေ......

27/05/2025

☘️🍀🌫️🏞️

လူ့ကျင့်ဝတ် ဥပဒေ••••••••••••••••••••လူဆိုတာ နားလည်ပေးနိုင်ဖို့ လိုအပ်သလိုနားလည်ပေးထားမှုကိုလဲ အလွဲသုံးစား မလုပ်မိဖို့ လိ...
29/04/2025

လူ့ကျင့်ဝတ် ဥပဒေ
••••••••••••••••••••

လူဆိုတာ နားလည်ပေးနိုင်ဖို့ လိုအပ်သလို
နားလည်ပေးထားမှုကိုလဲ အလွဲသုံးစား မလုပ်မိဖို့ လိုအပ်ပါတယ်။

လူဆိုတာ သည်းခံနိုင်ဖို့ လိုသလို သည်းခံ
နေသူကိုလည်း မရက်စက်မိဖို့ လိုပါတယ်။

လူဆိုတာ မေတ္တာတရားကြီးမားဖို့ လိုသလို
မေတ္တာတရား ကြီးမားသူကိုလည်း အနိုင်မယူ
မိဖို့လိုပါတယ်။

လူဆိုတာ ခွင့်လွှတ်နိုင်ဖို့ လိုသလို ခွင့်လွှတ်တတ်သူကိုလည်း အပြစ်တွေ လွှဲမချမိဖို့ လိုပါတယ်။

လူဆိုတာ အနစ်နာခံပေးဆပ်ဖို့ လိုသလို ပေးဆပ် အနစ်နာခံနေသူကိုလည်း အသုံးမချမိဖို့ လိုပါတယ်။

စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ
*************************************

(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။
စကားကို လက်လွယ်စပယ် မပြောပါနဲ့။
ခံစားတတ်တဲ့ ဝေဒနာဆိုတာ
လူတိုင်းမှာ ရှိပါတယ်။

(၂) ဘယ်လောက်ပဲ မုန်းတီးနေပါစေ။
အခြားသူရဲ့ပုဂ္ဂိုလ်ရေးကို နှိမ့်ချစော်ကား
တာမျိုး မပြုလုပ်ပါနဲ့။

လေးစားမှုဆိုတာ လူတိုင်းနဲ့ထိုက်တန်သလို
မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်။

(၃) ဘယ်လောက်ပဲ သဘောကောင်းတဲ့သူနဲ့
တွေ့ပါစေ အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။
မိမိကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါစေ။ အခွင့်
အရေးသမားကို လူတိုင်းက ရွံ့မုန်းကြပါတယ်။

(၄) ဘယ်လောက်ပဲ အလကားရနေပါစေ။
မိမိရသင့်တဲ့ အတိုင်းအရှည် ပမာဏကို
အသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ။ သိက္ခာ
တရားဆိုတာ မွေးမြူသင့်ပါတယ်။

(၅) ဘယ်လောက်ပဲ အခက်အခဲပြဿနာနဲ့
ကြုံရပါစေ မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင်
ဖြေရှင်းတတ်ပါစေ။ အကူအညီကို အလွယ်
တကူ လိုချင်တဲ့သူ မဖြစ်ပါစေနဲ့။

(၆) ဘယ်လောက်ပဲ ရိုးသားတဲ့လူကို
တွေ့ပါစေ။ သင့်အကျိုးအမြတ်အတွက်
အသုံးမချပါနဲ့။

ရိုးသားမှုဆိုတာ အရည်အသွေးတစ်ခုဖြစ်ပြီး
အခြားသူအတွက် ဖြစ်တည်နေတာ မဟုတ်
ပါဘူး။

(၇) ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သူ
သင်ဖြစ်နေလည်း အလွယ်တကူ အနိုင်ကျင့်
ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့။

ဒီကနေ့ အင်အားကြီးမားသူဟာ နောင်
တစ်နေ့မှာ အင်အား ပျောက်ဆုံးသွားနိုင်လို့ပါ။
သံသရာဆိုတာ လည်ပတ်နေပါတယ်။

(၈) ဘယ်လောက်ပဲ အတွေးအခေါ်တွေ ဆန့်
ကျင်ဖက် ဖြစ်နေပါစေ။ ကိုယ်ပဲ မှန်နေတယ်
လို့ မထင်ပါနဲ့။ မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။

အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်း
မနေနိုင်သလို သူလည်း နေမှာမဟုတ်ပါဘူး။

(၉) သင်ဘယ်လောက်ပဲ ထူးချွန်ထက်မြက် နေပါစေ
တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့
အလွယ်တကူ မှတ်ချက်မပေးပါနဲ့။

နောက်ခံအခြေအနေဆိုတာ တသမတ်တည်း
ရရှိနိုင်တာ မဟုတ်လို့အရည်အချင်းတွေ
ကွဲပြားနေတာကို သတိပြုမိပါစေ။

(၁၀) မိမိကြိုက်နှစ်သက်တဲ့ လူ အရာဝတ္ထု
အတွေးအခေါ် အခြေအနေ တစ်ခုကို မိမိ
ဘာသာ စိတ်ကြိုက် နှစ်သက်ခွင့်ရှိပါတယ်။
ဒါပေမယ့် သူတစ်ပါးကြိုက်နှစ်သက်တဲ့အရာ
တွေကိုတော့ ကဲ့ရဲ့ရှုတ်ချပြီး သင်ကြိုက်တဲ့
အရာတွေကို ဂုဏ်တင်ပြီး ပြောတာမျိုးတော့မဖြစ်သင့်ပါ။

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်

တစ်ခါတစ်ခါစေတနာတွေကို လူပေးမှားမိတဲ့အခါပြန်ရလိုက်တဲ့ တုံ့ပြန်မှုကြောင့်ကိုယ်ထားလိုက်တဲ့စေတနာတွေကကိုယ်ကိုယ်တိုင် ပြန်ခံစာ...
25/05/2024

တစ်ခါတစ်ခါစေတနာတွေကို
လူပေးမှားမိတဲ့အခါ
ပြန်ရလိုက်တဲ့ တုံ့ပြန်မှုကြောင့်
ကိုယ်ထားလိုက်တဲ့စေတနာတွေက
ကိုယ်ကိုယ်တိုင် ပြန်ခံစားလိုက်ရတာ
ဝေဒနာတွေချည်းပါပဲ။

တစ်ခါတစ်ခါ
သူကောင်းပါစေလို့ ပြောမိလိုက်တဲ့
စကားတွေက သူ့ရဲ့အဆိုးမြင်
စိတ်ကြောင့် ကိုယ်ကပဲ
အကောင်းမမြင်တတ်တဲ့
လူတစ်ယောက်ဖြစ်ခဲ့ရတယ်။

ကိုယ်ဘယ်လောက်
ကောင်းနေပါစေ
အဆိုးမြင်သူတချို့ရဲ့စိတ်မှာ
ကိုယ်က နေရာတကာ
အပြစ်မြင်နေတတ်တဲ့
လူဆိုးတစ်ယောက်ပဲ
ဖြစ်နေတတ်တယ်။

တကယ်တော့
သူမှားတာမဟုတ်ပါဘူး
ကိုယ်ကပဲ စေတနာတွေကို
လူပေးမှားမိတာပါ။

ကိုယ့်စေတနာတွေကို
အသိမှတ်မပြုရင်နေပါစေ
တုံ့ပြန်မှုက ခံရခက်တဲ့အခါ
ကိုယ့်ကိုယ်ကို ပဲ
အပြစ်တင်မိတော့တယ်။

လူတိုင်းက ကိုယ်မဟုတ်ဘူး
ဆိုတာသိလိုက်ရတဲ့အတွက်
ဘယ်သူဘာတွေလုပ်နေပါစေ
စေတနာနဲ့ တန်သူကိုသာ
စေတနာထားပေးလိုက်နိူင်ရင်
ကိုယ့်စိတ်လဲ ထိခိုက်မခံစားရသလို
သူ့အတွက်လဲ ကိုယ်က
အဆိုးမြင်တတ်တဲ့သူ
မဖြစ်တော့ဘူးဆိုတာပါပဲ။

ပြဿနာတစ်ခုကြုံတိုင်း
အသိတစ်ခုတိုးလာသကဲ့သို့
အခက်အခဲတစ်ခုကြုံတိုင်း
သင်ခန်းစာတစ်ခုယူတတ်တဲ့
ကိုယ့်အတွက်တော့
အိမ်စာတစ်ခုရလိုက်ပါတယ်။

Address

Pakokku

Website

Alerts

Be the first to know and let us send you an email when အညာဒေသရဲ့ အညာဓလေ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share