12/07/2022
မဂ်လာရှိသော ဝါဆိုလပြည့်နေ့လေး ဖြစ်ပါစေ....🙏🙏🙏
🌕 ဝါဆိုလပြည့်နေ့ 🌕
ဓမ္မစင်္ကြာအခါတော်နေ့ 🙏🙏🙏
ဝါဆိုလပြည့်နေ့နှင့် ပတ်သက်၍
ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်နှင့်ဆက်စပ်သောထူးခြားဖြစ်စဉ်များမှာ...
( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသားပဋိသန္ဓေ နေသောနေ့
( ၂ ) ဘုရားလောင်း တောထွက်
တော်မူသောနေ့
( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္စစကြာ စတင်ဟောတော်မူသောနေ့
( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကိုပြတော်မူသောနေ့
( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့
( ၆ ) တရားရတနာ စတင်ပေါ်သောနေ့
( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့
( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့
( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
စတင်ကြားရသောနေ့
တို့ပင်ဖြစ်ပါသည်။
ဝါဆိုလပြည့်နေ့ကိုမူ တရားဦး"ဓမ္မစကြာ" ဟောကြားသောနေ့ ဖြစ်၍
"ဓမ္မစကြာနေ့ '' ဟု ယနေ့အထိ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။
ယနေ့ ရက်ထူးရက်မြတ်မှသည် မြန်မာတစ်နိုင်ငံလုံးရှိ မိဘပြည်သူအပေါင်း...
ကျန်းမာချမ်းသာ၍ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့် 🙏🙏🙏