28/01/2026
ပေါ်ပြူလာမျက်မှန်ဆိုင်တွင် ခန့်ထားရန် ဝန်ထမ်းအလိုရှိပါသည် …
- [ ] အလုပ်ချိန် မနက် ၆:၃၀ ညနေ ၅:၃၀
အလုပ်ဝငိချိန်စောသလို အလုပ်ဆင်းချိန်လဲ စောပါတယ် … ညနေအိမ်ပြန် နောက်ကျမှာ စိတ်ပူစရာမလိုသလို … သင်တန်းတက်နေသူများအတွက် သင့်လျော်ပါတယ် …
- [ ] ၁ လ ၁ ရက်နားနိုင်ပါတယ်
နားမည့်ရက်ကို ကြိုပြောရပါမယ်…
- [ ] အခြေခံလစာ -၂၅၀၀၀၀
အရောင်းပိုင်း အရည်အချင်းပေါ်မူတည်ပြီး လစာတိုးနိုင်ပါတယ် …
- [ ] ပညာအရည်ချင်း အလယ်တန်းအဆင့်
- [ ] အလုပ်အနေအထား
ဆိုင်သန့်ရှင်းရေး လုပ်ရမည်
- စာကြည့်မျက်မှန်/နေကာမျက်မှန် ရောင်းရမည်
မျက်မှန်အပ် /မျက်မှန်ရွေး ကိစ္စများ နှင့်
အခြားဆိုင်နှင့် ပတ်သတ်သည့် အလုပ်များ လုပ်ရပါမယ်…
- [ ] Service ပေးသည့် လုပ်ငန်းဖြစ်သောကြောင့် မျက်နှာချိုသာစွာ… customers များအား ယဉ်ကျေးပြူငှါစွာ ဆက်ဆံနိုင်ရပါမယ်…
- [ ] စက်ဘီးစီးပြီး သွားလာနိုင်သူဖြစ်ရပါမယ်
- [ ] အဓိက ရေရှည်လုပ်ကိုင်နိုင်သူ ဖြစ်ရပါမယ်
လိုအပ်ချက်တွေနဲ့ လုပ်ဆောင်ရမဲ့အလုပ်တွေ သေချာရေးပြထားတာဖြစ်လို့ မိမိနဲ့ကိုက်ညီပြီး ရေရှည်လုပ်ကိုင်ဖို့ ဆုံးဖြတ်ထားမှ လျှောက်ပေးပါနော် …
အလုပ်လျှောက်လိုလျှင် CV Form / မှတ်ပုံတင်မိတ္တူ/ သန်းခေါင်စာရင်း မိတ္တူ နှင့်တကွ
အမှတ်(၆၅)၊လမ်းမတော်လမ်း၊(အင်းလေးဆေးဆိုင်အနီး) မှာ လူကိုယ်တိုင် လာလျှောက်ပေးပါ…
စကားပြောကြည့်ပြီး အဆင်ပြေရင် အလုပ်တန်းခန့်ပါမည် …