M3phyo

M3phyo

နိုင်ငံခြားထွက်ဖို့ ငွေချေးမည့်သူမရှိတာနဲ့ အိမ်ပေါင်ပြီးထွက်ခဲ့ရ . .   သဘ်ောသားဖြစ်ချင်ခဲ့ပေမယ့် ကူညီမယ့်သူမရှိခဲ့တော့ ရ...
13/06/2023

နိုင်ငံခြားထွက်ဖို့ ငွေချေးမည့်သူမရှိတာနဲ့ အိမ်ပေါင်ပြီးထွက်ခဲ့ရ . .

သဘ်ောသားဖြစ်ချင်ခဲ့ပေမယ့် ကူညီမယ့်သူမရှိခဲ့တော့ ရန်ကုန်မှာ အချိန်ပိုင်းအလုပ်လုပ်ပြီး အင်တာဗျူးတိုင်းလိုက်ဖြေခဲ့ပြီး နိုင်ငံခြားသွားဖို့ အင်တာဗျူးအောင်တော့ ငွေသွင်းဖို့ ၁၀ သိန်းမရှိတာနဲ့ ဖေဖေခဗျာမှာ လိုက်ချေးခဲ့ပေမယ့် ဘယ်သူမှမချေးတာနဲ့ အိမ်စာချုပ်လေးကို ယူပြီး မိတ်ဆွေတစ်ယောက်ဆီမှာ ငွေသွင်းဖို့နဲ့ ပစ္စည်းလေးတွေဝယ်ဖို့ ၁၅ သိန်းနဲ့ ပေါင်ခဲ့ရပါတယ် . . .

အဂ်လိပ်စာ သင်တန်းတက်ဖို့ အချိန်မရှိ သင်တန်းကြေးမရှိတာနဲ့ Speaking စာအုပ်တွေဝယ်ဖတ် . . . meaning တွေကျက်နဲ့ပေါ့ . . . ညဆို စားပွဲထိုး နေ့ဆို အင်တာဗျူးတွေပေါ့ . . . ကွန်ပျူတာသင်တန်းလည်း မတက်နိုင်ခဲ့တော့ ကွန်ပျူတာ လက်ကွက်တွေနဲ့ short cut key တွေ အလွတ်တွေကျက်နဲ့ ရုန်းကန်ကြိုးစားခဲ့ရတယ် . . .

လူငယ်ဆိုတာ အသက် ၂၀-၂၅ မှာ တကယ်မကြိုးစားထားရင် အသက် ၃၀ ကျော်တာနဲ့ စပြီးဒုက္ခရောက်တော့တာပဲ . . .

ဒါကြောင့်လူငယ်တွေကို ကျွန်တော်အမြဲဆုံးမလေ့ရှိတယ် အချိန်ရှိတုန်း ငယ်တုန်း ရည်မှန်းချက်လေးတွေချမှတ်ပြီး နေ့စဉ်ဘဝတွေကို ဖြတ်ကျော်ဖို့ အတွက်ပေါ့ . . .

လူငယ်ဆိုတာ နေ့ရက်တိုင်းက ရွှေပါပဲ . . . အရမ်းတန်ဖိုးရှိတယ် . . . လွတ်လပ်တယ် . . . ချယ်လှယ်နိုင်တယ် . . . အချုပ်အနှောင်တွေနဲ့ ပူပင်သောကတွေက နည်းသေးတဲ့အချိန်ပေါ့ ( လူကြီးဖြစ်လာရင် ကြုံရတဲ့ ပူပင်သောကနဲ့ ယှဉ်ပြထားတာပါ )

နေ့ရက်တိုင်းမှာ ကိုယ့်ရဲ့ အနာဂါတ်အတွက် ဒီနေ့ဟာ အရေးပါဆုံး၊ နေ့တိုင်းဟာ အရေးပါဆုံးဖြစ်နေဖို့လိုပါတယ် . . .

လူငယ်အများစု ကျွန်တော့်ဘဝထက် အခွင့်အရေးတွေ အများကြီးရှိနေကြပါတယ် . . .

အမှန်တကယ် တိုးတက်ချင်တဲ့ လူငယ်တွေတိုင်း တကယ်ကိုတိုးတက်ကြပါတယ် . . .

အခုရက်ပိုင်း ညီငယ်တစ်ချို့ ဆရာ့ကို အားကျတယ်ဆရာ . . . ဆရာ့လို ဖြစ်ချင်တယ် ဘယ်လိုလုပ်ရမလဲတဲ့ . . .

ကျွန်တော်မေးကြည့်လိုက်တိုင်း သူတို့ရဲ့နေ့ရက်တိုင်း၊ လုပ်ရပ်တိုင်းက အရမ်းကို ပေါ့ဆပြီး ကြိုးစားချင်စိတ်နည်းတာတွေ့ရတယ် . . .

တစ်ချို့လောက်ပဲ တကယ်ကြိုးစားရုန်းကန်ချင်စိတ်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်မျိုးရှိကြတယ် . . .

တိုးတက်ချင်တယ် . . . ဒါပေမယ့် အလုပ်ဆိုရင် နားရက်လေးနဲ့မှ . . .

တိုးတက်ချင်တယ် . . . အဝတ်အစားဆို Brand နဲ့မှ . . .

တိုးတက်ချင်တယ် . . . ပွဲတိုက်းတက်လိုက်ရမှ . . .

တိုးတက်ချင်တယ် . . . သူငယ်ချင်းတွေကို အချိန်ပေးလို့ကို မပြီးနိုင်ဘူး . .

တိုးတက်ချင်တယ် . . . သူများ Party ဆိုကိုယ်ကလည်း Party . . .

တိုးတက်ချင်တယ် . . . သူများ Bar ကို ကို Bar မှ ဆိုတော့ စဉ်းစားကြည့်ပါ . . . တိုးတက်ခြင်းဆိုတာ ထိုက်တန်တဲ့ ပေးဆပ်မှုတွေမှလေ . . .

ချမ်းသာပြီးသားသူတွေနဲ့ ကိုယ့်ကိုကိုယ် ယှဉ်ဘောင်မတန်းမိပါစေနဲ့ . . .

လူငယ်ရဲ့ဘဝက နေ့ရက်တိုင်းကို ရွှေလိုတန်ဖိုးထားပြီး လုပ်ရပ်တိုင်းက မှတ်ကျောက်တင်နေဖို့ လိုအပ်တယ်ဆိုတာ သိစေချင်ပါတယ် . . .

ကျွန်တော် မိသားစုကို ထောက်ပံ့ခဲ့ပြီး ညီမငယ်တွေကို ဘွဲ့တွေရအောင်ထားနိုင်ခဲ့ပြီး အခုဆို စီးပွါးရေး လုပ်ငန်းခွဲတွေ ခွဲပေးနိုင်ခဲ့ပါတယ် . . .

ဝန်ထမ်းဆိုလည်း ၁၂၀ အထိ နေ့စဉ်အလုပ်ပေးထားနိုင်ခဲ့ပါတယ် . . .

ဒီလိုဖြစ်ဖို့ နေ့စဉ် ငိုကြွေးခဲ့ရတဲ့ နေ့ရက်တွေ မနည်းဘူး . . . ကြုံတွေ့ခဲ့ရတဲ့ လောကဓံကို ရင်ထဲမခံစားနိုင်တဲ့အချိန်တွေမှာ အလိုလို မျက်ရည်တွေနဲ့ပါ . . .

ဒါပေမယ့် ကိုယ့်ဘက်မှာ ဘယ်သူမှ ရှိမနေသည့်တိုင်အောင် ကျရှုံးလို့မဖြစ်ဘူး . . . လက်လျော့လိုက်လို့မရဘူးဆိုတာကို ရင်ထဲမှာ ထားပြီး အခက်အခဲပေါင်း သောင်း ခြောက်ထောင်မက ကျော်လွှားခဲ့ရပါတယ် . . .

ညီငယ် ညီမငယ်တွေကို နောက်ဆုံးပြောရရင် ကြိုးစားပါ . . . မပေါ့ဆပါနဲ့ . . . ကိုယ့်ရဲ့ ရွှေလိုတန်ဖိုးရှိတဲ့ နေ့ရက်တွေကို အလဟသ မဖြုန်းမိပါစေနဲ့ . . . အခုမပျော်နဲ့ နောင်မှာပျော်ရွှင်တဲ့ဘဝနဲ့ နေနိုင်အောင်ကြိုးစားဖို့လိုတယ်ဆိုတာ မမေ့ပါနဲ့ . . .

Crd Han Thu Lwin

Address

Pakokku
04201

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959761881647

Website

Alerts

Be the first to know and let us send you an email when M3phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to M3phyo:

Share

Category