Khit San Thu

Khit San Thu Fashion House

💛💛💛အဝါရောင်တွေဆို သိပ်မြတ်နိုးတတ်တဲ့ကောင်မလေးရေဒီစာလေးက မင်းကိုရည်ညွှန်းပါတယ်...ပူလောင်ပြင်းရှတာမျိုးမဟုတ်ပဲကြည်လင်နွေးထ...
20/11/2023

💛💛💛
အဝါရောင်တွေဆို သိပ်မြတ်နိုးတတ်တဲ့
ကောင်မလေးရေ
ဒီစာလေးက မင်းကိုရည်ညွှန်းပါတယ်...

ပူလောင်ပြင်းရှတာမျိုးမဟုတ်ပဲ
ကြည်လင်နွေးထွေးတဲ့ နေရောင်ခြည်လေးတွေဆို
သိပ်သဘောကျတတ်တဲ့ ကောင်မလေး...
နေခြည်အစက်အပြောက်လေးတွေကအစ
သူမ သိပ်သဘောကျတာပေါ့...

ပြီးတော့ သူမက
နံနက်ခင်းနေခြည်နွေးနွေးလေးနဲ့တူပါတယ်...
ကြည်လင်စွာ နေတတ်ထိုင်တတ်သလို
တစ်ဖက်သားကို ပျော်ရွှင်စေအောင်ပြုလုပ်ပေးနိုင်စွမ်းလည်းရှိတယ်လေ...
သူမအနားမှာရှိနေရင် ကြည်နူးရိပ်ကလေးပါဝင်တဲ့
စကားတွေပဲကြားနေရတတ်တယ်...
တကယ်ပါ သူမအနားရှိနေရင် ပျော်ကိုပျော်ရတယ်လေ...

အဝါရောင်ပန်းကလေးတွေဆို သိပ်ချစ်တဲ့သူမက
အဝါရောင်ဆန်ပါတယ်...
တစ်ခါတစ်လေကျတော့ စိတ်ကူးယဥ်ဆန်တဲ့စကားလေးတွေကို ကြားရတတ်ပြန်ရောလေ...
တီထွင်ဆန်းသစ်တတ်တဲ့စိတ်ကူးလေးရှိနေတယ်...
ဘယ်အရာကိုမှ အလွယ်တကူငြီးငွေ့မလွယ်ဘူးလေ
ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူမက ကိုယ်တိုင်ပဲ
ပျော်ရွှင်စွာနေထိုင်တတ်တယ်...
အဝါရောင်ပန်းပွင့်လေးတွေအလှဆင်ထားတဲ့
ဂါဝန်လေးတွေကို သူသိပ်သဘောကျတာမျိုးပေါ့

ဟုတ်ပါတယ်...
သူမက အဝါရောင်ဆန်စွာ ရိုးရှင်းတယ်
အာရုံဦးနေရောင်ခြည်လို နွေးထွေးတယ်
အဝါရောင်ပန်းကလေးလို ကြည်လင်တယ်
သူမကလေ အဝါရောင်လေးနဲ့သိပ်လိုက်ဖက်တယ်
Crd
💛🌻

Address

Pakokku
Pakokku

Telephone

+959257475180

Website

Alerts

Be the first to know and let us send you an email when Khit San Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khit San Thu:

Share

Category