21/08/2026
❤️
တဖြေးဖြေးနဲ့
အသက်အရွယ်တစ်ခု ရလာတော့
တိတ်ဆိတ်အေးချမ်းမှုကိုသာ
မက်မောလာတယ်
ဘယ်အရာမှ မမြဲဘူးဆိုတာကို
အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရတော့
ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရာဆိုတာကို
နှလုံးသွင်းတတ်လာတယ်
ရေစက်ရှိသလောက်ပဲ ကြုံတွေ့ရမှာမို့
ဘယ်သူနဲ့ပဲဖြစ်ဖြစ်
ဆုံစည်းခွင့် ရတုန်းလေးမှာ စိတ်ကလေးကို
အတတ်နိုင်ဆုံး ဖြူအောင်ထားဖြစ်တယ်
ခွင့်လွှတ်နိုင်သလောက် ခွင့်လွှတ်ပြီး
ခွင့်မလွှတ်နိုင်တော့ရင် မပတ်သက်ခြင်းဖြင့်သာ
ကိုယ့်စိတ်အေးချမ်းမှုကို ရွေးချယ်ဖြစ်ခဲ့ပါတယ်..။