Ñĝwë Kĥáè

Ñĝwë Kĥáè ဒဏ်ရာတွေဟာငါ့ပျော်ရွှင်ခြင်းပဲ

တစ်ယောက်ယောက်နဲ့မပျော်တော့တာဟာအဲ့လူကပျော်အောင်မထားလို့ဖြစ်နိုင်သလိုကိုယ်ကလဲသူဘာပြောပြောပျော်စရာလို့မထင်တော့တာမျိုးလဲဖြစ်...
11/03/2024

တစ်ယောက်ယောက်နဲ့မပျော်တော့တာဟာ
အဲ့လူကပျော်အောင်မထားလို့ဖြစ်နိုင်သလို
ကိုယ်ကလဲသူဘာပြောပြောပျော်စရာလို့မထင်တော့တာမျိုးလဲဖြစ်နိုင်ပါတယ်
တစ်ယောက်ယောက်နဲ့ပျော်ချင်ပြန်ရင်လဲ
ပုံမှန်လေးနေနေတာကိုကပျော်အောင်ထားနေတယ်ပဲမြင်တာ
ပျော်အောင်မထားရင်တောင်ကျန်ဖန်ပြီးပျော်နေတက်တာ
ဥပမာပေးရရင်
ပပထမလူကချစ်တယ်လို့ပြောရင်တောင်အပို​ပြောတယ်လို့ထင်တာမျိုး
ဘာ​ပြောပြောအကောင်းကိုမထင်တာကွာ
ရယ်ပြရင်တောင်စောက်ခွက်ပြောင်တယ်ဖြစ်ရတာလေ
ငိုပြရင်လဲမသနားတဲ့အပြင်စိတ်ပျက်စရာကောင်းနေတာ
ဘယ်လိုကောင်းအောင်နေပြနေပြအရာမထင်ပဲ
အပစ်လေးတစ်ခုလောက်လုပ်မိရင်တောင်
အဲ့ပစ်ကြောင့်ပါဆိုပြီးခွင့်မလွှတ်နိုင်တဲ့အထိအပစ်ကကြီးသွားတာမဟုလား

ဒုတိယလူနဲ့ကြအဲ့လိုမဟုဘူး
ဒုတိယလူကမုန်းတယ်ပြောရင်တောင် ကျီစယ်တယ်ထင်ပြီးကျန်ဖန်ပျော်တာ
(အဲ့လူကပျော်အောင်ထားတယ်ပေါ့)
ဘာပြောပြောနားလည်ပေးပြီးအကောင်းထင်တာ
(ကောင်းတာတွေရွေးကြားတာလေ)
ရယ်ပြရင်အပျော်တွေကူးစက်တယ်ပေါ့
ငိုပြရင်လဲသနားစရာသိပ်ကောင်းတာမျှဝေပြီးစိတ်ညစ်ရတာ
ဒုတိယလူကြပထမလူလိုမဟုဘူး
ကောင်းအောင်နေပြစရာမလိုဘူး
ဘယ်လိုနေနေကိုကောင်းနေတာ
အပစ်ကြီးလုပ်မိရင်တောင် နောက်ခါမလုပ်နဲ့နော်ဆိုပြီ
ခွင့်လွှတ်တက်ကြတာမဟုလား

One dayဆိုပြီးတိုင်ပင်ခဲ့တာတွေအများကြီးပဲနော်ငယ်😇တစ်နေ့ကြရင်လက်ထပ်ဖို့ပါခဲ့သလို😊အမွှာလေးတွေသဘောကြတာရင်းတူလို့😊အမွှာလေးတွ...
21/02/2024

One dayဆိုပြီးတိုင်ပင်ခဲ့တာတွေအများကြီးပဲနော်ငယ်😇
တစ်နေ့ကြရင်လက်ထပ်ဖို့ပါခဲ့သလို😊
အမွှာလေးတွေသဘောကြတာရင်းတူလို့😊
အမွှာလေးတွေမွေးဖို့ပါတိုင်ပင်ဖူးတယ်မဟုလား
ခပ်ဆိုးခလေးလေးတွေတွေ့တော့
အတိတ်တေဟာ ပစ္စုပ္ပန်မှာအသစ်ဖြစ်ရသလို
အနာဂတ်ကိုပါမဲ့စေခဲ့တာပေါ့😔
တစ်နေ့ကြရင်ဆိုတာတဂယ်ရှိပေမဲ့
တဂယ်ဖြစ်မလာတာလဲတဂယ်ရှိနေပါတယ်ငယ်😔
သဘဝတရားကြီးကိုကပြောင်လဲခြင်းတွေနဲ့လည်ပတ်နေတာပဲမဟုလား
ထင်ထားသလိုဖြစ်မလာတာဟာလဲသဘာဝကြသလို
ကိုယ်တို့ဝေးကွာခြင်းဟာလဲသဘာဝဆန်သွားတာဖြစ်မယ်ငယ်😇
ပြောင်းလဲခြင်းအတွက်လဲ
သဘာဝတရားကိုပဲအပစ်ပုံချရတော့မယ်
သံသရာသာတဂယ်လည်တယ်ဆိုရင်
One dayဆိုပြီးတိုင်ပင်ထားတာလေးတွေ
အကောင်အထည်ဖော်ချင်ပါသေးတယ်ငယ်😊



တစ်ချိန်ကကိုယ့်အတွက်ဆိုပြီးချစ်ခဲ့တာအမှန်ပါငယ်😘အချစ်ဟာသိပ်ဆန်းကြယ်တယ်နော်ငယ်ရှိတဲ့ရပ်ဝန်းလေးမှာဆိုကိုယ်ပျော်ပေမဲ့ကိုယ်မဟ...
21/02/2024

တစ်ချိန်ကကိုယ့်အတွက်ဆိုပြီးချစ်ခဲ့တာအမှန်ပါငယ်😘
အချစ်ဟာသိပ်ဆန်းကြယ်တယ်နော်
ငယ်ရှိတဲ့ရပ်ဝန်းလေးမှာဆိုကိုယ်ပျော်ပေမဲ့
ကိုယ်မဟုတ်တဲ့ရပ်ဝန်းလေးမှာငယ်ပျော်နေတာကလည်း
ကိုယ်နာကျင်ခြင်းထဲက ကြည်နူးစရာတစွန်းတစပဲမဟုလား🤡
လွမ်းဆွတ်ခြင်းတွေဟာ
ဒဏ်ရာတွေကိုအသစ်ဖြစ်စေတာတော့အမှန်ပါငယ်😔
ပန်းလေးတစ်ပွင့်ကိုပြုစုပျိုးထောင်ပြီး
မြတ်နိုးခဲ့တဲ့ဥယာဥ်မှုးကလဲ
ပန်းလေးကိုစွန်လွတ်ရတာပဲမဟုလားငယ်😔
ကိုယ်မြတ်နိုးတဲ့ပန်းကလေးကိုတော့
နင်းခြေမဲ့သူလက်ထဲမရောက်စေချင်တာတော့
ဥယာဥ်မှုးရဲ့မေတ္တာပဲမဟုလား😘
ကိုယ်မြတ်နိုးတဲ့ပန်းကလေးငယ်❤
ကိုယ်နဲ့ဝေးရာအရပ်မှာပျော်ပါစေကွယ်💔



Address

Pyapon

Website

Alerts

Be the first to know and let us send you an email when Ñĝwë Kĥáè posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share